ဤသို့ တွေးမိပါသည်

ကိုယ်ကျိုး

ကိုယ်ကျိုးကိုသာ ရှေ့တန်းတင်ထားသရွေ့ လောကငြိမ်းချမ်းရေးနဲ့ ဝေးနေဦးမည်သာ။ ကိုယ်ကျိုးကိုသာ ရှေ့ ထားနေရင် ကိုယ်လဲမငြိမ်းချမ်း၊ လောကလဲ မချမ်းသာ။

လွန်ဆွဲပွဲ

ဘာသာတရားဟာ လောကကြီးကို အကောင်းဘက်ပြောင်းသွားစေနိုင်သလို အဆိုးဘက်လဲ ပြောင်းသွားစေနိုင်တယ်။ ဒါကြောင့် လောကကြီး ကောင်းအောင်လုပ်နိုင်တာလဲ ဘာသာတရား၊ ဆိုးအောင်လုပ်နိုင်တာလဲ ဘာသာတရား။ အချို့ဘာသာတွေက လောကငြိမ်းချမ်းရေး ရှေ့ရှုဆောင်ရွက်နေကြစဉ်မှာ အချို့ဘာသာတွေက လောကငြိမ်းချမ်းရေး ပျက်ပြားအောင် ဆောင်ရွက်နေကြတယ်။ ဒီအစွန်းနှစ်ခုရဲ့ လွန်ဆွဲပွဲ သင်ဘယ်ဘက်က အားပေးမလဲ။

လူတော်လူကောင်း

လူတော်တိုင်းလဲ မကောင်း၊ လူကောင်းတိုင်းလဲ မတော်။ တော်လဲတော် ကောင်းလဲကောင်းပါမှ လူတော်လူကောင်း။

Comments

Popular posts from this blog

မူလနှစ်ဖြာ

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

ဘဝပစ်စယာ ဇာတိ