င်္သခါရဆိုတာ ပြုပြင်လို့ပေါ်လာတဲ့တရား
မိလိန္ဒပဉှာပါဠိ၊ နိဗ္ဗာနလဘနပဉှာ - မှာ မိလိန္ဒမင်းကြီးက အရှင်နဂသိန်ကို `အရှင်ဘုရား လူတိုင်းနိဗ္ဗာန်ရောက်နိုင်သလား´(ဘန္တေ နာဂသေန သဗ္ဗေ၀ လဘန္တိ နိဗ္ဗာနံ) လို့ မေးတော့ အရှင်နာဂသိန်ပြန်ဖြေတဲ့ အဖြေလေးတွေနဲ့ ဆက်စပ်ဆွေးနွေးချင်ပါတယ်။ အရှင်နာဂသိန်ဖြေတော်မူတာက `မင်းကြီး- လူတိုင်းတော့ နိဗ္ဗာန်မရောက်ဘူး။ တရားကျင့်သောသူသည် သိရမယ့်တရားကို ထိုးထွင်း၍ ပိုင်းခြား၍ သိမယ်၊ ပယ်ရမယ့်တရားကို ပယ်မယ်၊ ပွားရမယ့်တရားကို ပွားမယ်၊ မျက်မှောက်ပြုရမယ့်တရားကို မျက်မှောက်ပြုမယ်ဆိုရင် ရောက်ပါတယ်´တဲ့။ အရှင်နာဂသိန်က ဘာဖြေလိုက်တာလဲဆိုရင် သစ္စာဖြေလိုက်တာပါ။ ပိုင်းခြားသိရမှာက ဒုက္ခသစ္စာ၊ ပယ်ရမှာက သမုဒယသစ္စာ၊ ပွားရမှာက မဂ္ဂသစ္စာ၊ မျက်မှောက်ပြုရမှာက နိရောဓသစ္စာ။ ဒီသစ္စာလေးပါး ထိုးထွင်းသိတဲ့သူ နိဗ္ဗာန်ရောက်မယ်၊ မသိသူ နိဗ္ဗာန်မရောက်ဘူးလို့ ဖြေတော်မူလိုက်တာပါပဲ။
သတိပဋ္ဌာန်လေးပါးထဲမှာ သစ္စာဆိုက်အောင် ရှုရတဲ့ သတိပဋ္ဌာန်က ဓမ္မာနုပဿာနသတိပဋ္ဌာန်ပါပဲ။ ဒိဋ္ဌိစရိုက်များပြီး ဉာဏ်ထက်မယ်ဆိုရင် ဓမ္မာနုပဿနာ ရှုဖို့ အဋ္ဌကထာဆရာ မိန့်တော်မူပါတယ်။ ခန္ဓာငါးပါး ဘယ်ခန္ဓာကို ရှုရှု သစ္စာမြင်တိုင်း ဓမ္မာနုပဿနာဖြစ်တယ်။ သစ္စာမြင်အောင် ရှုဖို့ အတွက် လူတိုင်းသန္တာန်မှာရှိတဲ့ ခန္ဓာငါးပါးကို သင်္ခါရတရားလို့ ရှေးဦးစွာမှတ်ထားလိုက်။ ခန္ဓာငါးပါးဟာ အလိုလိုပေါ်တာမဟုတ်၊ ပြုပြင်လို့ပေါ်လာရတာဖြစ်တယ်။ အကြောင်းတရားတို့က ပြုပြင်ပေးလိုက်လို့ ပေါ်လာရတဲ့ တရားဖြစ်လို့ သင်္ခါရတရားလို့ပြောတာ။ သင်္ခါရဆိုတာ ပြုပြင်ပေးလိုက်လို့ ပေါ်လာရတဲ့ တရားပဲ။ ရူပက္ခန္ဓာဆိုတဲ့ ရုပ်ဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရားလေးပါးက အလျဉ်းသင့်သလို ပြုပြင်ပေးလို့ ပေါ်နေရတာဖြစ်တယ်။ ဖောက်ပြန်တတ်တဲ့ရုပ်ကို ဖောက်ပြန်အောင် ပြုပြင်ပေးနေတာက ကံ စိတ် ဥတု အာဟာရဆိုတဲ့ အကြောင်းတရားတွေပဲ။ ရုပ်တွေဟာ ကံကြောင့်လည်း ဖောက်ပြန်တတ်တယ်။ ကံကြောင့် အင်္ဂါမစုံဖြစ်နေတာ၊ ခန္ဓာကိုယ် ကြုံလှီနေတာ၊ ကျန်းမာရေး ညံ့ဖျင်းနေတာ စသည်ဟာ ကံကြောင့်ဖောက်ပြန်တာလို့သာ သာမန်မှတ်ထားလိုက်ပါ။ စိတ်လန်းနေတော့ ရုပ်ကတစ်မျိုး၊ စိတ်ဆိုးနေတော့ ရုပ်ကတစ်မျိုး စသည်ပြောင်းလဲနေတာက စိတ်ကြောင့်လည်းဖောက်ပြန်တာပဲ။ အေးတဲ့ရာသီမှာရုပ်ကတစ်မျိုး၊ ပူတဲ့ရာသီမှာ ရုပ်ကတစ်မျိုး၊ အေးရင်အေးသလို ပူရင်ပူသလို ပြောင်းလဲနေတာဟာ ဥတုကြောင့်ဖောက်ပြန်နေတာပဲ။ ကောင်းကောင်းစားရတဲ့အခါမှာ ရုပ်ကတစ်မျိုး၊ မကောင်းတာစားရတဲ့အခါ ရုပ်ကတစ်မျိုး ဖြစ်နေတာ၊ ကိုယ်တည့်တာစားလိုက်ရင်တစ်မျိုး မတည့်တာစားလိုက်ရင် တစ်မျိုး ဖြစ်လာတာဟာ အာဟာရကြောင့် ရုပ်တွေ ဖောက်ပြန်နေတာပဲ။ နာမ်တရားတွေလည်း ရုပ်တွေလို ဖောက်ပြန်တာပါပဲ။ ဒါပေမယ့် နာမ်ဖောက်ပြန်တာက ရုပ်ဖောက်ပြန်တာလောက် မထင်ရှားဘူး။ ရုပ်ဖောက်ပြန်တာက မျက်စိနဲ့ မြင်ရလောက်အောင် ထင်ရှားလို့ ဖောက်ပြန်ခြင်းလက္ခဏာရှိတယ်လို့ သီသန့်ပြောထားတာ ဖြစ်တယ်။
ရုပ်တရားကတော့ အကြောင်းတရားလေးပါးက ပြုပြင်လို့ပေါ်တာ ဟုတ်ပြီ။ နာမ်တရားတွေကကော ဘယ်အကြောင်းတွေက ပြုပြင်ပေးလို့ ပေါ်လာရပါသလဲဆိုရင် ဒွါရနဲ့ အာရုံ အကြောင်းနှစ်ပါးပြုပြင်လို့ ပေါ်တယ်လို့မှတ်လိုက်။ ဥပမာ မျက်စိဆိုတာ စက္ခုဒွါရ၊ အဆင်းဆိုတာ ရူပါရုံ၊ ဒီ ဒွါရနဲ့ အာရုံနှစ်ခုပေါင်းမိရင် မြင်စိတ် စက္ခုဝိညာဏ်ဆိုတဲ့ နာမ်တရားပေါ်တယ်။
မျက်စိ (စက္ခုဒွါရ) + အဆင်း (ရူပါရုံ) - မြင်စိတ် (စက္ခုဝိညာဏ်)
နား (သောတဒွါရ) + အသံ (သဒ္ဒါရုံ) -> ကြားစိတ် (သောတဝိညာဏ်)
နှာခေါင်း (ဃာနဒွါရ) + အနံ့ (ဂန္ဓာရုံ) -> နံစိတ် (ဃာနဝိညာဏ်)
လျှာ (ဇိဝှါဒွါရ) + အရသာ (ရသာရုံ) -> စားစိတ် (ဇိဝှါဝိညာဏ်)
ကိုယ် (ကာယဒွါရ) + တွေ့ထိစရာ (ဖောဋ္ဌဗ္ဗာရုံ) -> ယားနာကောင်းစိတ်(ကာယဝိညာဏ်)
စိတ် (မနောဒွါရ) + ကြံတွေးစရာ (ဓမ္မာရုံ) -> တွေးတောစိတ် (မနောဝိညာဏ်)
စိတ်တစ်ခုယုတ်ကိုးဆယ် အကျယ်တစ်ရာနှစ်ဆယ့်တစ်ပါး၊ စေတသိက် ငါးဆယ့်နှစ်ပါးဆိုတဲ့ နာမ်တရားတွေအားလုံးဟာ ဟောဒီ စိတ်ခြောက်မျိုးကနေ ပွားလာတဲ့ နာမ်တရားတွေချည်းပဲလို့ မှတ်ထားလိုက်ပါ။ ဒါကြောင့် နာမ်တရားတွေရဲ့အကြောင်းဟာ ဒွါရနဲ့ အာရုံ။ ဒွါရနဲ့ အာရုံကြောင့် နာမ်တရားတွေဖြစ်ပေါ်လာရတယ်။ ဒါကို ပြုပြင်တယ်လို့ ခေါ်တယ်။ အကြောင်းကြောင့် အကျိုးတရားတွေပေါ်လာတာကိုပဲ သင်္ခါရ၊ ပြုပြင်လို့ပေါ်လာတဲ့တရားလို့ မှတ်လိုက်ပါ။
ဒေါက်တာအရှင်ပါရမီ
မူလနှစ်ဖြာ
အဝိဇ္ဇာသည် အတိတ်အကြောင်းမူလ၊ တဏှာသည် ပစ္စုပ္ပန်အကြောင်းမူလ လို့ မှတ်လိုက်ပါ။ သံသရာမှာ အနေကြာဖို့ သူတို့နှစ်ပါး တစ်လှည့်စီ ခေါင်းဆောင်နေကြတာဖြစ်တယ်။ အတိတ်ဘဝက အဝိဇ္ဇာခေါင်းဆောင်လုပ် တဏှာက နောက်လိုက်၊ ပစ္စုပ္ပန်ဘဝမှာ တဏှာက ခေါင်းဆောင်လုပ် အဝိဇ္ဇာကနောက်လိုက်၊ ဒီလိုနဲ့ သံသရာကို မရှည် ရှည်အောင် ဆွဲဆန့်တတ်တဲ့တရားနှစ်ပါးဟာ အဝိဇ္ဇာနဲ့ တဏှာပါပဲ။ အဝိဇ္ဇာဟာ အဘိဓမ္မာအရှိတရားအနေနဲ့ ပြောရရင် မောဟ။ မသိတာဟာ မောဟ၊ သို့မဟုတ် အဝိဇ္ဇာ။ သစ္စာလေးပါးကို မသိတာ အဝိဇ္ဇာ။ သစ္စာလေးပါးသိရင် ဝိဇ္ဇာ။ ဒါက လိုရင်းပြောတာ။ အတိအကျပြောရရင် အဝိဇ္ဇာရဲ့ မသိခြင်း (၈)ချက်ရှိတယ်။ ၁။ ရှေ့အစွန်းကိုလည်း မသိ (ပုဗ္ဗန္တ)၊ ၂။ နောက်အစွန်းကိုလည်း မသိ (အပရန္တ)၊ ၃။ ရှေ့အစွန်း နောက်အစွန်းနှစ်ပါးကိုလည်း မသိ (ပုဗ္ဗန္တာပရန္တ)၊ ၄။ ပဋိစ္စသမုပ္ပါဒ်ကိုလည်း မသိ၊ ၅။ သစ္စာလေးပါးကိုလည်း မသိ။ မှတ်ချက်။ ။ ရှေ့(၄)ချက်နဲ့ သစ္စာလေးပါး မသိခြင်း (၄)ချက်ပေါင်း မသိ(၈)ချက်။ ရှေ့အတိတ်က ဘယ်တရားတွေကြောင့် ပစ္စုပ္ပန်ခန္ဓာရလာတာလဲ ဆိုတာ မသိတာ ရှေ့အစွန်း (ပုဗ္ဗန္တ) ကိုမသိတာပဲ။ ဘဝနဲ့ပြောရရင် ရှေ့ဘဝကို မသိတာ။ စက်ဝိုင်းထောက်ပြရမယ်ဆိုရင် အကွက်နံပါတ် (၁)ကို မသိတ...

Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.