မှတ်တမ်း

ဒေါက်တာအရှင်ပါရမီ၏ ကုသိုလ်မှတ်တမ်း

၁။ (၀၂-၁၁-၂၀၀၄)ခုနှစ်တွင် ဆရာတော်အား သိက္ခာထပ်ရဟန်းဒကာ ရဟန်းဒကာမ များဖြစ်ကြသော ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ဦးသိန်းဝေ+ ဒေါ်ခင်လှကြည်မိသားစုတို့နှင့်အတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငှက်ပျောခြံ ကျေးရွာအုပ်စု၊ မဟာနန္ဒာရာမ ကျောင်းတိုက်၌ ကထိန်အလှူကို ကျင်းပ လှူဒါန်းခဲ့သည်။ သံဃာ (၄၅)ပါးပင့်၍ လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းပြီး ရွာပေါင်း (၄)ရွာမှ လာသမျှ ပရိတ်သတ်တို့အားလည်း နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။

၂။ (၂၀၀၄-၂၀၀၅) ပညာသင်နှစ်မှစ၍ ငှက်ပျောခြံရွာ၊ ကံသာရွာ၊ အင်ပင်ရွာ သုံးရွာမှ ကျောင်းသူကျောင်းသားများအား (၁၀)တန်းအောင်လျှင် တစ်ယောက် (၁၀၀၀၀)ကျပ်နှုံး ဖြင့်ဆုချီးမြှင့်၍ ဂုဏ်ထူးပါလျှင် ဂုဏ်ထူးတစ်ဘာသာ (၃၀၀၀)ကျပ်စီ ထပ်မံ၍ ဆုတော်ငွေ ပေးအပ်မည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ကြေငြာခဲ့သည့်အတိုင်းပင် ဆုတော်ငွေ များကို နှစ်စဉ် ပေးအပ်လျက်ရှိသည်။

၃။ (၂၀၀၅)ခုနှစ်မှ စ၍ ပညာလိုလား၍ သင့်တော်သော ရဟန်းသာမဏေများအား စရိတ်စက ထောက်ပံ့လျက် နာမည်ကျော် စာသင်တိုက်ကြီးများသို့ နှစ်စဉ် ပို့ဆောင်ပေးလျက်ရှိသည်။

၎။ (၂၀၀၇)ခုနှစ်မှစ၍ ငှက်ပျောခြံ၊ ကံသာ၊ အင်ပင် သုံးရွာမှ ရဟန်း၊ သာမဏေ များအားပထမကြီးတန်း အောင်လျှင် တစ်ပါးလျှင် (၁၀၀၀၀)ကျပ်စီ လှူဒါန်းမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ကြေငြာခဲ့သည့်အတိုင်းပင် ဆုတော်ငွေများကို နှစ်စဉ် လှူဒါန်းလျက်ရှိသည်။

၅။ (၁၄-၀၁-၂၀၁၀) ရက်နေ့တွင် ဆရာတော်၏ ဇာတိဖြစ်သော အင်ပင်ရွာမီးလင်းရေးအတွက် (၂၅)ကောင်အားရှိသည့် အင်ဂျင်စက်တစ်လုံးနှင့် (၁၀)ကီလိုဝပ်ရှိသည့် ဒိုင်နမိုတစ်လုံး၊ မီးကြိုး၊ မီးချောင်း စသည့် ဆက်စပ်ပစ္စည်းများကို မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် အရှင်သီလာစာရနှင့် အတူပူးပေါင်းလျက် ရပ်မိရပ်ဖတို့ထံ လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့သည်။

သာသနာ့နုဂ္ဂဟအကျိုးဆောင်အဖွဲ့

မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

သံသရာစက်ဝိုင်း

ဘဝပစ္စယာ ဇာတိ