Posts

Showing posts from September, 2025

If There is Wrong View, Nibbāna Cannot Be Attained

Image
Please understand that if wrong view (diṭṭhi) is present, one cannot reach Nibbāna. Therefore, before starting the work of Vipassanā, one must first strive to separate awareness from wrong view. Why does wrong view persist? It's because one does not understand the process of the aggregates (khandhās). The process of the aggregates is none other than Dependent Origination (Paṭiccasamuppāda). If one does not understand Dependent Origination, one does not understand the process of the aggregates. If one does not understand the process of the aggregates, wrong view will remain persistently attached. Even if one recites "impermanence, suffering, non-self" (anicca, dukkha, anatta) fluently, if wrong view is attached, one cannot realize Nibbāna. Therefore, the Venerable Mogok Sayadaw often taught that priority should be given to removing wrong view, and the practice of Vipassanā meditation should come later. If wrong view is not removed through correct understanding, one'...

ဒိဋ္ဌိရှိလျှင် နိဗ္ဗာန်မရ

Image
ဒိဋ္ဌိရှိနေရင်တော့ နိဗ္ဗာန်မရောက်နိုင်ဘူးလို့ မှတ်လိုက်ပါ။ ဒါကြောင့် ဝိပဿနာအလုပ် မလုပ်ခင်မှာ အသိနဲ့ ဒိဋ္ဌိကို အရင်ခွါနိုင်အောင် ကြိုးစားကြရတယ်။ ဒိဋ္ဌိဘာကြောင့် ကပ်နေပါလိမ့်မလဲဆိုရင် ခန္ဓာ့ဖြစ်စဉ်ကို နားမလည်လို့ ကပ်နေတယ်လို့ မှတ်ရမယ်။ ခန္ဓာ့ဖြစ်စဉ်ဆိုတာ ပဋိစ္စသမုပ္ပါဒ်ပါပဲ။ ပဋိစ္စသမုပ္ပါဒ်နားမလည်ရင် ခန္ဓာ့ဖြစ်စဉ်ကို နားမလည်ဘူး။ ခန္ဓာ့ဖြစ်စဉ်နားမလည်ရင် ဒိဋ္ဌိက ကပ်မြဲကပ်နေမှာပဲ။ အနိစ္စ ဒုက္ခ အနတ္တတွေ အာပေါက်အောင် ရွတ်နေပေမယ့် ဒိဋ္ဌိကပ်နေမယ်ဆိုရင် နိဗ္ဗာန်မမြင်နိုင်ပါဘူး။ ဒါကြောင့် ဒိဋ္ဌိဖြုတ်မှုကိုရှေ့ထား၊ ဝိပဿနာရှုမှုကို နောက်ထားဖို့ မိုးကုတ်ဆရာတော်ဘုရားကြီး မကြာခဏမိန့်တော်မူတာ။ အသိနဲ့မှ ဒိဋ္ဌိမပြုတ်လို့ရှိရင် ပွားမှုတွေ ခရီးမရောက်ဖြစ်တတ်တယ်။ အရှင်ဆန္နမထေရ်ဟာ နှစ်ပေါင်းလေးဆယ်ကျော်လောက် အနိစ္စ ဒုက္ခ အနတ္တတွေ ပွားလိုက်တာ၊ ဒိဋ္ဌိမပြုတ်တဲ့အတွက် နိဗ္ဗာန်မရရှာဘူး။ အရှင်အာနန္ဒာက ဒိဋ္ဌိခွါတဲ့နည်းကို ပေးပြီး ဖြစ်ပျက် အားထုတ်ခိုင်းလိုက်တော့မှ နိဗ္ဗာန်ရသွားတယ်။ ဝိပဿနာမှာ အနိစ္စ ဒုက္ခ အနတ္တရှုမှု၊ ဒိဋ္ဌိခွါမှုဆိုပြီး နှစ်မျိုးရှိတယ်။ ဒီနှစ်မျိုးအနက် ဒိဋ္ဌိခွါမှုကို ရှေ့ထားရမယ်လို့ မှတ်လိုက်ပါ။ ပဋ...

The Wisdom That Knows the Truth

Image
Understand that the appearance and disappearance of any one of the five aggregates is the Truth. The occurrences and cessations that arise within your own body are indeed the Truth. When a feeling arises, that feeling both arises and ceases. When a mind-state arises, that little mind both arises and ceases. The arising of the mind-state is its occurrence; its disappearance when its lifespan ends is its cessation. This is the Arising and Passing Away – the Truth of Suffering (dukkhasaccā). Knowing this Truth is wisdom (ñāṇa). It is the Wisdom that knows the Truth. The arising and passing away is the Truth of Suffering; the knowing is the Truth of the Path (maggasaccā). Whenever anything arises in the body, you must know it with this Truth of the Path. You must know it with the preliminary path knowledge called Vipassanā. If you continually know every occurrence in the body in this way, then the arising and passing away is the Truth of Suffering, and your own direct seeing of that aris...

သစ္စာသိတဲ့ဉာဏ်

Image
ခန္ဓာငါးပါးထဲက တစ်ပါးပါး ပေါ်ပြီး ပျက်သွားတာဟာ သစ္စာလို့ မှတ်လိုက်ပါ။ ကိုယ့်ခန္ဓာထဲက ပေါ်လာတဲ့ ဖြစ်မှုလေးတွေ ပျက်မှုလေးတွေဟာ သစ္စာပါပဲ။ ဝေဒနာပေါ်လာရင်လည်း ဝေဒနာလေးက ဖြစ်တာလည်း ရှိတယ် ပျက်တာလည်း ရှိတယ်။ စိတ်ပေါ်လာရင်လည်း စိတ်ကလေးက ဖြစ်တာလည်း ရှိတယ် ပျက်တာလည်း ရှိတယ်။ စိတ်ကလေးပေါ်လာတာက ဖြစ်တာ၊ စိတ်ကလေး သူ့သက်တမ်းစေ့လို့ ပျောက်သွားတာလးက ပျက်တာ။ ဒါဟာ ဖြစ်ပျက်- ဒုက္ခသစ္စာပါပဲ။ သစ္စာသိလိုက်တာဟာ ဉာဏ်။ သစ္စာသိတဲ့ဉာဏ်ပေါ့။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ။ ခန္ဓာကိုယ်မှာ ပေါ်တိုင်းပေါ်တိုင်း ဒီ မဂ္ဂသစ္စာလေးနဲ့ သိသိပေးနေရမယ်။ ဝိပဿနာခေါ်တဲ့ ပုဗ္ဗဘာဂမဂ်ကလေးနဲ့ သိသိပေးနေရမယ်။ ဒီလိုချည်း ခန္ဓာမှာ ပေါ်တိုင်းပေါ်တိုင်း သိသိပေးနေရင် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ဖြစ်ပျက်ကို ကိုယ်တိုင်မြင်လိုက်တာလေးက မဂ္ဂသစ္စာပါပဲ။ သံသရာတစ်ခွင် ကျင်လည်ခဲ့ကြရတာဟာ ဟောဒီ သစ္စာသိတဲ့ဉာဏ်ကလေး မပေါ်ခဲ့လို့ပါ။ ဒီဉာဏ်ကလေး ပေါ်ခွင့်မရတော့ သံသရာမှာ အိုဘေး နာဘေး သေဘေးတွေနဲ့၊ မွဲဘေး ကွဲဘေး အပါယ်ဘေးတွေနဲ့၊ နိမ့်လိုက် မြင့်လိုက်ဘဝတွေနဲ့ ကျင်လည်ခဲ့ကြရတာပါပဲ။ သစ္စာသိတဲ့ ဉာဏ်လေးရလိုက်ရင် နောင်လာမယ့် ဒုက္ခဝဲလည်နေရတဲ့ စက်ရဟတ်ကြီး ရပ်စဲသွား...

Where to Look for Dhamma

Image
Only when you know where the Dhamma is will you know where to look for it. The Dhamma exists within the body. Therefore, you should look within the body. Because you know it exists within the body, if you look within the body, you will find the Dhamma there. So, if you want to look for the Dhamma, instead of running around here and there, I give you the answer: look within the body, search within the body. Searching within the body means simply observing the physical body. Observe it, and while doing so, watch your breath gently and steadily. Various sense impressions will contact as they please, and thoughts will arise as they wish. You must observe and watch these thoughts that arise in this way. For example, when you open your eyes, a seeing-consciousness arises. Observe, be mindful, and apply energy to see: is this seeing-consciousness something that has existed before, or has it just now arisen? You will find that this seeing-consciousness has arisen just now due to sense conta...

တရား ဘယ်မှာရှာ

Image
တရားဘယ်မှာ ရှိလဲဆိုတာ သိမှ တရားဘယ်မှာ ရှာရမလဲဆိုတာ သိမယ်။ တရားဆိုတာ ခန္ဓာထဲမှာ ရှိတယ်။ ဒီတော့ ခန္ဓာထဲ ရှာရလိမ့်မယ်ပေါ့။ ခန္ဓာထဲမှာ ရှိတာသိလို့ ခန္ဓာထဲမှာ ကြည့်လိုက်ရင် ခန္ဓာထဲမှာ တရားတွေ့ပါလိမ့်မယ်။ ဒါကြောင့် တရားရှာချင်တယ်ဆိုရင် ဟိုဟိုဒီဒီ ပြေးလွှားနေမယ့်အစား ခန္ဓာထဲမှာ ကြည့်၊ ခန္ဓာထဲမှာ ရှာပါလို့ အဖြေပေးလိုက်ပါတယ်။ ခန္ဓာထဲမှာ ရှာဆိုတာ ခန္ဓာကိုယ်ကြီးကို စောင့်ကြည့်ရတာပါပဲ။ စောင့်ပြီးတော့ အသက်ကလေး မှန်မှန်ရှူပြီးကြည့်ပါ။ အာရုံတွေ တိုက်ချင်ရာက တိုက်ပြီးတော့ ပေါ်ချင်ရာစိတ်တွေ ပေါ်လာပါလိမ့်မယ်။ ဒီလိုပေါ်လာတဲ့စိတ်ကလေးတွေကို စောင့်ပြီးကြည့်ပေးရမယ်။ မျက်လုံးဖွင့်လိုက်တော့ မြင်စိတ်ကလေးပေါ်လာတယ်။ ဒီမြင်စိတ်ကလေးဟာ အရင်ကတည်းက ပေါ်နေတာလား အခုမှ ပေါ်လာတာလားလို့ စောင့်ကြည့် သတိထားကြည့် ဝီရိယစိုက်ကြည့်လိုက်တော့ ဒီမြင်စိတ်ကလေးဟာ အခုမှ အာရုံတိုက်လို့ပေါ်လာတာ။ အခုမှပေါ်လာတဲ့စိတ်ဟာ ပေါ်ဆဲစိတ်လေးပါပဲ၊ ပစ္စုပ္ပန်စိတ်ကလေးပါပဲ။ ဒီစိတ်ကလေးပေါ်တာနဲ့ သတိ သမာဓိ ပညာနဲ့ ချက်ချင်းလိုက်ပါ။ မြင်စိတ်ကလေးပေါ်ပြီး မြင်စိတ်ကလေး မရှိတော့ဘူးဆိုတာ ချက်ချင်း သိလိုက်ပါ။ မြင်စိတ်ပေါ်ရင် အဲဒီမြင်စိတ်ကလေးကို သတိ ပညာနဲ့ ချက်ခ...

Life as a Condition for Birth (Bhavapaccayā Jāti)

Image
Yesterday, regarding the statement that existence (bhava) arises due to clinging (upādāna), we explained that there are two types: kammabhava (active process of kamma) and upapattibhava (state of renewed existence). Kammabhava refers to the aggregate of volitional actions (kamma) occurring in this present life. Upapattibhava refers to the initial arising of the aggregates in the next life. Therefore, upapattibhava is included in the fourth Section of the Dependent Origination cycle. In terms of how it occurs, it means that unwholesome kamma leads to the aggregates in the lower realms (apāya), and wholesome kamma leads to the aggregates in the sensuous blissful realms (kāmasugati), the fine-material brahma realms (rūpabrahmā), and the immaterial brahma realms (arūpabrahmā). The connection between the present life and the future life occurs due to clinging (upādāna). Therefore, based on the principle "upādānapaccayā bhavo" - with clinging as condition, existence arises - the...

ဘဝပစ္စယာ ဇာတိ

Image
မနေ့က ဥပါဒါန်ကြောင့် ဘဝဖြစ်တယ်ဆိုရာမှာ ကမ္မဘဝနဲ့ ဥပပတ္တိဘဝလို့ နှစ်မျိုးရှိကြောင်း ပြောခဲ့တယ်။ ကမ္မဘဝက ဒီလက်ရှိဘဝမှာ ဖြစ်နေတဲ့ ကံတရားအစုကို ပြောတာပါ။ ဥပပတ္တိဘဝကတော့ နောက်ဘ၀ ရရှိမယ့် ခန္ဓာအစကို ပြောတာပါပဲ။ ဒါကြောင့် ဥပပတ္တိဘဝကို စက်ဝိုင်း အကွက် (၄)မှာ ထည့်သွင်းထားရခြင်းဖြစ်တယ်။ ဖြစ်ပုံအနေအားဖြင့် အကုသိုလ်ကံကြောင့် အပါယ်ခန္ဓာရ၊ ကုသိုလ်ကံကြောင့် ကာမသုဂတိခန္ဓာ၊ ရူပဗြဟ္မာခန္ဓာ၊ အရူပဗြဟ္မာခန္ဓာရတယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ လက်ရှိဘဝနဲ့ အနာဂတ်ဘ၀ ဆက်စပ်သွားခြင်းဟာ ဥပါဒါန်ကြောင့် ဖြစ်နေသဖြင့် ဥပါဒါနပစ္စယာ ဘဝေါ-အရ ဥပပတ္တိဘဝကိုပါ ထည့်သွင်း ဟောကြားတော်မူရခြင်း ဖြစ်ပါတယ်။ ဥပပတ္တဘဝဆိုတာ ကံကြောင့် ဖြစ်တဲ့ ခန္ဓာတွေကို ပြောတာပါပဲ။ အဘိဓမ္မာအလိုကျပြောမယ်ဆိုရင်တော့ ဝိပါက်စိတ် စေတသိက် ကမ္မဇရုပ်တွေပါ။ ဒါတွေကို ဥပပတ္တိဘဝလို့ ခေါ်တယ်။ ဥပပတ္တိဘဝဆိုတာ ဇာတိပါပဲ။ ဟိုဘ၀ ဒီဘ၀ အစဖြစ်တာကို ဇာတိလို့ ခေါ်တာ။ အကုသိုလ်ကံကြောင့် အပါယ်ဘုံမှာ ပဋိသန္ဓေနေတော့ အပါယ်ပဋိသန္ဓေစိတ် စေတသိက် ရုပ်တွေဖြစ်သွားတယ်။ ဒါဟာ ဥပပတ္တိဘဝပါပဲ။ ထို့အတူ အခြားဘုံတွေမှာ ဖြစ်တဲ့ ပဋိသန္ဓေစိတ် စေတသိက် ရုပ်တွေဟာ ဥပပတ္တိဘဝလို့ နားလည်ထားရမယ်။ အဝိဇ္ဇာက...

With clinging as condition, becoming" (Upādānapaccayā Bhavo)

Image
In the phrase "Upādānapaccayā bhavo" (With clinging as condition, becoming): · Based on upādāna (clinging), we take the four kinds of clinging. · Based on bhava (becoming), we take the two types: kammic becoming (kammabhava) and rebirth-becoming (upapattibhava). · Based on kammabhava, we include the 29 types of mundane wholesome and unwholesome volitions (cetanā). · Based on upapattibhava, we include the distinctly arising mundane resultant: 32 types of mental aggregates (vippāka), 35 associated mental factors (cetasika), and 20 types of kamma-originated materiality (kammajarūpa). Although both saṅkhāra (volitional formations) and kammabhava refer to volition (cetanā), we must understand the distinction: the volition that occurred in a past life is saṅkhāra, while the volition occurring in this present life is kammabhava. The difference lies in the time period: saṅkhāra belongs to the past, and kammabhava belongs to the present. In essence, the phenomena are the same. Alt...

ဥပါဒါနပစ္စယာ ဘဝေါ

Image
ဥပါဒါနပစ္စယာ ဘဝေါ-၌ ဥပါဒါန-အရ ဥပါဒါန်တရား (၄)ပါးကို ယူရပါတယ်။ ဘဝ-အရ ကမ္မဘဝနဲ့ ဥပပတ္တိဘ၀ နှစ်ပါးကိုယူရပါတယ်။ ကမ္မဘဝ-အရ လောကီ ကုသိုလ် အကုသိုလ် စေတနာ(၂၉)ပါးကို ကောက်ယူရပါတယ်။ ဥပပတ္တိဘဝ-အရ ထင်ရှားစွာ ဖြစ်ပေါ်လာတတ်သော လောကီဝိပါက်(၃၂)၊ စေတသိက် (၃၅)၊ ကမ္မဇရုပ် (၂၀) တို့ကို ကောက်ယူရပါတယ်။ သင်္ခါရနှင့် ဘဝအရ စေတနာကိုပင် ကောက်ယူရသည်ဖြစ်ရာ အတိတ်ဘဝ၌ ဖြစ်ခဲ့သော စေတနာသည် သင်္ခါရ၊ ယခုပစ္စုပ္ပန်ဘဝ၌ ဖြစ်သောစေတနာသည် ကမ္မဘဝလို့ ခွဲခြားနားလည် ထားရပါမယ်။ သင်္ခါရသည် အတိတ်ကာလ၊ ကမ္မဘဝသည် ပစ္စုပ္ပန်ကာလလို့ ကာလကွာခြားပါတယ်။ တရားတွေအရကတော့ အတူတူပါပဲ။ တစ်နည်းအားဖြင့် စေတနာသက်သက်သည် သင်္ခါရ။ စေတနာ၊ ထိုစေတနာနှင့်ယှဉ်သော စေတနာသမ္ပယုတ်ဖြစ်သော သံသရာ၌ ကျင်လည်တတ်သော အဘိဇ္ဈာ စသောတရားအပေါင်းသည် ဘဝမည်၏လို့လည်း မှတ်ထားနိုင်ပါတယ်။ အကုသိုလ်အရာ၌ ကာမဂုဏ်အာရုံကိုစွဲလန်းမှု ကာမုပါဒါန်ကြောင့် ဒုစရိုက်ကိုပြုလျှင် ထို ဒုစရိုက်စေတနာက ကမ္မဘဝ၊ ထိုအကုသိုလ်စေတနာကြောင့် ငရဲ တိရစ္ဆာန် စသော အပါယ်ဒုဂ္ဂတိဘုံတို့၌ ပဋိသန္ဓေနေရခြင်းသည် ဥပပတ္တိဘဝဖြစ်ပါတယ်။ ဤသို့ ကာမဂုဏ်၌ လွန်စွာစွဲလန်းမှု ဥပါဒါန်ကြောင့် အကုသိုလ်ကံဟူသော ကမ္မဘဝနှင့် ဒုဂ္ဂတိဘဝဟူသ...

With craving as condition, clinging (Taṇhāpaccayā Upādānaṃ),

Image
In the phrase "With craving as condition, clinging" (Taṇhāpaccayā upādānaṃ), just as we take 'craving' to mean the desire of wanting, we must also understand that 'clinging' refers specifically to the four kinds of clinging which include craving. What is the difference between craving and clinging? We should understand and distinguish them as follows: weak greed is craving, while strong greed is clinging. Clinging arises based on craving; because of the desire of wanting, clinging occurs. To show the process of the six sense bases, contact, feeling, craving, and clinging: · See - Contact- Feel - Crave- Cling · Hear - Contact - Feel - Crave - Cling · Smell - Contact - Feel - Crave - Cling · Taste - Contact - Feel - Crave - Cling · Touch - Contact - Feel - Crave - Cling · Think - Contact - Feel - Crave - Cling Remember it from this perspective of the principle. For example, suppose you see a visual object. Feeling feels that object. Craving 'likes...

တဏှာပစ္စယာ ဥပါဒါနံ

Image
တဏှာပစ္စယာ ဥပါဒါနံ-၌ တဏှာ-အရ လိုချင်မှုတဏှာကိုယူရသကဲ့သို့ ဥပါဒါန်-အရလည်း တဏှာအပါအဝင် ဖြစ်တဲ့ ဥပါဒါန်(၄)ပါးကိုပဲ ယူရမှာဖြစ်ပါတယ်။ တဏှာနဲ့ ဥပါဒါန် ဘာထူးလဲဆိုရင်တော့ အားနည်းသောလောဘသည်တဏှာ၊ အားကြီးသောလောဘသည် ဥပါဒါန်။ ဒီလိုခွဲခြားမှတ်ထားရပါမယ်။ လိုချင်မှုတဏှာကြောင့် တဏှာကိုအစွဲပြုပြီးတော့ ဥပါဒါန်ဖြစ်တယ်။ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်တို့ရဲ့ ဖြစ်စဉ်ကိုပြရရင် မြင်- တွေ့- ခံစား- ခင်မင်- စွဲလန်း ကြား- တွေ့- ခံစား- ခင်မင်- စွဲလန်း နံ- တွေ့- ခံစား- ခင်မင်- စွဲလန်း စား- တွေ့- ခံစား- ခင်မင်- စွဲလန်း ထိ- တွေ့- ခံစား- ခင်မင်- စွဲလန်း တွေး- တွေ့- ခံစား- ခင်မင်- စွဲလန်း။ ဒီလို သဘောတရားပိုင်းကနေမှတ်ထားလိုက်ပေါ့။ ဥပမာ- မြင်စရာအဆင်းတစ်ခုခု မြင်ပြီဆိုပါစို့။ ဝေဒနာက အဆင်းကိုခံစားလိုက်တယ်။ တဏှာက အဲဒီအဆင်းကို၊ မြင်လိုက်ရတဲ့အရာကို ခင်လိုက်တယ်။ တပ်နှစ်သက်လာတယ်။ ဒါက တဏှာအဆင့်ရှိသေးတာ။ ဒါလေး ငါလိုချင်လိုက်တာ၊ ဒါလေး ငါရချင်လိုက်တာ ဆိုရင် ဥပါဒါန်ဖြစ်လာပြီ။ သဘောကျတပ်မက်နှစ်သက်ရုံအဆင့်မှာ တဏှာသာ ဖြစ်နေသေးတယ်။ ဒါကို ငါရချင်လိုက်တာလို့ စွဲလန်းလာရင်တော့ ဥပါဒါန်ဖြစ်သွားပြီ။ မရ ရအောင် အားထုတ်တော့မယ်၊ ကြံစည်လုပ...