အပိုင်းအစအတွေးလေးတွေ
စိတ်ပြုပြင်နည်း
ကောက်တဲ့စိတ် ဖြောင့်စေ
ကျတဲ့စိတ် တက်စေ
ဆိုးတဲ့စိတ် ကောင်းစေ
တိုတဲ့စိတ် ရှည်စေ
မှားတဲ့စိတ် မှန်စေ
ပျက်တဲ့စိတ် ပြင်စေ
ညစ်တဲ့စိတ် ဖြူစေ
ရှုပ်တဲ့စိတ် ရှင်းစေ
မိုက်တဲ့စိတ် လင်းစေ
ပျင်းတဲ့စိတ် ပျော်စေ
ပုပ်တဲ့စိတ် ထွက်သွားစေ။
ကိုယ့်အကြောင်း ကိုယ် သိ မသိ
ငါဘာလဲဆိုတာ သူပြောမှသိရတယ်ဆိုရင် ကိုယ့်ကိုယ်ကို မသိသေးဘူးပေါ့။
အကောင်းပြောနဲ့ အပြောကောင်း
အကောင်းပြောလို့ အပြောကောင်းတာလား၊ အပြောကောင်းလို့ အကောင်းပြောတာလား။ အကောင်းပြောသော်လဲ အပြောကောင်းချင်မှ ကောင်းမယ်။ အပြောကောင်းသော်လဲ အကောင်းပြောချင်မှ ပြောမယ်။ အပြောလဲကောင်း အကောင်းလဲပြောမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.