Literary Ethics - စာပေကျင့်ဝတ်
Online မှာ ရှာကြည့်လိုက်တာ စာပေကျင့်ဝတ်ပျက်တာလေး တွေ့လိုက်ရလို့ အနည်းငယ် ပြောချင်တယ်။ စာပေမှာ သိက္ခာဆိုတာ ရှိသင့်တယ်။ ဆရာတော်က နိဗ္ဗာန် ဘယ်မှာရှိ ဆိုတဲ့ ဆောင်းပါးကို အောက်ပါ blogspot.com မှာ ၂၀၁၁၊ မတ်လ (၂၅)ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ သုတေသနတာဝန်ထမ်းဆောင်နေစဉ်က ရေးသားခဲ့တယ်။ အောက်မှာလည်း ဒေါက်တာအရှင်ပါရမီ ဆိုပြီး ကလောင် ထည့်ထားတယ်။ အဲဒီတုန်းက zawgyi font နဲ့ရေးတာဆိုတော့ အခု ဖတ်လို့ မရတော့ဘူး။ အဲဒါကို Unicode ဖောင့်ပြန်ချိန်းပြီး Facebook နဲ့ myakyunthar.blogspot.com မှာ အခု တစ်နေ့တစ်ပုဒ်တင်ပေးနေတယ်။
ဖတ်လိုသူတွေ ဖတ်ရအောင်၊ ပြီးတော့ စုစည်းပြီး စာအုပ်ထုတ်ဝေဖို့ ရည်ရွယ်ချက်နဲ့ တင်ပေးနေတာဖြစ်တယ်။ အမှန်ပြောရရင် အခု အဲလောက် အချိန်မရတော့ မရေးနိုင်တော့ဘူး။ ပို့စ်အဟောင်းလေးတွေ Unicode ပြောင်းပြီး ပြန်တင်ပေးတယ်။ AI အကူအညီနဲ့ ဘာသာပြန်တယ်။ ဒါတွေအားလုံးကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေမယ်။ ကိုယ်တိုင်ရေးထားတာတွေ အခုလို ဟိုလူကယူသုံး ဒီလူကယူသုံးနဲ့ စာရေးသူကိုတောင် အမှန်မဖော်ပြနိုင်တာ ဘယ်လိုစိတ်ဓာတ်လဲဆိုတာ တွေးသာကြည့်တော့။
http://myakyunthar.blogspot.com/2011/03/blog-post_25.html?m=1
ဒါပေမဲ့ ဆရာတော်ရဲ့စာတွေ ကူးယူဖော်ပြကြတာ Facebook မှာ တွေ့ရတယ်။ အနည်းငယ်က ဆရာတော်နာမည်ကို ဖော်ပြကြတယ်။ အချို့က မဖော်ပြကြဘူး။ သူတို့ရေးသလို လုပ်တယ်။ ပိုဆိုးတာက အချို့ကျတော့ စာရေးသူကို မဖော်ပြကြတဲ့အပြင် သူတို့ရေးတယ်ဆိုရင်လည်း ဘယ်သူမှ ယုံမှာမဟုတ်တော့ ကျေးဇူးရှင်မင်းကွန်းဆရာတော်ဘုရားကြီး ဆိုပြီး မင်းကွန်းဆရာတော်ရေးသလို လုပ်လိုက်တယ်။ မင်းကွန်းဆရာတော်ကြီးက စာကို ခန့်ခန့်ငြားငြား ရေးပါတယ်။ အခုလို လွယ်ကူပေါ့ပါးစွာ ရေးလေ့မရှိဘူး။ ဒါပေမဲ့ စာသူခိုးက မရိုးမသားနဲ့ သူ့ပို့စ် attention ပိုရအောင် လုပ်လိုက်ပုံပဲ။ မင်းကွန်းဆရာတော်ရဲ့ စာတော့ မဖတ်ဖူးလောက်ဘူး။ ဖတ်ဖူးသူက ဒါ မင်းကွန်းဆရာတော်ရဲ့စာ မဟုတ်မှန်းသိတယ်။ မင်းကွန်းဆရာတော်ရဲ့ စာအုပ်တွေ ဒီမှာ အစုံရှိတယ်။ မယုံရင် လာရှာကြည့်။ ဘယ်စာအုပ်မှာပါသလဲ။ ပြောနိုင်ရင် ဆုတောင်ချဦးမယ်။
ပြီးတော့ အောက်က blogspot မှာလည်း ကံအယူအဆဆိုပြီး အိန္ဒိယနိုင်ငံ ဘုံဘေမြို့မှ နေတုန်းက series လိုက်ရေးခဲ့တာကို အောက်က blog မှာ သူရေးသလိုလိုနဲ့ ဖော်ပြထားတာ တွေ့ရတယ်။
https://mahzarzawtikadhamma.blogspot.com/2013/09/blog-post_87.html?m=1
စာပေမှာ သစ္စာရှိဖို့ လိုတယ်။ မူရင်းစာရေးသူကို ဖော်ပြရတယ်။ မလိမ့်တပတ် မလုပ်ရဘူး။ ရေးတတ်ရင် ရေးပါ။ မရေးတတ်ရင်လည်း ကူးယူဖော်ပြပါ။ မရိုးမသားနဲ့ ကိုယ်ရေးသလိုလို၊ မင်းကွန်းဆရာတော်ကြီးပဲ ရေးသယောင်လုပ်တာဟာ မိမိစိတ်ရင်းအမှန်ကို ဖော်ပြနေခြင်းသာဖြစ်တယ်။
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.