Monday, March 14, 2011

ဂျပန်ငလျင်သတင်း

ဂျပန်နိုင်ငံသမိုင်းတစ်လျောက် ဒုတိယမြောက် နူကလီးယား အန္တရာယ်နှင့် ရင်ဆိုင်နေရ Tokai နူကလီးယားစက်ရုံ Power Plant No.2 မှာလည်း အအေးပေးစနစ်များ လုံးဝ ပျက်သွားပြီး ပေါက်ကွဲလုလု အနေအထားဖြစ်နေ
Written by : ဇော်ဇော် 2011-03-13 20:39:27
Tokai နူကလီးယားစက်ရုံ Power Plant No.2 မှာလည်း အအေးပေးစနစ်များ လုံးဝ ပျက်သွားပြီး ပေါက်ကွဲလုလု အနေအထားဖြစ်နေ" title="ဂျပန်နိုင်ငံသမိုင်းတစ်လျောက် ဒုတိယမြောက် နူကလီးယား အန္တရာယ်နှင့် ရင်ဆိုင်နေရ
Tokai နူကလီးယားစက်ရုံ Power Plant No.2 မှာလည်း အအေးပေးစနစ်များ လုံးဝ ပျက်သွားပြီး ပေါက်ကွဲလုလု အနေအထားဖြစ်နေ" border="0">

ဂျပန်နိုင်ငံသမိုင်းတစ်လျောက် ဒုတိယမြောက် နူကလီးယား အန္တရာယ်နှင့် ရင်ဆိုင်နေရ
Tokai နူကလီးယားစက်ရုံ Power Plant No.2 မှာလည်း အအေးပေးစနစ်များ လုံးဝ ပျက်သွားပြီး ပေါက်ကွဲလုလု အနေအထားဖြစ်နေ

ပြီးခဲ့သည့် သောကြာနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီ ၄၆မိနစ်က ဆန်ဒိုင်း အရပ်ကို ဗဟိုပြုကာ ဂျပန်နိုင်ငံ သမိုင်းတစ်လျောက် အင်အား အကြီးဆုံး ငလျင်အဖြစ် (နောက်ဆုံး ပြင်ဆင်ထားသည့် ငလျင် လှုပ်ခဲ့သည့်နှုန်း) ၉.၀ မဂ္ဂနီကျူ့ အဆင့်ရှိ အင်အား ပြင်းထန်သော ငလျှင်ကြီး လှုပ်ခတ်သွားပြီး တဆက်တည်းမှာပင် ပေ၂၀ ထက်ပိုသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည့် ဆူနာမီ လှိုင်းလုံးများသည် ဂျပန်နိုင်ငံ ကမ်းခြေမှနေ ဆက်တိုက် ၀င်ရောက်လာခဲ့သလို ပြင်းထန်လှသော ငလျှင်များမှာလည်း ၁၂ ကြိမ်ခန့် ဆက်တိုက် လှုပ်ခတ်ခဲ့သဖြင့် လူအများအပြား သေကြေ ပျောက်ဆုံးလျက် ရှိနေသလို အဆောက်အဦးနှင့် လူ့အသုံးအဆောင် အများအပြား ကို ဖျက်ဆီးခဲ့သည်။
အဆိုးရွားဆုံးများ ပြည့်နှက်နေရာမှာ ငလျင်နှင့် ဆူနာမီ ရေလှိုင်းများအပြီး တတိယမြောက် စိုးရိမ် ထိပ်လန့်ဖွယ်အခြေအနေက ယနေ့ထက်တိုင် ဂျပန်နိုင်ငံရှိ ပြည်သူလူထုကို ထိပ်လန့်နေစမြဲပင် ဖြစ်သည်။ လွန်ခဲ့သော စနေနေ့က ပေါက်ကွဲခဲ့သော Fukushima နူကလီးယား လျပ်စစ်ဓါတ်အားပေးစက်ရုံ အမှတ်-၁၊ နူကလီးယား သိုလှောင်ကန် ပေါက်ကွဲခဲ့ပြီး အနည်းဆုံး လူ ၂၂ ဦး ရောင်ခြည်သင့်ခဲ့သလို ယနေ့နံနက် အစောပိုင်းသတင်းများတွင် ဒုတိယမြောက် Tokai နူကလီးယားစက်ရုံ Power Plant No.2 မှာလည်း အအေးပေးစနစ်များ လုံးဝ ပျက်သွားပြီး ပေါက်ကွဲတော့မည့် အနေအထား ဖြစ်နေသောကြောင့် လူပေါင်း ၃ သိန်းကျော်ကို အနီးပတ်ဝန်းကျင် ဒေသများမှ အလျင်အမြန် ပြောင်းရွှေ့စေလျက် ရှိနေကြောင်း သိရသည်။ စက်ရုံ လုပ်သားများမှာ ပျက်စီးသွားသော အအေးပေး စနစ်အစား ပင်လယ်ရေများဖြင့် အစားထိုး အအေးပေးနိုင်ရေး အပြင်းအထန် ကျိုးစားလျက် ရှိနေကြသည်။ အစိုးရအဖွဲ့ အတွင်းရေးမှူး Yukio Edano က “ပြည်သူများ အနေနဲ့ သတိပြု ရမှာက ဒုတိယမြောက် နူကလီးယားစက်ရုံ မပေါက်ကွဲဘူးလို့ ကျွန်တော်တို့က အာမခံနိုင်ခြင်း မရှိတဲ့ အခြေအနေပါ” ဟုပြောကြားခဲ့သည်။ စနေနေ့ အစောပိုင်းက ပေါက်ကွဲခဲ့ပြီးနောက် Fukushima Dai-ichi ၏ နူကလီးယား ယိုစိမ့်မှုမှာ ကုန်သလောက်ပင် ရှိနေပြီဟု သိရသည်။ နိုင်ငံတကာတွင် ၀ မှ ၇ အထိ ရှိသတ်မှတ်ထားသော နူကလီးယား စံချိန် စံချိန်စံညွန်း ယူနစ်များအရ ဂျပန်နိုင်ငံတွင် ဖြစ်ပျက်ခဲ့သော နူကလီးယား မတော်တဆမှုမှာ အဆင့် ၄ ရှိသည်ဟု သိရသည်။ ပေါက်ကွဲခဲ့သော နူကလီးယား စက်ရုံ ပတ်ဝန်းကျင် ၁၂ မိုင် ပတ်လယ်ကို ရေဒီယို သတ္တိကြွ နိုင်သော ဒေသအဖြစ် သတ်မှတ်ထားပြီး အနီးနား ပတ်ဝန်းကျင်ရှိ လူများ အားလုံးကို ရောင်ခြည်သင့်မှု ရှိမရှိ စစ်ဆေး နေလျက်ပင် ရှိသည်။ Fukushima ရှိ ဓါတ်အားပေး စက်ရုံမှ နူကလီးယား ဓါတ်ငွေ့များကို လေထုထဲသို့ ထုတ်လွှင့်ခဲ့ရမှုအပြီး သောက်သုံး ရေများထဲသို့ပါ စိမ့်ဝင်ကုန်သည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။ ထို့ကြောင့်လည်း အနီနား ပတ်ဝန်းကျင်ရှိ လူများက မျက်နှာနှင့် အသက်ရှုလမ်းကြောင်းများသို့ အကာအကွယ် ယူထားကြရသည်။ Myiyagi ရဲတပ်ဖွဲ့ အဆိုအရ အနည်းဆုံး လူပေါင်း တစ်သောင်းကျော် သေဆုံးခဲ့ပြီး ဖြစ်သည်ဟု ဆိုပြီး အဆိုပါ ဒေသမှာ ငလျင်ကြောင့် ပျက်စီးသည့် တတိယ အဆိုးရွားဆုံး မြို့ဖြစ်သည်။ လက်ရှိ အချိန်အထိ ဂျပန်နိုင်ငံ မြောက်ပိုင်း Minamisanriku တွင် လူပေါင်း ၉၅၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်သည်။ မနေ့က ညနေ ၄ နာရီ ၃၀ မိနစ် အချိန်က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မတ်ဖန်ပရိသတ် တစ်ဦးဖြစ်သော ကိုဖန်ခါးသီးက “ ခုအချိန်ထိ သေပျောက် (မတ်လ ၁၃ ရက်နေ့က အထိ တရားဝင် အတည်ပြု ထားသော စာရင်း) ၁၅၀၀ယောက် ဖြစ်နေပါပြီ။ ပင်လယ်နားနီး ရွာလေးတွေ ရွာလုံး ရေမြုပ် သွားတာတွေတော့ အများကြီးပဲ၊ စာရင်း အတိအကျ မသိနိုင် သေးပါဘူး၊ ဒီစာရင်းက မြို့ပေါ်ကနေ ကောက်လို့ရ တဲ့ လောလောဆယ် စာရင်းဖြစ်ပါတယ်။ တိုကျိုမြို့ပေါ်ကတော့ အသေအပျောက် နည်းပါတယ်၊ ပျက်စီးဆုံးရှူံးမူ့တော့ အရမ်း များတယ်။ လူတွေကတော့ ကြိုတင် သတိပေးချက်တွေ ကာကွယ်မူ့တွေကောင်းတော့ သက်သာတာပေါ့။ မနေ့ကညကတော့ တနိုင်ငံလုံး နာရီဝက်ခြား တနာရီခြား တောက်လျှောက် ငလျင်တွေ ဆက်လူပ်နေတာ၊ တချိုမြို့တွေက ၆စကေး ကျော်တွေ ချည်းပဲ။ တိုကျိုမှာတော့ ခုပုံမှန် နီးပါး ပြန်ဖြစ်နေပါပြီ။ မြန်မာတွေတော့ ဒဏ်ရာရ သေပျောက် ဘာမှမကြားပါဘူး။" ဟုပြောကြားခဲ့သည်။

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.