Posts

Showing posts from May, 2025
Image
သစ္စာနှစ်ခု မူလနှစ်ဖြာ ဆိုတဲ့ ပထမအသွယ်ကို အသင့်အတင့် ရှင်းလင်းပြီးခဲ့ပါပြီ။ မူလနှစ်ဖြာဆိုတဲ့ ပထမအသွယ်ကို နားလည်မယ်ဆိုရင် သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ အသိဉာဏ်နဲ့ပြုတ်တယ်ဆိုတာ လိုရင်းလောက်မှတ်ခဲ့ပြီး ဒုတိယအသွယ်ဖြစ်တဲ့ သစ္စာနှစ်ခု ကိုဆက်လေ့လာကြမယ်။ သစ္စာနှစ်ခုဆိုတာ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာနှစ်ပါးပါ။ သစ္စာဟာ လေးပါးရှိသော်လည်း ဒီစက်ဝိုင်းမှာတော့ သတ္တဝါတွေဟာ ဝဋ်သစ္စာနှစ်ပါးနဲ့သာ သံသရာ ကျင်လည်နေကြရတာဖြစ်လို့ စက်ဝိုင်းထဲမှာ သစ္စာ နှစ်ပါးထဲသာ တွေ့ရတာဖြစ်ပါတယ်။ (အကွက် ၁ နဲ့ ၃ က သမုဒယသစ္စာ၊ ၂ နဲ့ ၄ က ဒုက္ခသစ္စာ) သံသရာလည်ရတဲ့ သစ္စာနှစ်ပါးပေါ့။ ဝိပဿနာတရားအားထုတ်လို့ မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ ရတဲ့အခါကျမှ ဝိဝဋ္ဋသစ္စာနှစ်ပါးဖြစ်တဲ့ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာနှစ်ပါးကို ရမှာပါ။ ဒုက္ခသစ္စာကို ပိုင်းခြား၍သိရမှာဖြစ်ပြီး သမုဒယသစ္စာကိုတော့ ပယ်ရမှာဖြစ်ပါတယ်။ သံသရာလည်တဲ့သစ္စာနှစ်ပါးလုံးဟာ သိရမယ့်သစ္စာနဲ့ ပယ်ရမယ့်သစ္စာတွေသာဖြစ်တယ်။ ဒုက္ခသစ္စာက အကျိုးသစ္စာ၊ သမုဒယသစ္စာက အကြောင်း သစ္စာ။ ဒါကြောင့် သံသရာလည်တယ်ဆိုတာ အကြောင်းနဲ့ အကျိုးလှည့်နေတာ၊ သစ္စာနှစ်ပါးနဲ့ လှည့်နေတာလို့ သဘောပေါက်ထားရပါမယ်။ ဒုက္ခသစ္စာက လောင်...
Image
တဏှာမူလ အဝိဇ္ဇာမူလကို ရှင်းလင်းချက်ပေးရာကနေ မပြောမဖြစ်လို့ စပ်မိစပ်ရာ ဆက်ပြောသွားတာ မဂ်ဉာဏ်အထိတောင် ကျော်တက်သွားတယ်။ အခြေခံလေးတွေ ပြောရင်းနဲ့ပဲ မမျှော်လင့်ဘဲ အဲဒီအဆင့်တွေ ပြောဖြစ်သွားတာ။ အခု မူလနှစ်ဖြာထဲက အဝိဇ္ဇာမူလအကြောင်း ဒီမှာတင် ဖြတ်ပြီး တဏှာမူလအကြောင်း ထပ်မံ ပြောကြပါဦးစို့။ အချို့ အပိုင်းလေးတွေကိုတော့ အဝိဇ္ဇာရှင်းရင်းနဲ့ပဲ တစ်နွယ်ငင်တစ်စင်ပါဆိုသလို ရှင်းပြီးသွားပါပြီ။ ဒါပေမယ့် ထပ်မံပြောစရာလေးတွေက ကျန်နေသေးတယ်။ အဝိဇ္ဇာက အတိတ်အကြောင်းမူလဖြစ်ပြီး တဏှာကတော့ ပစ္စုပ္ပန်အကြောင်းမူလ ဖြစ်တယ်။ အတိတ်ဘဝက အဝိဇ္ဇာဦးဆောင်ခဲ့ပြီး ပစ္စုပ္ပန်ဘဝမှာ တဏှာက ဦးဆောင်နေတယ်လို့ ဆိုလိုတယ်။ ဒီပစ္စုပ္ပန်တဏှာဟာ နောက်ဘ၀ နောက်ခန္ဓာရခြင်းရဲ့ အကြောင်းတရားပဲ။ ဒီတဏှာကြောင့် အနာဂတ်ခန္ဓာ ရတာပါ။ တဏှာဟာ လိုချင် စုံမက် နှစ်သက် တွယ်တာ မြတ်နိုးမှု သာယာမှု တောင့်တမှု စသည်ဖြင့် အဓိပ္ပါယ်ပေါင်း မြောက်များစွာ ပါဝင်နေတဲ့စကားလုံးဖြစ်တယ်။ ဒီတဏှာကို (၃)မျိုးခွဲခြားပြောရမယ်ဆိုရင်တော့ (၁) ကာမတဏှာ- ငါးဖြာအာရုံ ကာမဂုဏ်တွေကို လိုချင်တပ်မက် ချစ်ခင် စုံမက်နေတာမျိုး (၂) ဘဝတဏှာ- ဘုံဘဝနဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေဟာ ခိုင်တယ် မြဲတယ်ဆ...
Image
အပယ်ဉာဏ်နဲ့ ဒိဋ္ဌိစင် ဒိဋ္ဌိစင်ပုံတွေကို အဆင့်ဆင့် ရှင်းလာခဲ့တာ အသိဉာဏ်နဲ့ စင်ပုံ၊ အပွားဉာဏ်နဲ့ စင်ပုံတွေကို ရှင်းလင်းပြီးခဲ့ပါပြီ။ ဒီတစ်ခါ အပယ်ဉာဏ်ဆိုတဲ့ ပဟာနပရိညာနဲ့ ဒိဋ္ဌိစင်ပုံကို ဆက်လက်ရှင်းပြပေးမယ်။ အပယ်ဉာဏ်နဲ့ စင်ပုံကို ပြောဖို့အတွက် စိတ္တာနုပဿနာ ရှုပွားနည်းကိုပဲ ဆက်လက် တင်ပြရမှာပါ။ အရင်နေ့အလုပ်စဉ်နဲ့ ချိတ်ဆက်ပြီးဖတ်လိုက်ရင် ပိုမို ရှင်းသွားပါလိမ့်မယ်။ စိတ္တာနုပဿနာဆိုတာကတော့ ကိုယ့်သန္တာန်မှာ ပေါ်တဲ့စိတ်ကို ဖြစ်ပျက်ရှုတာပါပဲ။ ကိုယ့်သန္တာန်မှာ စိတ်ကလေး ပေါ်လာတာလေးလည်း သိ၊ မရှိတော့တာလေးလည်း သိနေတော့ ပေါ်ဆဲ သိတာက အဖြစ်ကို သိလိုက်တာဖြစ်ပြီး မရှိတော့တာသိတာက အပျက်ကို သိတာဖြစ်တယ်။ ဒါကိုပဲ လွယ်အောင်လို့ ဖြစ်ပျက်ရှုလို့ ပြောလိုက်တာ။ အဲလိုသိအောင် ပေါ်တဲ့စိတ်တိုင်းကို လိုက်ကြည့်နေရင် စိတ်ကို ဖြစ်ပျက်ရှုတဲ့ စိတ္တာနုပဿနာရှုနည်းမှန်နေပြီ။ စားချင်စိတ်ပေါ်ရင် စားချင်စိတ်ရှု၊ အိပ်ချင်စိတ်ပေါ်ရင် အိပ်ချင်စိတ်ရှု၊ ပျင်းစိတ်ပေါ်ရင် ပျင်းစိတ်ကို ရှု၊ စိတ်ဆိုးရင် စိတ်ဆိုးစိတ်ကို ရှု၊ ပေါ်လာတဲ့စိတ်မှန်သမျှ အကုန်သာ ရှု။ ဘယ်လိုရှုရမှန်းမသိဘူးဆိုတဲ့ စိတ်လေးဝင်လာရင်တောင် အဲဒီမသိတဲ့စိတ်လေးကို ဖြစ်ပျက်ရှ...
Image
အပွားဉာဏ်ဝင် ဒိဋ္ဌိစင် သုဗြဟ္မနတ်သားတို့ ဖြစ်စဉ်ကို ထောက်ဆလိုက်ရင် ငရဲကလွတ်ဖို့ အပါယ်ကလွတ်ဖို့အတွက် စိတ်ချရတဲ့အလုပ်ကတော့ မဂ္ဂင်အကျင့် ကျင့်ဖို့ပဲ ရှိတယ်ဆိုတာ သိရပြီ။ မဂ္ဂင်အကျင့်ကလွဲလို့ ကယ်တင်နိုင်တဲ့တရား ငါဘုရားလည်း မြင်တော်မမူဘူးတဲ့။ မဂ္ဂင်အကျင့်ဆိုတာ ဘာလဲဆိုတော့ ဖြစ်ပျက် မဂ် ကိုက်အောင်လုပ်တာ။ ဒါဆို ဖြစ်ပျက် မဂ်ကိုက်အောင်လုပ်နေတာဟာ မဂ္ဂင် ကျင့်နေတာပဲလို့ ကောက်ချက်ချလိုက်။ ဘယ်သူက ကယ်တင်မှာလဲဆိုရင် ဖြစ်ပျက်မဂ်ကိုက်အောင်လုပ်နေတဲ့ မဂ္ဂင်ကပဲ တစ်နည်းအားဖြင့် ဗောဇ္ဈင်ကပဲ ကယ်တင်မယ်လို့ နားလည်လိုက်ပါ။ စီးပွါးကလည်း မကယ်တင်နိုင်၊ ဆွေမျိုးမိဘကလည်း မကယ်တင်နိုင်၊ တိုက်တာအိုးအိမ်ကလည်း မကယ်တင်နိုင်ပါဘူး။ မဂ္ဂင်အလုပ်ကသာ ကယ်တင်နိုင်လို့ မဂ္ဂင်အလုပ်ကိုပဲ အားကိုး အားထားကြရမယ်ဆိုတာ ရှေးဦးစွာ မှတ်လိုက်ပါ။ မဂ္ဂင်အကျင့်ကို ကျင့်လိုက်လို့ ဒုက္ခမြင်ရင် သုခနိဗ္ဗာန်ဆိုတာ ပေါ်လာတာပဲ။ ခန္ဓာကို ဉာဏ်လှည့်လိုက်တော့ ရုပ်နဲ့ နာမ်ပဲ တွေ့ရတယ်။ စိတ်ဟာ နာမ်တရားဖြစ်လို့ စောစောက စကားပလ္လင်ခံထားတဲ့အတိုင်း စိတ္တာနုပဿနာကိုပဲ နမူနာအဖြစ်ဆက်လက်ပြောပေးမယ်။ ကိုယ့်သန္တာန်မှာပေါ်တဲ့စိတ်ကလေးတွေကို ဉာဏ်နဲ့ကြည့်လိုက်တော့ လောဘစိတ်ဖြ...
Image
သုဗြဟ္မနတ်သား ဒိဋ္ဌိတန်းလန်းနဲ့နေသော်လည်း အပါယ်ချည်း ရောက်ရတာတော့ မဟုတ်ဘူး။ လူ့ပြည်လည်းရောက်နိုင်တယ်၊ နတ်ပြည်လည်းရောက်နိုင်တယ်၊ ဗြဟ္မာ့ပြည်လည်း ရောက်နိုင်တာပဲ။ ဘာကြောင့်လဲဆိုရင် ဒိဋ္ဌိက သုဂတိကို မကန့်ကွက်ဘူး၊ မဂ်ဖိုလ်ကိုသာ ကန့်ကွက်တာ။ ဥပမာအားဖြင့် သုဗြဟ္မနတ်သားနဲ့ သူ့ရဲ့နတ်သမီး တစ်ထောင်ဆိုတာ ဘုရားလက်ထက်က ဖြစ်ရပ်လေးတစ်ခုရှိပါတယ်။ တစ်နေ့တော့ ဥယျာဉ်ထဲ နတ်သမီး ငါးရာက ပင်လယ်ကသစ်ပင်ကြီးပေါ်မှာ သီချင်းတစာစာနဲ့ ပန်းပွင့်တွေ ခူးခြွေချ၊ ကျန်တဲ့နတ်သမီးငါးရာက ကျလာတဲ့ပန်းတွေကို ကောက်ယူသီကုံးပြီး သုဗြဟ္မနတ်သားကို ဆက်သကြရတယ်။ နတ်စည်းစိမ်ခံစားနေကြတာပေါ့။ အကြောင်းကံရယ် ဖန်လာတော့ ပန်းခူးနေတဲ့နတ်သမီးငါးရာဟာ ရုတ်တရက် စုတိကျ နတ်သက်ကြွေပြီး အပါယ်ငရဲရောက်သွားကြတယ်။ နတ်စည်းစိမ်တွေခံစားနေရင်းက ဘာကြောင့် ငရဲရောက်သွားကြတာလဲဆိုရင် ငရဲမျိုးစေ့ရှိနေလို့။ ဒိဋ္ဌိမပြုတ်သေးတော့ ငရဲမျိုးစေ့က ရှိနေလို့ ငရဲရောက်သွားကြတာ။ ဒါကြောင့် ဒိဋ္ဌိမပြုတ်သေးတဲ့ ကုသိုလ်ကြောင့် နတ်ပြည်ရောက်တာဟာ အားကိုးလို့ မရဘူး၊ ဒိဋ္ဌိပြုတ်တဲ့ ကုသိုလ်မျိုးမှသာလျှင် အားကိုးလို့ ရတယ်ဆိုတာ မှတ်ရမယ်။ ဒိဋ္ဌိမပြုတ်သေးဘဲ ပြုတဲ့ကုသိုလ်ကပို့လိုက်လို့ သုဂတိ...
Image
ဒိဋ္ဌိကွာ ဝိစိကိစ္ဆာရှင်း စိတ္တာနုပသဿနာရှုဖို့ မနေ့က ပြောထားခဲ့တော့ ဒီနေ့ ရှုပုံလေး နဲနဲဆက်ပြောမှ သင့်တော်မယ်။ ဒီတော့ ဝိပဿနာရှုတယ်ဆိုတာ ဉာဏ်နဲ့စောင့်ကြည့်တဲ့အလုပ်ဖြစ်ပါတယ်။ စိတ္တာနုပဿနာရှုဖို့အတွက် ဘယ်စိတ်ပေါ်ပေါ် ပေါ်ချင်တဲ့စိတ် ပေါ်ပါစေ။ ဉာဏ်နဲ့သာ စောင့်ကြည့်လိုက်ပါ။ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားနာကောင်းစိတ်၊ တွေးတောစိတ်၊ လိုချင်စိတ် (လောဘ)၊ ပြစ်မှားစိတ် (ဒေါသ)၊ မသိစိတ် (မောဟ)၊ ကုသိုလ်ပြုချင်စိတ် (အလောဘ)၊ မေတ္တာထားတဲ့စိတ် (အဒေါသ)၊ လေကိုသွင်းသောစိတ်၊ လေကိုထုတ်သောစိတ် ဘယ်စိတ်လာလာ အကုန် ဉာဏ်နဲ့စောင့်ကြည့်။ ကြည့်လိုက်တော့ မရှိတော့ဘူး။ ပျက်သွားပြီ။ ပေါ်လာတာ သိတယ်၊ ကြည့်လိုက်တော့ မရှိ။ ပေါ်တာသိလိုက်တာက အဖြစ်ကို သိတာ၊ မရှိတာသိလိုက်တာက အပျက်သိတာ။ စောင့်ကြည့်လိုက်တော့ အဖြစ်နဲ့ အပျက် တွေ့လိုက်တာပဲ။ ဒါကို မိုးကုတ်ဆရာတော်ဘုရားကြီးက လွယ်လွယ်လေးနဲ့ မှတ်နိုင်အောင် `ဖြစ်ပျက်´လို့ ဟောတော်မူခဲ့တာပါ။ စိတ်တစ်ခုပေါ်လာတယ်၊ စောင့်ကြည့်လိုက်တယ်၊ အကြည့်မခံဘူး။ ဒါကြောင့် တကယ့်အရှိတရားက အကြည့်မခံဘူး။ ကြည့်လိုက်ရင် မရှိတော့ဘူး။ နောက်တစ်စိတ်ပေါ်၊ ဉာဏ်နဲ့ကြည့်လိုက်၊ မရှိတော့ဘူး။ ကြည့်လိုက်တော့ မရှိတ...
Image
ဒိဋ္ဌိအမြန်ကွာအောင် စိတ္တာနုပဿနာရှု ဒိဋ္ဌိခွါဖို့အတွက် ဒိဋ္ဌိကပ်ပုံ အစီအစဉ်ကို သိဖို့လိုပါတယ်။ ဒိဋ္ဌိ ဘယ်မှာ ကပ်နေလဲဆိုရင် ခန္ဓာမှာ ကပ်နေပါတယ်။ ခန္ဓာမှာ ဘာလို့ ကပ်နေတာလဲဆိုရင် ခန္ဓာကို ခန္ဓာမှန်းမသိလို့ ကပ်နေပါတယ်။ ခန္ဓာကို ဘာကြောင့် ခန္ဓာမှန်းမသိရတာလဲဆိုရင် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို နားမလည်လို့ မသိတာပါ။ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ဆိုတာ ခန္ဓာဖြစ်ကြောင်းနဲ့ ခန္ဓာ့ဖြစ်စဉ်ပါပဲ။ စက်ဝိုင်းကြီးက ရှင်းအောင်လို့ ပြထားတာ။ ကိုယ့်ခန္ဓာမှာ ဖြစ်နေတဲ့ တရားတွေကို စက်ဝိုင်းနဲ့ ပုံဖော်ပြထားတာသာဖြစ်တယ်။ ကိုယ့်သန္တာန်မှာ ဒီတရားတွေ ဒီလိုဖြစ်နေ လည်ပတ်နေပါလားဆိုတာသိအောင် အကြောင်းအကျိုးမြင်အောင် ရုပ်နာမ် ပိုင်းခြားနိုင်အောင် ပဋိစ္စသမုပ္ပါဒ်ကို သိဖို့ နားလည်ဖို့လိုပါတယ်။ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နားလည်ရင် ရုပ်နာမ်ကွဲမယ်၊ အကြောင်း အကျိုးမြင်မယ်။ နိဗ္ဗာန်ရဖို့ ဝိပဿနာအလုပ်တွေလုပ်ကြတာဖြစ်တော့ နိဗ္ဗာန်အစ သောတာပန်ကလို့ ပြောလိုက်မယ်။ နိဗ္ဗာရချင်တယ်ဆိုရင် မဂ်လေးပါးရအောင်လုပ်ရမှာပါ။ မဂ်လေးပါးမှာလည်း ပထမမဂ်ဖြစ်တဲ့ သောတာပတ္တိမဂ်ကိုမှ မရဘူးဆိုရင် ကျန်တဲ့မဂ်တွေ ကျော်တက်လို့မရပါဘူး။ လှေကားလေးထစ် တစ်ထစ်ချင်း တက်ရသလိုပါပဲ။ ပထမမဂ်ကို...
Image
(…အရင်နေ့ အဆက်) ဒိဋ္ဌိနဲ့ ပတ်သက်တဲ့ အမြင်လေးတွေကို မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ၊ ဒီဃနခသုတ်အဖွင့်မှာ အဋ္ဌကထာဆရာက သုံးသပ်ပြထားတာ ဒီနေရာမှာ တင်ပြချင်ပါတယ်။ အလွန်အင်မတန် သိထားသင့်တဲ့ အချက်အလက်တွေ ဖြစ်နေလို့ပါပဲ။ ဒိဋ္ဌိ(၆၂)ပါးကို ပေါင်းပြောလိုက်ရင် သက္ကာယဒိဋ္ဌိ တစ်မျိုးတည်းပဲ၊ လိုရင်း ခွဲပြောလိုက်ရင် သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ဆိုပြီး နှစ်မျိုးဖြစ်လာတယ်တဲ့။ (သက္ကာယဒိဋ္ဌိ = သဿတဒိဋ္ဌိ + ဥစ္ဆေဒဒိဋ္ဌိ)။ ဒီဖော်မြူလာအရ လူတိုင်းမှာ ဒိဋ္ဌိကတော့ ရှိနေတာပဲ။ သက္ကယဒိဋ္ဌိကတော့ မူရင်းပေါ့။ အချို့က သဿတဒိဋ္ဌိဘက်အားသန်တယ်၊ အချို့က ဥစ္ဆေဒဒိဋ္ဌိဘက်အားသန်တယ်။ ဒါကွာသွားမယ်။ အချို့ကျတော့လည်း နှစ်မျိုးလုံး တစ်လှည့်စီ ဖြစ်နေတတ်တယ်။ ဒါပေမယ့် အယူတစ်ခု လက်လွှတ်ပြီးမှ စွန့်ပြီးမှ အခြားအယူတစ်ခုကို လက်ခံနိုင်ပါတယ်။ နှစ်မျိုးလုံးကို တစ်ယောက်ထဲက တစ်ချိန်တည်း လက်ခံလို့တော့ မရပါဘူး (သဿတံ ဂဟေတွာ တမ္ပိ အပ္ပဟာယ ဥစ္ဆေဒံဝါ ဧကစ္စသဿတံ ဝါ ဂဟေတုံ န သက္ကာ)။ သဘာဝအားဖြင့် သဿတသမားက အပြစ်တော့ သေးတယ်၊ နိဗ္ဗာန်ရဖို့ကျတော့ ဝေးတယ်။ ဥစ္ဆေဒသမားက အပြစ်တော့ ကြီးတယ်၊ နိဗ္ဗာန်ရဖို့ကျတော့ နီးတယ်တဲ့။ (သဿတ = သေး + ဝေး။ ဥစ္ဆေဒ = ကြီး + နီး) (သဿတဒဿနံ အပ္ပသာဝဇ...
Image
မူလနှစ်ဖြာ အပိုင်း (ဃ) မနေ့က ရှေ့စက်ကို ဥစ္ဆေဒဒိဋ္ဌိပယ်ဖို့၊ နောက်စက်ကို သဿတဒိဋ္ဌိပယ်ဖို့ ဘုရားဟောတော်မူရင်း ဖြစ်ကြောင်းတင်ပြခဲ့တယ်။ ဒီတော့ တစ်ဆက်တည်း ဒိဋ္ဌိဆိုတဲ့စကားလုံးနဲ့ ဆက်စပ်လို့ ထပ်မံရှင်းလင်းပေးဖို့ လိုအပ်လျက်ရှိနေတာ တွေ့ရပါတယ်။ ဒိဋ္ဌိက ဘယ်နှစ်မျိုးရှိလဲ၊ ဘာကြောင့် ဒိဋ္ဌိကို ပယ်ဖို့လိုအပ်သလဲ၊ ဒိဋ္ဌိရှိခြင်းနဲ့ မရှိခြင်းက ဘယ်လောက်ထူးခြားလဲ၊ ကိုယ့်သန္တာန်မှာ ဘယ်ဒိဋ္ဌိရှိနေတယ်ဆိုတာ ဘယ်လို အကဲခတ်နိုင်မလဲ စသည် သိထားမှ ပဋိစ္စသမုပ္ပါဒ်ကို လေ့လာရကျိုး နပ်ပါလိမ့်မယ်။ ရှေးဦးစွာ ဒိဋ္ဌိအမျိုးအစားတွေနဲ့ မိတ်ဆက်ပေးပါမယ်။ ဒိဋ္ဌိ (၆၂)မျိုးရှိတယ်ဆိုတာ ကြားဖူးကြမှာပါ။ ဒီ(၆၂)မျိုးလုံးကို အချိန်ကုန်ခံ လေ့လာနေစရာမလိုပါဘူး။ အရေးအကြီးဆုံး သိထားရမယ့် ဒိဋ္ဌိက သုံးမျိုးပဲ ရှိပါတယ်။ ၁။ သက္ကာယဒိဋ္ဌိ ၂။ သဿတဒိဋ္ဌိ နှင့် ၃။ ဥစ္ဆေဒဒိဋ္ဌိ တို့ပါပဲ။ သက္ကာယဆိုတာ ခန္ဓာငါးပါးကို ပြောတာ။ အထင်အရှား ရှိတဲ့ ခန္ဓာငါးပါးကို ငါလို့ ထင်မြင်နေတာ၊ ဒီလို အထင်မှား အမြင်မှားတာက ဒိဋ္ဌိ။ ခန္ဓာငါးပါးက သက္ကာယ၊ အထင်အမြင်မှားတာက ဒိဋ္ဌိ၊ ပေါင်းလိုက်တော့ သက္ကာယဒိဋ္ဌိ။ ငါလို့ထင်မြင်ယူဆထားတဲ့ ခန္ဓာငါးပါးဟာ ခိုင်ခံ့နေတယ်၊ မပျက်မ...
Image
မူလနှစ်ဖြာ အပိုင်း (ဂ) မနေ့က စက်ဝိုင်းကြီးကို ရှေ့စက် နောက်စက် နှစ်ပိုင်း ခွဲပြခဲ့တယ်။ ရှေ့စက်ရဲ့ ခေါင်းဆောင်က အဝိဇ္ဇာ၊ နောက်စက်ရဲ့ ခေါင်းဆောင်က တဏှာပေါ့။ စက်နှစ်စက်ရဲ့ နှစ်ဌာနမှာ အသီးသီး တစ်ခုစီရပ်တည်နေကြတဲ့အတွက် လင်္ကာ နောက်ပိုင်းမှာ `နှစ်ရပ်မူလ´ လို့ စပ်ဆိုထားတာတွေ့ရမယ်။ တစ်နည်းအားဖြင့် ရှေ့စက်မှာ အဝိဇ္ဇာဦးဆောင်လို့ မူလနှစ်ဖြာအရ အဝိဇ္ဇာကိုရှေ့ထား၊ နောက်စက်မှာ တဏှာဦးဆောင်လို့ နှစ်ရပ်မူလအရ တဏှာကို ရှေ့ထားတယ်လို့ ယူဆကြတယ်။ လိုရင်းကတော့ အတူတူပါပဲ။ ရှေ့စက်နဲ့ နောက်စက်နှစ်ခု ပေါင်းလိုက်တော့ အဝိုင်းကြီးဖြစ်သွားလို့ `စက်ဝိုင်း´လို့ခေါ်တယ်။ တစ်နည်းအားဖြင့် စက်နှစ်ခု ဆက်လိုက်တော့ အဝိုင်းကြီးဖြစ်သွားလို့ `ဆက်ဝိုင်း´လို့လည်း ခေါ်နိုင်သလို စက်နှစ်ခုစပ်လိုက်တဲ့အခါ အဝိုင်းကြီးဖြစ်သွားတော့ `စပ်ဝိုင်း´လို့လည်း ခေါ်နိုင်တယ်။ ဒါဖြင့် ရှေ့စက်ကို ဘယ်သူတွေအတွက်ဟောတာလဲဆိုရင် ဒိဋ္ဌိစရိုက်သမားတွေအတွက်ဟောတယ်။ ဘာအတွက် ဟောလဲဆိုရင် ဥစ္ဆေဒဒိဋ္ဌိကို ပယ်ဖို့အတွက်ဟောတယ်။ နောက်စက်ကို ဘယ်လိုလူတွေအတွက် ဟောတာလဲဆိုရင် တဏှာစရိုက်သမားတွေအတွက်ဟောတယ်။ ဘာအတွက် ဟောတာလဲဆိုရင် သဿတဒိဋ္ဌိကို ပယ်ဖို့ဟောတယ်လို့ မှတ်ထားပါ။ စက်ဝ...
Image
မူလနှစ်ဖြာ အပိုင်း(ခ) အဝိဇ္ဇာသည် အတိတ်အကြောင်းမူလ၊ တဏှာသည် ပစ္စုပ္ပန်အကြောင်းမူလ လို့ မှတ်လိုက်ပါ။ သံသရာမှာ အနေကြာဖို့ သူတို့နှစ်ပါး တစ်လှည့်စီ ခေါင်းဆောင်နေကြတာဖြစ်တယ်။ အတိတ်ဘဝက အဝိဇ္ဇာခေါင်းဆောင်လုပ် တဏှာက နောက်လိုက်၊ ပစ္စုပ္ပန်ဘဝမှာ တဏှာက ခေါင်းဆောင်လုပ် အဝိဇ္ဇာကနောက်လိုက်၊ ဒီလိုနဲ့ သံသရာကို မရှည် ရှည်အောင် ဆွဲဆန့်တတ်တဲ့တရားနှစ်ပါးဟာ အဝိဇ္ဇာနဲ့ တဏှာပါပဲ။ အဝိဇ္ဇာဟာ အဘိဓမ္မာအရှိတရားအနေနဲ့ ပြောရရင် မောဟ။ မသိတာဟာ မောဟ၊ သို့မဟုတ် အဝိဇ္ဇာ။ သစ္စာလေးပါးကို မသိတာ အဝိဇ္ဇာ။ သစ္စာလေးပါးသိရင် ဝိဇ္ဇာ။ ဒါက လိုရင်းပြောတာ။ အတိအကျပြောရရင် အဝိဇ္ဇာရဲ့ မသိခြင်း (၈)ချက်ရှိတယ်။ ၁။ ရှေ့အစွန်းကိုလဲ မသိ (ပုဗ္ဗန္တ)၊ ၂။ နောက်အစွန်းကိုလဲ မသိ (အပရန္တ)၊ ၃။ ရှေ့အစွန်း နောက်အစွန်းနှစ်ပါးကိုလဲ မသိ (ပုဗ္ဗန္တာပရန္တ)၊ ၄။ ပဋိစ်စသမုပ်ပါဒျကိုလဲ မသိ၊ ၅။ သစ္စာလေးပါးကိုလဲ မသိ။ မှတ်ချက်။ ။ ရှေ့(၄)ချက်နဲ့ သစ္စာလေးပါး မသိခြင်း (၄)ချက်ပေါင်း မသိ(၈)ချက်။ ရှေ့အတိတ်က ဘယ်တရားတွေကြောင့် ပစ္စုပ္ပန်ခန္ဓာရလာတာလဲ ဆိုတာ မသိတာ ရှေ့အစွန်း (ပုဗ္ဗန္တ) ကိုမသိတာပဲ။ ဘဝနဲ့ပြောရရင် ရှေ့ဘဝကို မသိတာ။ စက်ဝိုင်းထောက်ပြရမယ်ဆိုရင် အကွက်နံပါတ်...
Image
ပဋိစ္စသမုပ္ပါဒ်လည်ပုံပြ ဆောင်ပုဒ်လင်္ကာ (မိုးကုတ်ဆရာတော်ဘုရားကြီး) မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့်၊ သုံးပါးအစပ်၊ နှစ်ရပ်မူလ၊ ဝဋ်သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှလွတ်ကြောင်းတည်း။ အသွယ် ရှစ်သွယ် မူလနှစ်ဖြာ = အဝိဇ္ဇာနှင့် တဏှာ သစ္စာနှစ်ခု = ဒုက္ခသစ္စာ၊ သမုဒယသစ္စာ လေးခုအလွှာ = အတိတ်အကြောင်း တစ်လွှာ၊ ပစ္စုပ္ပန်အကျိုး တစ်လွှာ၊ ပစ္စုပ္ပန်အကြောင်း တစ်လွှာ၊ အနာဂတ်အကျိုး တစ်လွှာ အင်္ဂါတစ်ဆယ့်နှစ်ပါး = အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ၊ ဇရာမရဏ သုံးပါးအစပ် = သင်္ခါရနှင့် ဝိညာဏ် တစ်စပ်၊ ဝေဒနာနှင့် တဏှာ တစ်စပ်၊ ကမ္မဘဝနှင့် ဇာတိ တစ်စပ် ဝဋ်သုံးဝနှင့် = ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ကာလသုံးဖြာ = လွန်လေပြီးသော အတိတ်ကာလ၊ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၊ နောင်ဖြစ်လတ္တံ့ အနာဂတ်ကာလ ခြင်းရာနှစ်ဆယ် = အတိအကြောင်းအခြင်းအရာ ငါးပါး၊ ပစ္စုပ္ပန် အကျိုးအခြင်းအရာ ငါးပါး၊ ပစ္စုပ္ပန် အကြောင်းအခြင်းအရာ ငါးပါး၊ အနာဂတ်အကျိုးအခြင်းအရာ ငါးပါး။ မူလနှစ်ဖြာ အပိုင်း (က) အဝိဇ္ဇာနှင့်...

အစမ်းပို့စ်တင်ကြည့်ခြင်း

Image
မြကျွန်းသာမိုးကုတ်ရိပ်သာ တရားစခန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်လာခဲ့ရာ ယခုအခါ (၇၈)ကြိမ်တရားစခန်းသို့ပင် ရောက်ရှိခဲ့ပါပြီ။ သို့သော် ဘလော့ထဲ ပြန်မဝင်ဖြစ်သည်မှာ နှစ်ပေါင်း အတော်ကြာခဲ့ပြီဖြစ်၍ မည်သည်ဘပို့စ်မျှ အသစ်မတင်ဖြစ်ခဲ့ပါ။ ယခုမှ ပြန်လည်သတိရ၍ ပို့မည်သို့တင်ရမည်ကိုပင် မသိနိုင် တော့လောက်အောင် စိမ်း၍သဖြင့် စာအနည်းငယ် ရေး၍ စမ်းသပ်ကြည့်ခြင်းမျှ ဖြစ်ပါသည်။