Posts

Showing posts with the label Article
Image
မူလနှစ်ဖြာ အပိုင်း(ခ) အဝိဇ္ဇာသည် အတိတ်အကြောင်းမူလ၊ တဏှာသည် ပစ္စုပ္ပန်အကြောင်းမူလ လို့ မှတ်လိုက်ပါ။ သံသရာမှာ အနေကြာဖို့ သူတို့နှစ်ပါး တစ်လှည့်စီ ခေါင်းဆောင်နေကြတာဖြစ်တယ်။ အတိတ်ဘဝက အဝိဇ္ဇာခေါင်းဆောင်လုပ် တဏှာက နောက်လိုက်၊ ပစ္စုပ္ပန်ဘဝမှာ တဏှာက ခေါင်းဆောင်လုပ် အဝိဇ္ဇာကနောက်လိုက်၊ ဒီလိုနဲ့ သံသရာကို မရှည် ရှည်အောင် ဆွဲဆန့်တတ်တဲ့တရားနှစ်ပါးဟာ အဝိဇ္ဇာနဲ့ တဏှာပါပဲ။ အဝိဇ္ဇာဟာ အဘိဓမ္မာအရှိတရားအနေနဲ့ ပြောရရင် မောဟ။ မသိတာဟာ မောဟ၊ သို့မဟုတ် အဝိဇ္ဇာ။ သစ္စာလေးပါးကို မသိတာ အဝိဇ္ဇာ။ သစ္စာလေးပါးသိရင် ဝိဇ္ဇာ။ ဒါက လိုရင်းပြောတာ။ အတိအကျပြောရရင် အဝိဇ္ဇာရဲ့ မသိခြင်း (၈)ချက်ရှိတယ်။ ၁။ ရှေ့အစွန်းကိုလဲ မသိ (ပုဗ္ဗန္တ)၊ ၂။ နောက်အစွန်းကိုလဲ မသိ (အပရန္တ)၊ ၃။ ရှေ့အစွန်း နောက်အစွန်းနှစ်ပါးကိုလဲ မသိ (ပုဗ္ဗန္တာပရန္တ)၊ ၄။ ပဋိစ်စသမုပ်ပါဒျကိုလဲ မသိ၊ ၅။ သစ္စာလေးပါးကိုလဲ မသိ။ မှတ်ချက်။ ။ ရှေ့(၄)ချက်နဲ့ သစ္စာလေးပါး မသိခြင်း (၄)ချက်ပေါင်း မသိ(၈)ချက်။ ရှေ့အတိတ်က ဘယ်တရားတွေကြောင့် ပစ္စုပ္ပန်ခန္ဓာရလာတာလဲ ဆိုတာ မသိတာ ရှေ့အစွန်း (ပုဗ္ဗန္တ) ကိုမသိတာပဲ။ ဘဝနဲ့ပြောရရင် ရှေ့ဘဝကို မသိတာ။ စက်ဝိုင်းထောက်ပြရမယ်ဆိုရင် အကွက်နံပါတ်...
Image
ပဋိစ္စသမုပ္ပါဒ်လည်ပုံပြ ဆောင်ပုဒ်လင်္ကာ (မိုးကုတ်ဆရာတော်ဘုရားကြီး) မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့်၊ သုံးပါးအစပ်၊ နှစ်ရပ်မူလ၊ ဝဋ်သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှလွတ်ကြောင်းတည်း။ အသွယ် ရှစ်သွယ် မူလနှစ်ဖြာ = အဝိဇ္ဇာနှင့် တဏှာ သစ္စာနှစ်ခု = ဒုက္ခသစ္စာ၊ သမုဒယသစ္စာ လေးခုအလွှာ = အတိတ်အကြောင်း တစ်လွှာ၊ ပစ္စုပ္ပန်အကျိုး တစ်လွှာ၊ ပစ္စုပ္ပန်အကြောင်း တစ်လွှာ၊ အနာဂတ်အကျိုး တစ်လွှာ အင်္ဂါတစ်ဆယ့်နှစ်ပါး = အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ၊ ဇရာမရဏ သုံးပါးအစပ် = သင်္ခါရနှင့် ဝိညာဏ် တစ်စပ်၊ ဝေဒနာနှင့် တဏှာ တစ်စပ်၊ ကမ္မဘဝနှင့် ဇာတိ တစ်စပ် ဝဋ်သုံးဝနှင့် = ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ကာလသုံးဖြာ = လွန်လေပြီးသော အတိတ်ကာလ၊ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၊ နောင်ဖြစ်လတ္တံ့ အနာဂတ်ကာလ ခြင်းရာနှစ်ဆယ် = အတိအကြောင်းအခြင်းအရာ ငါးပါး၊ ပစ္စုပ္ပန် အကျိုးအခြင်းအရာ ငါးပါး၊ ပစ္စုပ္ပန် အကြောင်းအခြင်းအရာ ငါးပါး၊ အနာဂတ်အကျိုးအခြင်းအရာ ငါးပါး။ မူလနှစ်ဖြာ အပိုင်း (က) အဝိဇ္ဇာနှင့်...

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၄)

ဒိဋ္ဌိကို ငရဲမျိုးစေ့ဟုလည်းကောင်း၊ အပါယ်မျိုးစေ့ဟုလည်းကောင်း မိုးကုတ်ဆရာတော်ဘုရားကြီး မကြာခဏ မိန့်တော်မူလေ့ရှိပါတယ်။ မှန်ပါတယ်။ ဒိဋ္ဌိမပြုတ်လို့ပဲ လုပ်ချင်ရာလုပ်နေကြတာ။ ဒိဋ္ဌိအစွဲတွေကြောင့်ပဲ အမြင်မမှန်ကြ၊ အမှန်မမြင်ကြပဲဖြစ်နေကြတာပါ။ ကိုယ့်ခန္ဓာကိုယ်ကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်မှတ်နေကြတာဟာ ဒိဋ္ဌိအစွဲကြောင့်ပါပဲ။ ဒီလိုထင်မြင်နေတာ ဘာပြဿနာရှိလို့လဲ လို့ ထင်မှတ်စရာတော့ ရှိတာပေါ့။ သာမန်အတွေးနဲ့ ကြည့်မယ်ဆိုရင် ဒီအထင်ဟာ ဒါလောက်တော့ မဆိုးဝါးဘူးလို့ ထင်စရာရှိတယ်လေ။ ငါ့လက် ငါ့ခြေ ငါ့ခေါင်း ငါ့ခါး စသည်ထင်မြင်စွဲမှတ်ထားခြင်းဟာ အရှိခန္ဓာပေါ်မှာ မရှိတဲ့ ငါစွဲဒိဋ္ဌိ ၀င်နေတဲ့သဘောပါပဲ။ အရှိက ရုပ်နာမ် ခန္ဓာ၊ မရှိတာက ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ။ အရှိတရားက သက္ကာယ၊ မရှိတရားက ဒိဋ္ဌိ။ ပေါင်းလိုက်တော့ သက္ကာယဒိဋ္ဌိ။ အရှိတရားသက္ကာယဆိုတာ ရုပ်နာမ် ခန္ဓာမျှသာဖြစ်တယ်။ ဒါကြောင့် အရှိတရားက ဒုက္ခမပေးနိုင်ပါဘူး။ အပါယ်မပို့နိုင်ပါဘူး။ မရှိကို အရှိထင်၊ ငါစွဲဝင်နေတဲ့ ဒိဋ္ဌိကြောင့် ဒုက္ခတွေရောက်ကြ၊ အပါယ်ဘုံတွေပေါက်ကြနဲ့ ဖြစ်နေတာပေါ့။ ဒီလို ငါစွဲနဲ့ ထာဝရ စွဲမြဲထင်မြင်နေကြတာဟာ သက္ကာယဒိဋ္ဌိနဲ့ ရှင်သန်နေကြတာပါပဲ။ မရှိတရားရဲ့ အလွှမ်းမိုးခ...

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၃)

ရုပ်ကို ရုပ်မှန်းသိ၊ ဖြစ်ပျက်မြင်အောင်ကြည့်။ နာမ်ကို နာမ်မှန်းသိ ဖြစ်ပျက်မြင်အောင်ကြည့်။ သာမန်အားဖြင့် ကြည့်ကြမြင်ကြတဲ့အတိုင်း လောကကြီးကို ကြည့်ကြမယ်၊ ရှုမြင်သုံးသပ်ကြမယ်ဆိုရင် ပညတ်တွေ အပေါ်မှာတင် အသိလမ်းဆုံးနေကြတယ်။ ဒီပညတ်တွေကို ခွါနိုင်မှ ပရမတ်ကို ဖောက်ထွင်း မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပညတ်တွေကို ခွါနိုင်အောင် ကြိုးစားကြရမှာပါ။ တကယ်တော့ လောကကြီးမှာ ပညတ်နဲ့ ကင်းကွာလို့လည်း မရပါဘူး။ ပညတ်တွေနဲ့ မှတ်သားပြီး စကားတွေ ပြောဆိုနေကြရတာ၊ ပညတ်တွေနဲ့ မှတ်သားပြီး ပညာတွေ သင်ကြားနေကြရတာ၊ အလုပ်တွေ လုပ်နေကြရတာ။ ဒီလို ပညတ်တွေ သုံးစွဲကြရင်းနဲ့ ပညတ်ကို အားကိုးရာအစစ်၊ အရှိတရားအစစ်အဖြစ် ထင်မြင်လာကြတာဟာ သဘာဝပါပဲ။ လူ၊ ခွေး၊ နွား၊ နတ်၊ ဗြဟ္မာစသည် ခေါ်နေကြတာတွေဟာ တကယ်တော့ ပညတ်တွေမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ ပညတ်တွေကို အခေါ်ရှိလို့ မှတ်လိုက်တာပေါ့။ အခေါ်ရှိအပြောရှိမျှသာ ဖြစ်ပါတယ်။ အခေါ်ရှိ အပြောရှိတွေကိုလည်း နားလည်ထားရမှာဖြစ်ပြီး လက်ခံထားရမှာလည်း ဖြစ်ပါတယ်။ ပစ်ပယ်ထားလို့ မရပါဘူး။ ဒါပေမယ့် ဒီအထင် ဒီအမြင်တွေနဲ့ပဲ ဘ၀ပေါင်းများစွာ သံသရာဖြတ်သန်းခဲ့ကြသကဲ့သို့ နောက်လည်း ဒီအမြင်တွေနဲ့ပဲ ဆက်သွ...

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၂)

ကိုယ့်သန္တာန်မှာ ဖြစ်နေဆဲရုပ် ဖြစ်နေဆဲနာမ်ကို သိဖို့အရေးဟာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မသိနိုင်ဘူးလားဆိုတော့လဲ ကျကျနန ရှင်းလင်းပြပေးနိုင်မယ်ဆိုရင်တော့ သိနိုင်ပါတယ်။ ရုပ်လို့ ပြောမယ်ဆိုရင်တော့ သာမညအားဖြင့် အပြောဖြစ်လို့ ရူပက္ခန္ဓာကို ပြောခြင်းလို့ မှတ်ထားလိုက်ပေါ့။ ဒီရုပ်ကနေ လတ်တလော ယခုဖြစ်၍ ယခုပျက်တဲ့ရုပ်ကလေးတွေ ပေါ်ဆဲရုပ်ကလေးတွေ ထင်မြင်လာအောင် ကြည့်တတ်မယ်ဆိုရင်တော့ ဥပါဒါနက္ခန္ဓာဖြစ်တဲ့ ၀ိပဿနာအရှုခံရုပ်ကလေးတွေ မြင်နေပြီလို့ ဆိုရပါမယ်။ ဒါကြောင့် ရုပ်လို့ သာမညထင်မြင်နေရင် ရူပက္ခန္ဓာ၊ ပေါ်ဆဲရုပ်လို့ ထူးထူးခြားခြား သိနေရရင်တော့ အဲဒါ ရူပုပါဒါနက္ခန္ဓာလို့ မှတ်လိုက်တာပေါ့။ ဘာလို့လဲဆိုတော့ ရူပက္ခန္ဓာဆိုရင် ခန္ဓာတော့ ဟုတ်ပါတယ်။ ၀ိပဿနာအရှုခံ ခန္ဓာမဟုတ်သေးဘူးလေ။ ပေါ်ဆဲရုပ်ကမှ ၀ိပဿနာအရှုခံခန္ဓာ ဖြစ်တာကိုး။ အဲဒီ ပေါ်ဆဲရုပ်ဟာ ဥပါဒါနက္ခန္ဓာအမည်ရလို့ အရှုခံခန္ဓာဖြစ်သွားတာပါပဲ။ ရှင်းအောင် ပြောရရင် အထည်ရုပ်နဲ့ သဘောရုပ်လို့ တစ်နည်းမှတ်လိုက်ပါ။ အထည်ရုပ်က ကိုင်တွယ်စမ်းသပ်လို့ရတဲ့ ကိုယ်ကာယ။ အဲဒါ ရူပက္ခန္ဓာ။ အဲဒီ အထည်ရုပ်ပေါ်မှာ မှီပြီးပေါ်လာတဲ့ ပူမှုသဘော အေးမှုသဘော စတဲ့ သဘောရုပ်က အရှုခံရုပ်၊ ရူပုပါဒါနက္ခန္ဓာလ...

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၁)

ရုပ်နာမ်မသိ လူဒိဋ္ဌိမှာ မိုးဖျားဗြဟ္မာ ဖြစ်တုံပါလည်း ခန္ဓာပြိုကွဲ ကုသိုလ်စဲက ဖောက်လွဲပါယ်ရွာ ရောက်တတ်စွာ၏။ ၀ိပဿနာလုပ်လိုသူများအတွက် ရုပ်နာမ်ကို ရှေးဦးစွာ သိထားဖို့ အရေးကြီးပါတယ်။ ရုပ်ဆိုတာက ဖောက်ပြန်တတ်တဲ့သဘောတရားတွေပါပဲ။ အပူကြောင့်ဖြစ်စေ အအေးကြောင့်ဖြစ်စေ ဖောက်ပြန်တတ်တာ ရုပ်ပေါ့။ ရုပ်လည်း ဖောက်ပြန်တာပါပဲ၊ နာမ်လည်းဖောက်ပြန်တာပါပဲ။ ဒါပေမယ့် ရုပ်ရဲ့ ဖောက်ပြန်မှုက သိသာထင်ရှားလို့သာ ရုပ်ကိုမှ ဖောက်ပြန်တတ်တဲ့သဘော (ရုပ္ပတီတိ ရူပံ)လို့ ပြောရတာပေါ့။ ကိုယ့်သန္တာန်မှာ သုံးသပ်ကြည့်မယ်ဆိုရင် ရုပ်ရဲ့ သဘောတရားတွေ သိသိသာသာ တွေ့ရမှာပါ။ ခန္ဓာမှာ မာတဲ့သဘော ပျော့တဲ့သဘော နူးညံ့တဲ့သဘောလေးတွေ ရှိနေတာပဲ။ ဒါတွေက ပထ၀ီဓာတ်တွေပေါ့။ အစိုဓာတ် အထိုင်းဓာတ် အစီးဓာတ်လေးတွေလည်း ရှိနေပါတယ်။ ဒါတွေက အာပေါဓာတ်တွေပေါ့။ အပူဓာတ် အနွေးဓာတ် အအေးဓာတ် ဆိုတာလည်း ရှိနေတာပဲ။ ဒါဟာ တေဇောရုပ်ပေါ့။ လှုပ်တဲ့သဘော ငြိမ်တဲ့သဘော ထောက်ကန်တတ်တဲ့သဘောလေးတွေလည်း ရှိနေတာပဲ။ ဒါတွေက ၀ါယောဓာတ်တွေပေါ့။ ဒီဓာတ်ကြီးလေးပါးဟာ အထင်ကရ ရုပ်ဓာတ်တွေဖြစ်လို့ သူတို့ကို မဟာဘုတ်လို့ ခေါ်တယ်။ ဒီဓာတ်ကြီးလေးပါး တစ်ပါးပါးပေါ်တိုင်း ပေါ်တိုင်း ရုပ်ပဲလို့ သိနေရင...

လှူပုံလှူနည်း

အလှူဒါနတွေ လုပ်တဲ့အခါ အဆင့်မြင့်တဲ့ အလှူဒါနဖြစ်ဖို့အတွက် သစ္စာသိပြီးမှ လှူဒါန်းပါဆိုတာ မိုးကုတ်ဆရာတော်ဘုရားကြီးက ဦးစားပေး ဟောလေ့ ပြောလေ့ သွန်သင် ဆုံးမလေ့ရှိပါတယ်။ အလှူဒါနမှန်လျှင် မကောင်းဘူးဆိုတာတော့ မရှိပါဘူး။ ဒါပေမယ့် လှူတိုင်းလည်း ကောင်းကျိုး အတူတူ မရနိုင်ဘူးဆိုတာ အဘိဓမ္မာဒေသနာတော်က သက်သေခံထားပါတယ်။ ကုသိုလ်ဆိုတာ ဉာဏ်ပါမှ တော်ကာကျတယ်။ ဉာဏ်မပါဘဲနဲ့ ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုက အကျိုးပေးလိုက်မယ်ဆိုရင် အဲဒီအကျိုးပေးက သိပ်ကြောက်စရာကောင်းပါတယ်။  ဥပမာ- စေတနာမပါဘဲနဲ့ မဖြစ်မနေမို့၊ သို့မဟုတ် မကောင်း မကင်းလို့ လှူလိုက်ရတယ်ဆိုပါတော့။ ဒီကုသိုလ်ကနေ အကျိုးပေးလိုက်လို့ သုဂတိအဟိတ်နဲ့များ ပဋိသန္ဓေနေပြီး လူဖြစ်လာခဲ့ရင် အဲဒီလူဟာ လူစင်မမီတော့ဘူး။ လူ့အဆင့်အတန်းမီတဲ့ အသိဉာဏ်တွေ ကင်းမဲ့နေတော့ ရှေ့ကထားလဲမရ၊ နောက်ကလဲ ဖြောင့်ဖြောင့်မလိုက်တတ်နဲ့ ဘယ်နေရာမှ အချိုးမကျ၊ လူတောမတိုးတဲ့ဘ၀မျိုးဖြစ်သွားခဲ့ရင် သိပ်နစ်နာပါတယ်။ ဆွံ့အ နားပင်းစတဲ့ဘ၀ဆိုးမျိုးတွေလဲ ဖြစ်လာတတ်တယ်လေ။ ဒါဟာ ကုသိုလ်အကျိုးကြောင့် လူဖြစ်ရပေမယ့် လူဖြစ်ရကျိုးမနပ်တော့တဲ့ဘ၀၊ တရားအားထုတ်သော်လည်း တရားမရနိုင်တဲ့ဘ၀မျိုးပေါ့။ ဒါကြောင့် မ...

အာဃာတ၀တ္ထု (၁၀)ပါး

အာဃာတဆိုတာ ရန်ငြိုးကိုပြောတာပါ။ ဒေါသတို့ ရန်ငြိုးတို့ပေါ့။ ဒီလို ရန်ငြိုးဖြစ်ကြောင်း (၉)ပါး၊ သို့မဟုတ် (၁၀)ပါးရှိပါတယ်။ အဲဒါတွေ လွယ်ကူစွာရေတွက်နိုင်ဖို့ မိမိရယ်၊ မိမိချစ်သူ ခင်သူရယ်၊ မိမိမုန်းသူ ရန်သူရယ် ပုဂ္ဂိုလ်သုံးမျိုးခွဲလိုက်ပြီး မိမိနဲ့ပတ်သက်လို့ ဒေါသဖြစ်ကြောင်းက သုံးမျိုးရှိပါတယ်။ မိမိနဲ့ပတ်သက်ပြီးဒေါသဖြစ်ကြောင်းတရားသုံးပါးက ၁။ ဒီလူဟာ မိမိကို အကျိုးမဲ့ဖြစ်အောင် ရှေးကလည်း လုပ်ဖူးပြီ၊ ၂။ အခုလည်းလုပ်ဆဲ၊ ၃။ နောင်လည်းလုပ်လိမ့်မည်ဆိုပြီး စိတ်တိုနေတာ ဒေါသဖြစ်နေတာ မကျေမနပ်ဖြစ်နေတာ၊ ရန်ငြိုးဖွဲ့နေတတ်တာပါပဲ။ မိမိချစ်သူ ခင်သူ မိတ်ဆွေနဲ့ပတ်သက်ပြီး ဒေါသဖြစ်ကြောင်းတရားသုံးပါးက ၁။ ဒီလူသည် မိမိချစ်သူ ခင်သူ မိတ်ဆွေအတွက် အကျိုးမဲ့ဖြစ်အောင် ရှေးကလည်း လုပ်ဖူးပြီ၊ ၂။ အခုလည်း လုပ်ဆဲ၊ ၃။ နောင်လည်း လုပ်လိမ့်မည်ဆိုပြီး စ်တ်တိုနေတာ ဒေါသဖြစ်နေတာ မကျေမနပ်ဖြစ်နေတာ၊ ရန်ငြိုးဖွဲ့နေတတ်တာပါပဲ။ မိမိမုန်းသူ ရန်သူနဲ့ပတ်သက်ပြီး ဒေါသဖြစ်ကြောင်းတရားသုံးပါးက ၁။ ဒီလူသည် မိမိမုန်းသူ ရန်သူအတွက် ရှေးကလည်း ကူညီဖူးပြီ၊ ၂။ အခုလည်း ကူညီနေဆဲ၊ ၃။ နောင်လည်း ကူညီလိမ့်မည်ဆိုပြီး စိတ်တိုေ...

သမုဒယသစ္စာ (၄)

Image
သမုဒယသစ္စာက အကြောင်းသစ္စာ၊ ဒုက္ခသစ္စာက အကျိုးသစ္စာ။ သမုဒယသစ္စာက ဆင်းရဲကြောင်း၊ ဒုက္ခသစ္စာက ဆင်းရဲကျိုး။ ဒုက္ခသစ္စာဆိုတာ ဆင်းရဲကြောင်းကြောင့် ဆင်းရဲကျိုးဖြစ်နေတာသာ ဖြစ်တယ်။ ယခု လက်ရှိဘ၀ခန္ဓာကြီးဟာ အတိတ်က ဆင်းရဲကြောင်းတွေလုပ်ခဲ့လို့ ရရှိပိုင်ဆိုင်ထားတဲ့ ဆင်းရဲကျိုးမျှသာဖြစ်တယ်။ အတိတ်က သမုဒယလုပ်ခဲ့လို့ ယခု ဒုက္ခခံနေကြရတယ်ဆိုရင် မလွဲပါဘူး။ ဒီခန္ဓာမျိုး ဒုက္ခသစ္စာ တရားဆိုးကြီးကို ဒုက္ခသစ္စာရယ်လို့ မသိတဲ့အတွက် အတိတ်က ကောင်းမှုသမုဒယသစ္စာတွေ ပြုခဲ့ကြလေတော့ ကောင်းမှုကြောင့်ရရှိခဲ့တဲ့ခန္ဓာကြီးပင်ဖြစ်သော်လည်း ခန္ဓာမှန်လျှင် ဒုက္ခသစ္စာဖြစ်နေသဖြင့် ဆင်းရဲကျိုးတရားစုကြီးမျှသာ ဖြစ်တယ်လို့ ဆိုရပါတယ်။ ဒါကြောင့် ခန္ဓာရကြောင်းသည် သမုဒယသစ္စာ၊ ဒုက္ခရကြောင်းသည် သမုဒယသစ္စာ။ သမုဒယလုပ်စဉ်က ဒုက္ခအကျိုးသာ ရမယ်ဆိုတာ မသိခဲ့တော့ မသိတာနဲ့ပဲ မသိသလို ပြုလုပ်ခဲ့ကြခြင်းကြောင့် ဒုက္ခသုက္ခတွေနဲ့ ပက်ပင်းတိုးနေကြရခြင်းသာဖြစ်တယ်။ အများနားလည်ထားတာက ဒုက္ခရောက်မှ ဒုက္ခလို့ သိနေကြတာပါပဲ။ သမုဒယဖြစ်စဉ်ကတော့ ဒါလုပ်ရင် ဒုက္ခရောက်မယ်ဆိုတာ သိမှ မသိကြတာကိုး။ သတိမှ မထားမိကြတာကိုး။ ဒီလို မသိကြလို့ ဒုက္ခကို သတိမရတဲ့အခါ သမုဒယနဲ့သာ ပျော်မွေ့နိုင်ကြတာပေါ့။ ထင်သာအောင် ...

သမုဒယသစ္စာ (၃)

Image
ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အလို သမုဒယသစ္စာအရ အ၀ိဇ္ဇာ သင်္ခါရနှစ်ပါးကလည်း သမုဒယသစ္စာ၊ တဏှာ ဥပါဒါန် ကမ္မဘ၀တို့ကလည်း သမုဒယသစ္စာပါပဲ။ ဒုက္ခသစ္စာမသိတာဟာ အ၀ိဇ္ဇာ လို့ပဲ အကျဉ်းပြောကြပါစို့။ မသိသလိုပြုလုပ်တာက သင်္ခါရ။ မသိတာနဲ့ မသိတဲ့အတိုင်း မသိသလိုပြုလုပ်တာကို သမုဒယသစ္စာလို့ ဆိုလိုပါတယ်။ ဒီဘ၀ ဒီခန္ဓာကို ဒုက္ခသစ္စာလို့ မသိတဲ့အခါ နောင်ဘ၀ နောင်ခန္ဓာကိုလည်း ဒုက္ခသစ္စာလို့ သိမှာ မဟုတ်ပါဘူး။ ဒီလိုမသိတဲ့အခါမှာ ဒီဘ၀ဒီခန္ဓာကိုလည်း ခင်မင်၊ နောင်ဘ၀နောင်ခန္ဓာကိုလည်း လိုချင်နေမှာ အမှန်ပါပဲ။ လက်ရှိခန္ဓာကို ခင်မင် နောင်ခန္ဓာကို လိုချင်မှုတွေနဲ့ ကုသိုလ်ဖြစ်စေ အကုသိုလ်ဖြစ်စေ ပြုလုပ်နေကြမယ်ဆိုရင် ဒါဟာ မသိသလိုပြုလုပ်တာပါပဲ။ ကုသိုလ်သင်္ခါရတွေကြောင့် ကောင်းတဲ့ခန္ဓာ သုဂတိခန္ဓာရမယ်၊ အကုသိုလ်သင်္ခါရတွေကြောင့် မကောင်းတဲ့ခန္ဓာ ဒုဂ္ဂတိခန္ဓာရမယ်။ ဒီတော့ မသိတော့ မသိသလိုလုပ်၊ မသိသလိုလုပ်တော့ ခန္ဓာရကြောင်းဖြစ်၊ ခန္ဓာရကြောင်းဖြစ်တာဟာ သမုဒယသစ္စာပါပဲ။ ဒါကြောင့် အ၀ိဇ္ဇာနဲ့ သင်္ခါရဟာ သမုဒယသစ္စာလို့ ဘုရားဟောတော်မူတာပေါ့။ လက်ရှိခန္ဓာ ဒုက္ခသစ္စာလို့မှ မမြင်နိုင်ရင် ဒီခန္ဓာကို ခင်မင်မှုဆိုတာ လာမြဲပဲ။ ခင်မင်တာက တဏှာ၊ ခင်တော့ စွဲလန်း၊ စွဲလန်းတာက ဥပါဒါန်၊ စွဲလန်းတေ...

သမုဒယသစ္စာ (၂)

Image
သမုဒယသစ္စာအရ တဏှာသုံးမျိုးဆိုတာ ပြောခဲ့ပြီးပါပြီ။ တကယ့်ဝိပဿနာလုပ်ငန်းခွင်မှာ နားလည်အောင် ထပ်မံ ပြောပြလိုပါသေးတယ်။ အဆင်း အသံ အနံ့ အရသာ တွေ့ထိစရာ ဆိုတဲ့ ကာမဂုဏ် အာရုံငါးပါးကို သာယာတပ်မက်တာကို ကာမတဏှာလို့ ပြောခဲ့တယ်။ ဘာကြောင့် သာယာတပ်မက်တာလည်းဆိုရင် ရုပ်နာမ်အပေါ်မှာ ငါစွဲ သူစွဲ စတဲ့ အထင်မှား အမြင်မှား သက္ကာယဒိဋ္ဌိကြောင့် ရုပ်နာမ်ကို ရုပ်နာမ်လို့ အမှန်အတိုင်း မမြင်နိုင်ဘဲ သက္ကာယဒိဋ္ဌိစွဲဖြင့်ရှုမြင်သုံးသပ်နေကြတဲ့အခါ သာယာတပ်မက်မှုဆိုတာ အလိုလို ပေါ်လာတတ်တာပါပဲ။ ဒီအာရုံတွေ တွေ့တဲ့အခါ သာယာမှုမရှိအောင် အာရုံကိုသော်လည်း ဖြစ်ပျက်ရှု၊ ပေါ်လာတဲ့ စိတ်ကိုသော်လည်း ဖြစ်ပျက်ရှုပေးလိုက်ရပါတယ်။ ဖြစ်တာလည်း သိ၊ ပျက်တာလည်း သိနေတော့ မမြဲတဲ့သဘောတရား ထင်မြင်လာပြီး တပ်မက်မှု နှစ်သက်မှုဆိုတာတွေ မလာနိုင်တော့ပါဘူး။ မြင်ရတဲ့အဆင်းကလည်း ငါမဟုတ်၊ မြင်စိတ်လည်း ငါမဟုတ်၊ ဖြစ်တဲ့သဘောကလည်း ငါမဟုတ်၊ ပျက်တဲ့သဘောကလည်း ငါမဟုတ်ဆိုတာ အလိုလို သိမြင်သဘောပေါက်လာခဲ့ရင် ငါစွဲ သက္ကာယဒိဋ္ဌိဟာလည်း ရှုရင်းဖြင့်ပျောက်သွားပြီး အာရုံအပေါ်မှာ သာယာတဲ့ ကာမတဏှာလည်း လာခွင့်မရှိ၊ ပေါ်ခွင့် ဖြစ်ခွင့်မရှိတော့ပါဘူး။ ဘ၀တဏှာဆိုတာ ဘုံဘ၀ကို သာယာတပ်မက်နေတာ၊...

သမုဒယသစ္စာ

Image
သမုဒယ-ကို သံ + ဥ + အယ- လို့ ပုဒ်ခွဲလိုက်လျှင် သံ-က ပေါင်းစု၍။ ဥ-က ဖြစ်တာ။ အယ-က အကြောင်းတရား။ ပေါင်းစု၍ ဖြစ်နေတဲ့ အကြောင်းတရားဟာ သမုဒယပါပဲ။ သစ္စာ-က အမှန်တရား။ ဒါကြောင့် သမုဒယသစ္စာ-ဆိုတာ ပေါင်းစု၍ ဖြစ်နေတဲ့ အကြောင်း အမှန်တရား လို့ အဓိပ္ပါယ်ရတယ်။ အဘိဓမ္မတ္ထသင်္ဂဟကျမ်းအလို- တဏှာ သမုဒယော ဘဝေ။ တဏှာဟာ သမုဒယသစ္စာလို့ ဆိုပါတယ်။ ဓမ္မစက္ကပ၀တ္တနသုတ္တန်အလို ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာ ဆိုတဲ့ တဏှာသုံးပါးဟာ သမုဒယသစ္စာပါပဲ။ ကာမဂုဏ်ငါးပါးကို သာယာတဲ့တဏှာက ကာမတဏှာ၊ ဖြစ်နေတဲ့ဘ၀အပေါ်မှာ သာယာတဲ့ တဏှာက ဘ၀တဏှာ။ ဘ၀ပြတ်စဲတာ ဘ၀မရှိမှ အေးမယ်လို့ ထင်ပြီး ဘ၀ပြတ်စဲမှုအပေါ်မှာ သာယာတဲ့ တဏှာက ၀ိဘ၀တဏှာပါပဲ။ ကာမဂုဏ်အာရုံငါးပါးအပေါ်မှာ သာယာတော့ ကာမတဏှာဖြစ်တယ်။ ဒီလို သာယာမှုတွေ ဖြစ်တယ်ဆိုတာ ငါစွဲ သက္ကာယဒိဋ္ဌိခံနေလို့ပါ။ ပုဂ္ဂိုလ်စွဲ သတ္တ၀ါစွဲ ငါစွဲ သူစွဲ ယောက်ျားစွဲ မိန်းမစွဲ စသည့် သက္ကာယဒိဋ္ဌိရှိနေရင် ရုပ်နာမ်အပေါ် အမှန်မြင်နိုင်တဲ့ ဉာဏ်မ၀င်နိုင်တော့ပါဘူး။ ပရမတ်ကို ဖောက်ထွင်းမြင်နိုင်တဲ့ ဉာဏ်မ၀င်ဘဲ ပညတ်အပေါ်မှာ သောင်တင်ပြီး ငါထင် သူထင် ယောက်ျားထင် မိန်းမထင် ဒီအထင်မှားက သက္ကာယဒိဋ္ဌိပါ။ ဒီလို သက္ကာယဒိဋ္ဌိနဲ့ ငြိစွန်းနေသမျှတော့ တပ်မက်စရာတေ...

မြကျွန်းသာမိုးကုတ်ရိပ်သာ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီ၏ တရားဌာန မြကျွန်းသာ မိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေးဌာန) ရတနာကျွန်းရိပ်သာ၊ သုနန္ဒာလမ်းမကြီး၊ (ဋ) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း - ၀၀၉၅-၁-၆၉၁၅၅၃ နေ့စဉ် အာစိဏ္ဏကံ ယောဂီများအတွက် နေ့ပိုင်း (၁း၃၀)နာရီမှ (၂း၃၀)နာရီအထိ မိုးကုတ်ဆရာတော်ဘုရားကြီး၏ အသံတိပ်ခွေကိုနာကြားရမှာ ဖြစ်ပြီး ညနေ (၃း၀၀)နာရီမှ (၄း၀၀)နာရီအထိ တရားထိုင်ကြရမှာ ဖြစ်ပါတယ်။ တရားထိုင်လိုသူ မည်သူမဆို လာရောက် တရားထိုင်နိုင်ပြီ ဖြစ်ပြီး တနင်္ဂနွေနေ့တိုင်း နေ့ (၁း၃၀)နာရီမှ (၂း၃၀)နာရီအထိ တရားတော်များကို မိုးကုတ်နယ်လှည့်ဓမ္မကထိကတစ်ပါးပါးက ဟောကြားပေးမည်ဖြစ်ပြီး ဥပုသ်နေ့တိုင်းတွင် နံနက် (၉း၃၀) နာရီမှ (၁၀း၃၀)နာရီအထိ သီလပေးတရားဟောကြားလျက် နေ့ (၁း၃၀)နာရီမှ (၂း၃၀)နာရီအထိ သစ္စာတရားတော်များကို ဟောကြားပေးလျက်ရှိပါတယ်။ မည်သူမဆို သတ်မှတ်ချိန်အတွင်း တရားနာယူနိုင်ကြစေရန်နှင့် တရားအားထုတ်နိုင်ကြစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ပါတယ်။ (၁၀) အထူးတရားစခန်းပွဲကြီးကို (၁၂-၄-၂၀၁၂) မှ (၂၁-၄-၂၀၁၂)အထိ ဖွင့်လှစ်မည်ဖြစ်ပါ၍ တရားထိုင်လို...

သုရာမေရယကံအကြောင်း

Image
သုရမေရယဆိုတာက သောက်သူ၊ စားသူ၊ ရှူသူတို့ကို မေ့လျော့စေတတ် မူးယစ်စေတတ်သော သောက်စရာ၊ စားစရာ၊ ရှူစရာဟူသမျှသည် သေရည်သေရက် (သို့မဟုတ်) အရက်သေစာ= သုရာမေမေရယချည်းပင်ဖြစ်ပါတယ်။ အပ်ဖြင့် အသားထဲသို့ ထိုးသွင်းရသော ပက်သဒင်း နံပါတ်ဖိုး စတဲ့ မူးယစ်ဆေးရည်လည်း သုရာမေရယထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ထို့ကြောင့် တောအရက်၊ မြို့အရက်၊ နိုင်ငံခြားအရက်၊ ထန်းရည်၊ ဓနိရည်၊ ဘိန်းကင်း၊ ကစော်၊ လှော်စာ၊ ဘိန်းဖြူ၊ ဆေးခြောက်၊ ကုတ်ကင်း၊ မာဖီးယား၊ အယ်လ်အက်စ်ဒီ (LSD)၊ ဘီယာအမျိုးမျိုးစသော မူးယစ်ဆေးဟူသမျှ အရက်သေစာ= သုရာမေရယလို့ခေါ်ပါတယ်။ ထိုအရက်သေစာ စသော မူးယစ်ဆေးသောက်သုံးမှီဝဲခြင်းသည် သောက်သုံးသူကိုဖြစ်စေ၊ သောက်သုံးသူနှင့်ဆက်စပ်နေသူကိုဖြစ်စေ၊ နှစ်ဦးစလုံးကိုဖြစ်စေ၊ အကျိုးပျက်ပြားစေသောကြောင့် အပြစ်ရှိသော အမှုဖြစ်၍ မကောင်းမှုအကုသိုလ်ဖြစ်ပါတယ်။ အရက်သေစာ သောက်သုံးသူသည် အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ခွဲခြားတတ်သော အသိဥာဏ် ကင်းနေသဖြင့် အဆိုးအရွားဆုံးဖြစ်သော မကောင်းမှုကိုပင် ကျူးလွန်းမိတတ်ပါတယ်။ ဆိုလိုတာက အရက်သေစာ သောက်စားမူးရစ်နေသူက ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဆိုတဲ့ အနန္တောအနန္တငါးပါးဆိုတာကိုလည်းမသိပါ။ အစ်ကို၊ ညီ၊ အစ်မ၊ ...

မုသာဝါဒကံအကြောင်း

Image
ဒီသိက္ခာပုဒ်က အားလုံးသိတဲ့အတိုင်း ငါးပါးသီလရဲ့ စတုတ္ထမြောက် သိက္ခာပုဒ်ပါ။ မုသာဝါဒဆိုတာက သူတစ်ပါး အကျိုးစီးပွားကို ထိခိုက် ပျက်ပြားစေသော လိမ်ညာမှု လှည့်ပတ်မှုကို မုသာဝါဒလို့ခေါ်တာပါ။ နှုတ်နဲ့မပြောပဲ ကိုယ်အမူရာနဲ့ လိမ်ညာလို့ သူတစ်ပါး အကျိုးစီးပွားလည်းပျက်မည်ဆိုပါက မုသာဝါဒပင်ဖြစ်ပါတယ်။ သူတစ်ပါးအကျိုးစီးပွားကို မထိခိုက်စေပဲ တစ်စုံတစ်ရာ ကောင်းကျိုးရစေလိုပြီး၊ တစ်ဖက်အမှားကိုသိစေလို၍ ပရိယာယ်သုံးခြင်းသည်၊ ဆိုးကျိုးရစေလို၍ ပြောခြင်းမျိုးမဟုတ်သဖြင့် မုသာဝါဒ ကံမမြောက်ဘူးလို့ပြောရမှာပါ။(ဥပမာ) မြတ်စွာဘုရားရှင်က ညီနော်နန္ဒမင်းသားအား အရဟတ္တမဂ်တည်းဟူသော တရားထူးကို ရစေလိုသောကြောင့်၊ (သို့မဟုတ်) ညီနော်နန္ဒမင်းသားရဲ့ စရိုက်ကို သုံးသပ်တော်မူပြီး ထိုစရိုက်နဲ့ကိုက်ညီမယ့် ကမ္မဋ္ဌာန်းကိုပေးခြင်း၊ (သို့မဟုတ်) ဇနပဒကလျာနီတည်းဟူသော အချောအလှနှမတော်ကိုစွဲလန်းနေခြင်းကြောင့် သာသနာတော်ကနေ လူထွက်ဖို့ကြိုးစားနေတဲ့ နန္ဒမင်းသားကို တရားထူးရစေလိုသောကြောင့် ပရိယာယ်သုံးပြီး တရားကျင့်ခိုင်းဖူးပါတယ်။ ဒါကိုထောက်ဆကြည့်ရင် သူတစ်ပါးကောင်းကျိုးဖြစ်စေမယ့် ပရိယာယ်မျိုးကျတော့ မုသာဝါဒကံမမြောက်ဘူးဆိုတာကိုသိစေချင်တာပါ။ ရယ်မြူးလို၍ ပြောဆိုပြုမူခြင်းမျ...