မြကျွန်းသာမိုးကုတ်ရိပ်သာအကြောင်း
မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ပေါ်ပေါက်လာရခြင်းအကြောင်းမှာ အောင်ဆန်း ဆရာတော်၏ ကျေးဇူးလည်းမကင်း။ မှော်ဘီမှာရှိသည့် ကြည်အေးမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ၏ လမ်းပြလည်းပါ၏။ မြောက်ဥက္ကလာ၊ မြရတနာ(၁)လမ်း၊ ´ဦးလှကြည်မိသားစု´ သစ်စက်ပိုင်ရှင်များ ဖြစ်ကြသော ကျောင်းဒါယကာကြီး ဦးလှကြည် + ကျောင်းဒါယိကာမကြီး ဒေါ်အေးအေးသွယ်တို့သည် အောင်ဆန်းဆရာတော် ဖွင့်လှစ်သော မိုးကုတ်ဝိပဿနာ တရားစခန်းတွင် တရားဝင်ခဲ့ကြဘူးသော ယောဂီများဖြစ်ကြ၏။ အောင်ဆန်း ဆရာတော်၏ တပည့်များဖြစ်ခဲ့ကြသည်ဟု ဆိုရမည်။ သို့သော် လက်ရင်းဆရာမှာ မြကျွန်းသာလူမျိုးစု ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ဘုရားကြီး ဦးဝိမလဗုဒ္ဓိဖြစ်သည်။ ထိုကျောင်းတိုက်တွင် ၂၀၀၁-ခုနှစ်က သိမ်တိုက်တစ်လုံး ဆောက်လုပ်လှူဒါန်းခဲ့ဘူးသည်။ အောင်ဆန်းဆရာတော်ထံမှ မိုးကုတ်တရားထိုင်နည်းများ ဆည်းပူရရှိလာခဲ့သောအခါ မိုးကုတ်တရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေးကို စိတ်အားသန်လာခဲ့ကြသည်။ ကြည်အေးမိုးကုတ်ရိပ်သာသို့လည်း မကြာခဏ ရောက်ဘူးကြသဖြင့် ထိုရိပ်သာတွင် ကြည်အေးမိသားစုတို့က ကမကထပြု၍ ရိပ်သာဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေကြသည်ကိုလည်း အားကျလာ...