တွေးလုံးလေးများ

လူဆိုးလူကောင်း

လူတွေဆိုးတယ်ပြောတိုင်းလဲ လူဆိုးမဟုတ်၊ လူတွေကောင်းတယ်ပြောတိုင်းလဲ လူကောင်းမဟုတ်။

သူတကယ်ဆိုးမှ လူဆိုး၊ သူတကယ်ကောင်းမှ လူကောင်း။

ပုတ်ခတ်

ကိုယ့်ကိုယ်ကို အဟုတ်အဟတ်ထင်နေရင်တော့ သူများအပေါ် ပုတ်ခတ်တဲ့စကားတွေသာ အထွက်များတယ်။

မေတ္တာ

လောကမှာ မေတ္တာလောက် ကောင်းသောအရာ ဘာမှမရှိဘူး။

သူတော်ကောင်းလက်နက်

သူတော်ကောင်းတွေက ကျည်ဆန်မလိုတဲ့လက်နက်ကိုကိုင်တယ်။ အဲဒါဟာ မေတ္တာလက်နက်ပဲ။

မမြဲခြင်း

သူ သည်လဲ အမြဲတမ်း သူ ဖြစ်မနေနိုင်သကဲ့သို့ ငါ သည်လဲ အမြဲတမ်း ငါ ဖြစ်မနေနိုင်ပါ။ တစ်နေ့ သူ မဟုတ်သောအရာ ငါ မဟုတ်သောအရာသို့ ပြောင်းသွားကြရဦးမည်သာတည်း။

Comments

Popular posts from this blog

မူလနှစ်ဖြာ

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

ဘဝပစ်စယာ ဇာတိ