Posts

Showing posts from July, 2011

နေရာ

Image
နေရာဆိုတဲ့စကားလုံးဟာ မြန်မာစာပေ မြန်မာစကားမှာ အခြေအနေအမျိုးမျိုးအပေါ်မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုးနဲ့ သုံးလေ့ရှိတဲ့စကားလုံးတစ်လုံးပါ။ ရာထူးဌာနန္တရအတွက်ရော လူ့အဆင့်အတန်းအတွက်ပါ၊ ဒါ့အပြင် အများသိဖြစ်တဲ့ ကိုယ့်အိုးအိမ် တိုက်ခန်းစသည်ကိုလဲ နေရာလို့ ပြောဆိုလေ့ ရှိပါတယ်။ `ဒူးနေရာဒူး တော်နေရာ တော်` လို့လဲ ပြောလေ့ရှိကြတယ်။ ရံခါ တစ်ယောက်ယောက်က ကိုယ့်အလုပ်ကိုယ် မလုပ်ဘဲ သူနှင့်မဆိုင်ရာတွေ ၀င်လုပ်နေရင် ၀င်ရှုပ်နေရင်လဲ `မင်းက ကိုယ့်နေရာကိုယ် နေပါမှကွ` လို့ပြောတတ်ကြတယ်။ ထိုက်တန်တဲ့နေရာ ရရှိထားသူအတွက် `လူမှန် နေရာမှန်` လို့လဲ ပြောလေ့ရှိကြတယ်။ ဒီလို အဓိပ္ပါယ်မြောက်များစွာနဲ့ သုံးနေတဲ့နေရာဆိုတဲ့ စကားလုံးထဲက လူသားတစ်ယောက်ရဲ့ အဆင့်အတန်း၊ ဗုဒ္ဓအလိုကျ လူသားတစ်ယောက်ပိုင်ဆိုင်ထားတဲ့ နေရာအကြောင်းကိုလဲ သိစေချင်ပါတယ်။ လူသားတွေဟာ ကိုယ့်ဘ၀ ကိုယ့်အခြေအနေကိုယ် သိရင် ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် နေတတ်လာပါတယ်။ ကိုယ့်နေရာကိုယ် သိရှိထားရင် ကိုယ်လုပ်သင့်လုပ်ထိုက်တာကိုသာ လုပ်ကြတာပါပဲ။ မသိရင်တော့ အလွဲအမှားတွေ များတာပေါ့။ ခဏတာ လွဲမှားတာကို မပြောသာပေမယ့် တစ်ဘ၀တာလွဲမှားသွားမယ်ဆိုရင်တော့ လူဖြစ်ရှုံးတတ်ပါတယ်။ ...

ရခဲခြင်းလေးပါးအကြောင်းနှင့် လူဖြစ်ရကျိုးနပ်ပြီလား (ဒုတိယပိုင်း)

Image
လူအဖြစ်ကိုရပြီးဖြစ်လို့ လူ့ ဘဝကိုရဖို့ လို့ ခဲယဉ်းခြင်းဆိုတဲ့ နံပါတ်(၁)ရခဲခြင်းတစ်ပါးနဲ့ ပြည့်စုံခြင်းသည်ပင်လျှင် အင်မတန်မှ အတိတ်ကံနှင့်ပြည့်စုံခြင်းဖြစ်ပါတယ်။ ၂။ လူ့ဘဝကိုတော့ရနေပေမယ့် အသက်ရှည်ရှည်နေရဖို့ ခဲယဉ်းခြင်းဆိုတဲ့ အချက်ကိုလေ့လာကြည့်ကြဦးစို့။ ဒီအချက်ကလည်းမြတ်စွာဘုရားဟောတော်မူတာ အင်မတန်မှ မှန်ကန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဆိုရင် အမိဝမ်းထဲမှာပင်သေကြေပျက်စီးနေကြတာတွေ၊ အပြင်ရောက်ရောက်ခြင်းသေဆုံးကြတာတွေ၊ လပိုင်းလေးမျှ အသက်ရှင်ပြီးသေဆုံးကြတာတွေ၊ တစ်နှစ်၊ နှစ်နှစ်အရွယ်ရောက်မှသေကြေပျက်စီးကြတာတွေ စသည်ဖြင့် သက်တန်းတိုတောင်းစွာသေကြတဲ့သူတွေကို ကြည့်မယ်ဆိုရင် ဒီအချက်အလွန်ပင်မှန်ကန်တာ တွေ့ရမှာပါ။ ထိုသို့ သော ပုဂ္ဂိုလ်များထက်စာလျှင် စာဖတ်သူ ဒကာ ဒကာမများမှာ အသက်ရှည်ရှည်နေရတယ်လို့ ပြောလို့ရပါတယ်။ ယခုစာရေးသူ ဦးဇင်းလည်းအသက်အားဖြင့် နှစ်ဆယ်ကျော်ရှိနေပါသောကြောင့် ထိုထိုသို့သော အသက်တန်းတိုတောင်းစွာဖြင့် လူဘဝရဲ့တန်ဘိုးကိုနားမလည်သေးခင် သေကြေပျက်စီးသွားတဲ့ ပုဂ္ဂိုလ်များကိုထောက်ဆကြည့်ရင် အသက်ရှည်ရှည်နေရတယ်လို့ ပြောရပေမယ်။ ခြောက်ဆယ်၊ ခုနစ်ဆယ်၊ ရှစ်ဆယ် အရွယ်ရှိကြသော မိဘအရွယ် အဖ...

ရခဲခြင်းလေးအကြောင်းနှင့် လူဖြစ်ရကျိုးနပ်ပြီလား (ပထမပိုင်း)

Image
မြတ်စွာဘုရားရှင် ဧရကပတ္တနဂါးမင်းကိုဟောထားတဲ့ ဒေသနာတော်လေးတစ်ခုပါ။ အဲဒီမှာ ဘာဟောထားသလဲလို့ဆိုတော့ ရခဲခြင်းတရားလေးပါးဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခု သတိပြုရမှာက ရဟန်းတွေ လူပရိတ်သတ်တွေကို ဟောလေ့ရှိတဲ့ ဒုလ္လဘတရား(၅)ပါးနဲ့ မရောမိစေဖို့ပါဘဲ။ ဒုလ္လဘဆိုတာလည်း ရခဲခြင်းဆိုတော့ အဓိပ္ပါယ်က အတူတူပါပဲ။ ဒါပေမယ့် အခုဦးဇင်းပြောချင်တာက တိရိစ္ဆာန်ဖြစ်တဲ့ ဧရကပတ္တနဂါးမင်းကြီးကိုဟောထားတဲ့ ရခဲခြင်းလေးပါးဒေသနာတော်ဖြစ်ပါတယ်။ အဲဒီမှာမြတ်စွာဘုရားက ဘာဟောထားလို့ ဆိုတော့ ၁။လူဘဝကိုရဖို့ ခဲယဉ်းခြင်း။ ၂။လူ့ဘဝရသော်လည်း အသက်ရှည်ရှည်နေထိုင်ရဖို့ ခဲယဉ်းခြင်း။ ၃။သူတော်ကောင်းတရားနာကြားရဖို့ ခဲယဉ်းခြင်း။ ၄။ဘုရားတစ်ဆူဆူပွင့်ဖို့ ခဲယဉ်ခြင်း- ဆိုပြီး ရခဲခြင်းလေးပါးကိုဟောထားတာပါ။ ဒီ...ရခဲခြင်းလေးပါထဲက တစ်ပါးရဖို့ ပင်အင်မတန်မှခဲယဉ်းပါတယ်တဲ့။ လေးပါးလုံးနဲ့ ပြည့်စုံဖို့ ဆိုရင်တော့(အင်မတန့် ) အင်မတန်ခဲယဉ်းပါတယ်လို့ ပြောပြချင်တာပါ။ အဲဒီ(၄)ချက်ကိုသုံးသပ်ကြည့်ကြပါဦးစို့။ (၁)။ လူ့ ဘဝကိုရဖို့ ခဲယဉ်းတယ်ဆိုတဲ့အချက်ပေါ့လေ။ အခု ဦးဇင်းတို့ နေထိုင်တဲ့ ကမ္ဘာလောကကြီးထဲမှာ လူဦးရေ သန်းပေါင်းခြောက်ထောင်ကျော်ကျော်ရှိနေပါတယ်။ လူဘဝရဖို့ ခဲယဉ်းတယ်...

သောတာပန်နှင့် တူအောင်ကျင့်

Image
ဘုရားကို ယုံ တရားကို ယုံ သံဃာကို ယုံ ငါးပါးသီလ လုံ အပါယ်မကျကုန် မှတ်ကြ ယုံသာ ယုံ။ ၀ါခင်းကုန်းဆရာတော်ဦးတိက္ခတရားထဲမှာ နာလိုက်ရတဲ့ ကဗျာလေးတစ်ပုဒ်၊ အဓိပ္ပါယ်ရှိလွန်းလို့ ဖော်ပြပေးလိုက်ပါတယ်။ သောတာပန်ကို ဘာသာရေး လိုက်စားသူ တော်တော်များများ စိတ်ဝင်တစား ရှိနေကြတာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ အပါယ်ကင်းတဲ့ဘ၀ ဖြစ်နေလို့ပါပဲ။ ဒီတော့ သောတာပန်ဖြစ်အောင်ဆိုရင် ကျင့်မှ ရမယ်။ မကျင့်ရင် မရဘူး။ ဉာဏ်အရည်အသွေး ထက်မြက်တဲ့သူတွေဆိုရင်တော့ နည်းမှန်လမ်းမှန် ညွှန်ပြတတ်တဲ့ဆရာသမားကောင်းနဲ့တွေ့လိုက်ရင် တစ်ထိုင်တည်းနဲ့ ဖြစ်နိုင်တာပေါ့။ ဆရာဘယ်လောက်ကောင်းကောင်း နည်းမှန်ဖို့လဲ လိုအပ်ပါတယ်။ ယောဂီက ဉာဏ်ရည်မြင့်မားဖို့လဲ လိုအပ်ပါတယ်။ မဂ် ဖိုလ်ရေးရာတွေဟာ ဉာဏ်အလုပ်တွေဖြစ်လေတော့ ဉာဏ်ရည်နိမ့်မယ်ဆိုရင် နှောင့်နှေးကြန့်ကြာမှာပေါ့။ တိဟိတ်ဉာဏ်ဆိုရင် ရနိုင်ပါတယ်။ စိတ်ဓာတ်မကျပါနဲ့။ တကယ်လို့ ဒွိဟိတ်ဖြစ်မယ်ဆိုရင်လဲ အထုံပါရမီရသွားတာပေါ့။ ဒီအထုံပါရမီဆိုတာ မဂ်ဖိုလ်နိဗ္ဗာန်အတွက် အထောက်အပံ့ဖြစ်သွားတာ၊ ဥပနိဿယပစ္စည်းဖြစ်သွားတာပေါ့။ အပါယ်ဘေးကို ကြောက်ကြတာဟာ ကြောက်သင့်လို့ ကြောက်ရတာ အမှန်ပဲ။ ကြောက်လန့်ရာမှ သံဝေဂဆိုတာဖြစ်လာတာ။ သံဝေဂ...

စူဠသောတာပန် မဟာသောတာပန်အကြောင်း အဖြေ

Image
မေး ဆရာတော်ဘုရား၊ တပည့်တော် ဆရာတော်ရှင်းပြထားတဲ့ နာမရူပပရိစ္ဆေဒဉာဏ် နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ကိုတော့ နားလည်ပါပြီ။ ဒါပေမဲ့ ပေါ်လာတဲ့ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားနာကောင်းစိတ်၊ တွေးတောစိတ်၊ လိုချင်စိတ် (လောဘ)၊ ပြစ်မှားစိတ် (ဒေါသ)၊ မသိစိတ် (မောဟ)၊ ကုသိုလ်ပြုချင်စိတ် (အလောဘ)၊ မေတ္တာထားတဲ့စိတ် (အလောဘ)၊ လေကိုသွင်းသောစိတ်၊ လေကိုထုတ်သောစိတ် စတဲ့စိတ်တွေ ကို သတိရလို့ ကြည့်လိုက်ရင် ခန္ဓာမှာ စိတ်တခုခု ရှိနေတာကိုတော့ သိပါတယ်,ဘုရား။ အဲ့ဒီလို သတိနဲ့ ကြည့်ပေးတာကို ဉာဏ်နဲ့ ကြည့်တယ်ခေါ်တာလား? ။(ဘယ်စိတ်လာလာ အကုန် ဉာဏ်နဲ့စောင့်ကြည့် ဖို့ ကတော့ ခန္ဓာအပေါ် သတိ အမြဲမရောက်မိဘူး။) ဒါပေမဲ့ ရှိနေတဲ့ စိတ်တွေ ပျက်သွား တာကို တော့ မမြင်မိသေးဘူး။ (အပျက် မြင်ဖို့ ဘယ်လိုရှုရပါမလဲ??။) အကယ်၍ `ဖြစ်ပျက်´ မမြင်ဘဲ ဆရာတော်ရှင်းပြထားတဲ့ နာမရူပပရိစ္ဆေဒဉာဏ် နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ကိုနားလည်တယ် ဆိုတာ "ပညာသိ မဟုတ်ဘဲ, သညာသိ ဖြစ်နေမလား???" ဆိုတာကိုလဲ သိချင်ပါတယ်၊ ဘုရား။ "နာမရူပပရိစ္ဆေဒဉာဏ် နဲ့ ပစ္စယပရိဂ္ဂဟဉာဏ်" ရရင် စူဠသောတာပန် ဖြစ်ပြီလို့ မှတ်သားဖူးပါတယ်။ `ဖြစ်ပျက်´ မမြင်ဘဲ အဲ့ဒီ ဉာဏ်နှစ်ပါး...

အပါယ်ရောက်ကြောင်း ဒါန

Image
ဒါနဆိုတာ ပေးကမ်းခြင်းပင် ဖြစ်ပါတယ်။ ဒါနပြုလေ့ရှိတဲ့ပုဂ္ဂိုလ်ကို ဘုရားအစရှိတဲ့သူတော်ကောင်းများချီးမွမ်းကြပါတယ်။ ဒါနက ဖြစ်လေရာဘဝမှာ အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာကြီးခြင်း ခွန်အားကြီးခြင်း ဥာဏ်ပညာကြီးခြင်း အစရှိတဲ့ကောင်းကျိုးချမ်းသာများကိုရစေနိုင်တဲ့အပြင် ဗုဒ္ဓဘာသာတို့ရဲ့ အလိုချင်ဆုံး အတောင်းတဆုံး နောက်ဆုံးပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်ရောက်ကြောင်း အထောက်ပံ့လည်းဖြစ်စေပါတယ်။ မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓ၊ အဂ္ဂသာဝက မဟာသာဝကများ ဖြစ်အောင်ပါရမီဖြည့်ကျင့်ရတဲ့အရာမှာလည်း ဒါနဟာ ထိပ်တန်းကပါဝင်နေပါတယ်။ အဂ္ဂသာဝက မဟာသာဝကဖြစ်ဖို့လည်း ထောက်ပံ့ပေးနိုင်ပါတယ်။ ပစ္စေကဗုဒ္ဓါဖြစ်စေအောင်လည်း ထောက်ပံ့ပေးနိုင်ပါတယ်။ နောက်ဆုံးသမ္မာသမ္ဗုဒ္ဓဘုရားရှင်ဖြစ်စေအောင်လည်း ဒါနက အထောက်အပံ့ပေးနိုင်တယ်။ သို့သော် အပြစ်ကင်းစင်တဲ့ဒါနဖြစ်ဖို့တော့အလွန်အရေးကြီးပါတယ်။ ဆိုလိုတာက လှူသင့်လှူထိုက်တဲ့ဒါနဖြစ်ဖို့ပေါ့။ ကျောင်းဆောက် ဘုရားတည် ရှင်ပြု ရဟန်းခံ ဝါဆိုသင်္ကန်း ကထိန်သင်္ကန်းစသည်ဖြင့်ပေါ့လေ၊ အပ်စပ်တဲ့အလှူဒါန အပြစ်ကင်းစင်တဲ့ဒါနဖြစ်ဖို့တော့ အလွန်ပင်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့တစ်ချို့သောပုဂ္ဂိုလ်များဟာ အပြစ်ကင်းစင်တဲ့အလှူဒ...

ကံနှင့် ကံ၏အကျိုးသက်ရောက်မှု

Image
ပြုလုပ်ဆောင်ရွတ်မှု (ကာယကံ)၊ ပြောဆိုမှု(ဝစီကံ)၊ ကြံစည်မှု (မနောကံ) တွေကို ကံလို့ခေါ်တယ်ဆိုတာကို အကျဉ်းချုပ်မှတ်လိုက်ပါ။ အဲဒီကံဟာ အကုသိုလ်ကံ (မကောင်းကံ)၊ ကုသိုလ်ကံ (ကောင်းကံ)ဆိုပြီးနှစ်မျိုးရှိပါတယ်။ အကုသိုလ်ကံက ၁။ ပါဏာတိပါတ -သူ့အသက်သတ်မှု။ ၂။ အဒိန္နာဒါန -သူ့ဥစ္စာခိုးမှု။ ၃။ ကာမေသုမိစ္ဆာစာရ-သူ့အိမ်ယာလွန်ကြူးမှုဆိုပြီး(၃)မျိုးရှိပါတယ်။ အဲဒီအကုသိုလ်ကံ(၃)မျိုးက ကိုယ်နဲ့ပြုလုပ်တာဖြစ်လို့ ကာယကံလို့ခေါ်ပါတယ်။ နောက်-နှုတ်ဖြင့်ပြောဆိုတဲ့ ဝစီကံဆိုတာရှိပါတယ်။ ၁။ မုသာဝါဒ -လိမ်လည်ပြောဆိုမှု။ ၂။ ပိသုဏဝါစာ -အချစ်ပျက်အောင် (သူတစ်ပါးတို့၏ခင်မင်မှုကိုပျက်ဆီးအောင်) ကုန်းတိုက်မှု။ ၃။ ဖရုသဝါစာ -ကြမ်းတမ်းသောစကားကိုပြောဆိုမှု။ ၄။ သမ္ဖပ္ပလာပဝါစာ-အကျိုးမဲ့စကားပြောဆိုမှု။ ဒါက ဝစီကံလေးပါးပါ။ နောက်- စိတ်ထဲကကြံစည်တဲ့ မနောကံဆိုလည်း(၃)ပါးရှိသေးတယ်။ ၁။ အဘိဇ္ဈာ -သူတစ်ပါးဥစ္စာ သူတစ်ပါးစီးပွားကို(မတရား)လိုချင်မှု။ ၂။ ဗျာပါဒ -သူတစ်ပါးကိုပြစ်မှားမှု။ ၃။ မိစ္ဆာဒိဌိ -မှားယွင်းသည့် အယူအဆ (အယူမှား)။ ဒါက စိတ်နဲ့ကြံစည်ပြီးဖြစ်တဲ့ အကုသိုလ် မနောကံ (၃)ပါးပါ။ မကောင်...

ဘ၀ပစ္စယာ ဇာတိ

Image
မနေ့က ဥပါဒါန်ကြောင့် ဘ၀ဖြစ်တယ်ဆိုရာမှာ ကမ္မဘ၀နဲ့ ဥပပတ္တိဘ၀လို့ နှစ်မျိုးရှိကြောင်း ပြောခဲ့တယ်။ ကမ္မဘ၀က ဒီလက်ရှိဘ၀မှာ ဖြစ်နေတဲ့ ကံတရားအစုကို ပြောတာပါ။ ဥပပတ္တိဘ၀ကတော့ နောက်ဘ၀ ရရှိမယ့် ခန္ဓာအစကို ပြောတာပါပဲ။ ဒါကြောင့် ဥပပတ္တိဘ၀ကို စက်ဝိုင်း အကွက် (၄)မှာ ထည့်သွင်းထားရခြင်းဖြစ်တယ်။ ဖြစ်ပုံအနေအားဖြင့် အကုသိုလ်ကံကြောင့် အပါယ်ခန္ဓာရ၊ ကုသိုလ်ကံကြောင့် ကာမသုဂတိခန္ဓာ၊ ရူပဗြဟ္မာခန္ဓာ၊ အရူပဗြဟ္မာခန္ဓာရတယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ လက်ရှိဘ၀နဲ့ အနာဂတ်ဘ၀ ဆက်စပ်သွားခြင်းဟာ ဥပါဒါန်ကြောင့် ဖြစ်နေသဖြင့် ဥပါဒါနပစ္စယာ ဘဝေါ-အရ ဥပပတ္တိဘ၀ကိုပါ ထည့်သွင်း ဟောကြားတော်မူရခြင်း ဖြစ်ပါတယ်။ ဥပပတ္တဘ၀ဆိုတာ ကံကြောင့် ဖြစ်တဲ့ ခန္ဓာတွေကို ပြောတာပါပဲ။ အဘိဓမ္မာအလိုကျပြောမယ်ဆိုရင်တော့ ၀ိပါက်စိတ် စေတသိက် ကမ္မဇရုပ်တွေပါ။ ဒါတွေကို ဥပပတ္တိဘ၀လို့ ခေါ်တယ်။ ဥပပတ္တိဘ၀ဆိုတာ ဇာတိပါပဲ။ ဟိုဘ၀ ဒီဘ၀ အစဖြစ်တာကို ဇာတိလို့ ခေါ်တာ။ အကုသိုလ်ကံကြောင့် အပါယ်ဘုံမှာ ပဋိသန္ဓေနေတော့ အပါယ်ပဋိသန္ဓေစိတ် စေတသိက် ရုပ်တွေဖြစ်သွားတယ်။ ဒါဟာ ဥပပတ္တိဘ၀ပါပဲ။ ထို့အတူ အခြားဘုံတွေမှာ ဖြစ်တဲ့ ပဋိသန္ဓေစိတ် စေတသိက် ရုပ်တွေဟာ ဥပပတ္တိဘ၀လို့ နားလည်ထားရမယ်။ အ၀ိဇ္ဇာက သစ္စာမသိအော...

ဥပါဒါနပစ္စယာ ဘဝေါ

Image
ဥပါဒါနပစ္စယာ ဘဝေါ-၌ ဥပါဒါန-အရ ဥပါဒါန်တရား (၄)ပါးကို ယူရပါတယ်။ ဘ၀-အရ ကမ္မဘ၀နဲ့ ဥပပတ္တိဘ၀ နှစ်ပါးကိုယူရပါတယ်။ ကမ္မဘ၀-အရ လောကီ ကုသိုလ် အကုသိုလ် စေတနာ(၂၉)ပါးကို ကောက်ယူရပါတယ်။ ဥပပတ္တိဘ၀-အရ ထင်ရှားစွာ ဖြစ်ပေါ်လာတတ်သော လောကီဝိပါက်(၃၂)၊ စေတသိက် (၃၅)၊ ကမ္မဇရုပ် (၂၀) တို့ကို ကောက်ယူရပါတယ်။ သင်္ခါရနှင့် ဘ၀အရ စေတနာကိုပင် ကောက်ယူရသည်ဖြစ်ရာ အတိတ်ဘ၀၌ ဖြစ်ခဲ့သော စေတနာသည် သင်္ခါရ၊ ယခုပစ္စုပ္ပန်ဘ၀၌ ဖြစ်သောစေတနာသည် ကမ္မဘ၀လို့ ခွဲခြားနားလည် ထားရပါမယ်။ သင်္ခါရသည် အတိတ်ကာလ၊ ကမ္မဘ၀သည် ပစ္စုပ္ပန်ကာလလို့ ကာလကွာခြားပါတယ်။ တရားတွေအရကတော့ အတူတူပါပဲ။ တစ်နည်းအားဖြင့် စေတနာသက်သက်သည် သင်္ခါရ။ စေတနာ၊ ထိုစေတနာနှင့်ယှဉ်သော စေတနာသမ္ပယုတ်ဖြစ်သော သံသရာ၌ ကျင်လည်တတ်သော အဘိဇ္ဈာ စသောတရားအပေါင်းသည် ဘ၀မည်၏လို့လဲ မှတ်ထားနိုင်ပါတယ်။ အကုသိုလ်အရာ၌ ကာမဂုဏ်အာရုံကိုစွဲလန်းမှု ကာမုပါဒါန်ကြောင့် ဒုစရိုက်ကိုပြုလျှင် ထို ဒုစရိုက်စေတနာက ကမ္မဘ၀၊ ထိုအကုသိုလ်စေတနာကြောင့် ငရဲ တိရစ္ဆာန် စသော အပါယ်ဒုဂ္ဂတိဘုံတို့၌ ပဋိသန္ဓေနေရခြင်းသည် ဥပပတ္တဘ၀ဖြစ်ပါတယ်။ ဤသို့ ကာမဂုဏ်၌ လွန်စွာစွဲလန်းမှု ဥပါဒါန်ကြောင့် အကုသိုလ်ကံဟူသော ကမ္မဘ၀နှင့် ဒုဂ္ဂတိဘ၀ဟူသော ဥပပတ္တိဘ၀တိ...

ကိုယ်ပိုင်ဥစ္စာ မရှိပါ (အသောကမင်းကြီးရဲ့ ဘ၀နိဂုံး)

Image
ဓမ္မအမြင်နဲ့ ကြည့်လိုက်မယ်ဆိုရင် တိရိစ္ဆာန် လူ နတ် ဗြဟ္မာ သတ္တဝါတွေမှာ ကိုယ်ပိုင်ဥစ္စာရယ်လို့မရှိပါဘူး။ လောကအလိုအားဖြင့်တော့ ကိုယ်ပိုင်ဥစ္စာပစ္စည်းဆိုတာ အနည်းနှင့်အများသာကွာခြားပါတယ်။ ရှိတန်သလောက်တော့ ရှိနေကြတာပါ။ ဒါပေမယ့် ပစ္စည်းဥစ္စာဆိုတာက (ရေ မီး မင်း ခိုးသူ သားဆိုးသမီး)ဆိုတဲ့ ရန်သူမျိုးငါးပါးနဲ့ ဆက်ဆံနေတဲ့အတွက် အချိန်မရွေး ပျက်စီး ဆုံးရှုံးမှုဖြစ်နိုင်ပါတယ်။ အဲဒီရန်သူမျိုးငါးပါးနဲ့ မကြုံသေးခင်မှာတော့ ကိုယ်ပိုင်ဥစ္စာလို့ ထင်နေတတ်ကြပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်နဲ့အညီပြောမယ်ဆိုရင် ပြည့်စုံခြင်းဆိုတဲ့အရာဟာ ပျက်ဆီးခြင်းလျှင်အဆုံးရှိတယ်တဲ့။ လောကမှာ ပြည့်စုံနေ၊ ကြီးပွားချမ်းသာနေခြင်းဟာ နောက်ဆုံးတစ်ချိန်မှာတော့ ပျက်ဆီးသွားကြတာချည်းပါပဲ။ မွေးဖွားခြင်းသည် သေခြင်းမှာအဆုံးရှိတယ်ဆိုသလိုပေါ့။ ပြည့်စုံချမ်းသာခြင်းသည်လည်း ပျက်ဆစီးခြင်းလျှင်အဆုံးရှိတယ်လို့ပြောရမှာပါ။ တကယ်တော့ ဒီစကားလုံးလေးက ဦးဇင်းတို့ဥာဏ်ကနေ ထွက်ပေါ်လာတာမဟုတ်ပဲ မြတ်စွာဘုရားရှင်ရဲ့ စကားလုံးတော်လေးပါ။ မှန်ပါတယ်။ စောစောက ပစ္စည်းဥစ္စာများ ဘယ်လိုပဲပြည့်စုံနေပါစေ၊ နောက်ဆုံးမှာတော့ (သေဆုံးချိန်)မှာတော့ဘာတစ်ခုမှယူသွားလို့မရပါဘူး။ထို့အတူ အခြံအရံမျ...

ဒါန သုံးမျိုး

Image
ပေးကမ်းစွန့်ကြဲခြင်းကို ဒါနလို့ခေါ်ပါတယ်။ ဒါနအမျိုးအစားများစွာရှိတဲ့အထဲက စေတနာ သဒ္ဒါတရားအပေါ်မူတည်ပြီး ကွဲပြားသွားတဲ့ ဒါန(၃)မျိုးအကြောင်း ဖော်ပြလိုက်ပါတယ်။ ထိုဒါန(၃)မျိုးဟာ (၁) ဒါနဒါသ(ကျွန်ဒါန) (၂) ဒါနသဟာယ(မိတ်ဆွေဒါန) (၃) ဒါနပတိ(အရှင်သခင်ဒါန)ဆိုပြီးသုံးမျိုးရှိပါတယ်။ (၁) ဒါနဒါသ(ကျွန်ဒါန)ဆိုတာ တစ်ယောက်သောသူသည် မိမိကိုယ်တိုင်တော့ ကောင်းမွန်သော အစာအဟာရ ဝတ္ထုတွေကိုသုံးဆောင်ပါတယ်။ ဒါပေမယ့် အလှူခံပုဂ္ဂိုလ် ကိုမူကား မိမိသုံးဆောင်သော အစာအာဟာရ ဝတ္ထုလောက်မကောင်းသော (တနည်း) ယုတ်ညံ့သော အစာအာဟာရဝတ္ထုကိုပေးလှူတယ်။ ထိုဒါနရှင်၏ စေတနာသည် ယုတ်ညံ့သောကြောင့် ထိုဒါနကို ဒါနဒါသ (ကျွန်ဒါန) လို့ခေါ်ပါတယ်။ (ကိုယ်က ကြက်သား ၀က်သား ချက်စားသော်လဲ ဆွမ်းခံကြွတော်မူသော သံဃာတော်အရှင်သူမြတ်တို့အား ချဉ်ရည်ဟင်းလောင်းလှူခြင်းမျိုး)။ ထိုယုတ်ညံ့သော ဒါနကံကြောင့် ဖြစ်လေရာဘဝတိုင်းမှာ ယုတ်ညံ့သော အကျိုးကိုသာ ခံစားရပါတယ်။ (၂)။ ဒါနသဟာယ(မိတ်ဆွေဒါန)ဆိုတာ တစ်ယောက်သောသူသည် မိမိ သုံးဆောင်သောအစာအာဟာရ ဝတ္ထုနှင့်ညီမျှသော အစာအာဟာရဝတ္ထုကိုပေးလှူခြင်းမျိုးဖြစ်ပါတယ်။ ဆိုလိုတာက မိမိလည်း ကြက်သား ဝက်သား စသော ကောင်းသော အစာအာဟ...

တဏှာပစ္စယာ ဥပါဒါနံ

Image
တဏှာပစ္စယာ ဥပါဒါနံ-၌ တဏှာ-အရ လိုချင်မှုတဏှာကိုယူရသကဲ့သို့ ဥပါဒါန်-အရလည်း တဏှာအပါအ၀င် ဖြစ်တဲ့ ဥပါဒါန်(၄)ပါးကိုပဲ ယူရမှာဖြစ်ပါတယ်။ တဏှာနဲ့ ဥပါဒါန် ဘာထူးလဲဆိုရင်တော့ အားနဲသောလောဘသည်တဏှာ၊ အားကြီးသောလောဘသည် ဥပါဒါန်။ ဒီလိုခွဲခြားမှတ်ထားရပါမယ်။ လိုချင်မှုတဏှာကြောင့် တဏှာကိုအစွဲပြုပြီးတော့ ဥပါဒါန်ဖြစ်တယ်။ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်တို့ရဲ့ ဖြစ်စဉ်ကိုပြရရင် မြင်- တွေ့- ခံစား- ခင်မင်- စွဲလန်း ကြား- တွေ့- ခံစား- ခင်မင်- စွဲလန်း နံ- တွေ့- ခံစား- ခင်မင်- စွဲလန်း စား- တွေ့- ခံစား- ခင်မင်- စွဲလန်း ထိ- တွေ့- ခံစား- ခင်မင်- စွဲလန်း တွေး- တွေ့- ခံစား- ခင်မင်- စွဲလန်း။ ဒီလို သဘောတရားပိုင်းကနေမှတ်ထားလိုက်ပေါ့။ ဥပမာ- မြင်စရာအဆင်းတစ်ခုခု မြင်ပြီဆိုပါစို့။ ဝေဒနာက အဆင်းကိုခံစားလိုက်တယ်။ တဏှာက အဲဒီအဆင်းကို၊ မြင်လိုက်ရတဲ့အရာကို ခင်လိုက်တယ်။ တပ်နှစ်သက်လာတယ်။ ဒါက တဏှာအဆင့်ရှိသေးတာ။ ဒါလေး ငါလိုချင်လိုက်တာ၊ ဒါလေး ငါရချင်လိုက်တာ ဆိုရင် ဥပါဒါန်ဖြစ်လာပြီ။ သဘောကျတပ်မက်နှစ်သက်ရုံအဆင့်မှာ တဏှာသာ ဖြစ်နေသေးတယ်။ ဒါကို ငါရချင်လိုက်တာလို့ စွဲလန်းလာရင်တော့ ဥပါဒါန်ဖြစ်သွားပြီ။ မရ ရအောင်...