Monday, January 31, 2011

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

(…အရင်နေ့ အဆက်)

ဒိဋ္ဌိနဲ့ ပတ်သက်တဲ့ အမြင်လေးတွေကို မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ၊ ဒီဃနခသုတ်အဖွင့်မှာ အဋ္ဌကထာဆရာက သုံးသပ်ပြထားတာ ဒီနေရာမှာ တင်ပြချင်ပါတယ်။ အလွန်အင်မတန် သိထားသင့်တဲ့ အချက်အလက်တွေ ဖြစ်နေလို့ပါပဲ။

ဒိဋ္ဌိ(၆၂)ပါးကို ပေါင်းပြောလိုက်ရင် သက္ကာယဒိဋ္ဌိ တစ်မျိုးတည်းပဲ၊ လိုရင်း ခွဲပြောလိုက်ရင် သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ဆိုပြီး နှစ်မျိုးဖြစ်လာတယ်တဲ့။ (သက္ကာယဒိဋ္ဌိ = သဿတဒိဋ္ဌိ + ဥစ္ဆေဒဒိဋ္ဌိ)။ ဒီဖော်မြူလာအရ လူတိုင်းမှာ ဒိဋ္ဌိကတော့ ရှိနေတာပဲ။ သက္ကယဒိဋ္ဌိကတော့ မူရင်းပေါ့။ အချို့က သဿတဒိဋ္ဌိဘက်အားသန်တယ်၊ အချို့က ဥစ္ဆေဒဒိဋ္ဌိဘက်အားသန်တယ်။ ဒါကွာသွားမယ်။ အချို့ကျတော့လဲ နှစ်မျိုးလုံး တစ်လှည့်စီ ဖြစ်နေတတ်တယ်။ ဒါပေမယ့် အယူတစ်ခု လက်လွှတ်ပြီးမှ စွန့်ပြီးမှ အခြားအယူတစ်ခုကို လက်ခံနိုင်ပါတယ်။ နှစ်မျိုးလုံးကို တစ်ယောက်ထဲက တစ်ချိန်တည်း လက်ခံလို့တော့ မရပါဘူး (သဿတံ ဂဟေတွာ တမ္ပိ အပ္ပဟာယ ဥစ္ဆေဒံဝါ ဧကစ္စသဿတံ ၀ါ ဂဟေတုံ န သက္ကာ)။ သဘာဝအားဖြင့် သဿတသမားက အပြစ်တော့ သေးတယ်၊ နိဗ္ဗာန်ရဖို့ကျတော့ ဝေးတယ်။ ဥစ္ဆေဒသမားက အပြစ်တော့ ကြီးတယ်၊ နိဗ္ဗာန်ရဖို့ကျတော့ နီးတယ်တဲ့။ (သဿတ = သေး + ဝေး။ ဥစ္ဆေဒ = ကြီး + နီး) (သဿတဒဿနံ အပ္ပသာဝဇ္ဇံ ဒန္ဓ၀ိရာဂံ၊ ဥစ္ဆေဒဒဿနံ မဟာသာဝဇ္ဇံ ခိပ္ပ၀ိရာဂံ)။

သဿတဒိဋ္ဌိသမားက ဘ၀ကိုယုံတယ်။ ကံကိုလဲ ယုံတယ်။ ကံကိုယုံတဲ့အတွက် ကုသိုလ်ကောင်းမှုတွေ အများကြီးလုပ်တယ်။ မကောင်းမှုကိုတော့ ရှောင်တယ်။ ကုသိုလ်လုပ်မှ ကောင်းရာရောက်မယ်၊ အကုသိုလ်လုပ်ရင် မကောင်းရာ ဒုဂ္ဂတိရောက်မယ်လို့ ခံယူထားတော့ ဒုဂ္ဂတိကို အရမ်းကြောက်တယ်။ ဒါကြောင့် ကုသိုလ်အလုပ်များပြီး အကုသိုလ် အလုပ်နဲတယ်။ ၀ဋ်ကိုသာယာတယ်။ ၀ဋ်သာယာတယ်ဆိုတာက ဘ၀ကောင်းကို သာယာတာ။ လူ့ဘ၀ရဖို့ လူချမ်းသာရဖို့ စသည်ဖြင့် အကောင်းစံဘ၀ကို နှစ်သက်တာဟာ ၀ဋ်ကိုသာယာတာပဲ။ သူ့မှာ အားနဲချက်က ဘာလဲဆိုရင် ဘုရား ရဟန္တာ တို့နဲ့တွေ့လို့ နိဗ္ဗာန်ရောက်ကြောင်း တရားတွေ နာရသော်လဲ သူ့မှာ စိတ်အားထက်သန်မှု မရှိဘူး။ ရုပ်နာမ်သိမ်းကြောင်းတရားတွေ ဟောလာရင် အော် ရုပ်နာမ်သိမ်းလို့ ငြိမ်းသွားရင် ငါလုပ်ထားတဲ့ ကုသိုလ်ကံတွေရဲ့ ကောင်းကျိုး ငါဘယ်လိုလုပ်ခံစားရတော့မလဲ၊ ဒါလောက်ကြီးလဲ မလိုအပ်သေးပါဘူးဆိုပြီး ခပ်ပေါ့ပေါ့လုပ်တတ်တယ်။ သူက ၀ဋ်ကို သာယာတဲ့သူမျိုးကိုး။ ၀ဋ်ထဲမှာ ပျော်မွေ့ချင်တာ။ ဒါကြောင့် တရားအရနှေးလို့ နိဗ္ဗာန်နဲ့ ဝေးတယ်လို့မှတ်လိုက်။

ဥစ္ဆေဒဒိဋ္ဌိသမားကလဲ ဘ၀ကိုယုံတာပဲ။ ကံကိုလဲ ယုံတာပဲ။ ဒါပေမယ့် သူက ကုသိုလ်အလုပ်နဲတယ်။ အကုသိုလ်ကိုတော့ ရဲရဲတင်းတင်းလုပ်တယ်။ ၀ဋ်ကို မသာယာဘူး။ သူက အပြတ်ယူထားတာကိုး။ ကောင်းကျိုး မကောင်းကျိုးဆိုတာ သူ လက်မခံဘူး။ ဒီတော့ အကုသိုလ်အလုပ်များတယ်။ နောက်ဘ၀ကောင်းစားရေးတရားတွေ သူ သဘောမကျဘူး။ ဒါပေမယ့် ဒီလို ပုဂ္ဂိုလ်က ဘုရား ရဟန္တာတို့နဲ့တွေ့လိုက်လို့ သူ့ကို သဘောကျအောင် ဟောပြလိုက်ရင် `ဒီလိုလုပ်ရင် ဒီလိုကျင့်ရင် ရုပ်နာမ်သိမ်းတဲ့ နိဗ္ဗာန်ရောက်မယ်´ဆိုတာနဲ့ ချက်ချင်း ထလုပ်တတ်တယ်။ ဘယ့်သူ့ကိုမှ မငဲ့တော့ဘူး။ လုပ်ရင် နောက်လှည့်မကြည့်တော့ဘူး။ အပြတ်အသတ် လုပ်တတ်တဲ့သဘောရှိတော့ နိဗ္ဗာန်အရမြန်လို့ နိဗ္ဗာန်နဲ့ နီးတယ်လို့ ပြောတာ။ သူက ၀ဋ်ကို သာယာလိုစိတ်မရှိဘူးလေ။

ဒါကြောင့် ကိုယ့်ကိုယ်ကို သဿတသမားလား၊ ဥစ္ဆေဒသမားလားဆိုတာ ဒီသုံးသပ်ချက်ကိုအခြေခံပြီး ဆုံးဖြတ်လို့ ရပါပြီ။ ဒီအချက်တွေထဲက ကိုယ်နဲ့ အကိုက်အညီများတဲ့ဘက်ဟာ ကိုယ့်ဘက်ပဲ။ ဒါမှ ကိုယ့်ရှိတဲ့ဒိဋ္ဌိ ကိုယ်တိုင် သိပြီး ခွါနည်း မှန်မှန်ကန်ကန် ရနိုင်မယ်။ ဒါမှမဟုတ်ရင် ရမ်းတုတ် ရမ်းလုပ်နဲ့ ဒိဋ္ဌိသာပြောနေတယ်၊ ဘာကြီးမှန်းလဲ မသိဘူးဆိုပြီး ဖြစ်နေကြတာတွေ အများကြီးပါ။

သဿတဒိဋ္ဌိအယူရှိသူရဲ့သဘော

ဥစ္ဆေဒဒိဋ္ဌိအယူရှိသူရဲ့သဘော

ဘ၀ကိုယုံကြည်။

ကံကိုယုံကြည်။

ကုသိုလ်အလုပ်များ၊ အကုသိုလ်အလုပ်နဲ။

ဝဋ်ကို သာယာ။

တရားအရနှေး၊ အပြစ်သေး၊ နိဗ္ဗာန်နဲ့ ဝေး။

ဘ၀ကိုယုံကြည်။

ကံကိုယုံကြည်။

ကုသိုလ်အလုပ်နဲ၊ အကုသိုလ်အလုပ်များ။

ဝဋ်ကို မသာယာ။

တရားအရမြန်၊ အပြစ်ကြီး၊ နိဗ္ဗာန်နဲ့ နီး။

(မ၊ဋ္ဌ၊၃၊ ၁၄၄။)

ဒါဟာ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ၊ ဒီဃနခသုတ်အဖွင့်မှာ ဝေဘန်သုံးသပ်ပြထားတဲ့ မှတ်ချက်ကို အကျဉ်းချုပ်တင်ပြလိုက်တာပါ။ ဒီသုံးသပ်ချက်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကို ဘယ်ဒိဋ္ဌိဘက်အားသန်နေလဲဆိုတာ အကဲခတ်နိုင်ပါတယ်။ ရုပ်နာမ်ကြောင်းကျိုး သဘောမိမိ မသိသေးဘူးဆိုရင်တော့ ဒီဒိဋ္ဌိတွေက တစ်ခုမဟုတ် တစ်ခု လူတိုင်းမှာ ရှိနေမယ်။ ယဉ်ယဉ်လေးနဲ့ ရှိတဲ့ ဒိဋ္ဌိနဲ့ ရိုင်းရိုင်း ကြမ်းကြမ်း ရှိတဲ့ ဒိဋ္ဌိပဲ ကွာမယ်။ ရှိတာကတော့ ဒိဋ္ဌိကိုယ်စီ ရှိနေကြတာပဲ။ ဟို မိစ္ဆာဒိဋ္ဌိကို ပြောတာမဟုတ်ဘူး။ ဟောဒီ သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိတွေကို ပြောတာ။ အချို့က ဒိဋ္ဌိရှိတယ်ပြောရင်ကို လက်မခံလိုကြဘူး။ ငါ့မှာ ဒိဋ္ဌိမရှိဘူးလို့ ဇွတ်ငြင်းဖို့ ကြိုးစားကြတယ်။ ငါလို့ ယူဆထားကတည်းကိုက ဒိဋ္ဌိမြစ်ဖျားခံနေတယ်ဆိုတာသာ သဘောပေါက်လိုက်ပါ။ ဒီဒိဋ္ဌိ မျိုးတွေ ရှိနေလို့လဲ သံသရာ လည်ခွင့်တော့ရပြီး မဂ်ဖိုလ်နိဗ္ဗာန် လမ်းမှန်မရောက်ဘဲ ဖြစ်နေတာ။ ဒိဋ္ဌိက အ၀ိဇ္ဇာနဲ့ပေါင်းပြီး လူကို မူးအောင် ဝေအောင် လုပ်နေတာ၊ လမ်းမှားရောက်အောင်လုပ်နေတာ၊ လမ်းမှန်ကို မသွားအောင် တားမြစ်ထားတာပဲလို့သာ မှတ်လိုက်ပါ။ တဏှာက အမှားကိုပဲ အမှန်လိုသဘောကျပြီး သာယာနေ တောင့်တနေတယ်။ မက်မောနေတယ်။ ဒီတော့ ဖြစ်လေရာဘ၀မှာ ပျော်ပြီပေါ့။

(ဆက်ရန်....)

Sunday, January 30, 2011

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

မူလနှစ်ဖြာ

အပိုင်း (ဃ)

မနေ့က ရှေ့စက်ကို ဥစ္ဆေဒဒိဋ္ဌိပယ်ဖို့၊ နောက်စက်ကို သဿတဒိဋ္ဌိပယ်ဖို့ ဘုရားဟောတော်မူရင်း ဖြစ်ကြောင်းတင်ပြခဲ့တယ်။ ဒီတော့ တစ်ဆက်တည်း ဒိဋ္ဌိဆိုတဲ့စကားလုံးနဲ့ ဆက်စပ်လို့ ထပ်မံရှင်းလင်းပေးဖို့ လိုအပ်လျက်ရှိနေတာ တွေ့ရပါတယ်။ ဒိဋ္ဌိက ဘယ်နှစ်မျိုးရှိလဲ၊ ဘာကြောင့် ဒိဋ္ဌိကို ပယ်ဖို့လိုအပ်သလဲ၊ ဒိဋ္ဌိရှိခြင်းနဲ့ မရှိခြင်းက ဘယ်လောက်ထူးခြားလဲ၊ ကိုယ့်သန္တာန်မှာ ဘယ်ဒိဋ္ဌိရှိနေတယ်ဆိုတာ ဘယ်လို အကဲခတ်နိုင်မလဲ စသည် သိထားမှ ပဋိစ္စသမုပ္ပါဒ်ကို လေ့လာရကျိုး နပ်ပါလိမ့်မယ်။

ရှေးဦးစွာ ဒိဋ္ဌိအမျိုးအစားတွေနဲ့ မိတ်ဆက်ပေးပါမယ်။ ဒိဋ္ဌိ (၆၂)မျိုးရှိတယ်ဆိုတာ ကြားဖူးကြမှာပါ။ ဒီ(၆၂)မျိုးလုံးကို အချိန်ကုန်ခံ လေ့လာနေစရာမလိုပါဘူး။ အရေးအကြီးဆုံး သိထားရမယ့် ဒိဋ္ဌိက သုံးမျိုးပဲ ရှိပါတယ်။

၁။ သက္ကာယဒိဋ္ဌိ

၂။ သဿတဒိဋ္ဌိ နှင့်

၃။ ဥစ္ဆေဒဒိဋ္ဌိ တို့ပါပဲ။

သက္ကာယဆိုတာ ခန္ဓာငါးပါးကို ပြောတာ။ အထင်အရှား ရှိတဲ့ ခန္ဓာငါးပါးကို ငါလို့ ထင်မြင်နေတာ၊ ဒီလို အထင်မှား အမြင်မှားတာက ဒိဋ္ဌိ။ ခန္ဓာငါးပါးက သက္ကာယ၊ အထင်အမြင်မှားတာက ဒိဋ္ဌိ၊ ပေါင်းလိုက်တော့ သက္ကာယဒိဋ္ဌိ။ ငါလို့ထင်မြင်ယူဆထားတဲ့ ခန္ဓာငါးပါးဟာ ခိုင်ခံ့နေတယ်၊ မပျက်မစီး တည်မြဲနေတယ်၊ မပြောင်းမလဲ နဂိုအတိုင်း ရှိနေတာပဲလို့ ကိုယ့်ကိုယ်ကို ထင်မြင်ယူဆထားတာဟာ သဿတဒိဋ္ဌိပါ။ မြဲတယ်လို့ ထင်မြင်ယူဆတဲ့ ဒိဋ္ဌိပဲ။ ငါလို့ထင်မြင်ယူဆထားတဲ့ ခန္ဓာငါးပါးဟာ ဒီဘ၀ ဒီမျှနဲ့ပဲ ပြတ်ပြီ။ နောက်ထပ်ဖြစ်မှာ မဟုတ်တော့ဘူးလို့ ထင်မြင်ယူဆထားတဲ့ဒိဋ္ဌိဟာ ဥစ္ဆေဒဒိဋ္ဌိပါ။ လုပ်ရဲရင် ခံရဲရမယ်၊ သတ်ရဲရင် သေရဲရမယ်ဆိုတဲ့ သဘောမျိုးတွေက ဥစ္ဆေဒဒိဋ္ဌိသမားတွေမှာ အဖြစ်များပါတယ်။

ဘာကြောင့် ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူတဲ့ဘုရားတွေထံမှာ ကျွတ်တမ်းမ၀င်နိုင်ခဲ့တာလဲ။ ဘာကြောင့် အပါယ်ဘေး၊ မွဲဘေး၊ ကွဲဘေး၊ အိုဘေး၊ နာဘေး၊ သေဘေးတွေ တစ်ဘ၀ပြီးတစ်ဘ၀ ရင်ဆိုင်ခဲ့ရတာလဲ။ ဘာကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ဒုက္ခခပ်သိမ်း အေးငြိမ်းလှပါတယ်ဆိုတဲ့ နိဗ္ဗာန်ကို မရခဲ့ကြတာလဲလို့ ကိုယ့်ကိုယ်ကို စစ်တမ်းထုတ်ကြည့်တဲ့အခါမှာ အခုပြောခဲ့တဲ့ ဒိဋ္ဌိသုံးမျိုးတစ်မျိုးမျိုး ရှိနေလို့ဆိုတဲ့ အဖြေထွက်ပါတယ်။ ဒိဋ္ဌိက မဂ်ဉာဏ် ဖိုလ်ဉာဏ်မရအောင် တားထားတော့ မဂ်ဖိုလ်နိဗ္ဗာန် အနံ့တောင် နံခွင့် မရခဲ့ပါဘူး။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက ဒိဋ္ဌိကို `မဂ်တားဖိုလ်တားတရား´လို့ မိန့်တော်မူတာ။ ဒိဋ္ဌိကြောင့် နိဗ္ဗာန်မရတာ ဒါလောက်ဆို ရှင်းပါပြီ။ မဂ်ဖိုလ်မှ မရရင် နိဗ္ဗာန်ဆိုတာ ဘယ်နည်းနဲ့မှ မရနိုင်ပါဘူး။

ဒါပေမယ့် ဒိဋ္ဌိက မဂ်ဖိုလ် နိဗ္ဗာန်ကိုသာ တားတယ်၊ သုဂတိကိုတော့ မတားဘူး။ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ စကားနဲ့ပြောရရင် `ဒိဋ္ဌိက နိဗ္ဗာန်ကို ကန့်ကွက်တယ်၊ သုဂတိကိုတော့ မကန့်ကွက်ဘူး´တဲ့။ ဒိဋ္ဌိတန်းလန်းနဲ့ ကုသိုလ်လုပ်၊ လူ့ပြည်လဲရောက်နိုင်တယ်၊ နတ်ပြည်လဲရောက်နိုင်တယ်။ သမထအားထုတ်ရင် ဗြဟ္မာ့ပြည်လဲ ရောက်နိုင်တာပဲ။ ဒီကုသိုလ်ကံ ကုန်သွားရင်တော့ ကိုယ့်ရဲ့ နေရာဟောင်းဖြစ်တဲ့ အပါယ်ထောင်ထဲ ပြန်ရောက်လာမယ် (စတ္တာရော အပါယာ သကဂေဟသဒိသာ)။ သုဂတိဘုံမှာသာ နေချင်တိုင်း နေလို့မရတာ၊ အပါယ်ဘုံကတော့ ထာဝရကြိုဆိုလျက်ပဲ။ ဘယ်သုဂတိဘုံမှ နေခွင့်မရဘူးဆိုရင် အပါယ်ဘုံကတော့ အမြဲကြိုဆိုနေတယ်။ ပြောချင်တာက ဒိဋ္ဌိရှိနေသရွေ့ အပါယ်နဲ့ အိုးစားမကွဲသေးဘူးဆိုတာပါပဲ။ ဒါကြောင့် ဒိဋ္ဌိကို `ငရဲမျိုးစေ့၊ အပါယ်မျိုးစေ့´လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက စိပ်မိတိုင်း မိန့်တော်မူတာ။ ဒိဋ္ဌိရှိတဲ့ ဘ၀နဲ့ နေရသမျှတော့ သုဂတိရောက်တယ်၊ အပါယ်ကလွတ်တယ်ဆိုတာ ယာယီမျှသာ ကြာပါတယ်။ နောက် အကြောင်းတိုက်ဆိုင်ရင် မူရင်း ပြန်ရောက်သွားနိုင်တာပဲ။ ဒိဋ္ဌိကင်းလို့ မဟာသောတာပန်ဖြစ်လိုက်ပြီဆိုရင်တော့ ငရဲမီး အလိုလို ငြိမ်းသွားပါပြီ။ ကိုယ့်အတွက် ငရဲအိုးလဲ မရှိ၊ ငရဲမီးလဲမရှိ၊ ငရဲဘုံလဲမရှိ၊ အပါယ်ဘုံလဲ မရှိတော့ဘူး။ ကိုယ့်အတွက်သာမရှိတာ၊ သူများအတွက်တော့ ရှိနေမှာပဲ။ သူကိုယ်တိုင် မငြိမ်းသရွေ့ မသိမ်းဘူး။ ဒါကြောင့် ကိုယ့်ငရဲမီး ကိုယ်ငြိမ်းနိုင်အောင် လူ့ဘ၀ရောက်ခိုက် မလျော့သောဇွဲနဲ့ ကြိုးစားကြရမှာပါ။ ကိုယ့်အတွက်ပေါ်နေတဲ့ ငရဲမီးကို ကိုယ်မှ မငြိမ်းရင် ဘယ်သူမှ လာရောက်ငြိမ်းပေးနိုင်မှာ မဟုတ်ပါဘူး။

ကိုယ့်ငရဲမီးငြိမ်းဖို့အတွက် ဒိဋ္ဌိပြုတ်အောင်၊ အသိဉာဏ်၊ အပွားဉာဏ်တင်မကပဲ အပယ်ဉာဏ် (ပဟာနပရိညာ)နဲ့ ပြုတ်အောင် ကြိုးစားလိုက်မယ်ဆိုရင် မဟာသောတာပန်ဖြစ်ပြီး ကိုယ့်အတွက် ငရဲမီးတွေ အကုန်လုံး အပြီးတိုင် ငြိမ်းသွားပါပြီ။ ကိုယ့်အတွက် အပါယ်ဘုံမရှိတော့ဘူး။ (၃၁)ထဲက အပါယ်(၄)ဘုံလျော့သွားပြီ။ သံသရာလည်ဖို့အတွက် (၄)ဘုံလျော့သွားတော့ သံသရာနယ် ကျဉ်းလာတာပေါ့။ နယ်ကျဉ်းလာတယ်ဆိုပေမယ့် ကိုယ့်အတွက် အပါယ်ဘုံပျောက်သွားတာဟာ ၀မ်းသာစရာသာဖြစ်တယ်၊ ၀မ်းနဲစရာမဟုတ်ပါဘူး။ အပါယ်ဝဋ်ကျွတ်သွားတာကိုး။ မှန်ပါတယ်။ ဒိဋ္ဌိရှိလို့ အပါယ်ရောက်ရတာ။ ဒိဋ္ဌိဟာ အပါယ်မျိုးစေ့ (ဗီဇ/visa) ပဲ။ ဒိဋ္ဌိမပြုတ်သေးသရွေ့ အပါယ်ဗီဇာရှိနေတယ်။ မ၀င်ချင် ၀င်ချင် ၀င်ရမယ့်ဗီဇာ။ ဒိဋ္ဌိပြုတ်သွားရင်တော့ အပါယ်ဗီဇာ expire ဖြစ်သွားပြီ။ တစ်ခါ expire ဖြစ်ပြီး နောက်တစ်ကြိမ်လဲ ပြန်ထုလို့မရတော့ဘူး။ ဒါဆို ဒိဋ္ဌိကင်းတဲ့ဘ၀ ဘယ်လောက် ဒုက္ခတွေ သိမ်းသွားသလဲဆိုတာ ခန့်မှန်းလို့ရလောက်ပါပြီ။ ငရဲမီးတွေ ငြိမ်းသွားတာ၊ အပါယ်ဒုက္ခတွေ သိမ်းသွားတာ၊ အဆိုးသံသရာနယ်က အပြီးပြတ် ရုန်းထွက်ခွင့်ရသွားတာ ဒိဋ္ဌိကင်းလို့ဆိုတာ နားလည်လိုက်ပါ။ ဒါကြောင့် ဒိဋ္ဌိအကြောင်း နားလည်အောင်လုပ်ထား။ အပွားဉာဏ်နဲ့ မဖြုတ်ခင်မှာ အသိဉာဏ်နဲ့ အရင် ပြုတ်အောင် ဖြုတ်ထား။ ဖြစ်ပျက်နောက်မှလုပ်၊ အနိစ္စ ဒုက္ခနောက်မှလုပ်။ ဒိဋ္ဌိကို အသိဉာဏ်နဲ့ ပြုတ်အောင် အရင် လုပ်ပါ (ဉာတပရိညာ)။ ဒိဋ္ဌိကို အသိဉာဏ်နဲ့ ပြုတ်ရေးအတွက် ဦးစားပေးပြီး ပဋိစ္စသမုပ္ပါဒ်ဒေသနာကို ရှေးဦးစွာ နားလည်အောင်ကြိုးစားရပါတယ်။ လိုရင်း မှတ်လိုက်- (ဖြစ်ပျက်နောက်မှလုပ်၊ ဒိဋ္ဌိအရင်ဖြုတ်)။

(ဆက်ရန်....)

Saturday, January 29, 2011

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

မူလနှစ်ဖြာ

အပိုင်း (ဂ)

မနေ့က စက်ဝိုင်းကြီးကို ရှေ့စက် နောက်စက် နှစ်ပိုင်း ခွဲပြခဲ့တယ်။ ရှေ့စက်ရဲ့ ခေါင်းဆောင်က အ၀ိဇ္ဇာ၊ နောက်စက်ရဲ့ ခေါင်းဆောင်က တဏှာပေါ့။ စက်နှစ်စက်ရဲ့ နှစ်ဌာနမှာ အသီးသီး တစ်ခုစီရပ်တည်နေကြတဲ့အတွက် လင်္ကာ နောက်ပိုင်းမှာ `နှစ်ရပ်မူလ´ လို့ စပ်ဆိုထားတာတွေ့ရမယ်။ တစ်နည်းအားဖြင့် ရှေ့စက်မှာ အ၀ိဇ္ဇာဦးဆောင်လို့ မူလနှစ်ဖြာအရ အ၀ိဇ္ဇာကိုရှေ့ထား၊ နောက်စက်မှာ တဏှာဦးဆောင်လို့ နှစ်ရပ်မူလအရ တဏှာကို ရှေ့ထားတယ်လို့ ယူဆကြတယ်။ လိုရင်းကတော့ အတူတူပါပဲ။

ရှေ့စက်နဲ့ နောက်စက်နှစ်ခု ပေါင်းလိုက်တော့ အ၀ိုင်းကြီးဖြစ်သွားလို့ `စက်ဝိုင်း´လို့ခေါ်တယ်။ တစ်နည်းအားဖြင့် စက်နှစ်ခု ဆက်လိုက်တော့ အ၀ိုင်းကြီးဖြစ်သွားလို့ `ဆက်ဝိုင်း´လို့လဲ ခေါ်နိုင်သလို စက်နှစ်ခုစပ်လိုက်တဲ့အခါ အ၀ိုင်းကြီးဖြစ်သွားတော့ `စပ်ဝိုင်း´လို့လဲ ခေါ်နိုင်တယ်။ ဒါဖြင့် ရှေ့စက်ကို ဘယ်သူတွေအတွက်ဟောတာလဲဆိုရင် ဒိဋ္ဌိစရိုက်သမားတွေအတွက်ဟောတယ်။ ဘာအတွက် ဟောလဲဆိုရင် ဥစ္ဆေဒဒိဋ္ဌိကို ပယ်ဖို့အတွက်ဟောတယ်။ နောက်စက်ကို ဘယ်လိုလူတွေအတွက် ဟောတာလဲဆိုရင် တဏှာစရိုက်သမားတွေအတွက်ဟောတယ်။ ဘာအတွက် ဟောတာလဲဆိုရင် သဿတဒိဋ္ဌိကို ပယ်ဖို့ဟောတယ်လို့ မှတ်ထားပါ။

စက်ဝိုင်းကြီးကို လေးပိုင်းပိုင်းလိုက်တော့ အကွက်(၄)ကွက်ပေါ်လာတယ်။ အဲဒီမှာ အမှတ်(၁)အကွက်က အ၀ိဇ္ဇာနဲ့ သင်္ခါရ။ အ၀ိဇ္ဇာက သစ္စာ(၄)ပါးကို မသိတာ။ ခန္ဓာ ငါးပါးကို ဆင်းရဲခြင်း ဒုက္ခသစ္စာလို့ မသိတာ၊ ဒုက္ခသစ္စာရခြင်းရဲ့အကြောင်းတဏှာ သမုဒယသစ္စာကို မသိတာ၊ ဒုက္ခချုပ်ရာ နိရောဓသစ္စာကိုမသိတာ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်မဂ္ဂသစ္စာကိုမသိတာ။ ဒီလိုမသိတော့ ခန္ဓာ ရတာ ကောင်းတယ်လို့အမှတ်မှားပြီး ဒိဋ္ဌိဝင် တဏှာနဲ့ နောင်ဘ၀ နောင်ခန္ဓာကိုတောင့်တ၊ ကုသိုလ်တွေလုပ်တော့ သင်္ခါရဆိုတာ ဖြစ်လာတာပေါ့။ ဒါနဲ့ ကိုယ်လိုချင်တဲ့ လူ့ဘ၀ လူ့ခန္ဓာကြီး ရလာရော။ အမှတ် (၂) အကွက်က ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဆိုတဲ့ ခန္ဓာငါးပါးတရားတွေ ဖြစ်ပေါ်လာတော့တာပါပဲ။ ဒါဆို ခန္ဓာငါးပါး ဖြစ်ပေါ်လာရခြင်းရဲ့အကြောင်းဟာ အ၀ိဇ္ဇာဦးစီးပြီးလုပ်တဲ့ သင်္ခါရဆိုတာ ထင်ရှားပြီ။ အကွက်အနေနဲ့ ပြောရင် (၁)အကွက်ကြောင့် (၂)အကွက် ခန္ဓာငါးပါးရတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာ ဉာဏ်ရှင်းတော့ ဒိဋ္ဌိသေတယ်။ အသိနဲ့ သေတာ။ အကြောင်းထဲမှာလဲ ပုဂ္ဂိုလ်မပါ၊ အကျိုးထဲမှာလဲ ပုဂ္ဂိုလ်မပါ။ ကိုယ့်ကိုယ်ကို ငါ၊ သူတစ်ပါး၊ ပုဂ္ဂိုလ်၊ လူ၊ နတ်လို့ ထင်ခဲ့တာတွေ ပျောက် ခန္ဓာငါးပါး ရုပ်နာမ်တရားပဲလို့ အမှန်အရှိကို သိတော့ သမ္မာဒိဋ္ဌိဖြစ်လာတယ်။

အ၀ိဇ္ဇာ သင်္ခါရသည် ကာလအနေဖြင့်ကြည့်တော့ အတိတ်ကာလ။ ပြီးခဲ့ပြီ။ အရင်ဘ၀ အရင်ခန္ဓာမှာဖြစ်ခဲ့တဲ့တရားတွေ။ ဒါပေမယ့် ဖြစ်ပြီး ပျက်၊ ဒီဘက်ဘယ်လိုမှ မဆက်တော့ဘူလားဆိုတော့ ဒီလိုလဲ မဟုတ်ဘူး။ ဖြစ်ပျက်ပြီး ပြတ်မသွားဘူး၊ ဒီဘက်ကို အကြောင်းအဖြစ်နဲ့ လာပံ့ပိုးတော့ ဒီဘ၀ ခန္ဓာငါးပါးရလာတယ်။ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်မှာ အကျိုးလာပေါ်တယ်လို့ သိလိုက်တဲ့အခါ အော် အရင်ဘ၀ ရုပ်နာမ်ဟာ ဖြစ်ပျက်ပြီး ပြတ်သွားတယ်ထင်ခဲ့ပေမယ့် မပြတ်ဘူး။ ဒီဘက်ဘ၀မှာ ၀ိညာဏ်အဖြစ်နဲ့ အကျိုးလာပေါ်ပါလားဆိုတဲ့ အသိက အပြတ်လို့ ယူတဲ့ ဥစ္ဆေဒဒိဋ္ဌိကို ပယ်လိုက်တာဖြစ်တယ်။ ဒါကြောင့် ရှေ့စက်ကို ဥစ္ဆေဒဒိဋ္ဌိသမားတွေအတွက် ဟောတယ်လို့ စောစောကပြောခဲ့တာ။ တစ်ဆက်တည်း အကြောင်းထဲမှာ ဉာဏ်ရှင်းတော့ ၀ိစိကိစ္ဆာ စင်တယ်။ ဘယ်လိုစင်တာလဲ ဆိုရင် အ၀ိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာရလာတယ်လို့သာ လက်ခံလိုက်ရင် သိကြား ဗြဟ္မာ ဘုရားလာဖန်ဆင်းတာလားဆိုတဲ့ သံသယ ၀ိစိကိစ္ဆာ အလိုလိုသေတယ်။ ဒီတော့ ဖော်မြူလာလေး မှတ်လိုက်ပေါ့။ (အကြောင်းအပေါ်မှာ ဉာဏ်ရှင်းရင် ၀ိစိကိစ္ဆာစင်၊ အကြောင်း အကျိုးအပေါ်မှာ ဉာဏ်ရှင်းရင် ဒိဋ္ဌိစင်)။

နောက်စက်မှာ တဏှာဦးဆောင်နေတယ်။ ဒီဘ၀ ဒီခန္ဓာကို သုံးသပ်ကြည့်လိုက်တော့ ရုပ်နဲ့ နာမ်ပဲ။ တစ်စက္ကန့်လေးမျှ တည်မြဲနေတာမဟုတ်တဲ့ ရုပ်နဲ့နာမ်။ ဖြစ်လိုက် ပျက်လိုက်နဲ့ တစ်ဘ၀လုံး ဖြစ်ပျက်လို့အားရတော့ နောက်ဆုံး သေရာညောင်စောင်း လျောင်းကြရတာချည်းပဲ။ ဒီဘ၀ ဒီခန္ဓာကို စက်ဝိုင်းမှာ ချကြည့်တော့ ဘယ်အကွက်မှာ ရှိမလဲဆိုရင် (၂)အကွက်ထဲမှာ။ ဒီ (၂)အကွက်ထဲမှာ ပေါ်တဲ့ ခန္ဓာငါးပါးတွေကို မရှုမပွား ဒီအတိုင်းထားမယ်ဆိုရင် သူ့အလိုလို (၃)အကွက်က လာပါလိမ့်မယ်။ ပေါ်လှည့်ပါ ခေါ်နေစရာမလိုသလို မပေါ်ပါနဲ့လို့လဲ တားလို့မရဘူး။ ဒီအကွက် (၂)နဲ့ (၃) အစပ်ကို အပြတ်မဖြတ်နိုင်သရွေ့ လုပ်သမျှတွေဟာ ကံတွေ မြောက်နေဦးမှာပဲ။ လက်ရှိ ရုပ်နာမ်ခန္ဓာကြီးဟာ တစ်နေ့နေ့ ပျက်ပြိုသေဆုံးသွားရမှာပဲလို့ သိမြင်ခံယူထားတဲ့အခါမှာ ကိုယ့်လက်ရှိခန္ဓာကို တည်မြဲမယ်လို့ထင်ထားတဲ့ အယူအဆ ထင်မြင်ချက်တွေ ပျောက်ဆုံးသွားတော့တယ်။ မြဲမယ်ထင်ရတဲ့ သဿတအယူတွေ လုံးဝအားကိုးလို့မရတော့ဘူးဆိုတာ သိလာရမယ်။ မြဲမယ်လို့ ယူဆရတဲ့ ခန္ဓာကြီးက ဖြစ်လိုက် ပျက်လိုက်နဲ့ တစ်စက်ကလေးမှ မမြဲတာကို ပြနေတာ အသေအချာ ဉာဏ်နဲ့ ကြည့်ရင် သိနိုင်ပါတယ်။ ဒီဘ၀ ဒီမျှနဲ့ ပြီးရောလားဆိုတော့ နောက်ဘ၀ နောက်ဇာတိက စောင့်နေတယ်။ ခန္ဓာပြတ်ကြွေ သေဆုံးလို့ အကွက်(၃) လမ်းဆုံးရင် နောက် အကွက်(၄)ဆက်ရမယ်လို့ သိတဲ့အခါကျတော့ အထူးသဖြင့် လက်ရှိခန္ဓာကို မြဲမယ်ထင်မြင်နေတဲ့ သဿတဒိဋ္ဌိ အလိုလို စင်သွားတယ်။ လက်ရှိခန္ဓာ မြဲတယ်ဆိုရင် သေစရာမလိုဘူး၊ မမြဲလို့သာ သေရတာပါလားလို့ အသိဝင်လိုက်ရင် သဿတအယူ အလိုလို စင်တယ်။ မြဲနေရင် ပျက်စရာမလို မမြဲလို့သာ ပျက်ရတယ်ဆိုတာ နားလည်လိုက်ပါ။ ဒါကြောင့် နောက်စက်က သဿတဒိဋ္ဌိစင်ရေးအတွက်ဟောတယ်လို့ စောစောကပြောခဲ့တယ်။ အကွက်(၄)ဆက်ရမယ်ဆိုတာ သိတော့ အပြတ်အယူ ဥစ္ဆေဒဒိဋ္ဌိလဲ စင်သွားတာပါပဲ။

ဒီတော့ ရှေ့စက်ဦးဆောင်နေတာက အ၀ိဇ္ဇာ၊ တဏှာက နောက်လိုက်။ နောက်စက်ဦးဆောင်နေတာက တဏှာ၊ အ၀ိဇ္ဇာက နောက်လိုက်။ သူတို့က တကယ်တော့ ခွဲခြားလို့မရဘူး။ တစ်ခုဖြစ်ရင် နှစ်ခုလုံးဖြစ်တာ (သဟဇာတ)။ ဒီလို စိတ်တူ ကိုယ်တူ ပူးပေါင်းပြီး သံသရာ အနေကြာရေးအတွက် ကြိုးပမ်းအားထုတ်ကြတဲ့ အကြောင်းရင်းမူလတရား နှစ်ပါးဖြစ်လို့ သူတို့ကို စက်ဝိုင်းကြီးရဲ့ အလယ်တဲ့တဲ့ ဗဟို ၀င်ရိုးတပ်တဲ့နေရာမှာ မိုးကုတ်ဆရာတော်ဘုရားကြီးက ထည့် ပြထားတာဖြစ်ပါတယ်။

(ဆက်ရန်…)

Friday, January 28, 2011

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

မူလနှစ်ဖြာ

အပိုင်း (ခ)

အ၀ိဇ္ဇာသည် အတိတ်အကြောင်းမူလ၊ တဏှာသည် ပစ္စုပ္ပန်အကြောင်းမူလ လို့ မှတ်လိုက်ပါ။ သံသရာမှာ အနေကြာဖို့ သူတို့နှစ်ပါး တစ်လှည့်စီ ခေါင်းဆောင်နေကြတာဖြစ်တယ်။ အတိတ်ဘ၀က အ၀ိဇ္ဇာခေါင်းဆောင်လုပ် တဏှာက နောက်လိုက်၊ ပစ္စုပ္ပန်ဘ၀မှာ တဏှာက ခေါင်းဆောင်လုပ် အ၀ိဇ္ဇာကနောက်လိုက်၊ ဒီလိုနဲ့ သံသရာကို မရှည် ရှည်အောင် ဆွဲဆန့်တတ်တဲ့တရားနှစ်ပါးဟာ အ၀ိဇ္ဇာနဲ့ တဏှာပါပဲ။

အ၀ိဇ္ဇာဟာ အဘိဓမ္မာအရှိတရားအနေနဲ့ ပြောရရင် မောဟ။ မသိတာဟာ မောဟ၊ သို့မဟုတ် အ၀ိဇ္ဇာ။ သစ္စာလေးပါးကို မသိတာ အ၀ိဇ္ဇာ။ သစ္စာလေးပါးသိရင် ၀ိဇ္ဇာ။ ဒါက လိုရင်းပြောတာ။ အတိအကျပြောရရင် အ၀ိဇ္ဇာရဲ့ မသိခြင်း (၈)ချက်ရှိတယ်။

၁။ ရှေ့အစွန်းကိုလဲ မသိ (ပုဗ္ဗန္တ)၊

၂။ နောက်အစွန်းကိုလဲ မသိ (အပရန္တ)၊

၃။ ရှေ့အစွန်း နောက်အစွန်းနှစ်ပါးကိုလဲ မသိ (ပုဗ္ဗန္တာပရန္တ)၊

၎။ ပဋိစ္စသမုပ္ပါဒ်ကိုလဲ မသိ၊

၅။ သစ္စာလေးပါးကိုလဲ မသိ။

မှတ်ချက်။ ။ ရှေ့(၄)ချက်နဲ့ သစ္စာလေးပါး မသိခြင်း (၄)ချက်ပေါင်း မသိ(၈)ချက်။

ရှေ့အတိတ်က ဘယ်တရားတွေကြောင့် ပစ္စုပ္ပန်ခန္ဓာရလာတာလဲ ဆိုတာ မသိတာ ရှေ့အစွန်း (ပုဗ္ဗန္တ) ကိုမသိတာပဲ။ ဘ၀နဲ့ပြောရရင် ရှေ့ဘ၀ကို မသိတာ။ စက်ဝိုင်းထောက်ပြရမယ်ဆိုရင် အကွက်နံပါတ် (၁)ကို မသိတာ။ လာမယ့်ဘ၀၊ နောက်ဘ၀ကို မသိတာ နောက်အစွန်း (အပရန္တ) ကိုမသိတာပါ။ စက်ဝိုင်း အကွက်နံပါတ် (၄)ကို မသိတာ။ ရှေ့ရော နောက်ရော မသိတဲ့အခါကျတော့ ရှေ့အစွန်း နောက်အစွန်း (ပုဗ္ဗန္တာပရန္တ) နှစ်ပါးကို မသိတာပဲ။

စက်ဝိုင်းကို အထက်အောက် အလယ်တည့်တည့်ကနေ ဇောက်ထိုး မြားတစ်ကြောင်း ဆွဲ၊ နှစ်ပိုင်း ခွဲခြားပြီးပြောရမယ်ဆိုရင် အကွက် (၁)နဲ့ (၂)ကတစ်ပိုင်း၊ ဇောက်ထိုး မြားရဲ့ ယာဘက်ကအပိုင်းပေါ့။ အကွက် (၃)နဲ့ (၄)က တစ်ပိုင်း၊ ဇောက်ထိုးမြားရဲ့ ၀ဲဘက်အပိုင်းပေါ့။ အကွက် (၁)မှာရှိတဲ့ အ၀ိဇ္ဇာနဲ့ သင်္ခါရကြောင့် အကွက် (၂)မှာရှိတဲ့ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ခန္ဓာ ငါးပါးရလာတာ။ ဆိုလိုတာက အ၀ိဇ္ဇာ သင်္ခါရကြောင့်သာ လက်ရှိ ခန္ဓာကြီးရလာတာ။ ဟောဒီခန္ဓာကြီးဖြစ်ပေါ်ခြင်းရဲ့ အကြောင်းဟာ အ၀ိဇ္ဇာနဲ့ သင်္ခါရပဲ။ နတ်ကဖန်ဆင်းလိုက်တာလဲ မဟုတ်ဘူး။ ဗြဟ္မာကဖန်ဆင်းလိုက်တာလဲ မဟုတ်ဘူး။ ထာဝရဘုရားက ဖန်ဆင်းလိုက်တာလဲ မဟုတ်ဘူး။ အ၀ိဇ္ဇာ သင်္ခါရကြောင့် ဖြစ်လာတာ။ အ၀ိဇ္ဇာ သင်္ခါရကြောင့် လက်ရှိခန္ဓာကြီး ရရှိနေပြီ၊ ပိုင်ဆိုင်နေပြီမို့ အ၀ိဇ္ဇာ သင်္ခါရဆိုတဲ့ အကွက်(၁)ရယ်၊ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ အကွက် (၂)ရယ်ကို ပေါင်းပြီး ရှေ့စက် (ပုဗ္ဗန္တစက်) လို့ အမည်ပေးလိုက်ပါ (၁+၂=ရှေ့စက်)။ စက်ဝိုင်းကြီးရဲ့ ယာဘက်ခြမ်းကို ရှေ့စက်လို့ခေါ်တာပါပဲ။ ဟောဒီ ရှေ့စက်ကို မသိတာဟာလဲ အ၀ိဇ္ဇာပါပဲ (ပုဗ္ဗန္တ)။ ရှေ့စက်မှာ ပထမဦးဆုံးတွေ့ရတဲ့ တရားက ဘယ်သူလဲဆိုရင် အ၀ိဇ္ဇာ။ ဒါကြောင့် ရှေ့စက်ကို ဘယ်သူဦးဆောင်နေလဲဆိုရင် အ၀ိဇ္ဇာ ဦးဆောင်နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ အ၀ိဇ္ဇာခေါင်းဆောင်ပြီးတော့ ရှေ့သံသရာ အနေကြာအောင် လှည့်ခဲ့ပြီ။ ဒါကြောင့် အဲဒီ အ၀ိဇ္ဇာကို သံသရာရဲ့ မူလတစ်ဖြာလို့ မှတ်လိုက်ပါ။

ဒီဘ၀မှာ ဝေဒနာတွေ ခံစားလို့ တဏှာဘက်အကူးကို ပြတ်အောင် မဖြတ်နိုင်ဘူးဆိုရင် တဏှာ၊ ဥပါဒါန်၊ ကမ္မဘ၀ဆိုတဲ့ အကွက်(၃)က ပေါ်လာဦးမှာ အသေအချာပါပဲ။ အကွက် (၃)ပေါ်လို့ ကံတွေ ရှိနေသမျှကာလပတ်လုံး နောက်ဘ၀ မလိုချင်လို့ ရကိုမရပါဘူး။ နောက်ဘ၀ ရတော့ ဇာတိ ဇရာမရဏကလဲ လာကို လာရမှာပါ။ ဒါဆို အကွက် (၄) ပေါ်မှာ သေချာပြီပေါ့။ အကွက် (၃) မပြတ်သရွေ့ အကွက် (၄) မလာဘဲကို နေလို့ မရပါဘူး။ ဒီတော့ တဏှာ၊ ဥပါဒါန်၊ ကမ္မဘ၀ ဆိုတဲ့ (၃)အကွက်ရယ်၊ ဇာတိ ဇရာမရဏဆိုတဲ့ (၄)အကွက်ရယ်ကို နောက်စက် (အပရန္တစက်) လို့အမည်ပေးလိုက်ပါ (၃+၄= နောက်စက်)။ စက်ဝိုင်းကြီးရဲ့ ၀ဲဘက်ခြမ်းကို နောက်စက်လို့ ခေါ်တာပါပဲ။ ဟောဒီနောက်စက်ကို မသိတာဟာလဲ အ၀ိဇ္ဇာပါပဲ (အပရန္တ)။ နောက်စက်မှာ ပထမဦးဆုံးတွေ့ရတဲ့ တရားက ဘယ်သူလဲဆိုရင် တဏှာ၊ ဒါကြောင့် နောက်စက်ကို ဘယ်သူဦးဆောင်နေလဲ ဆိုရင် တဏှာဦးဆောင်နေတာ တွေ့ရပါလိမ့်မယ်။ တဏှာခေါင်းဆောင်ပြီး နောက်သံသရာကို အနေကြာအောင် လှည့်မှာပါ။ ဒါကြောင့် အဲဒီတဏှာကို သံသရာရဲ့ မူလတစ်ဖြာလို့ မှတ်လိုက်ပါ။ အ၀ိဇ္ဇာက မူလတစ်ဖြာ၊ တဏှာက မူလတစ်ဖြာ။ မူလနှစ်ဖြာ ပြည့်သွားပြီပေါ့။

မသိတာ အ၀ိဇ္ဇာဆိုတာ အကျဉ်းအားဖြင့် စက်ဝိုင်းကြီးရဲ့ ရှေ့စက်မသိတာ၊ နောက်စက်မသိတာ၊ ရှေ့စက်ရော နောက်စက်ပါမသိတာ၊ ပဋိစ္စသမုပ္ပါဒ်မသိတာ၊ သစ္စာလေးပါးမသိတာပါပဲ။ နောင်အလျဉ်းသင့်တဲ့နေရတွေမှာ ထပ်မံ ရှင်းလင်းပေးမှာပါ။ ဒီနေရာမှာ ထပ်လောင်းဖြည့်စွက်ပေးချင်းတာက မသိတဲ့ အ၀ိဇ္ဇာရှိသလို သိတဲ့ အ၀ိဇ္ဇာဆိုတာလဲ တစ်ဘက်တစ်လမ်းက ရှိနေပါတယ်။ သိသင့်တာကို မသိတာဟာ အ၀ိဇ္ဇာဖြစ်သလို၊ မသိသင့်တာကို သိနေတာဟာလဲ အ၀ိဇ္ဇာပါပဲ။ ဥပမာအားဖြင့် အမှန်ရှိ ရုပ်နာမ်ကိုသိရမှာ အမှန်အတိုင်းမသိဘဲ ပုဂ္ဂိုလ်အဖြစ်သိနေရင် သိသင့်တာကို မသိတာပါ။ ပုဂ္ဂိုလ်ဖြစ်စဉ်အနေနဲ့တော့ သိတယ်။ ဓမ္မဖြစ်စဉ်အနေနဲ့ မသိဘူး။ သိသင့်သိထိုက်တဲ့ သစ္စာလေးပါးသိရမှာ မသိတာ၊ ပဋိစ္စသမုပ္ပါဒ်တရား သိရမှာ မသိတာမျိုးတွေဟာ သိသင့်တာမသိ၊ ဓမ္မဖြစ်စဉ်ကို မသိတဲ့ အ၀ိဇ္ဇာပါ။ ဥပမာတစ်မျိုးအနေနဲ့ ပုဂ္ဂိုလ် သတ္တ၀ါလို့ မသိရဘဲ ရုပ်နာမ်လို့ သိရမှာကို ပုဂ္ဂိုလ် သတ္တ၀ါလို့ သိနေတာမျိုးဟာ မသိသင့်တာကို သိ၊ ပုဂ္ဂိုလ်ဖြစ်စဉ်အနေနဲ့ သိနေတာပါ။ အ၀ိဇ္ဇာက မသိဘူးဆိုပေမယ့် သူသိတာရှိတယ်။ အသေမလွတ်တဲ့ လမ်းကို သူ သိတယ်။ အသေလွတ်တဲ့လမ်းကိုတော့ အ၀ိဇ္ဇာက သိခွင့်မပေးဘူး။ ဖုံးအုပ်ထားတယ်။ အသေလွတ်တဲ့လမ်းကို အ၀ိဇ္ဇာက ဖုံးအုပ် ကာကွယ်ထားလို့ တစ်သံသရာလုံး အသေလမ်းချည်း လှည့်ခဲ့ရတာ။ အသေလမ်းနဲ့ချည်း ခရီးနှင်ခဲ့ကြရတာ။ ဒါလဲ အ၀ိဇ္ဇာရဲ့ လှည့်စားချက်တစ်မျိုးပါပဲ။ ဒါကြောင့် မသိတဲ့ အ၀ိဇ္ဇာ ရှိသလို သိတဲ့ အ၀ိဇ္ဇာလဲ ရှိတယ်ဆိုတာ မှတ်လိုက်ပါ။ ဘာကိုသိတာလဲဆိုရင် သိသင့်တာ မသိဘဲ မသိသင့်တာကို သိနေတာ၊ ဓမ္မဖြစ်စဉ်ကို မသိဘဲ ပုဂ္ဂိုလ်ဖြစ်စဉ်ကိုသိနေတာ၊ အသေလွတ်တဲ့လမ်းကို မသိဘဲ အသေမလွတ်တဲ့လမ်းကိုသိနေတာဟာ အ၀ိဇ္ဇာပါပဲ။

(ဆက်ရန်…)

Verbs

Verbs (1) Irregular Verbs

Verb တွေကို ပုံစံ(၄)မျိုးနဲ့ လေ့လာထားရမယ်။

Based form

Past Tense

Past Participle

_ing form

Work

Worded

Worked

Working

Play

Played

Played

Playing

Listen

Listened

Listened

Listening

Verb အများစုရဲ့ past tense and past participle တွေကတော့ -ed ဆက်ပေးလိုက်ရုံပါပဲ။ ဒါမျိုး verb တွေကို regular verb လို့ခေါ်ပြီး အခြား ပုံစံအမျိုးမျိုးနဲ့ verb တွေကိုတော့ irregular verb လို့ခေါ်တယ်။

Base form

Past tense

Past participle

be

begin

break

bring

buy

build

choose

come

cost

cut

do

draw

drive

eat

feel

find

get

give

go

have

hear

hold

keep

know

leave

lead

let

lie

lose

make

mean

meet

pay

put

run

say

see

sell

send

set

sit

speak

spend

stand

take

teach

tell

think

understand

wear

win

write

was/were

began

broke

brought

bought

built

chose

came

cost

cut

did

drew

drove

ate

felt

found

got

gave

went

had

heard

held

kept

knew

left

led

let

lay

lost

made

meant

met

paid

put

ran

said

saw

sold

sent

set

sat

spoke

spent

stood

took

taught

told

thought

understood

wore

won

wrote

been

begun

broken

brought

bought

built

chosen

come

cost

cut

done

drawn

driven

eaten

felt

found

got

given

gone

had

heard

held

kept

known

left

led

let

lain

lost

made

meant

met

paid

put

run

said

seen

sold

sent

set

sat

spoken

spent

stood

taken

taught

told

thought

understood

worn

won

written

Verbs (2) – Question forms

1. Auxiliary verb (အကူကြိယာ)တွေကို ရှေ့ပို့ပေးခြင်းဖြင့် မေးခွန်းလုပ်နိုင်တယ်။

Everybody is watching. > Is everybody watching?

They had worked hard.> Had they worked hard?

He’s finished work.> Has he finished work?

Everybody had been working hard.> Had everybody been working hard?

He has been singing.> Has he been singing?

English is spoken all over the world.> Is English spoken all over the world?

The window has been cleaned.> Has the window been cleaned?

2. Modal ကို ရှေ့ပို့ပေးခြင်းဖြင့်လဲ မေးခွန်းလုပ်နိုင်တယ်။

They will come.> Will they come?

He might come.> Might he come?

They will have arrived by now.> Will they have arrived by now?

She would have been listening.> Would she have been listening?

The work will be finished soon.> Will the work be finished soon?

They might have been invited to the party.> Might they have been invited to the party?

3. Present simple/ Past simple တို့မှာ auxiliary/ modal မပါဘူး။ သူတို့ကို မေးခွန်းလုပ်ချင်ရင်တော့ present simple အတွက် does/ do၊ past simple အတွက် did ဆိုတဲ့ auxiliary verb တွေနဲ့ မေးခွန်းလုပ်ပေးရတယ်။

They live here.> Do they live here?

John lives here.> Does John live here?

Everybody laughed.> Did everybody laugh?

Verbs (3) – Verb Phrases

English မှာ Verb phrase တွေရှိတယ်။

၁။ main verb

We are here.

I like it.

Everybody saw the accident.

We laughed.

Verb ကတော့ present သို့မဟုတ် past tense ဖြစ်ချင်ဖြစ်မယ်။ Main verb သာပါတဲ့ verb phrase ဟာ simple aspect ကို ပြတာပါပဲ။

၂။ auxiliary verb ‘be’+ main verb ‘-ing’

Everybody is watching.

We are laughing.

Verb phrase with ‘be’+ ‘-ing’ ဟာ continuous aspect ကိုပြတယ်။

၃။ auxiliary verb ‘have’ + main verb ‘past participle’

They have enjoyed themselves.

Everybody has worked hard.

He had finished work.

Verb phrase with ‘have’ + ‘past participle’ ဟာ perfect aspect ကိုပြတယ်။ (has, have – present/ had – past)

၎။ Auxiliary verb ‘have+been’ + main verb ‘-ing’

Everybody has been working hard.

He had been singing.

Verb phrase ‘have been’ + present participle ဟာ perfect continuous aspect ကိုပြတယ်။

၅။ Modal verb + main verb

Modal verb = can, could, may, might, must, shall, should, will, would

They will come.

They might come.

၆။ Modal verb + auxiliary verb ‘be,’ ‘have,’ ‘have been,’

They will be listening.

He might have arrived.

She must have been listening.

၇။ Active and Passive

Transitive တွေမှာ active form ရော passive ရော ရှိတယ်။

The hunter killed the lion. (active) = The lion was killed by the hunter. (passive)

Someone has cleaned the windows. = The windows have been cleaned.

‘Be’ + ‘past participle’ verb phrase နဲ့ passive form လုပ်ရပါတယ်။

English is spoken all over the world.

The windows have been cleaned.

Lunch was being served.

The work will be finished soon.

They might have been invited to the party.

Verbs (4) – Present Tense

English မှာ present tense နှင့် past tense ဆိုပြီး tense နှစ်မျိုးရှိတယ်။

Present tense ကို English မှာ -

Present အကြောင်းပြောဖို့၊

Future အကြောင်းပြောဖို့၊

Story ပြောတဲ့အခါ၊ book, film, play စသည် အကျဉ်းချုပ်ပြောပြတဲ့အခါမျိုးတွေမှာ Past tense အကြောင်းပြောဖို့ အသုံးပြုပါတယ်။

English မှာ Present Tense လေးမျိုးရှိပါတယ်။

1. Present Simple: I work.

2. Present Continuous: I am working.

3. Present Perfect: I have worked.

4. Present Perfect Continuous: I have been working.

ဒီပုံစံတွေကို Present အကြောင်းပြောဖို့ သုံးတယ်။

He works at McDonald’s. He has worked there for three months now.

He is working at McDonald’s. He has been working there for three months now.

London is the capital of Britain.

Future အကြောင်း ပြောဖို့ သုံးတယ်။

The next train leaves at this evening at 1700 hours.

I’ll phone you when I get home.

He’s meeting Peter in town this afternoon.

I’ll come home as soon as I have finished work.

You will be tired out after you have been working all night.

Past အကြောင်း ပြောဖို့သုံးတယ်။

I say to him, ‘What’s your game, son?’

Brando plays an ex-boxer standing up to corrupt bosses.

McEwan handles the characters with his customary skill.

1. Present Simple

Present simple is the base form of the verb: I work in London.

But the third person (he/ she/ it) adds an –s: She works in London.

Present simple ကို လောလောဆယ် အမှန်တရားတွေ (true in the present) ပြောတဲ့အခါ သုံးတယ်။

I’m nineteen years old.

He lives in London.

I’m a student.

လောလောဆယ်မှာ အကြိမ်ကြိမ်ဖြစ်တာတွေ (that happens again and again in the present) ပြောတဲ့အခါသုံးတယ်။

I play football every weekend.

ဒီအခြေအနေမျိုးမှာ sometimes, always, often, never ကဲ့သို့သော adverb of frequency တွေနဲ့ present tense နဲ့ တွဲသုံးတယ်။

I sometimes go to the cinema.

She never plays football.

အမြဲတမ်းမှန်ကန်နေတဲ့တရားတွေအတွက် (that is always true) သုံးတယ်။

The human body contains 206 bones.

Light travels at almost 300,000 kilometres per second.

အနာဂတ်မှာ ကျိန်းသေ သတ်မှတ်ထားတဲ့အရာတွေပြောတဲ့အခါ (that is fixed in the future) သုံးတယ်။

The school terms starts next week.

The train leaves at 1945 this morning.

We fly to Paris next week.

Question and Negative

Present tense မှာ question/ negative လုပ်ဖို့အတွက် do/ does ကိုအကူယူပေးရတယ်။ Third person (he/ she/ it) တို့အတွက် does ကို ယူပြီး အခြားအရာတွေအတွက် do ကိုယူသုံးတယ်။ အနဲကိန်းအတွက် does/ အများကိန်းအတွက် do လို့မှတ်ထားပေါ့။ where/ what/ why/ when/ which/ how/ whom စတဲ့ question word တွေနဲ့လဲ တွဲပြီးမေးခွန်းလုပ်နိုင်တယ်။

Do you play the piano?

Where do you live?

Does Jack play football?

Where does he come from?

Do Rita and Angela live in Manchester?

Where do they work?

Who နဲ့မေးခွန်းလုပ်ရင်တော့ do/ does တွေ မပါတာကိုသတိထားရပါမယ်။

Who lives in London?

Who plays football at the weekend?

Who works at Liverpool City Hospital?

အကယ်၍ does/ do ပါလာမယ်ဆိုရင် အဓိပ္ပါယ် ကွဲလွဲသွားတယ်ဆိုတာ မှတ်ထားပါ။

Who do you play with? = With whom do you paly?

Who do you want to speak to? = To whom do you want to speak?

အငြင်းဝါကျ (negative sentence) လုပ်တဲ့အခါမှာလဲ does/ do အကူယူပြီး not ထည့်ပေးရုံပါပဲ။ (do not = don’t/ does not = doesn’t)

I like tennis but I don’t like football.

I don’t live in London now.

I don’t play the piano, but I play the guitar.

They don’t work at the weekend.

John doesn’t live in Manchester.

Angela doesn’t drive to work. She goes by bus.

2. Present Continuous

Present continuous tense is formed from the present tense of the verb be and the present participle (-ing) form of a verb. (be+-ing)

၁။ Present continuous tense ကို present အကြောင်း ပြောတဲ့အခါ သုံးတယ်။ သုံးတဲ့အခါမှာလဲ-

-ပြောနေချိန်မှာ ဖြစ်နေတာကို ပြောဖို့သုံးတယ်။ (happening at the moment of speaking)

I’m just leaving work. I’ll be home in an hour.

Please be quiet. The children are sleeping.

-ပြောတဲ့အချိန်မှာ ဖြစ်နေတာတွေကို ပြောဖို့သုံးတယ်။ (happening before and after a given time)

At eight o’clock we are usually having breakfast.

When I get home the children are doing their homework.

- ယာယီလို့ ထင်မြင်ထားတဲ့အရာတွေ ပြောတဲ့အခါသုံးတယ်။ (which we think is temporary)

Michael is at university. He’s studying history.

I’m working in London for the next two weeks.

- အကြောင်းအရာက အသစ်ဖြစ်နေပြီး အဟောင်းနဲ့ ဆန့်ကျင်နေတာတွေ ပြောတဲ့အခါ သုံးတယ်။ (which is new and contrasts with a previous state)

These days most people are using email instead of writing letters.

What sort of clothes are teenagers wearing nowadays? What sort of music are they listening to?

- ပြောင်းလဲဖြစ်စဉ်ကိုပြဖို့ သုံးတယ်။ (to show that something is changing, growing or developing)

The children are growing quickly.

The climate is changing rapidly.

Your English is improving.

- မကြာခဏ ဖြစ်နေတာတွေပြောဖို့သုံးတယ်။

It’s always raining in London.

They are always arguing.

George is great. He’s always laughing.

(ဒီလိုအခြေအနေမျိုးမှာ always ကိုသုံးတယ်ဆိုတာ သတိထားခဲ့ပါ။)

၂. Present continuous tense ကို အနာဂတ်ကိုပြောဖို့အတွက်သုံးတယ်။ စီစဉ်ထားပြီး အရာတွေအတွက် သုံးတယ်။ (something which has been arranged or planned)

Mary is going to a new school next term.

What are you doing next week?

၃။ အတိတ်ကိုပြောဖို့လဲ present continuous tense ကိုသုံးတယ်။

ပုံပြင်တွေပြောတဲ့အခါမျိုး၊ စာအုပ် ဇာတ်ကား ပြဇာတ်တွေကို အကျဉ်းချုပ်နေတဲ့အခါမျိုးတွေမှာ သုံးလေ့ရှိတယ်။ (When we are telling a story: When we are summarizing the story from a book, film or play etc:)

3. Present Perfect

Present perfect is formed from the present tense of the verb have and the past participle of a verb. (has/have + past participle)

Present perfect continuous is formed with has/ have been and the –ing form of the verb. (has/ have been + -ing)

Present perfect tense ကို

အတိတ်ကစခဲ့ပြီး ပစ္စုပ္ပန်(လောလောဆယ်)မှာ ဆက်လက်ဖြစ်နေတဲ့အရာတွေကို ပြောရင် သုံးတယ်။

They’ve been married for nearly fifty years.

She has lived in Liverpool all her life.

ပုံမှန်အားဖြင့်တော့ present perfect continuous ကို သုံးလေ့ရှိတယ်။

She has been living in Liverpool all her life.

It’s has been raining for hours.

အတိတ်ကလဲ မကြာခဏပြုလုပ်လေ့ရှိပြီး အခုလဲ ဆက်ပြုလုပ်နေသေးတဲ့အရာတွေ ပြောရင် သုံးတယ်။

I’ve played the guitar ever since I was a teenager.

He has written three books and he is working on another one.

I’ve been watching that program every week.

အတိတ်ဘယ်အချိန်ကစခဲ့တယ်ဆိုတာ ပြောဖို့ ဒီလိုမျိုး sentence တွေနဲ့ since နဲ့ တွဲသုံးတယ်။

They’ve been staying with us since last week.

I have worked here since I left school.

I’ve been watching that program every week since it started.

အခုအထိ အတွေ့အကြုံတွေကို ပြောတဲ့အခါ သုံးတယ်။ ever/ never တို့နဲ့ တွဲသုံးလေ့ရှိတယ်။

My last birthday was the worst day I have ever had.

Have you ever met George?

Yes, but I have never met his wife.

ပြောတဲ့အချိန်မှာ အရေးကြီးနေတဲ့ အတိတ်က ဖြစ်ရပ်တွေအတွက် သုံးတယ်။

I can’t get in the house. I’ve lost my keys.

Teresa isn’t at home. I think she has gone shopping.

I’m tired out. I’ve been working all day.

တစ်ယောက်ယောက် တစ်နေရာရာ သွားပြီးပြန်လာတဲ့အခါ present perfect ‘be’ ကိုသုံးတယ်။

Where have you been? I’ve just been out of the supermarket.

Have you ever been to San Francisco? No, but I’ve been to Los Angles.

ပြန်မလာသေးဘူးဆိုရင်တော့ has/ have gone ကိုသုံးတယ်။

Where is Maria? I haven’t seen her for weeks.

She’s gone to Paris for a week. She’ll be back tomorrow.

Recent past ကိုပြတဲ့ just/ only just/ recently ဆိုတဲ့ time adverbial တွေနဲ့ present perfect နဲ့ တွဲသုံးလေ့ရှိတယ်။

Scientists have recently discovered a new breed of monkey.

We have just got back from our holidays.

Present အထိပြောတဲ့ adverbial တွေနဲ့လဲ သုံးတယ်။

Ever (in question); so far; until now; up to now; yet (in question and negative)

Have you ever seen a ghost?

Where have you been up to now?

Have you finished your homework yet?

No, so far I’ve only done my history.

Note: ပြီးပြီးအတိတ်ကို ညွှန်းတဲ့ adverbial တွေနဲ့ သုံးလို့မရဘူး။

I have seen that film yesterday.

We have just bought a new car last week.

When we were children we have been California.

ဒါမေပမယ့် မပြီးသေးတဲ့အတိတ်ကို ရည်ညွှန်းရင်တော့ သုံးလို့ရတယ်။

Have you seen Helen today?

We have bought a new car this week.

Verbs (5) – Past Tense

English မှာ present tense နှင့် past tense ဆိုပြီး tense နှစ်မျိုးရှိတယ်။

Past tense ကို -

အတိတ်အကြောင်းပြောဖို့၊

တင်စားပြောတဲ့ အရာ၊ အမှန်ထက် စဉ်းစားထားတာတွေပြောတဲ့ hypotheses အကြောင်းပြောဖို့နှင့်

ယဉ်ကျေးမှု politeness အကြောင်းပြောဖို့ သုံးတယ်။

Past tense forms (၄)မျိုးရှိတယ်။

Past simple: I worked.

Past continuous: I was working.

Past perfect: I had worked.

Past perfect continuous: I had been working.

ဒီပုံစုံတွေကို -

၁။ past အကြောင်းပြောဖို့သုံးတယ်။

He worked at McDonald’s. He had worked there since July.

He was working at McDonald’s. He had been working since July.

၂။ Present or future ကိုရည်ညွှန်း Conditions တွေမှာ ဖို့သုံးတယ်။

He could get a new job if he really tried.

If Jack was playing, they would probably win.

-Hypotheses တွေမှာလဲ သုံးတယ်။

It might be dangerous. Suppose they got lost.

I would always help someone who really needed help.

- Wishes တွေမှာလဲ သုံးတယ်။

I wish it wasn’t so cold.

၃။ Conditions, hypotheses, wishes တွေမှာ past အကြောင်းပြောချင်ရင် perfect tense ကိုပဲ အမြဲသုံးရတယ်။

I would have helped him if he had asked.

It was very dangerous. What if you had got lost?

I wish I hadn’t spent so much money last month.

၎။ အချို့ polite expression တွေမှာ present အကြောင်းပြောဖို့ past ကိုသုံးနိုင်တယ်။

Excuse me, I was wondering if this was the train for York.

I just hoped you would be able to help me.

1. Past Simple

Past Simple tense ကို -

အတိတ်က တစ်ချန်ကဖြစ်ခဲ့တာကို ပြောရန် သုံးတယ်။

I met my wife in 1983.

We went to Spain for our holidays.

They got home very late last night.

အတိတ်က အကြိမ်ကြိမ်ဖြစ်ခဲ့တာတွေ ပြောရန်သုံးတယ်။

When I was a boy I walked a mile to school every day.

We swam a lot when we were on holiday.

They always enjoyed visiting their friends.

အတိတ်တစ်ချိန်ချိန်က အမှန်ဖြစ်ခဲ့တာကို ပြောရန်သုံးတယ်။

I lived abroad for ten years.

He enjoyed being a student.

She played a lot of tennis when she was younger.

ရံခါ ago နဲ့ တွဲသုံးတယ်။

I met my wife a long time ago.

Questions and Negatives

Question လုပ်ဖို့အတွက် did ကို အကူယူသုံးရတယ်။

When did you meet your wife?

Where did you go for your holidays?

Did she play tennis when she was younger?

Did you live abroad?

Who နဲ့မေးရင်တော့ did မပါတာကို သတိထားပါ။

Who discovered penicillin?

Who wrote Don Quixote?

Negative လုပ်ဖို့တော့ didn’t ကိုသုံးတယ်။ (did not)

They didn’t go to Spain this year.

We didn’t get home until very late last night.

I didn’t see you yesterday.

2. Past Continuous

The past continuous is formed from the past tense of be with the –ing form of the verb.

အတိတ်အကြောင်းကိုပြောဖို့ past continuous ကိုသုံးရာတွင်- ဘယ်လိုအခြေအနေမျိုးမှာ သုံးလေ့ရှိတယ်ဆိုတာ အောက်ပါရှင်းလင်းချက်လေးတွေနဲ့ ဥပမာလေးတွေကို သေချာနားလည်အောင် ကြည့်ပါ။

We use the past continuous to talk about the past:

- for something which continued before and after another action.

The children are doing their homework when I got home.

As I was watching television the telephone rang.

The other day I was waiting for a bus when….

Last week as I was driving to work….

- for something that happened before and after a particular time.

It was eight o’clock. I was writing a letter.

In July she was working in McDonald’s.

- to show that something continued for some time.

My head was aching.

Everyone was shouting.

- for something that was happening again and again.

I was practising everyday, three times a day.

They were meeting secretly after school.

They were always quarreling.

- with verbs which show change or growth.

The children are growing up quickly.

Her English was improving.

My hair was going grey.

The town was changing quickly.

3. Past Perfect

Past Perfect ကို had + past participle နဲ့ ရေးရတယ်။

I had finished the work.

She had gone.

Past perfect continuous ကို had been + -ing နဲ့ ရေးရတယ်။

I had been finishing the work.

She had been going.

Past perfect ကိုလဲ present perfect တုန်းကလိုပဲသုံးတာပါ။ သို့သော် အခုဖြစ်နေတာကို မရည်ညွှန်းဘဲ အတိတ်ကဖြစ်နေခဲ့တာကို ရည်ညွှန်းတယ်။ အသုံးပြုရာတွင်

- အတိတ်က စခဲ့ပြီး အတိတ်က ပြောနေတဲ့အချိန်အထိ ဆက်ဖြစ်နေတာအတွက် သုံးတယ်။

When George died he and Anne had been married for early fifty years.

She didn’t want to move. She had lived in Liverpool all her life.

ဒါမျိုးကို Past perfect continuous နဲ့ ပုံမှန်သုံးလေ့ရှိတယ်။

She didn’t want to move. She had been living in Liverpool all her life.

Everything was wet. It had been raining for hours.

-အတိတ်က အကြိမ်ကြိမ်ပြုလုပ်ခဲ့တာတွေဟာ ပြောနေတဲ့အတိတ်အချိန်ကျော်အောင် ဆက်ဖြစ်နေခဲ့တာမျိုးအတွက်လဲ သုံးတယ်။

He was a wonderful guitarist. He had been playing ever since he was a teenager.

He had written three books and he was working on another one.

I had been watching the programme every week, but I missed the last episode.

အတိတ်ကစခဲ့တယ်ဆိုတာပြဖို့အတွက် clause ကို since နဲ့ ရေးလေ့ရှိတယ်။

They had been staying with us since the previous week.

I was sorry when the factory closed. I had worked there since I left school.

I had been watching the programme every week since it started but I missed the last episode.

-Experience, အတွေ့အကြုံတွေကို တင်ပြတဲ့အခါမျိုးမှာ သုံးတယ်၊ အဲဒီတုန်းက ပစ္စုပ္ပန်အတွက် သုံးတယ်။

My eighteenth birthday was the worst day I had ever had.

I was pleased to meet George. I hadn’t met him before, even though I had met his wife several times.

- အတိတ်မှာဖြစ်ခဲ့တယ်၊ ဒါပေမယ့် ပြောပြတဲ့အချိန်မှာ အရေးကြီးတယ်ဆိုရင် သုံးတယ်။

I couldn’t get into the house. I had lost my keys.

Teresa wasn’t at home. She had gone shopping.

- Conditions, hypotheses, wishes တွေမှာ အတိတ်အကြောင်း ပြောရင် past perfect ကိုသုံးတယ်။

I would have helped him if he had asked.

It was very dangerous. What if you have got lost?

I wish I hadn’t spent so much money last month.

Verbs (6) – Perfect Aspect

Present Perfect ကို တစ်စုံတစ်ခုဟာ အခုချိန်အထိ ဆက်ဖြစ်နေတာပြောဖို့သုံးတယ်။

They have been married for nearly fifty years.

She’s lived in Liverpool all her life.

-ပစ္စုပ္ပန်မှာ အရေးကြီးတာတွေကိုသုံးတယ်။

I’ve lost my keys. I can’t get into the house.

Teresa isn’t at home. I think she has gone shopping.

Present Perfect Continuous ကို ပစ္စုပ္ပန်အထိ ဆက်လက်ဖြစ်နေတာကိုပြဖို့သုံးတယ်။

It has been raining for hours.

We’ve been waiting here since six o’clock this morning.

Past perfect ကို အတိတ်တစ်ချိန်အထိ ဆက်ဖြစ်နေတာပြောဖို့သုံးတယ်။

When George died he and Anne had been married for nearly fifty years.

- အတိတ်မှာ အဲဒီအချိန်အရေးကြီးတာကိုပြောဖို့ သုံးတယ်။

I couldn’t get into the house. I had lost my keys.

Teresa wasn’t at home. She had gone shopping.

Past Perfect Continuous ကို အတိတ်တစ်ချိန်ချိန်အထိ ဆက်လက်ဖြစ်နေတာကို ပြဖို့ သုံးတယ်။ အတိတ်တစ်ချိန်မှာ အရေးကြီးတာကို ပြဖို့သုံးတယ်။

Everything was wet. It had been raining for hours.

He was a wonderful guitarist. He had been playing ever since he was a teenager.

တစ်စုံတစ်ခုဟာ အနာဂတ်တစ်ချိန်ချိန်မှာပြီးမယ်ဆိုတာ ပြဖို့ perfect ကို will နဲ့ သုံးတယ်။

In a few years, they will have discovered a cure for the common old.

I can come out tonight. I’ll have finished my homework by then.

အတိတ်က ဖြစ်တော့ မဖြစ်ခဲ့ဘူး၊ သို့သော် အကြောင်းတိုက်ဆိုင်ရင် ဖြစ်နိုင်ခဲ့တာတွေပြောဖို့ perfect ကို would နဲ့ တွဲသုံးတယ်။

If you had asked me I would have helped you.

I would have helped you, but you didn’t ask me.

You didn’t ask me or I would have helped you.

တစ်စုံတစ်ခု ဖြစ်နိုင်မယ်၊ ဖြစ်သင့်တယ်၊ ဖြစ်သင့်ခဲ့တယ်လို့ပြောရတဲ့ အချိန်ကနေ ပြန်ကြည့်ပြီးပြောတဲ့အခါ perfective aspect ကို modals တွေနဲ့ တွဲသုံးတယ်။

The point of time may be in the future:

We’ll meet again next week. We might have finished the work by then.

I’ll phone at six o’clock. He should have got home by then.

The present:

It’s getting late. They should have arrived by now.

He’s still not here. He must have missed his train.

The past:

I wasn’t feeling well. I must have eaten something bad.

I checked my cell phone. She could have left a message.

Verbs (7) – Continuous Aspect

Continuous = be + -ing

Present tense ရော Past tense မှာပါ Continuous Form ရှိတယ်။

Continuous aspect ကို -

ပြောတဲ့အချိန်မတိုင်မီအချိန်ကနေ ကျော်သွားသည်အထိ ဖြစ်နေတာကို သုံးတယ်။ (before and after a given time)

He’s getting on the train. [before and after the moment of speaking]

It was quarter past ten. We were watching the news on television.

အခြားလုပ်ဆောင်ချက်တစ်ခုရဲ့ မတိုင်မီအချိန်ကနေ ကျော်သွားသည်အထိ ဖြစ်နေတာကို သုံးတယ်။ [before and after another action]

Mother will be cooking the dinner when get home.

We were waiting for the bus when it started to rain.

အချိန်တော်တော်ကြာကြာ ဆက်လက်ဖြစ်နေတာအတွက် သုံးတယ်။ [continuing for some time]

Everyone will be waiting for us.

They had been working hard all day.

ထပ်ပြန်တလဲလဲဖြစ်နေတာအတွက်သုံးတယ်။ [happening again and again]

They’ve been doing that every day this week.

The children are always shouting.

He will be practicing the piano every night.

ယာယီအတွက် (temporary) သုံးတယ်

We are renting an apartment until our house is ready.

He was working in a garage during the vacation.

အသစ်တစ်စုံတစ်ရာအတွက် သုံးတယ်။ [something new]

We have moved from Birmingham. We’re living in Manchester now.

He had left university and was working in his father’s business.

ပြောင်းလဲ၊ တိုးတက်နေတာတွေအတွက် သုံးတယ်။ [changing or developing]

Everything has been getting more difficult.

He was growing more bad-tempered every day.