အတွေးသီဝရီမှတ်စု

ဘ၀ပြောင်းလဲလိုသော်

ပြောင်းရဲမှ ပြောင်းလဲမည်။ မပြောင်းရဲရင် မပြောင်းလဲဘူး။ (ရံခါမှန်သည့်သီဝရီ)

အမှား အမှန်

အမှန်မှာ မှားနေသည်။ (အများလက်ခံထားသည့်အမှန်တရားသည် ရံခါ မှားနေတတ်သည်။)

စိတ်စွမ်းအား

ရိုးဖြောင့်တဲ့စိတ် အင်အားတွေ ပြည့်နေတယ်။

ဖြူစင်တဲ့စိတ် ခွန်အားတွေ ပြည့်နေတယ်။

မြင့်မြတ်တဲ့စိတ် စွမ်းအားတွေ ပြည့်နေတယ်။

သတ္တိကောင်း

သတ္တိဆိုတာ ကောင်းတဲ့နေရာမှာလဲ ရှိတယ်၊ မကောင်းတဲ့နေရာမှာလဲ ရှိတယ်။ မကောင်းတဲ့ နေရာမှာရှိတဲ့ သတ္တိက သတ္တိဆိုး၊ ကောင်းတဲ့နေရာမှာ ရှိတဲ့သတ္တိကမှ သတ္တိကောင်း။

Comments

Popular posts from this blog

မူလနှစ်ဖြာ

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

ဘဝပစ်စယာ ဇာတိ