Tuesday, March 15, 2011

ဂျပန်ငလျင်နောက်ဆက်တွဲ နျူကလီးယားပြဿနာ

ငလျင် ကပ်ဘေးပြီးတော့ နူကလီးယား ကပ်ဘေးပါ ကျရောက်နေသော ဂျပန်နိုင်ငံ၊ ဒုတိယမြောက် နူကလီးယား သိုလှောင်ကန် အမှတ်-၃ ပေါက်ကွဲမှုဖြစ်ပွါး၊ သေဆုံးသူပေါင်း မှာလည်း ၂ သောင်းကျော်သွားပြီ။...
Written by : ဇော်ဇော် 2011-03-14 10:31:03
ဒုတိယမြောက် နူကလီးယား သလိုလှောင်ကန် အမှတ်-၃ ပေါက်ကွဲမှုဖြစ်ပွါး၊ သေဆုံးသူပေါင်း မှာလည်း ၂ သောင်းကျော်သွားပြီ။..." src="http://mutdfan.com/news_images/Fukushima-Explosio_1271620a.jpg" alt="ငလျင် ကပ်ဘေးပြီးတော့ နူကလီးယား ကပ်ဘေးပါ ကျရောက်နေသော ဂျပန်နိုင်ငံ၊ ဒုတိယမြောက် နူကလီးယား သလိုလှောင်ကန် အမှတ်-၃ ပေါက်ကွဲမှုဖြစ်ပွါး၊ သေဆုံးသူပေါင်း မှာလည်း ၂ သောင်းကျော်သွားပြီ။..." width="600" border="0" height="396.694214876">ငလျင် ကပ်ဘေးပြီးတော့ နူကလီးယား ကပ်ဘေးပါ ကျရောက်နေသော ဂျပန်နိုင်ငံ၊ ဒုတိယမြောက် နူကလီးယား သလိုလှောင်ကန် အမှတ်-၃ ပေါက်ကွဲမှုဖြစ်ပွါး၊ သေဆုံးသူပေါင်း မှာလည်း ၂ သောင်းကျော်သွားပြီ။...

ဂျပန်နိုင်ငံရှိ ငလျင်ဘေးထိ ဒုက္ခသည်များအတွက် နောက်ထပ် ဆိုးရွားမှုအဖြစ် နူကလီးယား မတော်တဆမှု ပြဿနာများ ရင်ဆိုင်နေရသည့် သတင်းဆိုးများ နေ့စဉ် ကြားနေရချိန်တွင်ပင် ယနေ့ညနေ အချိန်ကလည်း ပထမပေါက်ကွဲမှု ဖြစ်ခဲ့ရာ Fukushima နူကလီးယား လျပ်စစ်ဓါတ်အားပေးစက်ရုံရှိ နူကလီးယား သိုလှောင်ကန် အမှတ်-၃ လည်း ထပ်မံ ပေါက်ကွဲခဲ့ ပြန်ကြောင်း သိရသည်။

တိုကျို လျပ်စစ် ပါဝါ ကုမ္မဏီအဆိုအရ ပေါက်ကွဲမှုကြောင့် လုပ်သား ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဟိုက်ဒရိုဂျင် ပေါက်ကွဲမှု ဖြစ်စဉ်အရ ၇ ဦးပျောက်ဆုံး လျက်ရှိနေကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ ဂျပန်နိုင်ငံတွင် ဒုတိယမြောက် နူကလီးယား ဘေးအန္တရာယ် ကျရောက်ခြင်းလည်း ဖြစ်သည်။ ငလျင်များမှာလည်း ယခုအချိန်အထိ ဆက်တိုက်လှုပ်နေဆဲ ဖြစ်သလို လာမည့် ၃ ရက်အတွင်း ၇ မဂ္ဂနီကျု့ထက် ပိုမိုကြီးမားသော ငလျင် ထပ်မံလှူပ်နိုင်သေးကြောင်း ဆူနာမီ ရေလှိုင်း သတိပေးချက်မှာလည်း အမြင့်ဆုံးအထိ တပ်လှန့်ထားကြောင်း သိရသည်။ အဆိုပါ တပ်လှန့်မှုကြောင့် ဒုက္ခသည်များမှာ တတိယမြောက်နေ့အဖြစ် အစာအစား၊ ရေ နှင့် လျုပ်စစ်မီးများ ပြတ်တောက် ဒုက္ခရောက်လျက် ရှိနေသည်။

ယခင် နှင့် ယခု

ဂျပန်နိုင်ငံ ကြက်ခြေနီအသင်း အကြီးအကဲက ယခုလက်ရှိ ဖြစ်ပေါ်နေသော အခြေအနေကို ဒုတိယ ကမ္ဘာစစ်တုန်းက တိုကျု နှင့် အိုဆာကာ၏ အဖြစ်အပျက် နှင့် ခိုင်းနှိုင်း ပြောဆိုခဲ့သည်။

"အရာအားလုံး ပျက်စီးပြီး ပိပြားနေတာဘဲ။ ဒါဟာ အလုံးစုံ ပျက်စီးသွားတာနဲ့ တူနေပါတယ်။ ကြက်ခြေနီအသင်း သက်တမ်းတစ်လျောက် မြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံးသော ပျက်စီးမှု ဖြစ်တယ်။" ဟု ဒါရိုက်တာ Takashi Yokota က ပြောကြားခဲ့သည်။

ဆူနာမီရေလှိုင်းများကြောင့် သေဆုံးသောသူ အရေအတွက်မှာလည်း တစ်နေ့တခြား တိုးတက် များပြားလာလျက် ရှိနေရာ စုစုပေါင်း ၂ သောင်းကျော်သွားပြီဟု သိရသည်။ ကယ်ဆယ်ရေး အဖွဲ့များ၏ အဆိုအရ လူပေါင်း ၂၀၀၀၀ ကျော်၏ ရုပ်အလောင်းများကို အရှေ့မြောက်ပိုင်း Miyagi နယ်မြေအတွင်း ရှာတွေ့သည်ဟု သိရသည်။

ဂျပန်အစိုးရ အဖွဲ့ အတွင်းရေးမှူး Yukio Edano ကလည်း စွမ်းအင် သလိုလှောင်ကန်ကို အအေးပေးသည့် စနစ်မှာ ထိန်းချူပ်မရနိုင်တော့ဘဲ နောက်ထပ် ပေါက်ကွဲမှု ဖြစ်ခဲသည်မှာ ရေဒီယို သတ္တိကြွမှု အမြင့်ဆုံး အနေအထားဖြစ်သွားပြီဟု ရှင်းလင်းခဲ့သည်။ အမေရိကန် အစိုးရကလည်း ဂျပန်ပြည်သူများအနေဖြင့် နူကလီးယား စက်ရုံနှင့် မိုင်တစ်ရာ အကွာအဝေးသို့ ရှောင်ပေးမှသာ လေဒီယို သတ္တိကြွမည့် အန္တရာယ်မှ ကင်းလွတ်နိုင်မည်ဟု ပြောကြားခဲ့သည်။

Mr Edano က ပြည်သူများအား ပေါက်ကွဲမှု မဖြစ်ခင် အနည်းဆုံး အနေဖြင့် ၁၂ မိုင်အကွာအဝေးတိုင် ရှောင်ပေးရန် အမိန့်ထုတ်ပြန် ထားပြီးဖြစ်သည်ဟု ဆိုသည်။ ပေါက်ကွဲမှု ဖြစ်စဉ်၌မူ မိုင် ၃၀ အထိ သက်ရောက်မှု ရှိနေခဲ့ကြောင်း သိရသည်။ အရေးပေါ် အဖွဲ့များက နူကလီးယား စိမ့်ထွက်မှု အန္တရာယ်အတွက် ဆက်လက် ကြိုးစားနေဆဲ ဖြစ်သည်။

ယခင် နှင့် ယခု

ရောင်ခြည် သက်ရောက်မှု ရှိနေသဖြင့် သီးခြား ခွဲထားခံရသူ ဂျပန်မိန်းမပျိုလေး နှင့် သူမ၏ ခွေးလေး

1945 ခုနှစ်က ဟီရိုရှီးမားမြို့ အနုမြူဗုံးဒဏ် ခံခဲ့ရစဉ်က

နူကလီးယား ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် နေအိမ်များကို စွန့်ပြေးခဲ့ရသူများ http://mutdfan.com/index.php/readmore/post/35259

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.