Wednesday, August 29, 2012

(၇)ရက်တရားစခန်း နောက်ဆုံးနေ့

မြောက်ဥက္ကလာပမြို့နယ်၊ ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတမိုးကုတ် ဆရာတော်ဘုရားကြီး၏ တရားဌာန၊ မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေးဌာန၌ အဓိပတိဆရာတော်ဘုရားကြီး ဘဒ္ဒန္တွ ၀ိမလဗုဒ္ဓိ မထေရ်သူမြတ်ကြီးအား ဦးထိပ်ထားလျက် ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ အဋ္ဌမအကြိမ်မြောက် မိုးကုတ်ဝိပဿနာ အလုပ်သင် (၇)ရက်တရားစခန်းကို (၂၃-၈-၂၀၁၂) ရက်နေ့မှ (၂၃-၈-၂၀၁၂) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ ဒီနေ့ နောက်ဆုံးနေ့ဖြစ်သည်။ သို့ရာတွင် ယောဂီများမှာ နောက်နေ့ နံနက် အရုဏ်ဆွမ်းပြီးမှ ပြန်ကြရမည်ဖြစ်သည်။

ယောဂီများ တစ်နေ့လျှင် (၉)ကြိမ်ထိုင်ကြရသည်။ နံနက် (၆း၃၀) နာရီမှ (၇း၃၀)နာရီအထိ မိုးကုတ်ဆရာတော်ဘုရားကြီ၏ အသံတော်တရားခွေကို နာယူရခြင်း၊ နေ့ (၁၂း၃၀)နာရီမှ (၁း၃၀)နာရီအချိန်အထိ မိုးကုတ်ဆရာတော်ဘုရားကြီး၏ အသံတော်တရားခွေကို နာယူရခြင်း၊ နံနက် (၈း၀၀) နာရီမှ (၉း၀၀)နာရီအထိ သင်တန်းတရားနာကြားခြင်း၊ နံနက် (၉း၃၀)နာရီမှ (၁၀း၃၀) နာရီအထိ သီလယူ အလုပ်ပေးတရားနာကြားလျက် တရားထိုင်၍ နာရီအဆုံးတွင် ဆွမ်းအလှူရေစက်သွန်းချခြင်း၊ နေ့ (၃း၃၀) နာရီမှ (၄း၃၀)နာရီအထိ သစ္စာတရားတော်များကို နာယူရခြင်း၊ ည (၇း၃၀) နာရီမှ (၈း၃၀) နာရီအထိ သစ္စာတရားတော်များကို နာယူရခြင်း ဟု တစ်နေ့ နာကြားချိန် (၅)ချိန်ပါဝင်မည်ဖြစ်ပြီး ထိုင်ချိန် (၄)ချိန်ပါဝင်မည်ဖြစ်သည်။ 

တရားစခန်းကို ရွှေအင်ပင်ဆရာတော် ဒေါက်တာအရှင်ပါရမီမှ ဦးစီးဖွင့်လှစ်ခဲ့သည်ဖြစ်ရာ မိုးကုတ်နယ်လှည့်ဓမ္မကထိကများဖြစ်ကြသော ညီဖြစ်သူ အရှင်သဇ္ဇနသာရ၊ အရှင်စန္ဒိမာတို့မှ ၀ိုင်းဝန်းကူညီဟောပြောပြသပေးကြသဖြင့် တစ်နေ့လျှင် ဓမ္မကထိက သုံးပါးထံမှ တရားတော်များကို တစ်ချိန်တစ်မျိုး မရိုးရအောင် နာကြားကြရသဖြင့် ယောဂီများလည်း နှစ်ထောင်းအားရ ရှိကြသည်ကို တွေ့ရသည်။

တရားစခန်း တတိယနေ့တွင် Skynet မှ လာရောက်ရိုက်ကူး၍ နေ့ချင်း တိုက်ရိုက်ထုတ်လွှင့်သွားခဲ့သည်။
(၃၀-၈-၂၀၁၂) ရက်နေ့ နံနက် (၆း၃၀)နာရီအချိန်တွင် တရားစခန်းသိမ်းပွဲကို အောင်မြင်စွာ ကျင်းပမည်ဖြစ်ကြောင်း၊ ထို့အပြင် န၀မအကြိမ်တရားစခန်းကို (၂၁-၁၀-၂-၁၂)ရက်နေ့မှ (၂၇-၁၀-၂၀၁၂)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပါကြောင်း ရပ်နီး ရပ်ဝေးမှ ယောဂီသူတော်စင်အပေါင်းတို့အား အသိပေးအပ်ပါသည်။
သတင်း

Wednesday, August 22, 2012

အဋ္ဌမအကြိမ်(၇)ရက်တရားစခန်းအလှူရှင်များ

ရန်ကုန်တိုင်းဒေသကြီး
မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန
မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန)
အဋ္ဌမအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက် အထူးတရားစခန်း
အရုဏ်ဆွမ်းအလှူရှင်များစာရင်း - အရုဏ်ဆွမ်းတစ်နပ် (၆၀၀၀၀)ကျပ်
(၂၃-၈-၂၀၁၂) ရက် မှ (၂၉-၈-၂၀၁၂) ရက်အထိ
စဉ်
ရက်စွဲ
အလှူရှင်အမည်နှင့် နေရပ်လိပ်စာ
၂၃-၈-၂၀၁၂
ကြာသပတေး
ဒေါ်အောင်ကြည်၊ ဒေါ်လှမေ၊ ဒေါ်သန်းသန်းဝင်း စခန်းဝင်ယောဂီများ
၂၄-၈-၂၀၁၂
သောကြာ
ဦးဖုန်းနိုင်+ဒေါ်ချယ်ရီမိသားစု၊ လမင်းအိမ်စားသောက်ဆိုင်၊ ကြိုးတံတား၊ မ/ဥ
၂၅-၈-၂၀၁၂
စနေ
ဦးကျော်ကျော်+ဒေါ်သော်သော်ပြုံးမိသားစု၊ ဋ/၉၂၊ ပတ္တမြားလမ်း၊ ရတနာကျွန်း၊ မြောက်ဥက္ကလာ
၂၆-၈-၂၀၁၂
တနင်္ဂနွေ
ဦးဝင်းလွင်ဦး+ဒေါ်မိမိထွေးမိသားစု၊ လွင်ဦးထွေးအိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး၊ စော်ဘွားကြီးကုန်း
၂၇-၈-၂၀၁၂
တနင်္လာ
ဦးလှဋ္ဌေး+ဒေါ်တင်တင်အေး၊ သမီး မသဉ္ဇာလွင်၊ မမြတ်ဆင့်ဆင့်ခိုင်၊ သား မောင်ဘချစ်ဟိန်းမိသားစု၊ ၂/၅၃၅၊ ယုဇနလမ်း၊ မ/ဥ
၂၈-၈-၂၀၁၂
အင်္ဂါ
ဒေါ်လှရီ၊ ဒေါ်တင်မြင့်၊ ဒေါ်နွဲ့၊ စခန်းဝင်ယောဂီများ
၂၉-၈-၂၀၁၂
ဗုဒ္ဓဟူး
ဦးရဲတင့်+ဒေါ်အိအိခိုင်၊ သမီး မဟန်နီဇော် မိသားစု၊ ဈ/၇၈၈၊ ဝေဘာဂီလမ်း၊ မြောက်ဥက္ကလာ
၃၀-၈-၂၀၁၂
ကြာသပတေး

ရန်ကုန်တိုင်းဒေသကြီး
မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန
မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန)
အဋ္ဌမအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက် အထူးတရားစခန်း
နေ့ဆွမ်းအလှူရှင်များစာရင်း - နေ့ဆွမ်းတစ်နပ် (၁၂၀၀၀၀)ကျပ်
(၂၃-၈-၂၀၁၂) ရက် မှ (၂၉-၈-၂၀၁၂) ရက်အထိ

စဉ်
ရက်စွဲ
အလှူရှင်အမည်နှင့် နေရပ်လိပ်စာ
၂၃-၈-၂၀၁၂
ကြာသပတေး
ဦးမြင့်သန်း+ဒေါ်ခင်စန်းမိသားစု၊ ကြိုးတံတား၊ မြောက်ဒဂုံ
၂၄-၈-၂၀၁၂
သောကြာ
ဦးလှဋ္ဌေး+ဒေါ်တင်တင်အေး၊ သမီး မသဉ္ဇာလွင်၊ မမြတ်ဆင့်ဆင့်ခိုင်၊ သား မောင်ဘချစ်ဟိန်းမိသားစု၊ ၂/၅၃၅၊ ယုဇနလမ်း၊ မ/ဥ
၂၅-၈-၂၀၁၂
စနေ
ဦးသက်အောင်+ဒေါ်ခင်စန်းထွေး၊ သား မောင်ကျော်အောင်စံ၊ မောင်သော်သော် မိသားစု၊ ဋ/၁၀၃၊ ရွှေဝတ်မှုံရိပ်သာ၊ မ/ဥ
၂၆-၈-၂၀၁၂
တနင်္ဂနွေ
ဦးဝင်းလွင်ဦး+ဒေါ်မိမိထွေးမိသားစု၊ လွင်ဦးထွေးအိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး၊ စော်ဘွားကြီးကုန်း
၂၇-၈-၂၀၁၂
တနင်္လာ
ဒေါ်ကျင်စန်းမိသားစု၊ နန်းသစ္စာပျိုးဥယျာဉ်၊ ၂/၁၁၂၀၊ သုဓမ္မာ (၆)လမ်း၊ မြောက်ဥက္ကလာ
၂၈-၈-၂၀၁၂
အင်္ဂါ
ဦးမင်းလှသိန်း+ဒေါ်မိုးမိုးသန်း၊ သား မောင်အာကာမင်း မိသားစု၊ ဖျာပုံမြို့
၂၉-၈-၂၀၁၂
ဗုဒ္ဓဟူး
ဦးရဲတင့်+ဒေါ်အိအိခိုင်၊ သမီး မဟန်နီဇော် မိသားစု၊ ဈ/၇၈၈၊ ဝေဘာဂီလမ်း၊ မြောက်ဥက္ကလာ

ရန်ကုန်တိုင်းဒေသကြီး
မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန
မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန)
အဋ္ဌမအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက် အထူးတရားစခန်း
နေ့အချိုပွဲအလှူရှင်များစာရင်း - အချိုပွဲတစ်ရက်စာ (၃၀၀၀၀)ကျပ်။
(၂၃-၈-၂၀၁၂) ရက် မှ (၂၉-၈-၂၀၁၂) ရက်အထိ
စဉ်
ရက်စွဲ
အလှူရှင်အမည်နှင့် နေရပ်လိပ်စာ
၂၃-၈-၂၀၁၂
ကြာသပတေး
ဒေါ်ညွန့်ခင် မိသားစု၊ လှိုင်မြို့နယ်
၂၄-၈-၂၀၁၂
သောကြာ
အာစိဏ္ဏကံယောဂီများ၊ မြကျွန်းသာမိုးကုတ်ရိပ်သာ
၂၅-၈-၂၀၁၂
စနေ

၂၆-၈-၂၀၁၂
တနင်္ဂနွေ
ဦးဝင်းလွင်ဦး+ဒေါ်မိမိထွေးမိသားစု၊ လွင်ဦးထွေးအိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး၊ စော်ဘွားကြီးကုန်း
၂၇-၈-၂၀၁၂
တနင်္လာ
ဦးလှဋ္ဌေး+ဒေါ်တင်တင်အေး၊ သမီး မသဉ္ဇာလွင်၊ မမြတ်ဆင့်ဆင့်ခိုင်၊ သား မောင်ဘချစ်ဟိန်းမိသားစု၊ ၂/၅၃၅၊ ယုဇနလမ်း၊ မ/ဥ
၂၈-၈-၂၀၁၂
အင်္ဂါ

၂၉-၈-၂၀၁၂
ဗုဒ္ဓဟူး
ဦးရဲတင့်+ဒေါ်အိအိခိုင်၊ သမီး မဟန်နီဇော် မိသားစု၊ ဈ/၇၈၈၊ ဝေဘာဂီလမ်း၊ မြောက်ဥက္ကလာ

Tuesday, August 14, 2012

မြကျွန်းသာမိုးကုတ်ရိပ်သာ (၇)ရက်တရားစခန်း


ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန) ၌ ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ ရွှေအင်ပင်ဆရာတော် ဒေါက်တာအရှင်ပါရမီ၊ အရှင်သဇ္ဇနသာရ၊ အရှင်စန္ဒိမာ သစ္စာညီနောင်ဆရာတော်သုံးပါး ဦးစီးလျက် အဋ္ဌမအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက်တရားစခန်းဖွင့်လှစ်မည်ဖြစ်ပါ၍ တရားစခန်းဝင်လိုသူ ယောဂီများ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါပြီ။ နေ့ဆွမ်း၊ အရုဏ်ဆွမ်းလှူဒါန်းလိုသူစေတနာရှင်များ အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
တရားစခန်းရက်- (၂၃-၈-၂၀၁၂) ကြာသပတေးနေ့မှ (၂၉-၈-၂၀၁၂) ဗုဒ္ဓဟူးနေ့အထိ
                    ၁၃၇၄-ခုနှစ်၊ ၀ါခေါင်လဆန်း (၆)ရက်မှ (၁၂)ရက်နေ့အထိ
ဖုန်း-    ၀၁-၆၉၁၅၅၃၊ Website: www.myakyunthar.com; Email: venparami@gmail.com
သတင်း

Monday, August 13, 2012

ရေကာတာ အုတ်တံတိုင်း အလှူရှင်များ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန)၌ ဒီရေတက်လျှင် ကျောင်းဆောင်များအတွင်း ရေ၀င်သည့်အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ရေကာတာ အုတ်တံတိုင်း တည်ဆောက်လျက်ရှိသည်။ အုတ်တံတိုင်းတည်ဆောက်ရာတွင် ထည့်ဝင်လှူဒါန်းကြသော အလှူရှင်များကို ဖော်ပြပါမည်။
၁။ ကျောင်းဒကာကြီး ဦးလှကြည် + ကျောင်းဒကာမကြီး ဒေါ်အေးအေးသွယ် မိသားစု၊ ဦးလှကြည် သစ်စက်၊ မြောက်ဥက္ကလာပမှ အလှူငွေ (၁၀) သိန်းကျပ်
၂။ မိဘနှစ်ပါးဖြစ်ကြသော ဦးမြ+ဒေါ်သိန်းတို့အား အမှူးထား၍ သမီး မစန်းသူဇာ၊ စ/၄၅၂၊ မြရတနာ (၁)လမ်း၊ မြေက်ဥက္ကလာပမှ အုတ်တံတိုင်းနှစ်ခန်းစာ အလှူငွေ (၁၆၀၀၀၀)ကျပ်
၃။ ကွယ်လွန်သူ ဦးလှရွှေ +ဒေါ်တင်အေးတို့အား ရည်စူး၍ ဦးမိုးကြီး + ဒေါ်လှလှဝင်း၊ သမီး မစုမြတ်စန္ဒီမိုးမိသားစု၊ မိုးကြီးလဘက်ရည်ဆိုင်၊ ဇ/၆၈၃၊ သုနန္ဒာ (၁)လမ်း၊ မြောက်ဥက္ကလာပမှ တစ်ခန်းစာ အလှူငွေ (၈၀၀၀၀)ကျပ်
၎။ ဦးမြသိန်း+ဒေါ်လှရီ၊ သား မောင်ကျော်နိုင်စိုး၊ မြောက်ဒဂုံ၊ ကြိုတံတားမှ တစ်ခန်းစာ (၈၀၀၀၀)ကျပ်
၅။ ဦးမောင်မောင်ဝင်း + ဒေါ်သိန်းသိန်း၊ ရာဇသင်္ကြံလမ်း၊ မြောက်ဒဂုံမှ တစ်ခန်းစာ (၈၀၀၀၀)ကျပ်

သတင်း


Friday, August 10, 2012

ရေကာတာ အုတ်တံတိုင်း တည်ဆောက်ရေးလုပ်ငန်းစတင်

ကျောင်းဝင်းအတွင်း ရေလျှံနေစဉ်

ဓမ္မာရုံရှေ့၌ပင် ရေများ ပြည့်လျှံလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတမိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန၊ မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန) ကို ၂၀၀၉-ခုနှစ်မှ စတင်တည်ထောင်ပြီး တရားစခန်းများကိုလည်း အခါအားလျော်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သည်။ ယခုအချိန်အထိ (၇)ကြိမ်တိတိ ဖွင့်လှစ်ပြီးခဲ့ပြီဖြစ်ပြီး ယခုနှစ်မှစတင်၍ နှစ်လတစ်ကြိမ် ပုံမှန်တရားစခန်းများကို ဖွင့်လှစ်လာနိုင်ခဲ့ပါသည်။ နေ့ စဉ်အာစိဏ္ဏကံတရားစခန်းများကိုလည်း ပုံမှန်ဖွင့်လှစ်ထားသည်။ နေ့စဉ်လာရောတရားအားထုတ်သည့်ယောဂီများလည်း တိုးတက်များပြားလာလျက်ရှိသည်။ နေ့ (၁း၃၀)နာရီအချိန်တွင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားခွေကို ဖွင့်ပေးပြီး(၃း၀၀)နာရီမှ (၄း၀၀)နာရီအထိ တရားထိုင်ချိန်အဖြစ်သတ်မှတ်ထားသည်။ တရားထိုင်ချိန်အလုပ်ပေးတရားတော်မျာကိုလည်း ရွှေအင်ပင်ဆရာတော် ဒေါက်တာအရှင်ပါရမီမှ နေ့စဉ်နီးပါး အားလပ်သည့်ရက်တိုင်း ဟောကြားပေးလျက်ရှိသည်။ တနင်္ဂနွေနေ့ (၁း၃၀)နာရီအချိန်တွင်မူ ပဋိစ္စသမုပ္ပါဒ်သင်တန်းတရားကို ပုံမှန်ဟောကြားပေးပြီး ဥပုသ်နေ့တိုင်းတွင် နံနက် (၉း၃၀)နာရီတွင် သီလပေးပြီး အလုပ်သင်တရား သို့မဟုတ် ပဋိစ္စသမုပ္ပါဒ်သင်တန်းတရားကို ဟောကြားပေးသည်။ နေ့ (၁၂း၀၀)နာရီအချိန်တွင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားခွေကို နာကြားကြရမှာဖြစ်ပြီး နေ့ (၁း၃၀)အချိန်တွင် သစ္စာတရားတော်များကို ဟောကြားပေးသည်။ ထုံးစံအတိုင်း (၃း၀၀)နာရီမှ (၄း၀၀)နာရီအထိ တရားထိုင်ချိန်အဖြစ်သတ်မှတ်ထားသည်။
တရားတော်များကို ဒေါက်တာအရှင်ပါရမီ၊ အရှင်သဇ္ဇနသာရ၊ အရှင်စန္ဒိမာတို့မှ အလှည့်ကျ ဟောကြားပေးလျက်ရှိပါသည်။ သို့ဖြစ်၍ မိုးကုတ်တရားတော်များကို ပုံစံခွက်ပြလျက် ရှင်းလင်းပြတ်သားစွာ နာကြားလိုသူများအတွက် အလွန်ကောင်းမွန်လှပါသည်။ ဟောတရားများလည်း ထိထိမိမိ ရှိသကဲ့သို့ အလုပ်သင် အလုပ်ပေးတရားများမှာလည်း လက်တွေ့ ကျကျနန ထိုင်တတ်စေရန် စိတ်ရှည်လက်ရှည် ဟောကြားပေးသဖြင့် တရားထိုင်သည့်အတွေ့အကြုံမရှိသူများအတွက်ရော အတွေ့အကြုံရှိပြီးသူများအတွက်ပါ အဆင်ပြေလှသည်ကို တွေ့ရပါသည်။ (၂၃-၈-၂၀၁၂) ရက်နေ့မှစတင်၍ အဋ္ဌမအကြိမ်မြောက် (၇)ရက်တရားစခန်း ဖွင့်လှစ်မည်ဖြစ်သဖြင့်လည်း ယောဂီများ ကြိုတင်၍ စာရင်းများပေးသွင်းလျက်ရှိနေကြပြီဖြစ်သည်။ တနင်္ဂနွေနေ့နှင့် ဥပုသ်နေ့များတွင် တရားတော်များကို နာကြားခွင့် ရှိကြပါသော်လည်း (၇)တရားစခန်းများတွင် ရက်ဆက် အစဉ်အတိုင်း တက်၍တက်၍ ဟောကြားပြသသွားသည့် ဆရာတော်များ၏တရားတော်များကို နာကြားလိုက်ရသူ ယောဂီများအဖို့ အသိဉာဏ်ပိုမိုရှင်းလင်း၍လာနိုင်ပါသည်။ လက်တွေ့သင်ကြားပြသပြီး လက်တွေ့ အထိုင်ခိုင်းသဖြင့် အလုပ်သင်ဟူသည်နှင့်အညီ ၀ိပဿနာအလုပ်ကို အမှန်တကယ် လက်တွေ့ကျကျ လုပ်တတ်သွားမည်ဖြစ်သည်။ သို့ဖြစ်၍ တရားစခန်းများကို လာရောက်၍ ၀င်ကြည့်ကြစေချင်ပါသည်။ မြကျွန်းသာမိုးကုတ်ရိပ်သာသည် အပြောမဟုတ်၊ လက်တွေ့အလုပ်ဖြင့် သက်သေပြလျက်ရှိသော တရားဒေသနာပြန့်ပွားရေးဌာနကြီးတစ်ခု ဖြစ်သည်ကို ကိုယ်တိုင် လာရောက် အားထုတ်ကြည့်ဖူးသူမှသာလျှင် အမှန်တကယ်သိရှိသဘောပေါက်နိုင်ပါသည်။
သို့သော် ထိုရိပ်သာ၌ အခက်အခဲတစ်ခု ရှိနေသည်မှာ ငမိုးရိပ်ချောင်းကမ်းတွင်တည်ရှိသဖြင့် ဒီရေတက်သည့်အခါ ကျောင်းတွင်းသို့ ရေလွှမ်းသည့် ပြဿနာတစ်ရပ်ဖြစ်သည်။ ဒီရေသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာလျက်ရှိရာ ယခင်နှစ်တွေက ရေမ၀င်နိုင်သည့် ကျောင်းဆောင်များအတွင်းသို့ပင် ရေများ ၀င်ရောက်နေသဖြင့် ထိုရေဘေးဒဏ်ကို ကာကွယ်ရန်အတွက် ရေကာတာ အုတ်တံတိုင်း တည်ဆောက်ရေးလုပ်ငန်းကို အပူတပြင်း စတင်လိုက်ရသည်။ ယခု သီတင်းပတ် (၁၀-၈-၂၀၁၂)ရက်နေ့မှစ၍ အလှူရှင်များကို ဖိတ်ခေါ်လျက်ရှိပြီး လုပ်ငန်းများကိုလည်း စတင်လျက်ရှိနေပြီဖြစ်သည်။ မြေပေါ်မြေအောက် အမြင့် (၈)ပေ၊ အကျယ် (၈)ပေ၊ ထု (၉)လက်မ အုတ်တံတိုင်းတစ်ခန်းလျှင် (၈၀၀၀၀)ကျပ်နှုန်းဖြင့် ရှော့ပေါ့သတ်မှတ်လျက် အလှူခံဌာန စတင်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ကြားသိရသည်။ တစ်ပေချင်း လှူဒါန်းလိုပါကလည်း (၁)ပေအကျယ် (၁၀၀၀၀)ကျပ်ဖြင့် လှူဒါန်းနိုင်ကြမည်ဖြစ်သည်။ စေတနာ သဒ္ဓါအလျောက် နည်းများမဆိုလည်း ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
ရေကာတာ အုတ်တံတိုင်းတည်ဆောက်ရမည့် ပေအရှင် (၉၀၀)ခန့်ရှိမည်ဖြစ်ပြီး အခန်းအားဖြင့် (၁၁၂)ခန်းရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။
သတင်း

Wednesday, August 1, 2012

ဝါဆိုသင်္ကန်းကပ်နှင့် တရားတော်နာ ဖိတ်ကြားခြင်း

(၂-၈-၂၀၁၂) ဒုတိယ၀ါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့တွင် မြကျွန်းသာမိုးကုတ်ရိပ်သာ၌ သီတင်းသုံးသံဃာ (၃၅)ပါးနှင့် အခြား ပင့်သံဃာ (၁၁)ပါးတို့အား ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပမည်ဖြစ်ပါ၍ ရပ်နီးရပ်ဝေးမှ မည်သူမဆို လာရောက်ကြည်ညိုနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။
အခမ်းအနားကို နံနက် (၉း၃၀)နရီတွင် စတင်ပြီး (၁၀း၃၀)တွင် ပြီးဆုံးမည်ဖြစ်သည်။ အခမ်းအနားပြီးလျှင် သံဃာတော်များနှင့် ဧည့်ပရိသတ်တို့အား ထောပတ်ဆွမ်း၊ ထောပတ်ထမင်းဖြင့် ဆက်ကပ်၊ ကျွေးမွေးဧည့်ခံမည်။

နေ့ခင်း (၁း၃၀) နာရီအချိန်တွင် ရွှေအင်ပင်ဆရာတော် ဒေါက်တာအရှင်ပါရမီမှ တရားဦးဓမ္မစကြာ တရားတော်ကို ဟောကြားချီးမြှင့်ပေးမည်ဖြစ်ပါ၍ တရားတော်နာ ကြွရောက်ကြပါရန်လည်း ထပ်လောင်း၍ နှိုးဆော်အပ်ပါသည်။
နေရာ
ရတနာဒီပဓမ္မာရုံ
မြကျွန်းသာမိုးကုတ်ရိပ်သာ၊ ရတနာကျွန်းရိပ်သာ၊ သုနန္ဒာလမ်း၊ (ဋ)ရပ်ကွက်၊ မြောက်ဥက္ကလာပ