Saturday, February 26, 2011

တွေးမိ တွေးရာ

စိတ်ဓာတ် စိတ်ဆိုတာ သဘာဝအားဖြင့် ဖြူစင်နေတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့် ဓာတ်ကူးလာတော့ စိတ်ဓာတ်ဆိုတာ ဖြစ်လာတယ်။ ဒီမှာ အကောင်းနဲ့ အဆိုးပြောင်းသွားတာ။ ပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့် ကောင်းတဲ့ဓာတ်ပြောင်းတာရှိသလို မကောင်းတဲ့ဓာတ်ပြောင်းသွားတာလဲ ရှိလာတယ်။ မကောင်းတဲ့ဓာတ် အနယ်ထိုင်သွားရင် ကောင်းတဲ့ဓာတ်ပေါ်ဖို့ မလွယ်တော့ဘူး။ ဒီလိုပဲ ကောင်းတဲ့ဓာတ်အနယ်ထိုင်သွားရင်လဲ မကောင်းတဲ့ဓာတ်ပေါ်ဖို့ခက်ပါတယ်။ ပတ်ဝန်းကျင်လွှမ်းမိုးမှုခံနေရတဲ့အခါမှာ ခံယူတဲ့စိတ်အပေါ် မူတည်ပြီး ဓာတ်တွေ ကွဲပြားသွားကြလို့ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဓာတ်တွေဟာ ပေါင်းစပ်လို့ မရလောက်အောင် ဖြစ်ကုန်ကြတယ်။ စိတ်ဓာတ်ကောင်းတဲ့သူက ကြည့်လိုက်လို့ မြင်ရတဲ့ လောကကြီးက သာယာစရာကောင်းတယ်၊ စိတ်ဓာတ်မကောင်တဲ့သူက ကြည့်လိုက်လို့ မြင်ရတဲ့လောကမြင်ကွင်းက အကျည်းတန်နေတယ်။ ပတ်ဝန်းကျင်လောကကြီးကတော့ သူ့အရှိအတိုင်းပါပဲ၊ ဒါပေမယ့် ရှုမြင်သုံးသပ်သူတွေရဲ့စိတ်ဓာတ်မတူသောကြောင့် အမြင်တွေ မတူကြတော့ဘူး။ အမြင်မတူတော့ မတူတာတွေမြင်လာကြတယ်။ ၀ိဝါဒတွေ ဖြစ်လာကြတယ်။ အကောင်းမြင်တဲ့သူတွေက အမြင်ကောင်းအောင် ကြိုးစားနေကြသလို တစ်ဖက်တစ်လမ်းကလဲ အကောင်းမမြင်တဲ့သူတွေက အမြင်မကောင်းတာတွေလုပ်ရတာ သဘောကျနှစ်ခြိုက်နေကြတယ်။ ဒီလို မိုးနဲ့မြေပေါင်းစပ်လို့မရသလို ကွာဟသွားကြတာဟာ ပင်ကိုယ်စိတ်အပေါ်မှာ ကူးစက်လာတဲ့ဓာတ်မတူကြလို့ပဲဆိုတာ ကောက်ချက်ချလိုက်မိတယ်။

အလှ
အလှမျိုးစုံတွေထဲမှာ စိတ်အလှကိုပဲ မြတ်နိုးတယ်။ ဒါပေမယ့် စိတ်အလှကို ဘယ်လိုခံစားကြည့်မှ ပိုသိနိုင်မလဲ။

စိုးရိမ်တယ်
အနာဂတ်မျိုးဆက်သစ်တို့ရဲ့ လန်းဆန်းလတ်ဆတ်တဲ့စိတ်ထဲ မည်းညစ်တဲ့အတွေးအခေါ်တွေ ကူးစက်မသွားစေချင်၊ အထူးသဖြင့် လူကြီးတွေက သူတို့ရဲ သုံးမရတဲ့စိတ်ဓာတ် မြင့်မြတ်တယ်ထင် ကလေးတွေကိုသင်ပေးလိုက်မှာ စိုးရိမ်လှတယ်။

ရှင်းရှင်းလေး
အနာဂတ်ကမ္ဘာကို အခုလူငယ်တွေ ဦးဆောင်မယ်။ ဒါကြောင့် အခုလူငယ်တွေ ကောင်းမှ အနာဂတ်ကမ္ဘာ ကောင်းမယ်။ အခုလူငယ်တွေကို ကောင်းလာအောင် ပြုစုပျိုးထောင်မပေးခဲ့ရင် ဘာဖြစ်လာမလဲဆိုတာ ... ရှင်းရှင်းလေးပဲ

Beautiful World
The world is beautified with the rich and the poor, the educated and the uneducated, the men and the women. If you make the world ugly, you are sure to become unworthy of this beautiful world.

စိတ်ပျက်တယ်
စိတ်ကောင်းမရှိပါဘဲ သူ့ကိုယ်သူ စိတ်ကောင်းရှိတယ်ထင်နေရင် ကြည့်ရတာ စိတ်ပျက်တယ်။

သိအောင်လုပ်
သူဘယ်လောက်ဆိုးသလဲဆိုတာထက် ကိုယ်ဘယ်လောက်ဆိုးသလဲဆိုတာ အရင်သိအောင်လုပ်စမ်းပါ။

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.