Sunday, February 27, 2011

တွေးမိတွေးရာ

တွေးမိတွေးရာကဏ္ဍကို ထပ်မံ ဖြည့်ဆည်းတင်ပေးလိုက်ပါတယ်။ အရင် ပုံမှန်တင်နေတာက ပဋိစ္စသမုပ္ပါဒ် သင်တန်းနဲ့ အင်္ဂလိပ်စာဝါသနာပါသူတို့အတွက် အင်္ဂလိပ်စာလေ့လာရန်ဆိုပြီး ကဏ္ဍနှစ်ရပ်ပါပဲ။ ဒီကဏ္ဍနှစ်ရပ်မှာ အင်္ဂလိပ်စာဝါသနာပါသူတို့အတွက် အင်္ဂလိပ်စာ လေ့လာနိုင်ပြီး ပဋိစ္စသမုပ္ပါဒ်အကြောင်း သိလိုသူတို့အတွက် ပဋိစ္စသမုပ္ပါဒ်ဒေသနာတွေ လေ့လာနိုင်ပေမယ့် ဒီနှစ်မျိုးလုံးဝါသနာမပါသူတွေအတွက် ဖတ်စရာလေးတွေ ဖြစ်အောင် စိတ်အစာကျွေးတဲ့အနေနဲ့ တွေးမိတွေးရာကဏ္ဍလေးကို ဖြည့်ဆည်းပေးလိုက်ပါတယ်။

တွေးမိတွေးရာမို့ အံချော်နေသော အတွေးများလဲ ပါချင်ပါမယ်။ လက်တွေ့ဆန်သောအတွေးများလဲ ပါချင်ပါမယ်။ စိတ်ကူးယဉ်ဆန်သော အတွေးများလဲ ပါချင်ပါမယ်။ ခံစားချက်အတွေးများလဲ ပါချင်ပါမယ်။ တန်ဖိုးရှိသောအတွေးများလဲ ပါချင်ပါမယ်။ တန်ဖိုးမဲ့သော အတွေးများလဲ ပါချင်ပါမယ်။ အသုံးဝင်သောအတွေးများလဲ ပါချင်ပါမယ်။ အသုံးမ၀င်သောအတွေးများလဲ ပါချင်ပါမယ်။ ဟာသမြောက်သောအတွေးများလဲ ပါချင်ပါမယ်။ ရသမြောက်သော အတွေးများလဲ ပါချင်ပါမယ်။ မှန်ကန်တဲ့မတ်သောအတွေးများလဲ ပါချင်ပါမယ်။ အချို့တစ်ဝက်သာ မှန်သောအတွေးများလဲ ပါချင်ပါမယ်။ မှားယွင်းသောအတွေးများလဲ ပါချင်ပါမယ်။ သစ္စာဆိုက်တဲ့အတွေးများတော့ မဟုတ်ပါ။ ခေါင်းထဲမှာ လျှပ်တစ်ပြက် တွေးမိသမျှလေးတွေ ဖြစ်ပြီး ပျက်သွားရင် အလဟဿဖြစ်သွားမှာစိုးလို့ မျှဝေခံစား အတွေးများအဖြစ် ရှင်သန်နေစေလိုတာကြောင့် ဒီကဏ္ဍလေးကို ထည့်ပေးလိုက်ပါကြောင်း။

အသိ သတိ

အသိ သတိ ထားရမယ်။ ဒုက္ခပေးစရာရှိရင် အသိကပဲ ပေးတာများတယ်။ ဒါကြောင့် အသိ သတိ မြဲမြဲရှိ- လို့ မှတ်ထားလိုက်ရင် ပိုကောင်းမယ်။ (ဟာသမျှသာ)

စိတ်ပျက်တာနဲ့ ရုပ်ပျက်တာ

စိတ်တိုင်းမကျတဲ့အခါ `ငါ စိတ်ပျက်တယ်´တဲ့။ တစ်ယောက်ယောက် အချိုးမကျ ဣနြေ္ဒမရတာတွေ့တော့ `ဒီကောင် ရုပ်ပျက်လိုက်တာကွာ´တဲ့။ စိတ်ပျက်တာက စိတ်တိုင်းမကျတာ၊ ရုပ်ပျက်တာက ဣနြေ္ဒမရတာ။ ၀ိပဿနာကပြောတဲ့ ဖြစ်ပျက်နဲ့တော့ တစ်ခြားစီပဲ။

နီးမှပိုသိရ

အဝေးကကြည့်တော့ ကောင်းနေတယ်။ ပေါင်းကြည့်တော့ ..............။

စိတ်တိုင်းကျ

သူလုပ်တာလဲ သင်စိတ်တိုင်းမကျသလို သင်လုပ်တာလဲ သူစိတ်တိုင်းကျလိမ့်မည်မဟုတ်။

စိတ်ကြိုက်

ကိုယ့်စိတ်ကြိုက်တော့ ကိုယ့်ဗိုက်တောင်မဖြစ်ဘူး။ ပိန်တော့ ၀ ချင်တယ်၊ ၀ တော့ ပိန်ချင်တယ်။

သဘောထားကြီးသူနဲ့ သေးသူ

သဘောထားကြီးသူတွေက ခွင့်လွှတ်ရတာ ကျေနပ်တယ်။ ကဲ့ရဲ့ရတာ ကျေနပ်နေတယ်ဆိုရင်တော့ ............။

ဘ၀င်

မသိဘဲနဲ့ အသိထင်

မရှိဘဲနဲ့ အရှိထင်

မတော်ဘဲနဲ့ အတော်ထင်

မတတ်ဘဲနဲ့ အတတ်ထင်

မဟုတ်ဘဲနဲ့ အဟုတ်ထင်နေရင်တော့

ဘ၀င်မြင့် မာန်ဝင့်လို့ထောင် ကြောင်တောင်တောင်ကြီးပဲ။

မသိလှူကြောင့် ဒုက္ခရောက်

လူ့ဘ၀ လူ့ခန္ဓာ ရ ထားတာဟာ အတိတ်ကုသိုလ်တွေကြောင့်ပါပဲ။ အတိတ်က ဘယ်လိုကုသိုလ်မျိုးလဲဆိုရင် သစ္စာမသိဘဲ ပြုလုပ်ခဲ့တဲ့ကုသိုလ်။ အတိတ်ဘ၀က သစ္စာမသိတဲ့ အ၀ိဇ္ဇာနဲ့ လှူခဲ့လို့ ယခုဘ၀ လူ့ခန္ဓာ ဒုက္ခသစ္စာဖြစ်နေတယ်။ ဒါဟာ လူ့ချမ်းသာလား၊ မဂ်ချမ်းသာလား၊ ဒုက္ခသစ္စာလားမေးရင် ဒုက္ခသစ္စာသာဖြစ်တယ်။ လူ့ဘ၀ နတ်ဘ၀ ဗြဟ္မာဘ၀ကို ဒုက္ခသစ္စာမှန်း သိပြီး ဒီလိုဒုက္ခသစ္စာကြီးကို ရွံလို့ မုန်းလို့ မလိုချင်လို့ ဒုက္ခလွတ်ရာသာရချင်လို့ လှူဒါန်းပါ၏ဆိုတော့ သစ္စာသိတဲ့ပုဂ္ဂိုလ်ရဲ့အလှူဖြစ်သွားတယ်။

တကယ်တော့ ဒါဟာ ဒုက္ခသစ္စာကြီးလို့ စာသိပဲရှိသေးတယ်။ တရားထိုင်ကြည့်လိုက်တဲ့အခါကျတော့ ခန္ဓာကြီးဟာ ရွှေ့ချင်တာ၊ ပြောင်းချင်တာ၊ ယားတာ နာတာ ကိုက်တာ ညောင်းတာ အကုန်တစ်မျိုးပြီး တစ်မျိုး ပြလိမ့်မယ်။ ဒါဟာ ဒုက္ခသစ္စာမို့ ဒုက္ခတွေ ပြနေတာ။ ဒီလိုမြင်လာတော့ ခန္ဓာဟာ ဒုက္ခသစ္စာ၊ စာသိမဟုတ်တော့ဘူး။ ကိုယ်တွေ့အသိဖြစ်လာပြီ။ ဒီလို ကိုယ်တွေ့မြင်လာတဲ့အချိန်ကျရင်တော့ မိုးကုတ်ဆရာတော်ဘုရားကြီးက `ယခုမြင်နေရသော ဒုက္ခ၀ဋ်မှ ကျွတ်ရပါလို၏ဘုရားဆိုပြီး သိန်းကုန် သောင်းကုန် လှူကြ´တဲ့။ ဟုတ်ပါတယ်။ တကယ်ကြည့်လို့ တကယ့်အရှိကို ကိုယ်တိုင်သိလိုက်ရတာဖြစ်တော့ သူများအပြော ဒုက္ခသစ္စာမဟုတ်တော့ဘူး။ ကိုယ့်ခန္ဓာက ပြောနေတာ၊ မယုံလို့ မရတော့ဘူး။ ထိုင်လိုက်တာနဲ့ ခန္ဓာက ညောင်းတာ နာတာ ကိုက်တာ ခဲတာတွေ ပြလိမ့်မယ်။ ဘာတွေချည်းပြနေတာလဲဆိုရင် ဒုက္ခသစ္စာတွေချည်း ပြနေတယ်။ `ဒီလို ဒုက္ခသစ္စာကြီးကို နောင်တစ်ဖန်မရချင်လို့ ဒုက္ခကျွတ်ရာ နိဗ္ဗာန်ကိုသာ ရည်မှန်း၍ တပည့်တော်တို့ သိန်းကုန် သောင်းကုန် လှူဒါန်းပါ၏´လို့ ပြောင်းလိုက်တဲ့။

ဒီလိုလှူမှ ၀ဋ်ကို ရွံမုန်းပြီးလှူတဲ့အလှူဖြစ်မှာ။ ဒီလိုလှူတာကို ၀ဋ်ကျွတ်တဲ့အလှူလို့ သေသေချာချာမှတ်လိုက်ပါ။ ဘယ်အချိန်လှူလှူ ဘယ်မှာလှူလှူ ဒီစိတ်လေး မွေးဖြစ်အောင်မွေးပါ။ ဒီလိုလှူလိုက်တော့ ကိုယ့်အလှူပွဲကလဲ ၀ဋ်ကျွတ်တဲ့ အလှူပွဲကြီး ဖြစ်သွားတယ်။ ဒီလိုမှမဟုတ်ရင် အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ-ဖြစ်တော့ သမုဒယသစ္စာ လုပ်မိသွားတယ်။ လှူတာလား သမုဒယသစ္စာလုပ်တာလားလို့များ မေးရင် သမုဒယသစ္စာ အလုပ်ဖြစ်နေတယ်။ သစ္စာမသိဘဲနဲ့ လှူရင် သမုဒယသစ္စာ။ သမုဒယသစ္စာလုပ်မိရင် ခန္ဓာငါးပါး ဒုက္ခသစ္စာတရားသာ ရမယ်။ ဒါဆို ဋ်ထဲ လည်တဲ့ အလှူစ်သွားတယ်။ (၁)ပြီး (၂) သွား၊ (၂)ကနေ (၃)လုပ်၊ (၃)လုပ်တော့ (၄)အကွက်ထဲ မဖြစ်မနေ ရောက်ရတော့မယ်။ တစ်ခါ (၄)ထဲကနေ (၁)ပြန်ဖြစ်။ ဒါကို ၀ဋ်လည်တယ်ခေါ်တယ်။

ဒီတော့ သစ္စာသိပြီးလှူတဲ့ပုဂ္ဂိုလ်မှာ ၀ဋ်ကျွတ်တယ်။ သစ္စာမသိတဲ့ပုဂ္ဂိုလ်လှူတော့ သေပြီးနောက် ဒုက္ခသစ္စာပဲ ရမယ်၊ ၀ဋ်ထဲ ပြန်လည်ရမယ်ပေါ့။ အခုလက်ရှိခန္ဓာကို ကြည့်လိုက်၊ အတိတ်က မသိလို့လှူခဲ့တဲ့ ကုသိုလ်ကြောင့် ရလာတဲ့ ခန္ဓာပဲ။ အကွက်(၂)ထဲမှာ ရောက်နေတယ်၊ ဒီဘ၀ ဘယ်က စ ခဲ့ရသလဲဆိုရင် ဇာတိက စ ခဲ့ရတာ၊ ဒီဘ၀ ပဋိသန္ဓေက စ ခဲ့ရတာ။ ဒါကြောင့် ၀ိညာဏ်ဆိုတာ ပဋိသန္ဓေ၀ိညာဏ်။ ၀ိညာဏ်ပြီးတော့ နာမ်ရုပ်၊ နာမ်ရုပ်ပြီးတော့ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်ဆိုတဲ့ သဠာယတန။ ပြီးတော့ ခန္ဓာထဲက အာရုံကို တွေ့ထိတတ်တဲ့ ဖဿ၊ အကောင်းအဆိုး ခံစားတတ်တဲ့ ဝေဒနာ။ ဒါဖြင့် ပဋိသန္ဓေ၀ိညာဏ်ဆိုတဲ့ ဇာတိဟာ ဒုက္ခသစ္စာ (ဇာတိပိ ဒုက္ခသစ္စာ)။ ဘ၀ အစကတဲက ဒုက္ခနဲ့ စခဲ့ရတာ။ မသိလှူကြောင့် ရလိုက်တဲ့ ခန္ဓာ၊ ဒုက္ခသစ္စာပဲ ဆိုတာ ရှင်းလောက်ပါပြီ။

ဒေါက်တာအရှင်ပါရမီ

Verbs (19) - Modal Verbs

8. Will have or would have

We use the perfective will have when we are looking back from a point in time when something will have happened.

By the end of the decade scientists will have discovered a cure for influenza.

I’ll phone at six o’clock. He will have got home by then.

Or looking back from the present.

Look at the time. The match will have started.

It’s half past five. Dad will have finished work.

We use would have as the past tense form of will have.

I phoned at six o’clock. I knew he would have got home by then.

It was half past five. Dad would have finished work.

We use would have in past conditionals to talk about something that did not happen.

If it had been a little warmer we would have gone for a swim.

He would have been very angry if he had seen you.

Saturday, February 26, 2011

တွေးမိ တွေးရာ

စိတ်ဓာတ် စိတ်ဆိုတာ သဘာဝအားဖြင့် ဖြူစင်နေတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့် ဓာတ်ကူးလာတော့ စိတ်ဓာတ်ဆိုတာ ဖြစ်လာတယ်။ ဒီမှာ အကောင်းနဲ့ အဆိုးပြောင်းသွားတာ။ ပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့် ကောင်းတဲ့ဓာတ်ပြောင်းတာရှိသလို မကောင်းတဲ့ဓာတ်ပြောင်းသွားတာလဲ ရှိလာတယ်။ မကောင်းတဲ့ဓာတ် အနယ်ထိုင်သွားရင် ကောင်းတဲ့ဓာတ်ပေါ်ဖို့ မလွယ်တော့ဘူး။ ဒီလိုပဲ ကောင်းတဲ့ဓာတ်အနယ်ထိုင်သွားရင်လဲ မကောင်းတဲ့ဓာတ်ပေါ်ဖို့ခက်ပါတယ်။ ပတ်ဝန်းကျင်လွှမ်းမိုးမှုခံနေရတဲ့အခါမှာ ခံယူတဲ့စိတ်အပေါ် မူတည်ပြီး ဓာတ်တွေ ကွဲပြားသွားကြလို့ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဓာတ်တွေဟာ ပေါင်းစပ်လို့ မရလောက်အောင် ဖြစ်ကုန်ကြတယ်။ စိတ်ဓာတ်ကောင်းတဲ့သူက ကြည့်လိုက်လို့ မြင်ရတဲ့ လောကကြီးက သာယာစရာကောင်းတယ်၊ စိတ်ဓာတ်မကောင်တဲ့သူက ကြည့်လိုက်လို့ မြင်ရတဲ့လောကမြင်ကွင်းက အကျည်းတန်နေတယ်။ ပတ်ဝန်းကျင်လောကကြီးကတော့ သူ့အရှိအတိုင်းပါပဲ၊ ဒါပေမယ့် ရှုမြင်သုံးသပ်သူတွေရဲ့စိတ်ဓာတ်မတူသောကြောင့် အမြင်တွေ မတူကြတော့ဘူး။ အမြင်မတူတော့ မတူတာတွေမြင်လာကြတယ်။ ၀ိဝါဒတွေ ဖြစ်လာကြတယ်။ အကောင်းမြင်တဲ့သူတွေက အမြင်ကောင်းအောင် ကြိုးစားနေကြသလို တစ်ဖက်တစ်လမ်းကလဲ အကောင်းမမြင်တဲ့သူတွေက အမြင်မကောင်းတာတွေလုပ်ရတာ သဘောကျနှစ်ခြိုက်နေကြတယ်။ ဒီလို မိုးနဲ့မြေပေါင်းစပ်လို့မရသလို ကွာဟသွားကြတာဟာ ပင်ကိုယ်စိတ်အပေါ်မှာ ကူးစက်လာတဲ့ဓာတ်မတူကြလို့ပဲဆိုတာ ကောက်ချက်ချလိုက်မိတယ်။

အလှ
အလှမျိုးစုံတွေထဲမှာ စိတ်အလှကိုပဲ မြတ်နိုးတယ်။ ဒါပေမယ့် စိတ်အလှကို ဘယ်လိုခံစားကြည့်မှ ပိုသိနိုင်မလဲ။

စိုးရိမ်တယ်
အနာဂတ်မျိုးဆက်သစ်တို့ရဲ့ လန်းဆန်းလတ်ဆတ်တဲ့စိတ်ထဲ မည်းညစ်တဲ့အတွေးအခေါ်တွေ ကူးစက်မသွားစေချင်၊ အထူးသဖြင့် လူကြီးတွေက သူတို့ရဲ သုံးမရတဲ့စိတ်ဓာတ် မြင့်မြတ်တယ်ထင် ကလေးတွေကိုသင်ပေးလိုက်မှာ စိုးရိမ်လှတယ်။

ရှင်းရှင်းလေး
အနာဂတ်ကမ္ဘာကို အခုလူငယ်တွေ ဦးဆောင်မယ်။ ဒါကြောင့် အခုလူငယ်တွေ ကောင်းမှ အနာဂတ်ကမ္ဘာ ကောင်းမယ်။ အခုလူငယ်တွေကို ကောင်းလာအောင် ပြုစုပျိုးထောင်မပေးခဲ့ရင် ဘာဖြစ်လာမလဲဆိုတာ ... ရှင်းရှင်းလေးပဲ

Beautiful World
The world is beautified with the rich and the poor, the educated and the uneducated, the men and the women. If you make the world ugly, you are sure to become unworthy of this beautiful world.

စိတ်ပျက်တယ်
စိတ်ကောင်းမရှိပါဘဲ သူ့ကိုယ်သူ စိတ်ကောင်းရှိတယ်ထင်နေရင် ကြည့်ရတာ စိတ်ပျက်တယ်။

သိအောင်လုပ်
သူဘယ်လောက်ဆိုးသလဲဆိုတာထက် ကိုယ်ဘယ်လောက်ဆိုးသလဲဆိုတာ အရင်သိအောင်လုပ်စမ်းပါ။

သစ္စာသိပြီးမှ လှူပါ

လှူကြတန်းကြတဲ့အခါမှာဘယ်လိုလှူမှ ဒုက္ခသစ္စာ ပြန်မရတဲ့အလှူဖြစ်မလဲဆိုတာ သိဖို့ အရေးကြီးတယ်။ ဒါကြောင့် ဒုက္ခလွတ်ကြောင်းအလှူဖြစ်အောင် လှူနည်းစနစ်လေးတွေကို မိုးကုတ်ဆရာတော်ဘုရားကြီး၏ အာဘော်မပျက် ဆက်လက်တင်ပြပေးမယ်။

အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ - လူခန္ဓာ နတ်ခန္ဓာ ဘယ်ခန္ဓာမဆို ခန္ဓာဖြစ်ကြောင်းဆိုတာ အ၀ိဇ္ဇာမူတည်တာပဲ။ သစ္စာလေးပါးမသိတဲ့ အ၀ိဇ္ဇာ။ အတိတ်က သစ္စာလေးပါးမသိတဲ့အ၀ိဇ္ဇာနဲ့ နေထိုင်ခဲ့ရတာ။ ကုသိုလ်ပြုတော့ သင်္ခါရ။ ကုသိုလ်ပင် ပြုသော်လဲ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ခန္ဓာငါးပါးဘက်ကို လာစပ်တယ်။ သစ္စာမသိတဲ့ အ၀ိဇ္ဇာနဲ့ ပြုလုပ်တဲ့ ကုသိုလ်ဟာ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားသာ ရတယ်လို့ မှတ်လိုက်ပါ။ ဘယ်လိုကုသိုလ် ဒုက္ခသစ္စာရလဲဆိုရင် သစ္စာမသိတဲ့ အ၀ိဇ္ဇာခိုင်းတဲ့အတိုင်း လုပ်တဲ့ကုသိုလ်ဟာ ဒုက္ခသစ္စာပဲရတယ်။

အခု လက်ရှိဘ၀မှာ ခန္ဓာငါးပါးနဲ့ ခွဲလို့ကိုမရတော့ဘူး။ ဘာလို့ ဒီလို ဒုက္ခသစ္စာနဲ့ အတူနေနေရတာလဲဆိုတော့ ကုသိုလ်လုပ်ရင် ဒီလို ဒုက္ခသစ္စာခန္ဓာငါးပါးကြီး ရမယ်ဆိုတာ မသိလို့။ အိုမှု နာမှု သေမှု မကင်းဘူးဆိုတာ မသိတဲ့ အ၀ိဇ္ဇာနဲ့ ပြုလုပ်တဲ့ သင်္ခါရ။ မသိတာက အ၀ိဇ္ဇာ၊ မသိတဲ့ပုဂ္ဂိုလ် ကုသိုလ်လုပ်တာက သင်္ခါရ။ ဘာသစ္စာလဲဆိုရင် သမုဒယသစ္စာ။ သစ္စာမသိဘဲ ပြုတဲ့ ကုသိုလ်က သမုဒယသစ္စာ။ ဒါဖြင့် ဟောဒီခန္ဓာငါးပါးကြီးက သမုဒယသစ္စာလုပ်လို့ ရတဲ့ ဒုက္ခသစ္စာ။ ဒါကြောင့် `အသိရှေ့ထားပြီး အလှူနောက်ထားပါ´လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက လေးလေးနက်နက် မိန့်တော်မူတာ။ ဘာဖြစ်လို့လဲဆိုတော့ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ ဖြစ်သွားမှာစိုးလို့။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာသည် သမုဒယသစ္စာ။ ဆရာတော်ဘုရားကြီးက မလှူနဲ့လို့ ပြောတာမဟုတ်ပါဘူး။ သစ္စာ အသိကလေး လိုနေသေးလို့။ သစ္စာမသိဘဲနဲ့ လှူခဲ့သော် ဒုက္ခသစ္စာရမယ်။ အ၀ိဇ္ဇာသင်္ခါရကြောင့် သူကျေးဇူးပြုလိုက်တဲ့ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဒုက္ခသစ္စာ။ ဒါ ဘယ်သူတွေရတဲ့ ဒုက္ခသစ္စာလဲဆိုတော့ မသိလှူသမားတွေ လှူလို့ရတဲ့ဒုက္ခသစ္စာ။ `သိပြီးရင်တော့ လှူတော့ဟေ့´လို့ ဆရာတော်ကြီးက တိုက်တွန်းတော်မူပါတယ်။

လှူတော့ ငွေကုန်တယ်။ သစ္စာမသိဘဲနဲ့ လှူလို့ ဟိုဘက် ဒုက္ခသစ္စာရတော့ လူပန်းတယ်။ ငွေကုန်လူပန်းအလှူပဲ။ မသိလှူသမားလှူရင် ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပေါင်းလိုက်တော့ ခန္ဓာငါးပါး၊ ဒုက္ခသစ္စာရတယ်။ ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာလို့ သိပြီဆိုရင်တော့ အ၀ိဇ္ဇာက ၀ိဇ္ဇာဖြစ်တယ်။ လက်ရှိခန္ဓာ ဒုက္ခသစ္စာမှန်း ၀ိဇ္ဇာနဲ့သိတာ။ လက်ရှိခန္ဓာ ဒုက္ခသစ္စာမှန်းသိတော့ ၀ိဇ္ဇာဉာဏ်ရတယ်။ ၀ိဇ္ဇာဉာဏ်ရတော့ နောက်ဘ၀ လိုချင်တဲ့ သင်္ခါရတွေ မလုပ်ဖြစ်တော့ဘူး။ ၀ိဇ္ဇာဉာဏ်ရတော့ ဘ၀ ဒုက္ခသစ္စာလို့ သိထားပြီ။ ဒီလိုသိတော့ အ၀ိဇ္ဇာ ချုပ်သွားတယ်။ သင်္ခါရအလုပ်လဲ မလုပ်တော့ဘူး။ ဒီလိုသိပြီဆိုရင် လှူတော့တဲ့။ နောက်ခန္ဓာဒုက္ခသစ္စာကြီးကို မလိုချင် မရချင်လို့ ဒုက္ခလွတ်ရာသာ ရချင်လို့ လှူဒါန်းပါ၏လို့ပြောင်းလိုက်။ ဒုက္ခသစ္စာကြီးကို မလိုချင်တာသည် ၀ိဇ္ဇာ၊ ဒုက္ခသစ္စာကြီး နောက်တစ်ခါ မလိုချင်လို့ လှူဒါန်းပါ၏ဆိုတော့ နိဗ္ဗာန်ရတယ်။
ဒေါက်တာအရှင်ပါရမီ

Verbs (19) - Modal Verbs

7. Will or Would

အဓိကအားဖြင့် Will ကို အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာပြောဖို့၊ ဘာလုပ်ချင်တယ်စသည့် ဆန္ဒကိုပြောဖို့၊ ကတိပေးခြင်း ကမ်းလှမ်းခြင်းပြုလုပ်ဖို့အတွက်သုံးတယ်။ Would ကို will ရဲ့ past tense အနေနဲ့ အတိအကြောင်းပြောဖို့၊ စိတ်ကူးထားတာတွေ တင်စားထားတာတွေ ပြောဖို့၊ ယဉ်ယဉ်ကျေးကျေးပြောဖို့သုံးတယ်။

Beliefs

အနာဂတ်မှာ ဖြစ်မယ်လို့ ယုံကြည်ရတာတွေအတွက်သုံးတယ်။

We’ll be late.

We will have to take the train.

Past tense of will အဖြစ် would ကိုသုံးတယ်။

I thought it would be late, so I would have to take the train.

Offers and Promises

Offers and promises လုပ်ဖို့ I will, we will တို့ကိုသုံးတယ်။

I’ll give you a lift home after the party.

We will come and see you next week.

Willingness

လုပ်ချင်တာ ဆန္ဒရှိတာပြောဖို့သုံးတယ်။

We will see you tomorrow.

Perhaps dad will lend me the car.

Would- as the past tense of will

We had a terrible night. The baby wouldn’t go to sleep. He kept waking up and crying.

Dad wouldn’t lend me the car, so we had to take the train.

အတိတ်က ကိုယ်လုပ်ချင်လို့ လုပ်ခဲ့တာတွေပြောဖို့အတွက်လဲ would ကိုသုံးတယ်။

When they were children they used to spend their holidays at their grandmother’s at the seaside. They would get up early every morning and they’d have a quick breakfast then they would run across the road to the beach.

Conditionals

Will ကို if, unless ပါတဲ့ဝါကျတွေမှာ ယခု သို့မဟုတ် နောင် ဖြစ်မယ်လို့ စဉ်းစားထားတာတွေအတွက် သုံးတယ်။

I’ll give her a call if I can find her number. (နံပါတ်တွေ့ရင်တော့ ဖုန်းခေါ်မယ်၊ မတွေ့ရင် မခေါ်ဘူး။)

You won’t get in unless you have a ticket. (ticket မပါရင် မ၀င်ရဘူး၊ ပါရင်တော့ ၀င်လို့ရတယ်)

ဖြစ်နိုင်တယ်၊ တကယ်တော့ မဖြစ်ခဲ့တာတွေ (hypotheses) ပြောဖို့ would ကိုသုံးတယ်။

It would be very expensive to stay in a hotel.

If, what if ပါတဲ့ conditionals တွေမှာလဲ would ကိုသုံးတယ်။ Main verb က past tense ဖြစ်ရမယ်။

I would give her a call if I could find her number.

If I had the money I’d buy a new car.

You would lose weigh if you took more exercise.

If he got a new job he would probably make more money.

What if he lost his job. What would happen then?

Conditions တွေကို အကြံပေးဖို့လဲ သုံးတယ်။

Dan will help you if you ask him.

Past tenses are more polite.

Dan would help you if you asked him.

Phrases with would

Would you….? Would you mind (not)-ing? for request

Would you carry this for me please?

Would you mind carrying this? (ဒါလေး သယ်ပေးရတာ အနှောက်အယှက်များဖြစ်နေမလား။ အပန်းမကြီးရင် ဒါလေးသယ်ပေးပါလားလို့ ပြောတာ။)

Would you mind not telling him this?

Would you like…? Would you like to….? for offers and invitations

Would you like to come round tomorrow?

Would you like another drink?

I would like…. I’d like…. (you) (to)… to say what we want or what we want to do

I’d like that one please.

I’d like to go home now.

I’d like you to go to the station.

I’d rather… (I would rather) to say what we prefer

I’d rather have that one.

I’d rather go home now.

I would think, I would imagine, I’d guess, to give an opinion when we are not sure or when we want to be polite

It’s very difficult I would imagine.

I would think that’s the right answer.

Friday, February 25, 2011

အဆက်ဖြတ်ကြပါစို့

သံသရာစက်ဝိုင်းအလည်အပတ် ရပ်အောင် ဝေဒနာနိရောဓာ တဏှာနိရောဓော- လုပ်ရမယ်လို့ မနေ့ကပြောခဲ့တယ်။ ဝေဒနာနိရောဓော ဖြစ်မှ အဆက်ပြတ်မှာ။ အဆက်ပြတ်အောင် ဘယ်လိုဖြတ်ရမလဲဆိုတာ ဒီနေ့ ဆက်လက်ရှင်းပေးမယ်။

အဆက်ဖြတ်ချင်တယ်ဆိုရင် ဝေဒနာကို ၀ိပဿနာရှုရမယ်။ ဝေဒနာက သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာလို့ သုံးမျိုးရှိတယ်။ သောမနဿဝေဒနာ၊ ဒေါမနဿဝေဒနာထည့်ပြီး ငါးမျိုးဟောထားတာလဲ ရှိတယ်။ ဒီဝေဒနာတွေဟာ ပေါ်တိုင်းပေါ်တိုင်း ပစ္စုပ္ပန်ခန္ဓာမှာ ပေါ်တာပဲ။ ဝေဒနာပေါ်တိုင်း ဉာဏ်နဲ့ ဖြစ်ပျက်ရှုပေးလိုက်။ ဉာဏ်နဲ့ရှုပေးလိုက်တော့ ဝေဒနာနဲ့ တဏှာကြား အဆက်ကလေး ပြတ်သွားတယ်။ ဉာဏ်နဲ့ ရှုခိုက်မှာ မဂ်က အစပ်မြားလေးပေါ်မှာ ကျပြီး အစပ်ကို မစပ်အောင် ဖြတ်လိုက်တယ်။ တဏှာမလာတော့ဘူး။ တဏှာမလာတော့ တဏှာနိရောဓောတိ မဂ္ဂေါ- တဏှာချုပ်အောင် ရှုနိုင်တဲ့ မဂ်ပေါ်လာတယ်။ ဝေဒနာကို ဝေဒနာအတိုင်း ထားလိုက်ရင်တော့ တဏှာ ဥပါဒါန်လာမယ်။ ဝေဒနာကို ဖြစ်ပျက် အနိစ္စဆိုတဲ့ မဂ်လေး အစပ်နေရာမှာ သွင်းလိုက်တော့ မစပ်နိုင်တော့ဘဲ ပြတ်သွားတယ်။ အစပ်က ပြတ်သွားတော့ အနာဂတ်သံသရာတွေ အကုန်ပြတ်တယ်။ ဒါကြောင့် ဝေဒနာပေါ်တိုင်း ရှုနေတာသည် ပစ္စုပ္ပန်အကြောင်းတရားတွေ ဖြတ်နေတာ။ ဒီအစပ်လေးက မဖြတ်ရင် မပြတ်ဘူး။ တကယ့်ကို ၀မ်းထဲမှာ မဂ်လာမှ ပြတ်မယ်။ ပေါ်တဲ့ဝေဒနာကလဲ ၀မ်းထဲမှာ ပေါ်တဲ့ဝေဒနာ၊ မဂ်ကလဲ ၀မ်းထဲမှာ ပေါ်တဲ့မဂ်ဖြစ်ရမယ်။ မဂ်မလာဘဲ ထုံးစံအတိုင်းသာ နေရင်တော့ ဝေဒနာပစ္စယာ တဏှာ-ပဲ လာမယ်။ ဝေဒနာဖြစ်ပျက်မြင်ရင်တော့ ကြားထဲပေါ်လာတဲ့ မဂ်က အဆက်ကိုဖြတ်တယ်၊ မစပ်နိုင်တော့ဘူး။ ဒါဖြင့် ၀ိပဿနာလုပ်တာသည် ဝေဒနာနဲ့တဏှာအစပ်ကို ဖြတ်နေတာ။ သင်္ခါရနဲ့ ၀ိညာဏ်အစပ်ကတော့ လွန်ပြီးဖြစ်လို့ ဖြတ်လို့မရတော့ဘူး။ ဝေဒနာနဲ့ တဏှာအစပ်ကတော့ အခုဖြတ်မယ်ဆိုရင် ရသေးတယ်။ ဒီအစပ်ကို ဖြတ်နိုင်ရင် ယခုဘ၀ နိဗ္ဗာန်ရနိုင်တယ်။

ဒါန သီလလောက်လုပ်ပြီး သားရေး သမီးရေးနဲ့ အချိန်ကုန်နေမယ်၊ ၀ိပဿနာအလုပ်မလုပ်ဘူးဆိုရင် ဝေဒနာနဲ့ တဏှာ ပြန်ဆက်မယ်။ ဝေဒနာနဲ့ တဏှာဆက်ပြီး သေသည်၏အခြားမဲ့၌ ဘ၀နဲ့ ဇာတိဆက်လိမ့်မယ်။ အဲဒီမှာ ဇာတိ ဇရာမရဏ ပြန်လာတာပဲ။ ၀ိပဿနာမလုပ်လို့ရှိရင်တော့ စပ်သာ စပ်တယ်၊ မဖြတ်ဘူး။ ၀ိပဿနာလုပ်တာသည် ကိုယ့်အစပ်ကိုယ် ဖြတ်နေကြခြင်းသာဖြစ်တယ်၊ ရှေ့လာမယ့် ကိုယ့်ဒုက္ခတွေကို ဖြတ်နေတာသာဖြစ်တယ်။ ဒါကြောင့် ကိုယ်ဖြတ်ရင် ကိုယ်သာ ပြတ်တယ်၊ သားသမီးက ဖြတ်ရင် သားသမီးသာ ပြတ်တယ်၊ မိဘကဖြတ်ရင် မိဘသာပြတ်တယ်။ ဒါန သီလလုပ်ပြီး အမျှဝေလို့ အမျှယူတော့ ကိုယ်ပါကုသိုလ်ရတယ်။ မဂ်ကတော့ ကိုယ်တိုင်ဖြတ်မှ ကိုယ်ရတာဖြစ်တယ်။ သူများ အမျှဝေတာ သာဓုလိုက်ခေါ်ရုံနဲ့ သာဓုခေါ်တဲ့ကုသိုလ်တော့ရမယ်၊ ကိုယ်ရတဲ့မဂ်တော့ ဖြစ်မလာဘူး။

ကိုယ့်ဝမ်းထဲကဝေဒနာကို ကိုယ့်မဂ်နဲ့ ရှုလိုက်တော့ အစပ်လေး ပြတ်သွားတယ်။ ဝေဒနာတွေ ဖြစ်ပျက် ချုပ်သွားတဲ့အတွက် မဂ်ဝင်လာရင် တဏှာချုပ်တယ်၊ မလာတော့ဘူး။ ဝေဒနာကို ဖြစ်ပျက်ရှုလိုက်တော့ မဂ်က အစပ်မှာလာပေါ်တယ်၊ စပ်မယ့်တဏှာကို ဖြတ်ချလိုက်တယ်။ ဒါဟာ ကိုယ့်ဒုက္ခဖြစ်ကြောင်း ကိုယ်ဖြတ်နေတာပါပဲ။ ၀ိပဿနာမလုပ်ရင် မဂ်မပေါ်ဘူး။ မဂ်မပေါ်ရင် ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘ၀ပစ္စယာ ဇာတိ။ ဒီမှာ ကမ္မဘ၀နဲ့ ဇာတိဆက်သွားတယ်။ ဇရာမရဏလဲ လာမယ်။ (၃)နဲ့ (၄) ဆက်သွားတာ။ (၃)က သမုဒယသစ္စာ၊ (၄)က ဒုက္ခသစ္စာ၊ သမုဒယနဲ့ ဒုက္ခဆက်သွားတာ။ ဒါကြောင့် ၀ိပဿနာမလုပ်ဖြစ်ဘူးဆိုရင် (၂)နဲ့ (၃)ဆက်နေတယ်။ ဝေဒနာနဲ့ တဏှာလဲဆက်၊ ဖဿနဲ့ တဏှာလဲဆက်၊ သဠာယတနနဲ့ တဏှာလဲဆက်၊ နာမ်ရုပ်နဲ့ တဏှာလဲဆက်၊ ၀ိညာဏ်နဲ့ တဏှာလဲဆက်တယ်။ သူတို့က အရှုခံတွေ၊ အရှုခံတွေကို မရှုမိတော့ ဆက်သွားတာ။ ၀ိပဿနာမရှုဖြစ်ဘူးဆိုရင် ဝေဒနာပစ္စယာ တဏှာ၊ ဖဿပစ္စယာ တဏှာ၊ သဠာယတနပစ္စယာ တဏှာ၊ နာမရူပပစ္စယာ တဏှာ၊ ၀ိညာဏပစ္စယာ တဏှာ- ဒီလိုပဲ လာမယ်။ (၂)နဲ့ (၃)သာ ဆက်မိရင် (၄)တားမရတော့ဘူး။ တားမရတော့ ဇာတိ ဇရာမရဏ ဒုက္ခသစ္စာ ရမယ်။ (၂) ဒုက္ခသစ္စာကနေပြီး (၃)သမုဒယသစ္စာ ဆက်မိတာနဲ့ (၄)နံပါတ် ဒုက္ခသစ္စာ ကိုယ်ပိုင်သိမ်းပိုက်လိုက်ရပြီ။ ဒါကြောင့် ဒုက္ခနဲ့ သမုဒယသာဆက်ရင် ဒီသမုဒယက နောက် ဒုက္ခအကျိုးပေးလိမ့်မယ်။ ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်ဟာ ဒုက္ခချုပ်ကြောင်းကို ရှာရမယ်။ ဒုက္ခဖြစ်ကြောင်း ထပ်ရှာလို့ ဒုက္ခက မလွတ်ဘူး။ ဒုက္ခချုပ်ကြောင်း ရှာချင်ရင် ဝေဒနာကို ဖြစ်ပျက်ရှု။ ဖဿ ဖြစ်ပျက်ရှု၊ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် ဖြစ်ပျက်ရှု။ နာမ်ကို ဖြစ်ပျက်ရှု၊ ရုပ်ကို ဖြစ်ပျက်ရှု၊ စိတ်ကို ဖြစ်ပျက်ရှု။ ဖြစ်ပျက်ရှုတော့ မဂ်က အဆက်ကိုဖြတ်လိုက်တယ်။ ဒုက္ခဖြစ်ကြောင်းတွေ ပေါ်မလာတော့ဘူး။ ဒုက္ခဖြစ်ကျိုးလဲ ပေါ်မလာတော့ဘူး။ ဒုက္ခ ဖြစ်ကြောင်းက သမုဒယသစ္စာ၊ ဖြစ်ကျိုးက ဒုက္ခသစ္စာ။ ဒါဖြင့် ဒီအဆက်ကို ဖြတ်နိုင်ရင် သမုဒယနဲ့ ဒုက္ခချုပ်တယ်။ ဝေဒနာနိရောဓာ တဏှာနိရောဓော- ဝေဒနာချုပ် တဏှာလဲချုပ်တာပဲ။ တဏှာချုပ်အောင်လုပ်နိုင်ပြီဆိုရင် (၂)နဲ့ (၃) အဆက်ပြတ်သွားတယ်။ ပြတ်သွားတော့ (၄) ဒုက္ခသစ္စာ အကျိုးပေး မလာနိုင်တော့ဘူး။ ဒုက္ခသစ္စာအကျိုးပေးမလာတော့ ဒုက္ခတွေသိမ်း ငြိမ်းချမ်းသွားတာ၊ ဒါဟာ နိဗ္ဗာန်ပါပဲ။ ဝေဒနာနဲ့ တဏှာ အဆက်ပြတ်မှသာလျှင် ဒီနိဗ္ဗာန် ကိုယ့်သန္တာန်မှာပေါ်လာမှာပါ။ ဒါကြောင့် အဆက်ဖြတ်ကြပါစို့။

ဒေါက်တာအရှင်ပါရမီ

Verbs (19) - Modal Verbs

6. Can or Could

Possibility

Modal can ကို ဖြစ်နိုင်ကြောင်း ယေဘုယျပြောပြတာတွေအတွက်သုံးတယ်။

It can be very cold in winter. (It is sometimes very cold in winter).

You can easily lose your way in the dark. (People often lose their way in the dark).

Could ကို can ရဲ့ past tense အဖြစ်သုံးတယ်။

It could be very cold in winter. (It was sometimes very cold in winter).

You could lose your way in the dark. (People often lost their way in the dark).

အနာဂတ်မှာ ဖြစ်နိုင်ခြေရှိတယ်၊ ဒါပေမယ့် မသေချာဘူးဆိုရင် could ကိုသုံးတယ်။

If we don’t hurry, we could be late. (Perhaps/ Maybe we will be late).

အခု သို့မဟုတ် အရင်က ဖြစ်နိုင်တာကို ပြောဖို့ could ကိုသုံးတယ်။

It’s ten o’clock. They could have arrived now.

They could have arrived hours ago.

Impossibility

တစ်ခုခုမဖြစ်နိုင်တာကိုပြောဖို့ can’t/ cannot ကိုသုံးတယ်။

That can’t be true.

You cannot be serious.

အတိတ်အတွက် couldn’t/ could not ကိုသုံးတယ်။

We knew it could not be true.

He was obviously joking. He could not be serious.

Ability

Can ကို စွမ်းရည်၊ ကျွမ်းကျင်မှုကိုပြောဖို့ သုံးတယ်။ (Skills or general abilities)

She can speak several languages.

He can swim like a fish.

They can’t dance very well.

Can ကို (present/ future) ယခု သို့မဟုတ် နောင်တစ်ချိန်ချိန်မှာ တစ်ခုခုလုပ်နိုင်စွမ်းရည်ရှိတာကို ပြောဖို့သုံးတယ်။ (ability to do something)

They can make a lot of money if they are lucky.

Help. I can’t breathe.

They can run, but they can’t hide.

Past အတွက် could ကိုသုံးတယ်။

She could speak several languages.

They couldn’t dance very well.

Permission

Can ကို တစ်ခုခု လုပ်ဖို့ခွင့်တောင်းရန် သုံးတယ်။ (permission to do something)

Can I ask a question, please?

Can we go home now?

Could is more formal and polite than can.

Could I ask a question, please?

Could we go home now?

Can ကို ခွင့်ပြုရာမှာလဲ သုံးတယ်။

You can go home now if you like.

You can borrow my pen if you like.

တစ်ခုခု လုပ်ခွင့်ရတာကိုပြောဖို့လဲ can ကိုသုံးတယ်။

We can go out whenever we want.

Students can travel free.

Instructions and Requests

Could you… ကို တစ်ယောက်ယောက်ကို ယဉ်ယဉ်ကျေးကျေး ခိုင်းချင်ရင်သုံးတယ်။ (polite way of asking someone to do something)

Could you take a message please?

Could I have my bill please?

Can is less polite.

Can you take a message please?

Offers and Invitations

We use can I… to make offers.

Can I help you?

Can I do that for you?

We sometimes say I can… or I could… to make an offer.

I can do that for you if you like.

I can give you a lift to the station.

Thursday, February 24, 2011

သံသရာစက်ဝိုင်း

စက်ဝိုင်းကြီးက အတိတ်သံသရာရယ်၊ လက်ရှိသံသရာရယ်၊ နောင်သံသရာရယ် ပြနေပါတယ်။ နောင်သံသရာမဆက်ချင်ရင် ဘယ်လိုလုပ်ရမယ်ဆိုတာလဲ စက်ဝိုင်းကပဲ ပြနေပါတယ်။ အကွက်(၁)က လွန်ခဲ့တဲ့ဘ၀ ဖြစ်စဉ်ပါပဲ။ အတိတ်အကြောင်း ငါးပါးလို့ဖော်ပြထားတယ်။ အတိတ်က ဘာနဲ့ နေခဲ့ကြရတာလဲဆိုရင် သစ္စာမသိတဲ့အ၀ိဇ္ဇာနဲ့ နေခဲ့ကြတာ။

သစ္စာမသိတော့ မုဆိုး တံငါလဲလုပ်ခဲ့ကြတာပဲ။ မုဆိုးတံငါလုပ်ရင် (၂)အကွက် ဒုက္ခသစ္စာရမယ်ဆိုတာကို မသိဘူး။ မသိလို့ လုပ်တော့ ဒီဘက်မှာ ခန္ဓာငါးပါး ပေါ်တယ်။ ရှေးက မုဆိုးတံငါလုပ်၊ မုသားတွေပြော၊ လိမ်လည်ကောက်ကျစ် ရောင်းဝယ်ဖောက်ကားနဲ့ လုပ်မိကိုင်မိခဲ့ကြသောကြောင့် ဒုက္ခသစ္စာကို ရလာတာ။ မသိတဲ့အ၀ိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရတွေလုပ်၊ တဏှာ ဥပါဒါန်တွေနဲ့ စွဲလမ်း၊ ကာယကံ ၀စီကံတွေအားထုတ်။ သေသည်၏အခြားမဲ့၌ ဒီဘက်မှာ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပဋိစ္စသမုပ္ပါဒ်တရား ငါးမျိုးနဲ့ဆက်သွယ်လာတယ်။ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ ဆက်သွယ်သွားတာ။ မသိလို့ ပြုလုပ်၊ ပြုလုပ်တော့ ဒုက္ခသစ္စာရတယ်။ မသိတာက အ၀ိဇ္ဇာ၊ ပြုလုပ်တာက သင်္ခါရ၊ အကုသိုလ်သင်္ခါရ။ သင်္ခါရကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာကြီး ရတယ်၊ အပါယ်လေးပါး ခန္ဓာငါးပါးကြီးရတာ။ ကုသိုလ်တွေလုပ်ပြန်တော့လဲ ဒုက္ခသစ္စာရမယ်ဆိုတာ မသိဘဲနဲ့လုပ်ခဲ့သောကြောင့် ယခုရရှိထားတဲ့ ခန္ဓာငါးပါးဟာ ဇာတိ ဇရာမရဏတွေနဲ့ ဆက်သွယ်နေရတယ်။ ဒုက္ခသစ္စာကြီးရထားတာဆိုတာ ငြင်းလို့မရပါဘူး။ သစ္စာမသိဘဲ ဈာန်သမာပတ်တွေ အားထုတ်ပြန်တော့ ဗြဟ္မာခန္ဓာ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေ ရတယ်။ ဒါလဲ ဒုက္ခသစ္စာပဲ။ ဒါဖြင့် အပါယ်ဘုံ၊ လူ့ဘုံ၊ နတ်ဗြဟ္မာဘုံတွေအားလုံးမှာ အ၀ိဇ္ဇာ သင်္ခါရ ခြယ်လှယ်နေတယ်လို့သာ မှတ်လိုက်တော့။ အ၀ိဇ္ဇာ သင်္ခါရသာ ရှိလို့ရှိရင်တော့ (၃၁)ဘုံခန္ဓာသာဖြစ်လိမ့်မယ်။ ဘာသစ္စာလဲဆိုရင် ဒုက္ခသစ္စာပဲ။

(၁)လုပ်ခဲ့သောကြောင့် (၂)ဖြစ်တယ်။ (၁) ဘယ်တုံးက လုပ်ခဲ့တာလဲဆိုရင် အတိတ်ကာလ၊ ဒါကြောင့် အတိတ်အကြောင်းတစ်လွှာလို့ ရေးထားတယ်။ ဘာသစ္စာလုပ်ခဲ့ကြသလဲဆိုတော့ သမုဒယသစ္စာ။ သမုဒယသစ္စာ ဘယ်နှစ်ပါးလုပ်ခဲ့တာလဲဆိုတော့ အ၀ိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘ၀- ငါးပါး။ ဒီသမုဒယသစ္စာငါးခု ကြိုးစားခဲ့ကြတဲ့အတွက် အခု (၂)အကွက်ထဲမှာ ဒုက္ခသစ္စာ ငါးခုပြန်ရတယ်။ အခု ဒုက္ခသစ္စာနဲ့ အတူနေနေရတာ သေချာနေပြီ။ ဒါဖြင့် အ၀ိဇ္ဇာမချုပ်သရွေ့ ဒုက္ခသစ္စာပဲ ပြန်ပြန်ရနေမယ်။ ဒီဒုက္ခသစ္စာ ငါးပါးဟာ ပစ္စုပ္ပန်အကျိုးတရား ငါးပါးပဲ။ အ၀ိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘ၀ဆိုတဲ့ အကြောင်းငါးခုက ပေးလိုက်လို့ ရလာတဲ့ ပစ္စုပ္ပန်အကျိုးတရားငါးပါး။ သစ္စာအနေနဲ့ ကြည့်လိုက်တော့ ဒုက္ခသစ္စာ။ ဒီဒုက္ခသစ္စာနဲ့ အတူနေနေရသမျှတော့ ဒုက္ခတွေ ပင်လယ်ဝေနေအောင် ခံရတာ ဘာမှအကြောင်း မဆန်းဘူး။ ဒါပေမယ့် ဒီလို ဒုက္ခတွေ ပင်လယ်ဝေနေတဲ့ကြားထဲက ဒုက္ခဖြစ်ကြောင်းတွေ ထပ်အားမထုတ်ဘဲ ဒုက္ခလွတ်ကြောင်းကိုသာ အားထုတ်ဖို့ အရေးကြီးတယ်။ ဒုက္ခတွေနဲ့ နေရတဲ့ကြားထဲမှာ ဒုက္ခဖြစ်ကြောင်းကိုထပ်အားထုတ်ဦးမယ်ဆိုရင်တော့…။

ဒါဖြင့် (၂)နံပါတ်ထဲက အ၀ိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘ၀တွေ ထပ်ပြီးမပေါက်ပွားဖို့အရေးကြီးတယ်။ (၂)နံပါတ်မှာ အခုရောက်နေတာ။ ကိုယ့်ခန္ဓာကိုယ်ကို ၀ိပဿနာမရှုတော့ မသိဘူး။ မသိတော့ အ၀ိဇ္ဇာနဲ့နေရတယ်။ (၂)နံပါတ်ထဲမှာ နေရင်း အ၀ိဇ္ဇာတိုးလာတယ်။ အ၀ိဇ္ဇာမျိုးစေ့တစ်စေ့ ခန္ဓာပင်ကြီးက သီးပွင့်လာတယ်။ အ၀ိဇ္ဇာ ဦးစီးပြီး လှုတာတန်းတာ၊ ကုသိုလ်လေးတွေ လုပ်တော့ သင်္ခါရ သီးပွင့်လာပြန်တယ်။ သားသမီး ဆွေမျိုး ပစ္စည်းဥစ္စာ ခင်မင်ကြတော့ (၂)နံပါတ် ခန္ဓာပင်ကြီးက ခင်စိတ် တဏှာ သီးပွင့်လာတယ်။ စွဲလမ်းစိတ် ဥပါဒါန် သီးပွင့်လာပြန်တယ်။ ကာယကံ ၀စီကံနဲ့ အားထုတ်တော့ ကမ္မဘ၀ သီးပွင့်လာတယ်။ အတိတ်အကြောင်းငါးခုလိုပဲ ပစ္စုပ္ပန်အကြောင်းတရားလဲ ငါးခုပေါ်လာတယ်။ ဒါဟာ ယခုလက်ရှိခန္ဓာက ပေါက်ပွားလာတာ။ ယခုလက်ရှိခန္ဓာကိုယ်က ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာထဲက သမုဒယသစ္စာဆိုတဲ့ အသီးအပွင့်တွေ ပေါက်ပွားလာပြန်တယ်။ (၃)နံပါတ်တရားတွေ ပေါ်လာတာ။ ဒုက္ခပင်က ဒုက္ခသီးတွေ သီး ဒုက္ခပွင့်တွေ ထပ်ပွင့်တာပဲ။ (၂)နဲ့ (၃)လဲ စပ်သွားတယ်။ စပ်သွားတော့ နောက်လာမယ့် ခန္ဓာနဲ့ ဆက်ဦးမယ်ဆိုတာ သေချာတယ်။ ဒီသမုဒယသစ္စာမပေါက်ပွားလို့ရှိရင် အနာဂတ်ဘ၀ မဆက်ဘူး။ ဒါဖြင့် ပစ္စုပ္ပန်အကြောင်းအခြင်းအရာငါးပါး ပေါက်ပွားတဲ့အတွက် သေရင် ဟောဒီအနာဂတ်ဘ၀နဲ့ ဆက်မယ်။ အနာဂတ်အကျိုးတစ်လွှာဆိုတဲ့ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုပြီး ခန္ဓာငါးပါး ပြန်ပေါ်မယ်။ ဘာသစ္စာလဲဆိုရင် ဒုက္ခသစ္စာပဲ။ ဒီဒုက္ခသစ္စာ အလိုလိုပေါ်တာလားဆိုရင် ပစ္စုပ္ပန်ခန္ဓာထဲက သီးပွင့်လာတဲ့ တဏှာ ဥပါဒါန် ကမ္မဘ၀ကြောင့်ပေါ်လာရတာ။ ပစ္စုပ္ပန်ခန္ဓာ ဒုက္ခသစ္စာပင်ကြီးက သီးပွင့်နေတဲ့အတွက်ကြောင့် အနာဂတ်ဘ၀ ခန္ဓာဒုက္ခသစ္စာနဲ့ ဆက်ရတယ်ဆိုတာ မြားက ပြနေတာ။ အနာဂတ်ခန္ဓာ ဒုက္ခသစ္စာ- ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ ဇရာမရဏတွေ လာပါလိ့မယ်။ အတိတ်ကြောင့်လဲ ဒုက္ခသစ္စာ ရခဲ့တယ်။ ပစ္စုပ္ပန်ကြောင့်လဲ တစ်ခါ ဒုက္ခသစ္စာထပ်ရပြန်တော့ ဒုက္ခသစ္စာနှစ်ကြိမ်ရှိသွားပြီ။ နောင်လဲ ဒီအတိုင်းပဲ ပြန်ပတ်မယ်ဆိုရင် ဒီ သံသရာစက်ဝိုင်းကြီးက လှည့်ပြီးရင်းလှည့်ရင်း ဆုံးနိုင်မှာမဟုတ်တော့ဘူး။ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာတွေသာ လှည့်နေမယ်။

သမုဒယသစ္စာက လောင်တတ်တဲ့မီး။ ဒုက္ခသစ္စာက လောင်စာ။ ဘာတွေလှည့်နေလဲဆိုရင် လောင်မီးနဲ့လောင်စာပဲ လှည့်နေတယ်။ လောင်မီးက သမုဒယသစ္စာ၊ လောင်စာက ခန္ဓာငါးပါး ဒုက္ခသစ္စာ။ လောင်စာထဲက လောင်မီးပေါ်၊ လောင်မီးပေါ်တော့ လောင်စာပြန်ဖြစ်။ တစ်သံသရာလုံး ဘာဖြစ်ခဲ့ကြလဲဆိုတော့ လောင်မီးနဲ့ လောင်စာပဲ ဖြစ်ခဲ့ကြတယ်လို့ ဆုံးဖြတ်ချက်ချလိုက်။ ဒီလောင်စာတွေထဲကပဲ လောင်မီးတွေ ပြန်ထွက်၊ လောင်မီးထွက်တော့ နောက်လောင်စာတွေ ပြန်ပေါ်။ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးပေါ်၊ ပစ္စုပ္ပန်အကြောင်းကြောင့် အနာဂတ်အကျိုးပေါ်တယ်။ ဒါဖြင့် ရှေးတုန်းက ဘာဖြစ်ခဲ့ကြပါလိမ့်မလဲဆိုရင် အကြောင်း အကျိုးပဲ ဖြစ်ခဲ့ကြတယ်။ ယောက်ျားမိန်းမဆိုတာ မပါဘူး။ အကြောင်း အကျိုးတွေချည်းလှည့်နေတယ်။ လောင်မီးနဲ့ လောင်စာပဲ လှည့်နေတယ်။ သမုဒယနဲ့ ဒုက္ခသာလှည့်နေခဲ့တယ်။ မဂ္ဂနဲ့ နိရောဓ တစ်သံသရာလုံး ဘယ်ဘ၀မှာမှ မပါခဲ့ဘူး။

အတိတ်အကြောင်းက အ၀ိဇ္ဇာ သင်္ခါရ။ ပစ္စုပ္ပန်အကျိုးက ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ။ ပစ္စုပ္ပန်အကြောင်းက တဏှာ ဥပါဒါန် ကမ္မဘ၀။ အနာဂတ်အကျိုးက ဇာတိ ဇရာမရဏ။ သံသရာစက်ဝိုင်းက ဒီလိုချည်းသာ လှည့်နေတယ်။ ဘာကြောင့် ဒီလိုလှည့်နေတာလဲဆိုရင် အစပ်ကလေးတွေမဖြတ်လို့။ ဘာနဲ့ ဘာစပ်နေတာလဲဆိုရင် ပစ္စုပ္ပန်အကျိုးနဲ့ ပစ္စုပ္ပန်အကြောင်း စပ်တယ်။ ဒီ (၃)နံပါတ် ပစ္စုပ္ပန်အကြောင်းမပေါ်မှ ပြတ်မယ်။ ဝေဒနာပစ္စယာ တဏှာဆိုရင် ဆက်ပြီ။ ဝေဒနာနဲ့ တဏှာ ဆက်ပြီ လို့မြားကပြတယ်။ ဝေဒနာနိရောဓာ တဏှာနိရောဓော ဆိုရင် ပြတ်ပြီ။ ဝေဒနာပစ္စုယာ တဏှာဆိုရင် ဆက်ပြီ။ တဏှာ ဥပါဒါန် ကံလာတော့မယ်။ ကမ္မဘ၀ပစ္စယာ ဇာတိဆိုတော့ အနာဂတ်အကျိုးတရားနဲ့ ဆက်သွားတယ်။ ဒီခန္ဓာငါးပါး ဒုက္ခသစ္စာကြီး ဘာကြောင့်ရနေပါလိမ့်မလဲဆိုရင် ဝေဒနာပစ္စယာ တဏှာချည်း အားထုတ်ခဲ့လို့။ ဝေဒနာနိရောဓာ တဏှာနိရောဓော ကိုမလိုက်စားမိဘူး။ ဒါဖြင့် သံသရာစက်ဝိုင်း ဆက်ချင်ရင် ဝေဒနာပစ္စယာ တဏှာ၊ ဖြတ်ချင်ရင် ဝေဒနာနိရောဓာ တဏှာနိရောဓော။ ဝေဒနာပစ္စယာ တဏှာ ဆိုရင် သံသရာဆက်လမ်း၊ ပဋိစ္စသမုပ္ပါဒ်လည်လမ်း။ ဝေဒနာချုပ်အောင်လုပ်နိုင်ရင် တဏှာချုပ်တယ်။ တဏှာချုပ်တော့ ဥပါဒါန်ချုပ် ကံချုပ်၊ သမုဒယသစ္စာချုပ်တယ်။ သမုဒယသစ္စာချုပ်တော့ ဒုက္ခသစ္စာဆိုတဲ့ ဇာတိ ဇရာမရဏ မလာနိုင်တော့ဘူး။ ဒါကြောင့် ဝေဒနာနိရောဓာ တဏှာနိရောဓော လုပ်မှ သမုဒယသစ္စာချုပ်တယ်၊ ဒါမှ သံသရာစက်ဝိုင်းလဲ အလည်ရပ်၊ ပဋိစ္စသမုပ္ပါဒ်လဲပြတ်ပါတယ်။

ဒေါက်တာအရှင်ပါရမီ

Verbs (19) - Modal Verbs

5. May, might, may have and might have

Question လုပ်ချင်ရင် may, might နောက်က subject လိုက်ထည့်ပေးပါ။

May I….? Might I….? စသည်။

Negative အတွက် may not, might not ပါပဲ။

May ကို မသေချာတဲ့အခါမှာသုံးတယ်။

Jack may be coming to see us tomorrow.

Oh dear! It’s half past ten. We may be late for the meeting.

There may not be very many people there.

Polite request အတွက်လဲ သုံးတယ်။

May I borrow the car tomorrow?

May we come a bit late?

May not ကို ပြတ်ပြတ်သားသား ငြင်းဆိုရာမှာ သုံးတယ်။ (ခပ်တင်းတင်းငြင်းတာ)

You may not!

You may not borrow the car until you can be careful with it.

Might ကိုလဲ မသေချာတဲ့ကိစ္စမျိုးမှာသုံးတယ်။

I might see you tomorrow.

It looks nice, but it might be very expensive.

It’s quite bright. It might not rain today.

The past tense of may for request အတွက်သုံးတယ်။

He asked me if he might borrow the car.

They wanted to know if they might come later.

Very polite request အတွက်လဲသုံးတယ်။

Might I ask you a question?

Might we just interrupt for a moment?

အခု သို့မဟုတ် အရင်က ဖြစ်ချင်ဖြစ်နိုင်တာကိုပြောဖို့ may have, might have တို့ကိုသုံးတယ်။

It’s ten o’clock. They might have arrived now. (Perhaps they have arrived).

They may have arrived hours ago. (Perhaps they arrived hours ago).

Wednesday, February 23, 2011

နှစ်သုံးအစပ် ပြတ်အောင်ဖြတ်

စက်ဝိုင်းကို အာရုံပြုလိုက်ပါ။ အကွက်နံပါတ်တွေနဲ့ ပြောမှာဖြစ်လို့ ဘယ်အကွက်မှာ ဘယ်တရားတွေ ရှိတယ်ဆိုတာလဲ သတိထားလိုက်ပါ။ အကွက် (၁) က အကြောင်းတရားတွေ အားထုတ်ရင် (၂) အကွက် အကျိုးတရားတွေရမယ်။ အခု (၂)ထဲကလဲ နောက်ထပ် အ၀ိဇ္ဇာ တဏှာ ဥပါဒါန် ဘ၀တွေ ပြန်လုပ်ကြဦးမယ်ဆိုရင် အနာဂတ်ဘ၀လာဦးမှာပဲ။ (၂)ထဲမှာနေပြီး (၃)တရားတွေ ထပ်လုပ်ရင် (၄) ပြန်ရမယ်။ (၃)တရားတွေဟာ (၂)ထဲက ပေါက်ပွားနေတာ။ (၂)ထဲရောက်နေတုန်း ၀ိပဿနာအားမထုတ်တော့ သစ္စာမသိဘူး။ သစ္စာမသိတော့ အ၀ိဇ္ဇာ ပြန်ရောက်တယ်။ အ၀ိဇ္ဇာပြန်ရောက်တော့ နောက်ဘ၀ချမ်းသာရေး သင်္ခါရတွေ လုပ်ပြန်တယ်။ ဒါဟာ အ၀ိဇ္ဇာ သင်္ခါရဘက် ပြန်လှည့်တာပဲ။ ပြန်လှည့်တော့ သမုဒယသစ္စာ ပြန်ရောက်သွားတယ်။

အခု ရထားတာက ဒုက္ခသစ္စာ။ ၀မ်းထဲမှာ သမုဒယသစ္စာမျိုးစေ့က ပြန်ပေါက်လာတယ်။ ဒါဖြင့် သေသည်၏အခြားမဲ့၌ အနာဂတ် ဒုက္ခသစ္စာ မရချင်လို့ မဖြစ်တော့ဘူး။ ဒါကြောင့် (၂)ထဲမှာ နေနေတုန်း (၃)တရားတွေ မပေါ်စေနဲ့။ အ၀ိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘ၀တွေ မပေါ်စေနဲ့လို့ ပြောတာ။ ဒါကြောင့် ပစ္စုပ္ပန်ကာလကို (၂၊ ၃) နှစ်ကွက်ပြထားတာ။ (၂)ထဲမှာ နေပြီး (၃)တရားတွေထပ်လုပ်တော့ ဒုက္ခပင်က သမုဒယသီးတွေ သီးလာတယ်။ ဒီလက်ရှိခန္ဓာ ဒုက္ခပင်ကြီးက သမုဒယသီးတွေ သီးလို့ သမုဒယသီးတွေ မျိုးကျလို့ရှိရင် ဒုက္ခပင်ကြီး ထပ်ပေါက်ဦးမှာပဲ။ အဲဒီ သမုဒယသီးတွေ သီးလိုက်တဲ့အတွက် အနာဂတ်ဒုက္ခပင်ကြီးပေါက်လာတော့ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ ဇရာ မရဏ၊ ဒုက္ခသစ္စာကြီးပဲ ပြန်ရတယ်။ ဒါဟာ (၂) ခန္ဓာ ဒုက္ခပင်ကြီးထဲက တဏှာဥပါဒါန် ကံ အဆိပ်သီးတွေ သီးလို့ အ၀ိဇ္ဇာ သင်္ခါရနဲ့ ပြန်ပေါင်းလိုက်ပြန်တော့ ပစ္စုပ္ပန်အကြောင်း အခြင်းအရာငါးပါး ဖြစ်လာတယ်။ ဒီပစ္စုပ္ပန်အကြောင်း အခြင်းအရာငါးပါးဟာ အကွက်(၂) ခန္ဓာထဲက အသီးအပွင့်တွေ ထွက်လာပြီး (၃)နံပါတ် တရားတွေ ဖြစ်လာတာပါပဲ။ ဟောဒီအသီးတွေက အနာဂတ် အကွက် (၄)နဲ့ စပ်လိမ့်မယ်။ စပ်တော့ ဘာတွေ ရမလဲဆိုရင် ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ခန္ဓာငါးပါးပဲ ပြန်ရမယ်။ ဘာသစ္စာလဲဆိုတော့ ဒုက္ခသစ္စာ။ ဒါဖြင့် ပစ္စုပ္ပန်အကြောင်းတရားငါးပါးကြောင့် အနာဂတ်အကျိုးတရားငါးပါး ပြန်လာတာပဲ။

အတိတ်အကြောင်းပါးပါးကြောင့် ပစ္စုပ္ပန်အကျိုးငါးပါးရတယ်။ (၁) ကြောင့် (၂) ဖြစ်တယ်။ (၂)ထဲက (၁)နဲ့ သဘောတူတာတွေ ပြန်လုပ်တော့ အကွက်(၃)- ပစ္စုပ္ပန်အကြောင်းတရား ငါးပါးပေါ်လာတယ်။ ဒီ (၃)က (၄)အကျိုးပေးမယ်။ ပစ္စုပ္ပန်ခန္ဓာကပေါက်ပွားတာတွေက သမုဒယသစ္စာ၊ အနာဂတ်ရမယ့် ခန္ဓာက ဒုက္ခသစ္စာ။ ဒီလိုဆို တစ်ပတ်ပတ်တယ်။ အတိတ်ကြောင့် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်ထဲက ပစ္စုပ္ပန်အကြောင်းတွေပြန်လုပ်တော့ အနာဂတ်အကျိုးတွေလာ။ ဘာသစ္စာလဲဆိုတော့ ဒုက္ခသစ္စာပဲ။ အနာဂတ်အကျိုးဒုက္ခသစ္စာထဲက သမုဒယသစ္စာတွေ ပြန်သီးရင် (၁)တရားတွေပြန်ဖြစ်မယ်။ (၁)ကြောင့် (၂)ရ၊ (၂)ထဲက (၃)ထပ်ပေါက်တော့ (၃)ကြောင့် (၄)ပြန်ဖြစ်ရနဲ့ ၁ ၂ ၃ ၄၊ ၁ ၂ ၃ ၄ ချည်းပဲ လည်နေမယ်။ သစ္စာဖွဲ့လိုက်တော့ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာချည်းပဲ။ သစ္စာနှစ်ပါးတည်းနဲ့ လှည့်နေတယ်။

ဒါဖြင့် ဒီလိုလည်နေတာ ရပ်တန့်အောင် ဖြတ်လမ်းတော့ ရှာမှ ဖြစ်မယ်။ အကွက် (၂) ခန္ဓာထဲက (၃) တဏှာ ဥပါဒါန် ကံတွေ ထပ်လုပ်တယ်ဆိုရင် (၂)နဲ့ (၃)နဲ့အစပ်မှာ ဝေဒနာနဲ့ တဏှာ သွားစပ်တယ်။ တဏှာနဲ့ ဥပါဒါန် ကံတွေ ဆက်သွားမယ်။ ဆက်သွားရင် အနာဂတ် ဇာတိ ဇရာမရဏ ခွဲချင်လို့မရတော့ဘူး။ တဏှာ ဥပါဒါန် ကံမလာရင် ဇာတိ ဇရာမရဏ လွတ်မယ်။ ဒါကြောင့် တဏှာ ဥပါဒါန် ကံမလာအောင် (၂) နဲ့ (၃)အစပ်ကို ဖြတ်ရလိမ့်မယ်။ (၂) (၃) ဖြတ်တဲ့လမ်းဟာ ထွက်လမ်းပဲ။ (၂) (၃)မစပ်တာသည် ထွက်လမ်း။ ဒါဖြင့် (၂)ထဲက (၃)မပေါက်ပွားအောင် ဖြတ်ရမယ်။ (၂)ထဲက (၃)တရားတွေ မပေါက်ပွားရင် ဟောဒီအစပ် ပြတ်တယ်။ ပေါက်ပွားနေသမျှ ဒီအစပ်သည် ဘယ်တော့မှမပြတ်ဘူး။ မပြတ်သမျှ လည်လမ်းအတိုင်း လှည့်နေရလိမ့်မယ်။ ဒါကြောင့် (၂) (၃)အစပ် ပြတ်အောင်ဖြတ်မှ သံသရာအလည်ရပ်မယ်လို့ မှတ်လိုက်ပါ။

ဒေါက်တာအရှင်ပါရမီ

Verbs (19) - Modal Verbs

4. Can, Could and Could have

Can, could နဲ့ မေးခွန်းလုပ်ရင် နောက်က subject လေးတွေ ထည့်ပေးရတယ်။

Can I…? Can you….? Could I….? Could you….? စသည်ပေါ့။

Negative ပြောချင်ရင်တော့ spoken English မှာ can’t, writing English မှာ cannot လို့သုံးတယ်။ စကားပြောရာမှာ cannot လို့ တစ်ခါတစ်ရံတော့ ပြောပါတယ်။ ဒါပေမယ့် အဓိပ္ပါယ်က အားပါတဲ့အပြောမျိုးသက်ရောက်တယ် (emphatic)။

Couldn’t in spoken, could not in writing but we sometimes say could not.

Can, can’t ကို စွမ်းရည် (ability) အကြောင်းပြောတဲ့အခါ သုံးတယ်။

Maria can speak four languages.

I can’t swim but my sister can.

ဖြစ်နိုင်၊ မဖြစ်နိုင် (possible/ impossible) ဆိုတာ ပြောဖို့လဲသုံးတယ်။

Learning English can be difficult. (Learning English is sometimes difficult).

Children can be very naughty. (Children are sometimes very naughty).

It’s still light. It can’t be bedtime.

တောင်းဆိုချက်၊ တောင်းဆိုချက်ကိုငြင်းပယ်တာတွေအတွက်လဲသုံးတယ်။ (requests and refusals of requests)

Can I go home now?

You can go whenever you like.

You can borrow the car today, but you can’t have it tomorrow.

တစ်ယောက်ယောက်ကို ကူညီဖို့ ကမ်းလှမ်းတဲ့အခါသုံးတယ်။

Can I help you?

Can I help bag that for you?

Could, couldn’t ကို the past tense of can, can’t အဖြစ်သုံးတယ်။

စွမ်းရည် (ability)အကြောင်းပြောရင်သုံးတယ်။

I could run very fast when I was younger.

She couldn’t get a job anywhere.

Possible, impossible အကြောင်းပြောရင်သုံးတယ်။

Our teacher could be very strict when we were at school. (Some teachers were very strict).

People could starve in those days. (People sometimes starved).

You couldn’t use computers in the nineteenth century.

Polite request လုပ်ဖို့သုံးတယ်။

Could I go now please?

Could you lend me a dictionary please?

Polite offer လုပ်ဖို့ သုံးတယ်။

Could I give you a lift? (ကားနဲ့ပို့ပေးရမလား)

I could carry that for you. (ငါသယ်ပေးမယ်လေ)

Could have ကို အခုဖြစ်ချင်ဖြစ်မယ်၊ သို့မဟုတ် ပြီးခဲ့တဲ့တစ်ချိန်ချိန်က ဖြစ်ချင်ဖြစ်မယ်ဆိုတာလေးပြောဖို့သုံတယ်။

It’s ten o’clock. They could have arrived now. (ရောက်လောက်ပြီ) အခုရောက်တာလဲ ဖြစ်ချင်ဖြစ်မယ်၊ ဒီအရင်လေးက ရောက်တာလဲ ဖြစ်ချင်ဖြစ်မယ်ပေါ့။ သူတို့ အခုလောက်ဆို ရောက်ပြီလို့ ပြောတာ။

They could have arrived hours ago. (ရောက်နေလောက်ပြီ) တော်တော်ကြာကြာက ရောက်နေမယ်၊ ဒါမှမဟုတ်ရင် အခုတော့ ရောက်နေလောက်ပြီ။

Tuesday, February 22, 2011

သင်္ခါရသုံးမျိုး အကျိုးပေးအတူတူ

အ၀ိဇ္ဇာသည် ဒုက္ခသစ္စာကိုသာ သူမသိတာမဟုတ်သေးဘူး၊ သမုဒယသစ္စာလဲ သူမသိဘူး။ သမုဒယသစ္စာလဲ သူမသိတော့ တဏှာ ဥပါဒါန်နဲ့ ဆုအတောင်းခိုင်းတယ်။ ဆုတောင်းတော့ ဒုတိယဘ၀ ရလာတယ်။ ဒုက္ခသစ္စာရလိုက်တာပဲ။ ပြီးတော့ နိရောဓသစ္စာလဲ သူမသိဘူး။ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာကို နိရောဓသစ္စာ ထင်နေတာ။ စင်စစ်က ဘာသစ္စာလဲဆိုရင် ဒုက္ခသစ္စာ။ မဂ္ဂသစ္စာလဲ သူမသိဘူးတဲ့။ မဂ္ဂသစ္စာမသိတော့ ဘုံဘ၀ရောက်ကြောင်း ကုသိုလ်သင်္ခါရကို ချမ်းသာသုခရကြောင်း အစစ်ထင်ပြီးလုပ်တော့ ဘုံဘ၀ ဒုက္ခသစ္စာပဲ ပြန်ရနေတယ်။ ဒါဖြင့် အ၀ိဇ္ဇာသည် သစ္စာလေးပါးလုံးကို မသိတာပဲလို့ မှတ်လိုက်။ အ၀ိဇ္ဇာက သစ္စာလေးပါးမသိတော့ ဒုက္ခသစ္စာချည်း ပြန်ရနေတယ်။

သစ္စာမသိတဲ့ အ၀ိဇ္ဇာက ဦးဆောင်ပြီး သားရေး သမီးရေး စီးပွားရေးကြောင့် မုဆိုး တံငါလုပ်၊ လိမ်လည်ကောက်ကျစ် အသက်မွေးကြမယ်ဆိုရင် အပုညာဘိသင်္ခါရာ။ အပုည-က အကုသိုလ်၊ အဘိသင်္ခါရက ပြုပြင်တာ။ အကုသိုလ်က ပြုပြင်တော့ စုတေမနေ သေလွန်တဲ့အခါ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ အပါယ်ခန္ဓာငါးပါး ဒုက္ခသစ္စာ ရတယ်။ ကုသိုလ်လုပ်တော့လဲ လူနတ်ဗြဟ္မာခန္ဓာငါးပါး၊ ပုညာဘိသင်္ခါရာ၊ ဒုက္ခသစ္စာပဲ။ အကုသိုလ်လုပ်တော့လဲ အပါယ်ခန္ဓာငါးပါး၊ ဒုက္ခသစ္စာပဲ။ ဒီနေရာမှာ မိုးကုတ်ဆရာတော်ဘုရားကြီးမိန့်တော်မူတာက `ကျောင်းဒကာ ဘုရားဒကာနဲ့ နွားသတ်သမား အတူတူပဲ´တဲ့။ ကျောင်းဒကာလဲ အ၀ိဇ္ဇာနဲ့ နောက်ဘ၀လိုချင်စိတ်နဲ့ ကုသိုလ်လုပ်တော့ ဒုက္ခသစ္စာပဲရတယ်။ နွားသတ်သမားလဲ အ၀ိဇ္ဇာနဲ့ အကုသိုလ်သင်္ခါရလုပ်တော့ ဒုက္ခသစ္စာပဲရတယ်။ သစ္စာမှာ သွားပြီး တူနေတာ။

သို့သော် သစ္စာအနေနဲ့တော့ မထူးပါဘူးတဲ့။ ကျောင်းဒကာ ဘုရားဒကာက လူနတ်ဗြဟ္မာ သုဂတိ ဒုက္ခသစ္စာ။ နွားသတ်သမားကတော့ အပါယ်လေးပါး ဒုဂ္ဂတိ ဒုက္ခသစ္စာ။ ဒီလိုတော့ မိုးနဲ့ မြေလို ကွာခြားပါတယ်။ သစ္စာအနေနဲ့တော့ အတူတူပါပဲ။ သစ္စာမှာတူပေမယ့် သုဂတိ ဒုဂ္ဂတိခွဲလိုက်ဦး။ သစ္စာမှာတော့ တူတယ်၊ သုဂတိ ဒုဂ္ဂတိမှာတော့ မတူဘူး။ သို့သော် ဒုက္ခသစ္စာသာရမယ်ဆိုရင်တော့ ဘယ်ဟာမှ မကောင်းဘူး။ သုဂတိဒုက္ခသစ္စာလဲ ကြိုက်စရာမရှိသလို ဒုဂ္ဂတိဒုက္ခသစ္စာလဲ ကြိုက်စရာမရှိဘူး။ ဒုက္ခသစ္စာချင်းအတူတူ ဘယ်ဒုက္ခမှ မကြိုက်နဲ့။ မိုးကုတ်ဆရာတော်ဘုရားကြီးပေးတဲ့ ဥပမာနဲ့ပြောရမယ်ဆိုရင်`ပွေးကိုင်းစားပြီး ၀မ်းလျှော သေချင်သလား၊ သရက်သီးမျိုးကောင်းတွေ စားပြီး ၀မ်းလျှောသေချင်သလား၊ ဘယ်ဟာနဲ့ လျှောသေချင်သတုံး၊ ၀မ်းလျှော သေတာကတော့ အတူတူပဲ´။ လူ့ခန္ဓာလဲ ဒုက္ခသစ္စာ၊ တိရစ္ဆာန်ခန္ဓာလဲ ဒုက္ခသစ္စာ၊ သုဂတိဝမ်းလျှောချင်လား၊ ဒုဂ္ဂတိဝမ်းလျှောချင်သလား။ မလျှောချင်ပါဘူးဆိုရင်တော့ ပြင်လို့ရပါတယ်တဲ့။

လူ့ဘ၀ တိရစ္ဆာန်ဘ၀ ဒုက္ခသစ္စာချင်း ဘာလို့လာတူနေရတာလဲဆိုရင် အ၀ိဇ္ဇာ သင်္ခါရ- အကြောင်းက တူနေတယ်။ အကြောင်းတူတော့ အကျိုးသစ္စာကလဲ တူပေးရတယ်။ ဒီအ၀ိဇ္ဇာ သင်္ခါရ အကြောင်းနှစ်ခုကို နားမလည်တော့ အချို့ဘာသာတွေမှာ ထာဝရဘုရားက ဖန်ဆင်းတယ်တဲ့။ တကယ်တော့ မသိလို့ ကုသိုလ်လုပ်တော့ သုဂတိခန္ဓာရတယ်။ မသိလို့ အကုသိုလ်လုပ်တော့ ဒုဂ္ဂတိခန္ဓာရတယ်။ ခန္ဓာဖြစ်ကြောင်းမှန်သမျှ အ၀ိဇ္ဇာ သင်္ခါရချည်းပဲလို့သာ မှတ်ထားလိုက်။ အ၀ိဇ္ဇာရှိတဲ့ပုဂ္ဂိုလ် သင်္ခါရပြုတာပဲ။ အ၀ိဇ္ဇာက (၂)အကွက်မှာ ဒုက္ခသစ္စာလာရမှာကို မသိဘူး။ မသိတော့ ကုသိုလ်တွေပြု။ လူ့ဘ၀ နတ်ဘ၀ ဒုက္ခသစ္စာလို့သူမသိဘူး။ မသိတဲ့အတိုင်း ဒီဘုံဘ၀တွေ တောင့်တ ကုသိုလ်တွေ ပြုတော့ ပြုတဲ့အတိုင်း ရ ထားတာပဲ။ ငါလုပ်လို့ ဘာမှ အပြစ်မရှိဘူးလို့ခံယူပြီး ဒုက္ခသစ္စာမသိတာနဲ့ အကုသိုလ်တွေလုပ်တော့ (၂)အကွက်ထဲမှာ အပါယ်လေးပါး ခန္ဓာ ဒုဂ္ဂတိဒုက္ခသစ္စာ လာပေါ်ရတယ်။ မသိလို့ လုပ်တာဟူသမျှ ဒုက္ခသစ္စာအကျိုးပဲပေးတယ်။ ကုသိုလ်လုပ်လဲ ဒုက္ခသစ္စာ အကျိုးပေးတယ်၊ အကုသိုလ်လုပ်လဲ ဒုက္ခသစ္စာ အကျိုးပေးတယ်ဆိုတော့ အကုသိုလ်မှ ကြောက်စရာကောင်းတာမဟုတ်ဘူး၊ ကုသိုလ်လဲ ကြောက်စရာကုသိုလ်ရှိသေးတယ်တဲ့။

ဒီကုသိုလ် အကုသိုလ်တွေအပြင် ဈာန်သမာပတ်တွေ အားထုတ်တဲ့ကုသိုလ်တွေလဲ ရှိသေးတယ်။ ဈာန်ကုသိုလ်တွေလုပ်တော့ (၂)အကွက်မှာ ဗြဟ္မာခန္ဓာငါးပါးလာပေါ်တယ်။ ခန္ဓာမှန်လျှင် ဒုက္ခသစ္စာပဲ။ ဒီတော့ ဈာန်လမ်းဟာလဲ ဒုက္ခသစ္စာပဲလို့ သဘောကျ။ မသိရင်တော့ ဗြဟ္မာတွေ အလွန်ချမ်းသာတယ်ထင်နေမှာပဲ။ အကျိုးပေးတော့ ဗြဟ္မာခန္ဓာ ဒုက္ခသစ္စာပဲ။ ဒါကြောင့် အ၀ိဇ္ဇာပစ္စယာ အာနဉ္ဇာဘိသင်္ခါရာ ဆိုပြီး ဟောရပြန်တယ်။ ဒါကြောင့် လှူတော့ တန်းတော့မယ် ကုသိုလ်ပြုတော့မယ်ဆိုရင် မိုးကုတ်ဆရာတော်ဘုရားကြီးက `မလှူပါနဲ့ဦး၊ သိပြီးမှ လှူပါ´ လို့မိန့်တော်မူတာ။ ဘာသိပြီးမှ လှူရမှာလဲဆိုရင် သစ္စာသိပြီးမှ လှူရမှာပါ။ ဒုက္ခသစ္စာမှ ကျွတ်လိုလို့ လှူဒါန်းပါတယ်ဆိုတော့ နိဗ္ဗာန်အကျိုးပေးတယ်။ ဒုတိယအကွက်မလာတော့ဘူး။ ကုသိုလ်လုပ်စဉ် ဒုက္ခသစ္စာကို သိပြီးမှလုပ်မယ်ဆိုရင် ဒုက္ခသစ္စာမှ ကျွတ်လို လွတ်လိုလို့ လှူဒါန်းပါတယ်ဆိုရင် ဒုတိယအကွက် ဒုက္ခသစ္စာ မလာတော့ဘူး။ လှူကတည်းက ဒုက္ခသစ္စာကြောက်ပြီးလှူတာဖြစ်တော့ ဒုက္ခသစ္စာ သူမရတော့ဘူး။ ဒုက္ခသစ္စာ မရလို့ရှိရင် သုခသစ္စာကိုသာ ရတော့မယ်။ သုခသစ္စာဆိုတာ နိရောဓသစ္စာကိုပြောတာ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်ပါပဲ။

ဒေါက်တာအရှင်ပါရမီ

Verbs (19) - Modal Verbs

3. Modals + have

Modal verb + have + past participle တွဲသုံးတယ်။

They will have arrived by now.

You might have seen the film.

Jack and Jill would have been late.

Modal + have ကို အတိတ်တစ်ချိန်ချိန်ကို လှမ်းပြောတဲ့အခါသုံးတယ်။

We were very worried. Someone might have taken the car. (ကားကို တစ်ယောက်ယောက်ယူသွားခဲ့တာဖြစ်နိုင်တယ်)

ပစ္စုပ္ပန်အချိန်ကို လှမ်းပြောတဲ့အခါလဲ သုံးတယ်။

It’s nearly eight o’clock. They will have arrived by now. (ရောက်လောက်ပြီ)

အနာဂတ်အချိန်ကို လှမ်းပြောတဲ့အခါလဲ သုံးတယ်။

We won’t eat until they arrive. They might not have had supper. (စားရမှာမဟုတ်သေးဘူး)

အတိတ်ကို ပြန်လည်ရည်ညွှန်းတဲ့အခါ သုံးတယ်။

You should have helped her when she asked. (အကူအညီပေးသင့်တာပေါ့)

They might have got lost. Nobody knows where they are. (မျက်စိလည်/လမ်းမှားသွားကြတာဖြစ်မယ်)

Monday, February 21, 2011

ပစ္စုပ္ပန်အကျိုးအခြင်းအရာငါးပါး

အခုလက်ရှိဘ၀ကို ပစ္စုပ္ပန်အကျိုးအခြင်းအရာငါးပါးနဲ့ ကိုယ်စားပြုတယ်။ စက်ဝိုင်း နံပါတ်(၂)အကွက်မှာရှိတဲ့ တရားငါးပါး- ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ။ ခန္ဓာငါးပါးပါပဲ။ ပဋိသန္ဓေ၀ိညာဏ်ကတော့ ပြီးခဲ့ပြီ။ အခုနေနေရတာက ပ၀တ္တိဝိညာဏ်နဲ့နေနေရတာ။ နာမ်ရုပ်တွေကတော့ သွားချင်တာက နာမ်၊ သွားတာကရုပ်။ စားချင်တာက နာမ်၊ စားတာက ရုပ်။ အိပ်ချင်တာက နာမ်၊ အိပ်တာကရုပ်- စသည်ဖြင့် ခွဲခြားသိထားလိုက်ပါ။ အခုလက်ရှိခန္ဓာထဲမှာ နာမ်ရုပ်တွေပဲ ရှိနေတယ်။ သဠာယတနဆိုတာက မျက်စိ၊ နား၊ နှာခေါင်း၊ လျာ၊ ကိုယ်၊ စိတ်။ အာရုံတွေ တွေ့ထိတာက ဖဿ။ အာရုံတွေကို ခံစားတာက ဝေဒနာ။ အခု ဘာတွေနဲ့နေနေရတာလဲဆိုရင် ဒီ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေနဲ့နေနေရတာ။ သစ္စာအနေနဲ့ ကြည့်လိုက်တော့ ဒုက္ခသစ္စာ။ ကိုယ့်ခန္ဓာထဲမှာ ရုပ်ပဲပေါ်ပေါ်၊ နာမ်ပဲပေါ်ပေါ်၊ ဒုက္ခသစ္စာလို့ မှတ်လိုက်ပါ။ ဘယ်အခါရှုရှု ဖြစ်မှု ပျက်မှုတွေ့တာသည် ဒုက္ခသစ္စာပဲ။ ဒါဖြင့် ဒီခန္ဓာထဲမှာ ရှိတာမှန်သမျှကလဲ ဖြစ်မှု ပျက်မှုတွေပဲဆိုတော့ ဒုက္ခသစ္စာဆိုတာ ငြင်းဖို့မလိုတော့ဘူး။

ကိုယ့်သန္တာန်မှာရှိတဲ့ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ သည် ပစ္စုပ္ပန်အကျိုးတစ်လွှာ။ သစ္စာအားဖြင့် ဒုက္ခသစ္စာ။ ဒါဖြင့် လူ့ဘ၀ကြီးက ဒုက္ခသစ္စာကြီးပဲ။ ဘာသစ္စာနဲ့ နေနေကြရသလဲဆိုရင် ဒုက္ခသစ္စာနဲ့ နေနေကြရတာ။ ဘာဒုက္ခသစ္စာလဲဆိုရင် ဖြစ်ပျက်ဒုက္ခသစ္စာ။ သြော်- လူ့ဘ၀ရတာဟာ ဒုက္ခသစ္စာကြီးရတာပဲ။ သာမညအနေနဲ့သာ လူ့ချမ်းသာလို့ပြောနေကြတာ၊ တကယ်တော့ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးပါပဲ။ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ အကြိမ်ကြိမ်ခံစားရပါလို၏ဆိုတော့ ဟောဒီ (၂)အကွက်ထဲက ဒုက္ခသစ္စာ အဖန်ဖန်ကြုံတွေ့ရပါလို၏ ဆိုတဲ့ သဘောသက်ရောက်သွားတယ်။ ဒီလိုဆိုတော့ ကုသိုလ်ပြုပြီး ဒီလိုသာဆုတောင်းရင် (၂)နံပါတ် ဒုက္ခသစ္စာချောက်ထဲ ကျဖို့ပဲရှိတော့တယ်။ အခုလက်ရှိမှာပဲ ဒီချောက်ထဲကျနေပြီ။ ဘာလို့ ဒီချောက်ထဲ ကျရပါလိမ့်မလဲဆိုတော့ (၁)နံပါတ်ကို ပြန်ကြည့်။ အ၀ိဇ္ဇာက ဒုက္ခသစ္စာကိုမသိဘူး။ ဘ၀ဟာ ဒုက္ခသစ္စာလို့ သူကမသိဘူး။ မသိတော့ ဘုံဘ၀လိုချင်တဲ့ တဏှာနဲ့ ကုသိုလ်သင်္ခါရတွေ လုပ်ခဲ့ကြတယ်။ လုပ်ခဲ့ကြတော့ ဒီ (၂)နံပါတ်အကွက်ထဲ ပြန်ရောက်ရတယ်။ အ၀ိဇ္ဇာက မသိလို့ သင်္ခါရဆိုတဲ့ ကုသိုလ်တွေလုပ်၊ လူ့ဘ၀ နတ်ဘ၀ တဏှာနဲ့ တောင့်တ၊ ဥပါဒါန်နဲ့စွဲလမ်း၊ ကာယကံ ၀စီကံနဲ့ အားထုတ်တော့ သေသည်၏အခြားမဲ့၌ (၁)နဲ့ (၂)စပ်သွားတယ်။ ဘာသစ္စာရလိုက်လဲဆိုတော့ ဒုက္ခသစ္စာကြီး ရလိုက်တာ။

အ၀ိဇ္ဇာက မသိတာ၊ သင်္ခါရက ကုသိုလ်တွေလုပ်တာ။ သြော်- မသိတဲ့ပုဂ္ဂိုလ်ကုသိုလ်လုပ်တာ ရလိုက်တော့ ခန္ဓာငါးပါး ဒုက္ခသစ္စာကြီးရလိုက်တယ်။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ။ ဆက်သွားပြီ။ မသိတာက အ၀ိဇ္ဇာ၊ ဘုံဘ၀တောင့်တ ကုသိုလ်လုပ်တာက သင်္ခါရ။ အ၀ိဇ္ဇာနဲ့ သင်္ခါရကြောင့် ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဒုက္ခသစ္စာရတာ။ ဒုက္ခသစ္စာမသိလို့ ဒုက္ခသစ္စာရကြောင်း ကုသိုလ်တွေလုပ်တယ်။ လုပ်ခြင်းကြောင့် သေသည်၏အခြားမဲ့၌ ဟောဒီခန္ဓာငါးပါးပြန်ရတယ်။ ဘာသစ္စာလဲဆိုတော့ ဒုက္ခသစ္စာ။ ဘယ်ကာလမှာလဲဆိုရင် ပစ္စုပ္ပန်အကျိုးတစ်လွှာဆိုတော့ ပစ္စုပ္ပန်ကာလ။ အိုနာသေဘေးတွေက မလွတ်နိုင်တာ၊ ဖြစ်ပျက်ဘေးတွေက မလွတ်နိုင်တာ ဘာကြောင့်လဲဆိုတော့ ဒုက္ခသစ္စာနဲ့ အတူနေနေရလို့။ ဒါဖြင့် ဒုက္ခသစ္စာ ခန္ဓာကြီး ဘယ်သူပြုလုပ်လိုက်တာလဲဆိုရင် အ၀ိဇ္ဇာ သင်္ခါရက ပြုလုပ်လိုက်တာ။ သိကြား ဗြဟ္မာ ဘုရားလာဖန်းဆင်းထားတဲ့ ခန္ဓာကြီးမဟုတ်ဘူး။

အ၀ိဇ္ဇာက ဒုက္ခသစ္စာမသိတာ၊ မသိတော့ သင်္ခါရက ဒါနကုသိုလ်ပြုလုပ်တယ်။ ဒါကို ပုညာဘိသင်္ခါရလို့ ခေါ်တယ်။ ပုညဆိုတာ ကုသိုလ်ပါပဲ၊ ဒါပေမယ့် သင်္ခါရ- ပြုပြင်လိမ့်မယ်-တဲ့။ ဘာပြုပြင်မှာာလဲဆိုတော့ ဒုက္ခသစ္စာကို ပြုပြင်မှာ။ ပြုပြင်တော့ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဒီတရာငါးပါး ရလာတာ။ ပစ္စုပ္ပန်အကျိုးတစ်လွှာ။ အကြောင်းရှာတော့ အ၀ိဇ္ဇာ သင်္ခါရပဲ တွေ့ရတယ်။ သစ္စာမသိတဲ့ အ၀ိဇ္ဇာစီမံသလို သင်္ခါရက ပြုလုပ်တော့ ဒုက္ခသစ္စာရတယ်။ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးထဲမှာ ဇာတိလဲ ပါတယ်။ ဇရာ ဗျာဓိ မရဏတွေလဲ ပါတယ်။ ဘာသစ္စာလဲဆိုတော့ ဒုက္ခသစ္စာ။ ဒါဟာ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုး ဖြစ်တာ။

ဒေါက်တာအရှင်ပါရမီ

News

မိုးကုတ်ဝိပဿနာတရားစခန်းဖွင့်ရက်ကြေငြာချက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်းမကြီး၊ ရတနာကျွန်း၊ မြကျွန်းသာမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ၌ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿယအတိုင်း (၄/ ၂၀၁၁) အကြိမ် သင်္ကြန်တွင်း မိုးကုတ်ဝိပဿနာ အလုပ်သင် (၁၀)ရက်အထူးတရားစခန်း ဖွင့်လှစ်မည်ဖြစ်ပါ၍ တရားစခန်း ၀င်လိုသူယောဂီများ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ။ ယောဂီဦးရေ အကန့်အသတ်ရှိသည်။ လူယောဂီ (၁၃၀)၊ ဒုလ္လဘယောဂီ (၂၀) သာလက်ခံမည်။ နေ့ဆွမ်း၊ အရုဏ်ဆွမ်း ကပ်လှူလိုသူများလည်း ဆက်သွယ်လှူဒါန်းနိုင်ပါပြီ။

နေ့ဆွမ်း - ၁၆၀၀၀၀ ကျပ်

အရုဏ်ဆွမ်း - ၈၀၀၀၀ ကျပ်

တရားစခန်းရက်- (၁၂ - ၀၄ - ၂၀၁၁) ရက်နေ့မှ (၂၁ - ၀၄ - ၂၀၁၁) ရက်နေ့အထိ

ဆက်သွယ်ရန်လိပ်စာ

သာသနာ့နုဂ္ဂဟအကျိုးဆောင်အဖွဲ့

မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ

ရတနာကျွန်း၊ သုနန္ဒာလမ်းမကြီး၊ (ဋ)ရပ်ကွက်

မြောက်ဥက္ကလာ၊ ရန်ကုန်

ဖုန်း - 00951691553

မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ

(၄/၂၀၁၁) အကြိမ် သင်္ကြန်ကာလ မိုးကုတ်ဝိပဿနာအလုပ်သင် (၁၀)ရက်အထူးတရားစခန်းပွဲ

အရုဏ်ဆွမ်း/ နေ့ဆွမ်း/ နေ့အချိုပွဲ/ ရေခဲမုန့် အလှူရှင်များစာရင်း

အရုံဆွမ်းအလှူရှင်များ (အရုဏ်ဆွမ်းတစ်နပ် ၈၀၀၀၀ - ကျပ်)

၁။

၁၂-၄-၂၀၁၁

ဒေါ်ပန်းစိန်၊ ဒေါ်ရင်မြင့်

(၇၀၈)၊ ဣန္ဒာ(၁၁)လမ်း၊ မ/ဥ

၂။

၁၃-၄-၂၀၁၁

ဦးလှငွေ+ဒေါ်မာမာအေး၊ သား မောင်ကျော်ကျော်ဦး၊ သမီး မခင်မီကို မိသားစု

(၉၀၉)၊ ဋ/ ဣန္ဒာ(၉)လမ်း၊ မ/ဥ

၃။

၁၄-၄-၂၀၁၁

ဦးကျော်သန်း+ဒေါ်ခင်လေးနု မိသားစု

(၁၀၃)၊ ကျောက်စိမ်းပတ်လမ်း၊ ရတနာကျွန်း၊ မ/ဥ

၎။

၁၅-၄-၂၀၁၁

ဦးတင်ရွှေ+ဒေါ်အေးဇင်မိသားစု

ဋ/ ကရုဏာ(၂)လမ်း၊ မ/ဥ

၅။

၁၆-၄-၂၀၁၁

ဒေါ်သန်းနု မိသားစု

ဆ/(၄၃၂)၊ သုနန္ဒာ (၁၁)လမ်း၊ မ/ဥ

၆။

၁၇-၄-၂၀၁၁

ဦးစိုးမိုးအောင်+ဒေါ်ဇင်မာနွယ် မိသားစု

ည/ ဧရာ(၈)လမ်း၊ မ/ဥ

၇။

၁၈-၄-၂၀၁၁

ဒေါ်စိန်ဌေး၊ ဒေါ်မြဌေး မိသားစု

စ/(၅၀၂)၊ မေဓာဝီလမ်း၊ မ/ဥ

၈။

၁၉-၄-၂၀၁၁

ဦးသိုက်ထွန်း+ဒေါ်ကြည်ကြည်ထွေး မိသားစု

အမှတ်(၆)၊ ပြည်တော်သာ (၇)လမ်း၊ ၀ါယာလက်၊ မင်္ဂလာဒုံ

၉။

၂၀-၄-၂၀၁၁

မိခင်ဖြစ်သူ ဒေါ်မြ၀င်းအားရည်စူး၍ ဦးအောင်နိုင်+ဒေါ်ယဉ်ယဉ်အေး သား- မောင်မျိုးမင်းသူ မိသားစု

စိန်ရွှေကုန်းရွာ၊ ထောက်ကြံ့ မြို့နယ်

၁၀။

၂၁-၄-၂၀၁၁

ကိုအောင်မင်း+မဆွေမာထွန်း မိသားစု

ဆ/(၆၄၈)၊ မေဓာဝီလမ်း မ/ဥ

နေ့ဆွမ်းအလှူရှင်များ (နေ့ဆွမ်းတစ်နပ် ၁၆၀၀၀၀ - ကျပ်)

၁။

၁၂-၄-၂၀၁၁

ဖခင်ကြီး ဦးမြသန်း အားရည်စူး၍ ဦးအောင်မြင့် + ဒေါ်မြင့်မြင့်သန်းမိသားစု

စ/(၆၁၂)၊ သန္တာ(၄)လမ်း၊ မ/ဥ

၂။

၁၃-၄-၂၀၁၁

ဦးရဲထွန်းအားရည်စူး၍ ဒေါ်စန်းစန်းဝင်းမိသားစု

ဃ/(၅၂၀)၊ သိင်္ဂီလမ်း၊ မ/ဥ

၃။

၁၄-၄-၂၀၁၁

ဒေါ်ရီလေးမိသားစု

အမှတ်(၃၀)၊ ဓမ္မစိန္တာလမ်း၊ ကျောက်မြောင်း၊ တာမွေ

၎။

၁၅-၄-၂၀၁၁

ဦးသန်းစိုး+ဒေါ်သန်းသန်းမြိုင် မိသားစု

(၇၀၄)၊ ဘုမ္မာ(၃)လမ်း၊ မ/ဥ

၅။

၁၆-၄-၂၀၁၁

ဦးသန်းစိုး+ဒေါ်တင်တင်မိုး မိသားစု

ဋ/(၈၆၄)၊ ဣန္ဒာ(၇)လမ်း၊ မ/ဥ

၆။

၁၇-၄-၂၀၁၁

ဦးကျော်ရင်+ဒေါ်ခင်မာဆွေ သားသမီးမြေးမြစ်တစ်စု

ဋ/(၅၃၂)၊ သုနန္ဒာလမ်း၊ မ/ဥ

၇။

၁၈-၄-၂၀၁၁

ဒေါ်စိန်ဌေး၊ ဒေါ်မြဌေးမိသားစု

စ/(၅၀၂)၊ မေဓာဝီလမ်း၊ မ/ဥ

၈။

၁၉-၄-၂၀၁၁

ဒေါ်စောရီမိသားစု

ဆ/(၄၇၉)၊ ကရ၀ိက်(၄)လမ်း၊ မ/ဥ

၉။

၂၀-၄-၂၀၁၁

ဦးခင်မော်+ဒေါ်မူမူကိုး၊ သမီး ကိုမျိုးဇော်+မရွေးရွေးမော်၊ မကိုးကိုးရှင် မိသားစု

အမှတ် (၁၈၇)၊ စိန်ရတီလမ်း၊ ရတနာကျွန်းရိပ်သာ၊ မ/ဥ

၁၀။

၂၁-၄-၂၀၁၁

ဒေါ်မိမိယမင်း၊ သမီး မယွန်းသဒ္ဓါဦး မိသားစု

တိုက်(၄)၊ အခန်း(၂)၊ မြေညီထပ်၊ မလိခအိမ်ယာ၊ ရတနာလမ်း၊ သင်္ဃန်းကျွန်း

နေ့ အချိုပွဲအလှူရှင်များ (တစ်ရက်စာ ၅၀၀၀၀ - ကျပ်)

၁။

၁၂-၄-၂၀၁၁

ဦးလှဋ္ဌေး + ဒေါ်တင်တင်အေး မိသားစု

၂/(၅၃၅)၊ ယုဇန(၁)လမ်း၊ မ/ဥ

၂။

၁၃-၄-၂၀၁၁

ဦးရဲတင့်+ ဒေါ်အိအိခိုင်၊ သမီး မဟန်နီဇော် မိသားစု

ဈ/(၇၈၈)၊ ဝေဘာဂီလမ်း၊ မ/ဥ

၃။

၁၄-၄-၂၀၁၁

ကရုဏာပိုင်း အာစိဏ္ဏကံယောဂီများ အဖွဲ့

(ဋ) ရပ်ကွက်၊ မြောက်ဥက္ကလာ

၎။

၁၅-၄-၂၀၁၁

ကွယ်လွန်သူဒေါ်ကြည်သန်းအား ရည်စူး၍ ဦးချို၊ သမီး မကြည်ကြည်စိမ့်

ဋ/ ကရုဏာ(၂)လမ်း၊ မ/ဥ

၅။

၁၆-၄-၂၀၁၁

ဦးအသောက

မြကျွန်းသာ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ

၆။

၁၇-၄-၂၀၁၁

ဦးစိုးမိုးအောင်+ဒေါ်ဇင်မာနွယ် မိသားစု

ည/ ဧရာ(၈)လမ်း၊ မ/ဥ

၇။

၁၈-၄-၂၀၁၁

စိန်၊ နု၊ တင်၊ ဋ္ဌေး၊ ချို မြကျွန်းသာ အာစိဏ္ဏကံယောဂီများ

ဋ/ မြောက်ဥက္ကလာ

၈။

၁၉-၄-၂၀၁၁

ဒေါ်စောရီမိသားစု

ဆ/(၄၇၉)၊ ကရ၀ိက်(၄)လမ်း၊ မ/ဥ

၉။

၂၀-၄-၂၀၁၁

ဦးမျိုးဝင်း+ဒေါ်တင်တင်မော် မိသားစု

ဋ/(၅၁၄)၊ သုနန္ဒာလမ်း၊ မ/ဥ

၁၀။

၂၁-၄-၂၀၁၁

ဦးသောင်းစိန်၊ ဒေါ်တင်တင်ဝင်း၊ ဒေါ်ခင်မာတင် မောင်နှစ်မတစ်စု

အမှတ်(၈၁)၊ အာဇာနီလမ်း၊ ကျောက်ရေတွင်း

ရေခဲမုန့်အလှူရှင်များ (နှုံးမသိရသေး)

၁။

၁၂-၄-၂၀၁၁

ဒေါက်တာကျော်သက်လူ+ ဒေါ်ယဉ်ညိုချစ်၊ သမီး မသက်စုခင်၊ မဝေဦးခင် မိသားစု

ဋ/(၁၅၈)၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ မ/ဥ

၂။

၁၃-၄-၂၀၁၁

၃။

၁၄-၄-၂၀၁၁

၎။

၁၅-၄-၂၀၁၁

၅။

၁၆-၄-၂၀၁၁

၆။

၁၇-၄-၂၀၁၁

၇။

၁၈-၄-၂၀၁၁

၈။

၁၉-၄-၂၀၁၁

၉။

၂၀-၄-၂၀၁၁

၁၀။

၂၁-၄-၂၀၁၁

နောက်ဆုံးရ စာရင်းများ။ ညနေပိုင်း အအေးအချိုရည်များဖြင့်လည်း ကုသိုလ်ပါဝင်နိုင်ပါသည်။

မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ

စီမံကိန်းကြီးနှစ်ရပ်

ဒေါက်တာအရှင်ပါရမီသည် မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၌

(၁) ပဋိပတ္တိစီမံကိန်းနှင့်

(၂) ပရိယတ္တိစီမံကိန်းဟု

အထူးစီမံကိန်းကြီး နှစ်ရပ်ကို ချမှတ်ကာ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နံပါတ် (၁) စီမံကိန်းတွင် လိုအပ်လျက်ရှိနေသော အပိုင်းများကို အမြန်ပြီးစီးအောင် ရှေးဦးစွာ အကောင်အထည် ဖော်လျက်ရှိသည်။ ရှေ့လျာထားချက်များကိုလည်း အချိန်ရှိခိုက် လုံ့လစိုက်၍ တဖြည်းဖြည်း ပြီးစီးအောင် ဖြည့်ဆည်းဆောင်ရွက်သွားမည် ဖြစ်ရာ မည်သူမဆို သာသနာပြု ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါသည်။

စီမံကိန်း (၁)

ပဋိပတ္တိစီမံကိန်း

(က) သုံထပ်ယောဂီဆောင်ပြီးမြောက်အောင်ဆောက်လုပ်ခြင်းကဏ္ဍ

ပဋိပတ္တိ (ရိပ်သာ) ဖြစ်မြောက်အောင်မြင်ရေးအတွက် အဓိက လိုအပ်လျက်ရှိသော အဆောက်အဦများ အတော်အသင့် ဆောက်လုပ်ပြီးစီး၍ မပြီးစီးသေးသော ဆောက်လုပ်ဆဲ သုံးထပ်ယောဂီဆောင်ကြီး ပြီးမြောက်အောင် ဆောက်လုပ်ရန် ဦးစားပေကဏ္ဍတစ်ရပ်အဖြစ် ထားရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၌ တရားစခန်းဝင်လိုသူ ယောဂီဦးရေမှာ တိုးတက်များပြားလျက်ရှိသည်။ လက်ရှိ သံဃာယောဂီဆောင်၊ အမျိုးသား ယောဂီဆောင်၊ အမျိုးသမီးယောဂီဆောင် များအားလုံးတွင် ယောဂီဦးရေ (၁၅၀)ခန့်သာ ၀င်ဆန့်သဖြင့် ယောဂီဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံနေရသည်။ တရားစခန်းဝင်လိုသူယောဂီများ ၀င်ချင်လျက် နေရာအခက်အခဲ ကြောင့် လက်မခံနိုင်ဘဲရှိနေရာ ထိုပြဿနာကို ပြေလည်နိုင်သမျှ ပြေလည်စေရန်အတွက် အလျားပေ(၆၀)၊ အနံ (၃၅)ပေရှိ သုံးထပ်ယောဂီဆောင်ကြီးကို အများပြည်သူတို့ စေတနာအလျောက် ထည့်ဝင်လှူဒါန်းကြသော အလှူငွေဖြင့် မြကျွန်းသာ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ သာသနာ့နုဂ္ဂဟ အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်စိုးက ကြီးကြပ်လျက် ဆောက်လုပ်နေပါသည်။ ယခု လက်ရှိအခြေအနေအရ အကြမ်းအားဖြင့် အောက်ထပ်ပြီးစီးလုနီး အခြေအနေတွင်သာ ရှိသေးသည်။ ဆောက်လုပ်ပြီးသည်အထိဆိုလျှင် စုစုပေါင်း မြန်မာငွေ သိန်း (၆၀၀)ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

(ခ) ကျောင်းဝင်းအုတ်တံတိုင်းခတ်ခြင်းကဏ္ဍ

ယခု ဆောက်လုပ်ဆဲ ဖြစ်သော သုံးထပ်ယောဂီဆောင်ကြီး ဆောက်လုပ်ပြီးစီးလျှင် ဒုတိယကဏ္ဍ အနေဖြင့် အလျားပေ (၃၄၀)၊ အနံပေ (၂၀၀)ရှိသော ကျောင်းဝင်းကို အုတ်တံတိုင်းခတ်ရန် လျာထားသည်။ အုတ်တံတိုင်းသည် မရှိမဖြစ် လိုအပ်လျက်ရှိသဖြင့် ထိုကဏ္ဍကို ဦးစားပေးထားခြင်းဖြစ်သည်။ မိုးတွင်းကာလတွင် ငမိုးရိပ်ချောင်းမှ ဒီရေတက်တိုင်း ကျောင်းဝင်းအတွင်း ရေလျှံလျက်ရှိရာ အချို့ ဖောင်ဒေးရှင်းနိမ့်သော အဆောက်အဦများတွင် ရေ၀င်သဖြင့် အဆောက်အဦများ ရေရှည်တည်တံ့ခိုင်ခန့်ရေးအတွက် အန္တရာယ်ရှိသည်။ သို့ဖြစ်၍ ကျောင်းတိုက်တာ၏ အဆောက်အဦများ ရေရှည်ခိုင်ခန့်ရေးအတွက် ရေကာတာလိုအပ်လျက်ရှိသည်။ ယင်းလိုအပ်ချက်ကို တစ်ပြိုင်နက် ပြီးစီးအောင် အုတ်တံတိုင်းခတ်လိုက်ပါက ရေမ၀င်အောင်လည်းကာပြီးဖြစ် ကျောင်းတိုက်တာ လုံခြုံရေးအတွက်လည်း တစ်ပါတည်း ပြီးပြည့်စုံစေရန်အတွက် အုတ်တံတိုင်းခတ်ခြင်းကဏ္ဍကို ဒုတိယအဆင့်ထား၍ သတ်မှတ်လိုက်သည်။

စီမံကိန်း အမှတ် (၂)

ပရိယတ္တိစီမံကိန်း

မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာတွင် တစ်ပိုင်းမှ ပဋိပတ္တိလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ပိုင်းမှလည်း ပရိယတ္တိလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယ စီမံကိန်းကြီးတစ်ရပ် အနေဖြင့် အလျား ပေ (၁၂၀)၊ အနံ (၄၅)ပေရှိ သုံးထပ် ပရိယတ္တိကျောင်းဆောင်ကြီးဆောင်လုပ်ရန် ဖြစ်သည်။ ထိုကျောင်းဆောင် ကြီး၏ မြေညီထပ်တွင် Classroom များ၊ Dining Hall and Kitchen Room, Reception Desk စသည် ပါဝင်မည်ဖြစ်ပြီး ပထမထပ်တွင် စာချဆရာတော်များ သီတင်းသုံးရန်အခန်းများနှင့် ဘုရားဝတ်တက်ခြင်း၊ အစည်းအဝေး စသည်ကျင်းပနိုင်ရန် Hall ခန်း၊ Registration Office, Computer Room, Guest Room စသည် ပါဝင်မည်ဖြစ်သည်။ အပေါ်ဆုံးထပ်တွင်မူ အုပ်ချုပ်ရေးမှူးဆရာတော်နှင့် စာသင်သားရဟန်းသာမဏေများ သီတင်းသုံးရန် အခန်းများ ပါဝင်မည်ဖြစ်သည်။ ယင်းစီမံကိန်းကြီး အောင်မြင်ပါက ရဟန်းသာမဏေများ ပါဠိစာပေအပြင် လိုအပ်သော သင့်တော်သော ခေတ်ပညာရပ်များကိုပါ တွဲဖက်သင်ကြားပေးရန် ရည်ရွယ်သည်။

ဒေါက်တာ အရှင်ပါရမီ