Posts

Showing posts with the label Biography
Image
မူလနှစ်ဖြာ အပိုင်း (ဃ) မနေ့က ရှေ့စက်ကို ဥစ္ဆေဒဒိဋ္ဌိပယ်ဖို့၊ နောက်စက်ကို သဿတဒိဋ္ဌိပယ်ဖို့ ဘုရားဟောတော်မူရင်း ဖြစ်ကြောင်းတင်ပြခဲ့တယ်။ ဒီတော့ တစ်ဆက်တည်း ဒိဋ္ဌိဆိုတဲ့စကားလုံးနဲ့ ဆက်စပ်လို့ ထပ်မံရှင်းလင်းပေးဖို့ လိုအပ်လျက်ရှိနေတာ တွေ့ရပါတယ်။ ဒိဋ္ဌိက ဘယ်နှစ်မျိုးရှိလဲ၊ ဘာကြောင့် ဒိဋ္ဌိကို ပယ်ဖို့လိုအပ်သလဲ၊ ဒိဋ္ဌိရှိခြင်းနဲ့ မရှိခြင်းက ဘယ်လောက်ထူးခြားလဲ၊ ကိုယ့်သန္တာန်မှာ ဘယ်ဒိဋ္ဌိရှိနေတယ်ဆိုတာ ဘယ်လို အကဲခတ်နိုင်မလဲ စသည် သိထားမှ ပဋိစ္စသမုပ္ပါဒ်ကို လေ့လာရကျိုး နပ်ပါလိမ့်မယ်။ ရှေးဦးစွာ ဒိဋ္ဌိအမျိုးအစားတွေနဲ့ မိတ်ဆက်ပေးပါမယ်။ ဒိဋ္ဌိ (၆၂)မျိုးရှိတယ်ဆိုတာ ကြားဖူးကြမှာပါ။ ဒီ(၆၂)မျိုးလုံးကို အချိန်ကုန်ခံ လေ့လာနေစရာမလိုပါဘူး။ အရေးအကြီးဆုံး သိထားရမယ့် ဒိဋ္ဌိက သုံးမျိုးပဲ ရှိပါတယ်။ ၁။ သက္ကာယဒိဋ္ဌိ ၂။ သဿတဒိဋ္ဌိ နှင့် ၃။ ဥစ္ဆေဒဒိဋ္ဌိ တို့ပါပဲ။ သက္ကာယဆိုတာ ခန္ဓာငါးပါးကို ပြောတာ။ အထင်အရှား ရှိတဲ့ ခန္ဓာငါးပါးကို ငါလို့ ထင်မြင်နေတာ၊ ဒီလို အထင်မှား အမြင်မှားတာက ဒိဋ္ဌိ။ ခန္ဓာငါးပါးက သက္ကာယ၊ အထင်အမြင်မှားတာက ဒိဋ္ဌိ၊ ပေါင်းလိုက်တော့ သက္ကာယဒိဋ္ဌိ။ ငါလို့ထင်မြင်ယူဆထားတဲ့ ခန္ဓာငါးပါးဟာ ခိုင်ခံ့နေတယ်၊ မပျက်မ...

အတၳဳပၸတၱိ

Image
မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ပဓာနနာယကဆရာတော် ဒေါက်တာအရှင်ပါရမီ၏ ထေရုပ္ပတ္တိအကျဉ်းချုပ် ၁။ ဘွဲ့- အရှင်ပါရမီ ၂။ အသက်-(၄၁)နှစ်၊ သိက္ခာ(၂၁)၀ါ ၃။ မွေးသက္ကရာဇ်-၁၃၃၂-ခုနှစ်၊ ၀ါဆိုလဆန်း(၆)ရက်၊ ကြာသပတေးနေ့၊ ၁၉၇၀-ခုနှစ်၊ ဂျူလိုင်(၉)ရက် ၄။ ဇာတိ- အင်ပင်ရွာ၊ ငှက်ပျောခြံကျေးရွာအုပ်စု၊ အရာတော်မြို့နယ်၊ စစ်ကိုင်းတိုင်း ၅။ မိဘ- ဦးဟန်ပို+ဒေါ်ခင်မိ၊ အင်ပင်ရွာ ၆။ ရဟန်းဒါယကာ- တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး ဦးဥတ္တမသာရ၊ လုံပီးရွာ၊ ဖလမ်းမြို့နယ်၊ ချင်းပြည်နယ် ၇။ ရဟန်းဥပဇ္ဈာယ်ဆရာ- ဦးသုတေသန၊ ရွှေတောင်ရွာ၊ အရာတော်မြို့နယ်၊ စစ်ကိုင်းတိုင်း ၈။ (၂၇-၀၆-၂၀၀၉) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ဒေါက်တာဘွဲ့ကို အပ်နှင်းခြင်းခံရသည်။ ၉။ ပညာအရည်အချင်း - သာသနတက္ကသီလဓမ္မာစရိယ၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ၊ B.A. (Buddhism), M.A. (Buddhism) (MDY), PhD (ITBM University), PhD (Thesis) (University of Mumbai) ၁၀။ အလုပ်အကိုင်- လက်ထောက်ကထိက၊ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်မြို့ ၁၁။ အမြဲသီတင်းသုံးရာဌာန- မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၊ ရတနာကျွန်း၊ သုနန္ဒာလမ...