အတွေးဒိုင်ယာရီ

ကြိုးစားခြင်းရလဒ်

တစ်နေ့ တစ်နေ့ ပုံမှန် ကြိုးစားပါ၊ တစ်ရွေ့တစ်ရွေ့ ပုံမှန် တိုးပွားလာမည်။

ရောင့်ရဲခြင်း

ရောင့်ရဲလိုက်စမ်းပါ။ ရောင့်ရဲမှုမရှိတဲ့ ဘ၀မှာ ဘယ်လောက်ရရ မပြည့်စုံဘူး။ ရောင့်ရဲမှုရှိတဲ့ဘ၀မှာ ရတာလေးနဲ့ ပြည့်စုံနေတယ်။

ပြောင်းပြန်

အောင်မြင်ဖို့က အလွန်ခက်ခဲ၏၊ နှေးကွေး၏။ ကျရှုံးဖို့က အလွန်လွယ်ကူ၏၊ လျှင်မြန်၏။

အစုန်နှင့် အဆန်

ကုသိုလ်က အဆန်လမ်း၊ အားစိုက်လှော်ခတ်နေမှ ဆန်တက်၏။ အကုသိုလ်က အစုန်လမ်း၊ အထူး လှော်ခတ်နေစရာမလို၊ အလိုလို စုန်ဆင်း၏။

တစ်ခြားစီ

တရားသဘောနဲ့ အများသဘောက တစ်ခြားစီပဲ။

Comments

Popular posts from this blog

အဝိဇ္ဇာမှ ဝိဇ္ဇာသို့

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

သံသရာစက်ဝိုင်း