ဘယ်သူဖန်ဆင်းလဲ
အတိတ်ဘဝက ဘယ်နှစ်မျိုးလုပ်ခဲ့ကြလဲဆိုတော့ ငါးမျိုးလုပ်ခဲ့ကြတယ်ဆိုတာ စက်ဝိုင်းက ပြနေတယ်။ သစ္စာအားဖြင့် သမုဒယသစ္စာ၊ အကွက်နံပါတ် (၁)မှာပါ။ မသိတာက အဝိဇ္ဇာ၊ ပြုလုပ်တဲ့ ကုသိုလ်က သင်္ခါရ၊ ဆုတောင်းတာက တဏှာ၊ စွဲလန်းတာက ဥပါဒါန်၊ အားထုတ်တာက ကမ္မဘဝ။ ဒီငါးခုလုံးဟာ သမုဒယသစ္စာ။ ကာလအားဖြင့် လွန်လေပြီးသော အတိတ်ကာလ။ စက်ဝိုင်းအကွက်နံပါတ်(၁) အထက်ဆုံး အပြာတန်းကိုကြည့်လိုက်။ ကိလေသဝဋ်သုံးပါး၊ ဒီဘက်က ကမ္မဝဋ် နှစ်ပါး။ အတိတ်အကြောင်းငါးပါးဟာ ပေါင်းလိုက်တော့ ကိလေသဝဋ်နဲ့ ကမ္မဝဋ်။ ဘာကောင်းနိုင်စရာများ ရှိသေးလဲ။ ဒီဝဋ်နှစ်ပါးနဲ့ ဘာသစ္စာလုပ်မလဲဆို သမုဒယသစ္စာလုပ်မယ်လေ။ သမုဒယသစ္စာလုပ်ထားတဲ့ ပုဂ္ဂိုလ် ဒုက္ခသစ္စာ ရှောင်လို့ကွင်းလို့ ရကိုမရတော့ဘူး။ အတိတ်က မသိတော့ သမုဒယသစ္စာလုပ်ခဲ့တာ၊ ဘုံဘဝတောင့်တတဲ့ ကုသိုလ်လုပ်တာ ဘာသစ္စာလဲဆိုတော့ သမုဒယသစ္စာ။ သမုဒယသစ္စာလုပ်ထားတဲ့ပုဂ္ဂိုလ် ဒုက္ခသစ္စာ ပြေးလို့လွတ်နိုင်ပါ့မလား။ ဒီစက်ဝိုင်းကြီးကြည့်တော့ သမုဒယသစ္စာက ဘာအကျိုးပေးမလဲဆိုရင် ဒုက္ခသစ္စာပဲ အကျိုးပေးမှာ။ နိဗ္ဗာန်အကျိုးပေး ပါကိုမပါဘူး။
ဒါကြောင့် ဒီအကွက် (၁)ကငါးခုသာလုပ်မယ်ဆိုရင် ဒီဘက်ဆက်မယ်ဆိုတာ မြားကသေသေချာချာ ပြထားတာ။ အကွက် (၁)က ငါးခုလုပ်ရင် အကွက်(၂)က ငါးခု ဖြစ်ကိုဖြစ်ရမယ်။ အကွက်(၂)မှာ ဝိညာဏ်နဲ့ ပဋိသန္ဓေနေပါပြီ၊ နာမ်ရုပ်မရချင်လို့ မဖြစ်တော့ဘူး။ စက္ခု သောတ ဃာန ဇိဝှါ ကာယ မနလာမယ်။ ဖဿလာမယ်၊ ဝေဒနာက္ခန္ဓာရော လာမယ်။ အောက်ကြည့်လိုက်တော့ ဘာသစ္စာလဲဆိုရင် ဒုက္ခသစ္စာ။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပေါင်းလိုက်တော့ ခန္ဓာငါးပါး၊ ဒုက္ခသစ္စာ။ လူ့ဘ၀ လူချမ်းသာရည်မှန်းတောင့်တပြီး ပြုခဲ့တဲ့ အတိတ်ကုသိုလ်က ဘာသစ္စာအကျိုးပေးလိုက်လဲဆိုတော့ ဒုက္ခသစ္စာကြီး အကျိုးပေးလိုက်တယ်။ ဝိညာဏ်- ပဋိသန္ဓေဝိညာဏ်- ဒုက္ခသစ္စာ။ နာရုပ်- ဒုက္ခသစ္စာ။ သဠာယတန- ဒုက္ခသစ္စာ။ ဖဿ- ဒုက္ခသစ္စာ။ ဝေဒနာ- ဒုက္ခသစ္စာ။ ဒါဖြင့် ပေါင်းလိုက်ရင် ခန္ဓာငါးပါး ဒုက္ခသစ္စာတရား။ အတိတ်အကြောင်းငါးပါးလုပ်ခဲ့မိတဲ့အတွက် ယခုဘဝမှာ ပစ္စုပ္ပန်အကျိုးအခြင်းအရာငါးပါး ပေါ်လာရတယ်။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ၊ ခန္ဓာအားဖြင့် ငါးပါး။ ဒါဖြင့် လူ့ခန္ဓာငါးပါးတော့ ရပါတယ်။ ဘာသစ္စာကြီးလဲဆိုရင် ဒုက္ခသစ္စာ။ ဒါဘာဖြစ်လို့ ရလာရတာလဲဆိုရင် အတိတ်အကြောင်းမှားခဲ့လို့ အကျိုးမှားဒုက္ခသစ္စာကြီးရလာတာ။ ဘယ်ဘဝရတာလဲဆိုတော့ ယခုဘဝရတာ။ အတိတ်က သမုဒယသစ္စာအားထုတ်ခဲ့လို့ ယခုဘ၀ ဒုက္ခသစ္စာပေါ်တာ။ လူ့ဘ၀ ဒုက္ခသစ္စာရထားတယ်ဆိုတာ ပေါ်လွင်လာပြီ။ အသက်ကြီးလေ ဒုက္ခတိုးလေ၊ ပူစရာဆွေးစရာများလေ၊ ကိလေသာမီး ပိုတောက်လောင်လေသာဖြစ်လာတယ်။ ဒါဘာသစ္စာရထားတာလဲဆိုတော့ ဒုက္ခသစ္စာရထားတာ။
ဒါဖြင့် ဒီခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီး ဘယ်သူဖန်ဆင်းလဲ။ ထာဝရလည်းမဖန်ဆင်းဘူး၊ ဗြဟ္မာလည်း မဖန်ဆင်းဘူး။ အလိုလိုဖြစ်လာတာလည်း မဟုတ်ဘူး။ အတိတ်ဘဝက အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကံတွေပြုလုပ်ခဲ့တော့ ဒီဘ၀ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးပေါ်လာတာ။ ဓမ္မက တည်ထောင်လိုက်တာသာ ဖြစ်တယ်လို့ ကောက်ချက်ချလိုက်။ အခုဘ၀ ရထားတဲ့ခန္ဓာငါးပါးကိုပြောတာ။ ဘာသစ္စာလဲဆိုတော့ ဒုက္ခသစ္စာ။ သြော်- ခန္ဓာရှိနေသရွေ့ ဒုက္ခသစ္စာကြီးနဲ့ အတူနေနေရတာပဲ။ နေချင်လို့ နေနေရတာလားဆိုတော့ အတိတ်က သမုဒယသစ္စာလုပ်ခဲ့လို့။ ဟောဒီခန္ဓာငါးပါးဟာ မိဘကမွေးလို့ ပေါ်လာတာလားဆိုတော့ မဟုတ်ဘူး၊ အဝိဇ္ဇာသင်္ခါရကြောင့်။ ထာဝရလည်းမဖန်ဆင်း၊ မိုဟာမက်လည်း မဖန်ဆင်း၊ အလိုလိုပေါ်တာလည်းမဟုတ်၊ ဗြဟ္မာဖန်ဆင်းတာလည်း မဟုတ်၊ အဝိဇ္ဇာသင်္ခါရကြောင့်သာလျှင်ဖြစ်တယ်။ ဒီလိုသိနားလည်လိုက်ရင် အကြောင်းမှာ ဉာဏ်ရှင်းသွားတယ်။ ငါဘယ်ကလာပါလိမ့်မလဲဆိုတဲ့ သံသယ ရှင်းသွားတော့ ဝိစိကိစ္ဆာ သေတယ်။ ဘယ်ကလာတာမှမဟုတ်ဘူး၊ ဘယ်သူဖန်ဆင်းတာမှမဟုတ်ဘူး၊ အဝိဇ္ဇာသင်္ခါရကြောင့်ဖြစ်တာပဲလို့ သိလိုက်ရတာနဲ့ သံသယရှင်းသွားလို့ ဝိစိကိစ္ဆာသေတာ။ ပုဂ္ဂိုလ်မဖက် ဓမ္မသက်သက်ဖြစ်စဉ်ပါလားလို့ သိလိုက်တော့ ဒိဋ္ဌိပြုတ်တယ်။ အတိတ်အကြောင်းငါးပါးပြုလုပ်ခဲ့လို့ ယခု ဘဝမှာ ပစ္စုပ္ပန် အကျိုးငါးပါး ရလာတယ်။ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားပဲ။ ကာလာအားဖြင့် ပစ္စုပ္ပန်ကာလ။ အကြောင်းလား အကျိုးလားဆိုတော့ အကျိုးတရား။ အကျိုးတရားဖြစ်လို့ ဝဋ်အားဖြင့် ဝိပါကဝဋ်။ ဒါကြောင့် ပစ္စုပ္ပန်အကျိုးအခြင်းအရာ ငါးပါးလို့ ခေါ်တယ်။ အလွှာအားဖြင့် ပစ္စုပ္ပန်အကျိုးတစ်လွှာလို့ မှတ်လိုက်။
ဒေါက်တာအရှင်ပါရမီ
ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)
မူလနှစ်ဖြာ အပိုင်း (ခ) အ၀ိဇ္ဇာသည် အတိတ်အကြောင်းမူလ၊ တဏှာသည် ပစ္စုပ္ပန်အကြောင်းမူလ လို့ မှတ်လိုက်ပါ။ သံသရာမှာ အနေကြာဖို့ သူတို့နှစ်ပါး တစ်လှည့်စီ ခေါင်းဆောင်နေကြတာဖြစ်တယ်။ အတိတ်ဘ၀က အ၀ိဇ္ဇာခေါင်းဆောင်လုပ် တဏှာက နောက်လိုက်၊ ပစ္စုပ္ပန်ဘ၀မှာ တဏှာက ခေါင်းဆောင်လုပ် အ၀ိဇ္ဇာကနောက်လိုက်၊ ဒီလိုနဲ့ သံသရာကို မရှည် ရှည်အောင် ဆွဲဆန့်တတ်တဲ့တရားနှစ်ပါးဟာ အ၀ိဇ္ဇာနဲ့ တဏှာပါပဲ။ အ၀ိဇ္ဇာဟာ အဘိဓမ္မာအရှိတရားအနေနဲ့ ပြောရရင် မောဟ။ မသိတာဟာ မောဟ၊ သို့မဟုတ် အ၀ိဇ္ဇာ။ သစ္စာလေးပါးကို မသိတာ အ၀ိဇ္ဇာ။ သစ္စာလေးပါးသိရင် ၀ိဇ္ဇာ။ ဒါက လိုရင်းပြောတာ။ အတိအကျပြောရရင် အ၀ိဇ္ဇာရဲ့ မသိခြင်း (၈)ချက်ရှိတယ်။ ၁။ ရှေ့အစွန်းကိုလဲ မသိ (ပုဗ္ဗန္တ)၊ ၂။ နောက်အစွန်းကိုလဲ မသိ (အပရန္တ)၊ ၃။ ရှေ့အစွန်း နောက်အစွန်းနှစ်ပါးကိုလဲ မသိ (ပုဗ္ဗန္တာပရန္တ)၊ ၄။ ပဋိစ္စသမုပ္ပါဒ်ကိုလဲ မသိ၊ ၅။ သစ္စာလေးပါးကိုလဲ မသိ။ မှတ်ချက်။ ။ ရှေ့(၄)ချက်နဲ့ သစ္စာလေးပါး မသိခြင်း (၄)ချက်ပေါင်း မသိ(၈)ချက်။ ရှေ့အတိတ်က ဘယ်တရားတွေကြောင့် ပစ္စုပ္ပန်ခန္ဓာရလာတာလဲ ဆိုတာ မသိတာ ရှေ့အစွန်း (ပုဗ္ဗန္တ) ကိုမသိတာပဲ။ ဘ၀နဲ့ပြောရရင် ရှေ့ဘ၀ကို မသိတာ။ စက်ဝိုင်းထောက်ပြရမယ်ဆိုရင် အကွက်နံပါတ် (၁)ကို မ...
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.