Posts

Showing posts from February, 2011

တွေးမိတွေးရာ

တွေးမိတွေးရာကဏ္ဍကို ထပ်မံ ဖြည့်ဆည်းတင်ပေးလိုက်ပါတယ်။ အရင် ပုံမှန်တင်နေတာက ပဋိစ္စသမုပ္ပါဒ် သင်တန်းနဲ့ အင်္ဂလိပ်စာဝါသနာပါသူတို့အတွက် အင်္ဂလိပ်စာလေ့လာရန်ဆိုပြီး ကဏ္ဍနှစ်ရပ်ပါပဲ။ ဒီကဏ္ဍနှစ်ရပ်မှာ အင်္ဂလိပ်စာဝါသနာပါသူတို့အတွက် အင်္ဂလိပ်စာ လေ့လာနိုင်ပြီး ပဋိစ္စသမုပ္ပါဒ်အကြောင်း သိလိုသူတို့အတွက် ပဋိစ္စသမုပ္ပါဒ်ဒေသနာတွေ လေ့လာနိုင်ပေမယ့် ဒီနှစ်မျိုးလုံးဝါသနာမပါသူတွေအတွက် ဖတ်စရာလေးတွေ ဖြစ်အောင် စိတ်အစာကျွေးတဲ့အနေနဲ့ တွေးမိတွေးရာကဏ္ဍလေးကို ဖြည့်ဆည်းပေးလိုက်ပါတယ်။ တွေးမိတွေးရာမို့ အံချော်နေသော အတွေးများလဲ ပါချင်ပါမယ်။ လက်တွေ့ဆန်သောအတွေးများလဲ ပါချင်ပါမယ်။ စိတ်ကူးယဉ်ဆန်သော အတွေးများလဲ ပါချင်ပါမယ်။ ခံစားချက်အတွေးများလဲ ပါချင်ပါမယ်။ တန်ဖိုးရှိသောအတွေးများလဲ ပါချင်ပါမယ်။ တန်ဖိုးမဲ့သော အတွေးများလဲ ပါချင်ပါမယ်။ အသုံးဝင်သောအတွေးများလဲ ပါချင်ပါမယ်။ အသုံးမ၀င်သောအတွေးများလဲ ပါချင်ပါမယ်။ ဟာသမြောက်သောအတွေးများလဲ ပါချင်ပါမယ်။ ရသမြောက်သော အတွေးများလဲ ပါချင်ပါမယ်။ မှန်ကန်တဲ့မတ်သောအတွေးများလဲ ပါချင်ပါမယ်။ အချို့တစ်ဝက်သာ မှန်သောအတွေးများလဲ ပါချင်ပါမယ်။ မှားယွင်းသောအတွေးများလဲ ပါချင်ပါမယ်။ သစ္စာဆိုက်တဲ့အတွေးများတော့ မဟုတ်...

မသိလှူကြောင့် ဒုက္ခရောက်

Image
လူ့ဘ၀ လူ့ခန္ဓာ ရ ထားတာဟာ အတိတ်ကုသိုလ်တွေကြောင့်ပါပဲ။ အတိတ်က ဘယ်လိုကုသိုလ်မျိုးလဲဆိုရင် သစ္စာမသိဘဲ ပြုလုပ်ခဲ့တဲ့ကုသိုလ်။ အတိတ်ဘ၀က သစ္စာမသိတဲ့ အ၀ိဇ္ဇာနဲ့ လှူခဲ့လို့ ယခုဘ၀ လူ့ခန္ဓာ ဒုက္ခသစ္စာဖြစ်နေတယ်။ ဒါဟာ လူ့ချမ်းသာလား၊ မဂ်ချမ်းသာလား၊ ဒုက္ခသစ္စာလားမေးရင် ဒုက္ခသစ္စာသာဖြစ်တယ်။ လူ့ဘ၀ နတ်ဘ၀ ဗြဟ္မာဘ၀ကို ဒုက္ခသစ္စာမှန်း သိပြီး ဒီလိုဒုက္ခသစ္စာကြီးကို ရွံလို့ မုန်းလို့ မလိုချင်လို့ ဒုက္ခလွတ်ရာသာရချင်လို့ လှူဒါန်းပါ၏ဆိုတော့ သစ္စာသိတဲ့ပုဂ္ဂိုလ်ရဲ့အလှူဖြစ်သွားတယ်။ တကယ်တော့ ဒါဟာ ဒုက္ခသစ္စာကြီးလို့ စာသိပဲရှိသေးတယ်။ တရားထိုင်ကြည့်လိုက်တဲ့အခါကျတော့ ခန္ဓာကြီးဟာ ရွှေ့ချင်တာ၊ ပြောင်းချင်တာ၊ ယားတာ နာတာ ကိုက်တာ ညောင်းတာ အကုန်တစ်မျိုးပြီး တစ်မျိုး ပြလိမ့်မယ်။ ဒါဟာ ဒုက္ခသစ္စာမို့ ဒုက္ခတွေ ပြနေတာ။ ဒီလိုမြင်လာတော့ ခန္ဓာဟာ ဒုက္ခသစ္စာ၊ စာသိမဟုတ်တော့ဘူး။ ကိုယ်တွေ့အသိဖြစ်လာပြီ။ ဒီလို ကိုယ်တွေ့မြင်လာတဲ့အချိန်ကျရင်တော့ မိုးကုတ်ဆရာတော်ဘုရားကြီးက ` ယခုမြင်နေရသော ဒုက္ခ၀ဋ်မှ ကျွတ်ရပါလို၏ဘုရားဆိုပြီး သိန်းကုန် သောင်းကုန် လှူကြ ´တဲ့။ ဟုတ်ပါတယ်။ တကယ်ကြည့်လို့ တကယ့်အရှိကို ကိုယ်တိုင်သိလိုက်ရတာဖြစ်တော့ သူများအပြော ဒုက္ခသစ္စာမဟုတ်တော့...

Verbs (19) - Modal Verbs

8. Will have or would have We use the perfective will have when we are looking back from a point in time when something will have happened. By the end of the decade scientists will have discovered a cure for influenza. I’ll phone at six o’clock. He will have got home by then. Or looking back from the present . Look at the time. The match will have started . It’s half past five. Dad will have finished work. We use would have as the past tense form of will have . I phoned at six o’clock. I knew he would have got home by then. It was half past five. Dad would have finished work. We use would have in past conditionals to talk about something that did not happen. If it had been a little warmer we would have gone for a swim. He would have been very angry if he had seen you.

တွေးမိ တွေးရာ

စိတ်ဓာတ် စိတ်ဆိုတာ သဘာဝအားဖြင့် ဖြူစင်နေတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့် ဓာတ်ကူးလာတော့ စိတ်ဓာတ်ဆိုတာ ဖြစ်လာတယ်။ ဒီမှာ အကောင်းနဲ့ အဆိုးပြောင်းသွားတာ။ ပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့် ကောင်းတဲ့ဓာတ်ပြောင်းတာရှိသလို မကောင်းတဲ့ဓာတ်ပြောင်းသွားတာလဲ ရှိလာတယ်။ မကောင်းတဲ့ဓာတ် အနယ်ထိုင်သွားရင် ကောင်းတဲ့ဓာတ်ပေါ်ဖို့ မလွယ်တော့ဘူး။ ဒီလိုပဲ ကောင်းတဲ့ဓာတ်အနယ်ထိုင်သွားရင်လဲ မကောင်းတဲ့ဓာတ်ပေါ်ဖို့ခက်ပါတယ်။ ပတ်ဝန်းကျင်လွှမ်းမိုးမှုခံနေရတဲ့အခါမှာ ခံယူတဲ့စိတ်အပေါ် မူတည်ပြီး ဓာတ်တွေ ကွဲပြားသွားကြလို့ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဓာတ်တွေဟာ ပေါင်းစပ်လို့ မရလောက်အောင် ဖြစ်ကုန်ကြတယ်။ စိတ်ဓာတ်ကောင်းတဲ့သူက ကြည့်လိုက်လို့ မြင်ရတဲ့ လောကကြီးက သာယာစရာကောင်းတယ်၊ စိတ်ဓာတ်မကောင်တဲ့သူက ကြည့်လိုက်လို့ မြင်ရတဲ့လောကမြင်ကွင်းက အကျည်းတန်နေတယ်။ ပတ်ဝန်းကျင်လောကကြီးကတော့ သူ့အရှိအတိုင်းပါပဲ၊ ဒါပေမယ့် ရှုမြင်သုံးသပ်သူတွေရဲ့စိတ်ဓာတ်မတူသောကြောင့် အမြင်တွေ မတူကြတော့ဘူး။ အမြင်မတူတော့ မတူတာတွေမြင်လာကြတယ်။ ၀ိဝါဒတွေ ဖြစ်လာကြတယ်။ အကောင်းမြင်တဲ့သူတွေက အမြင်ကောင်းအောင် ကြိုးစားနေကြသလို တစ်ဖက်တစ်လမ်းက...

သစ္စာသိပြီးမှ လှူပါ

Image
လှူကြတန်းကြတဲ့အခါမှာဘယ်လိုလှူမှ ဒုက္ခသစ္စာ ပြန်မရတဲ့အလှူဖြစ်မလဲဆိုတာ သိဖို့ အရေးကြီးတယ်။ ဒါကြောင့် ဒုက္ခလွတ်ကြောင်းအလှူဖြစ်အောင် လှူနည်းစနစ်လေးတွေကို မိုးကုတ်ဆရာတော်ဘုရားကြီး၏ အာဘော်မပျက် ဆက်လက်တင်ပြပေးမယ်။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ - လူခန္ဓာ နတ်ခန္ဓာ ဘယ်ခန္ဓာမဆို ခန္ဓာဖြစ်ကြောင်းဆိုတာ အ၀ိဇ္ဇာမူတည်တာပဲ။ သစ္စာလေးပါးမသိတဲ့ အ၀ိဇ္ဇာ။ အတိတ်က သစ္စာလေးပါးမသိတဲ့အ၀ိဇ္ဇာနဲ့ နေထိုင်ခဲ့ရတာ။ ကုသိုလ်ပြုတော့ သင်္ခါရ။ ကုသိုလ်ပင် ပြုသော်လဲ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ခန္ဓာငါးပါးဘက်ကို လာစပ်တယ်။ သစ္စာမသိတဲ့ အ၀ိဇ္ဇာနဲ့ ပြုလုပ်တဲ့ ကုသိုလ်ဟာ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားသာ ရတယ်လို့ မှတ်လိုက်ပါ။ ဘယ်လိုကုသိုလ် ဒုက္ခသစ္စာရလဲဆိုရင် သစ္စာမသိတဲ့ အ၀ိဇ္ဇာခိုင်းတဲ့အတိုင်း လုပ်တဲ့ကုသိုလ်ဟာ ဒုက္ခသစ္စာပဲရတယ်။ အခု လက်ရှိဘ၀မှာ ခန္ဓာငါးပါးနဲ့ ခွဲလို့ကိုမရတော့ဘူး။ ဘာလို့ ဒီလို ဒုက္ခသစ္စာနဲ့ အတူနေနေရတာလဲဆိုတော့ ကုသိုလ်လုပ်ရင် ဒီလို ဒုက္ခသစ္စာခန္ဓာငါးပါးကြီး ရမယ်ဆိုတာ မသိလို့။ အိုမှု နာမှု သေမှု မကင်းဘူးဆိုတာ မသိတဲ့ အ၀ိဇ္ဇာနဲ့ ပြုလုပ်တဲ့ သင်္ခါရ။ မသိတာက အ၀ိဇ္ဇာ၊ မသိတဲ့ပုဂ္ဂိုလ် ကုသိုလ်လုပ်တာက သင်္ခါရ။ ဘာသစ္စာလဲဆိုရင် သမုဒယသစ္စာ။ သစ္စာမသိဘဲ ပြုတဲ့ ကုသိုလ်...

Verbs (19) - Modal Verbs

7. Will or Would အဓိကအားဖြင့် Will ကို အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာပြောဖို့၊ ဘာလုပ်ချင်တယ်စသည့် ဆန္ဒကိုပြောဖို့၊ ကတိပေးခြင်း ကမ်းလှမ်းခြင်းပြုလုပ်ဖို့အတွက်သုံးတယ်။ Would ကို will ရဲ့ past tense အနေနဲ့ အတိအကြောင်းပြောဖို့၊ စိတ်ကူးထားတာတွေ တင်စားထားတာတွေ ပြောဖို့၊ ယဉ်ယဉ်ကျေးကျေးပြောဖို့သုံးတယ်။ Beliefs အနာဂတ်မှာ ဖြစ်မယ်လို့ ယုံကြည်ရတာတွေအတွက်သုံးတယ်။ We’ ll be late. We will have to take the train. Past tense of will အဖြစ် would ကိုသုံးတယ်။ I thought it would be late, so I would have to take the train. Offers and Promises Offers and promises လုပ်ဖို့ I will, we will တို့ကိုသုံးတယ်။ I’ll give you a lift home after the party. We will come and see you next week. Willingness လုပ်ချင်တာ ဆန္ဒရှိတာပြောဖို့သုံးတယ်။ We will see you tomorrow. Perhaps dad will lend me the car. Would- as the past tense of will We had a terrible night. The baby wouldn’t go to sleep. He kept waking up and crying. Dad wouldn’t lend me the car, so we had to...

အဆက်ဖြတ်ကြပါစို့

Image
သံသရာစက်ဝိုင်းအလည်အပတ် ရပ်အောင် ဝေဒနာနိရောဓာ တဏှာနိရောဓော- လုပ်ရမယ်လို့ မနေ့ကပြောခဲ့တယ်။ ဝေဒနာနိရောဓော ဖြစ်မှ အဆက်ပြတ်မှာ။ အဆက်ပြတ်အောင် ဘယ်လိုဖြတ်ရမလဲဆိုတာ ဒီနေ့ ဆက်လက်ရှင်းပေးမယ်။ အဆက်ဖြတ်ချင်တယ်ဆိုရင် ဝေဒနာကို ၀ိပဿနာရှုရမယ်။ ဝေဒနာက သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာလို့ သုံးမျိုးရှိတယ်။ သောမနဿဝေဒနာ၊ ဒေါမနဿဝေဒနာထည့်ပြီး ငါးမျိုးဟောထားတာလဲ ရှိတယ်။ ဒီဝေဒနာတွေဟာ ပေါ်တိုင်းပေါ်တိုင်း ပစ္စုပ္ပန်ခန္ဓာမှာ ပေါ်တာပဲ။ ဝေဒနာပေါ်တိုင်း ဉာဏ်နဲ့ ဖြစ်ပျက်ရှုပေးလိုက်။ ဉာဏ်နဲ့ရှုပေးလိုက်တော့ ဝေဒနာနဲ့ တဏှာကြား အဆက်ကလေး ပြတ်သွားတယ်။ ဉာဏ်နဲ့ ရှုခိုက်မှာ မဂ်က အစပ်မြားလေးပေါ်မှာ ကျပြီး အစပ်ကို မစပ်အောင် ဖြတ်လိုက်တယ်။ တဏှာမလာတော့ဘူး။ တဏှာမလာတော့ တဏှာနိရောဓောတိ မဂ္ဂေါ- တဏှာချုပ်အောင် ရှုနိုင်တဲ့ မဂ်ပေါ်လာတယ်။ ဝေဒနာကို ဝေဒနာအတိုင်း ထားလိုက်ရင်တော့ တဏှာ ဥပါဒါန်လာမယ်။ ဝေဒနာကို ဖြစ်ပျက် အနိစ္စဆိုတဲ့ မဂ်လေး အစပ်နေရာမှာ သွင်းလိုက်တော့ မစပ်နိုင်တော့ဘဲ ပြတ်သွားတယ်။ အစပ်က ပြတ်သွားတော့ အနာဂတ်သံသရာတွေ အကုန်ပြတ်တယ်။ ဒါကြောင့် ဝေဒနာပေါ်တိုင်း ရှုနေတာသည် ပစ္စုပ္ပန်အကြောင်းတရားတွေ ဖြတ်နေတာ။ ဒီအစပ်လေးက မဖြတ်ရင် မပြတ်ဘူး။ တကယ်...

Verbs (19) - Modal Verbs

6. Can or Could Possibility Modal can ကို ဖြစ်နိုင်ကြောင်း ယေဘုယျပြောပြတာတွေအတွက်သုံးတယ်။ It can be very cold in winter. ( It is sometimes very cold in winter ). You can easily lose your way in the dark. ( People often lose their way in the dark ). Could ကို can ရဲ့ past tense အဖြစ်သုံးတယ်။ It could be very cold in winter. ( It was sometimes very cold in winter ). You could lose your way in the dark. ( People often lost their way in the dark ). အနာဂတ်မှာ ဖြစ်နိုင်ခြေရှိတယ်၊ ဒါပေမယ့် မသေချာဘူးဆိုရင် could ကိုသုံးတယ်။ If we don’t hurry, we could be late. ( Perhaps/ Maybe we will be late ). အခု သို့မဟုတ် အရင်က ဖြစ်နိုင်တာကို ပြောဖို့ could ကိုသုံးတယ်။ It’s ten o’clock. They could have arrived now. They could have arrived hours ago. Impossibility တစ်ခုခုမဖြစ်နိုင်တာကိုပြောဖို့ can’t/ cannot ကိုသုံးတယ်။ That can’t be true. You cannot be serious. အတိတ်အတွက် couldn’t/ could not ကိုသုံးတယ်။ We knew it could not be true. He was ...

သံသရာစက်ဝိုင်း

Image
စက်ဝိုင်းကြီးက အတိတ်သံသရာရယ်၊ လက်ရှိသံသရာရယ်၊ နောင်သံသရာရယ် ပြနေပါတယ်။ နောင်သံသရာမဆက်ချင်ရင် ဘယ်လိုလုပ်ရမယ်ဆိုတာလဲ စက်ဝိုင်းကပဲ ပြနေပါတယ်။ အကွက်(၁)က လွန်ခဲ့တဲ့ဘ၀ ဖြစ်စဉ်ပါပဲ။ အတိတ်အကြောင်း ငါးပါးလို့ဖော်ပြထားတယ်။ အတိတ်က ဘာနဲ့ နေခဲ့ကြရတာလဲဆိုရင် သစ္စာမသိတဲ့အ၀ိဇ္ဇာနဲ့ နေခဲ့ကြတာ။ သစ္စာမသိတော့ မုဆိုး တံငါလဲလုပ်ခဲ့ကြတာပဲ။ မုဆိုးတံငါလုပ်ရင် (၂)အကွက် ဒုက္ခသစ္စာရမယ်ဆိုတာကို မသိဘူး။ မသိလို့ လုပ်တော့ ဒီဘက်မှာ ခန္ဓာငါးပါး ပေါ်တယ်။ ရှေးက မုဆိုးတံငါလုပ်၊ မုသားတွေပြော၊ လိမ်လည်ကောက်ကျစ် ရောင်းဝယ်ဖောက်ကားနဲ့ လုပ်မိကိုင်မိခဲ့ကြသောကြောင့် ဒုက္ခသစ္စာကို ရလာတာ။ မသိတဲ့အ၀ိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရတွေလုပ်၊ တဏှာ ဥပါဒါန်တွေနဲ့ စွဲလမ်း၊ ကာယကံ ၀စီကံတွေအားထုတ်။ သေသည်၏အခြားမဲ့၌ ဒီဘက်မှာ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပဋိစ္စသမုပ္ပါဒ်တရား ငါးမျိုးနဲ့ဆက်သွယ်လာတယ်။ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ ဆက်သွယ်သွားတာ။ မသိလို့ ပြုလုပ်၊ ပြုလုပ်တော့ ဒုက္ခသစ္စာရတယ်။ မသိတာက အ၀ိဇ္ဇာ၊ ပြုလုပ်တာက သင်္ခါရ၊ အကုသိုလ်သင်္ခါရ။ သင်္ခါရကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာကြီး ရတယ်၊ အပါယ်လေးပါး ခန္ဓာငါးပါးကြီးရတာ။ ကုသိုလ်တွေလုပ်ပြန်တော့လဲ ဒုက္ခသစ္စာရမယ်ဆိုတာ မသ...

Verbs (19) - Modal Verbs

5. May, might, may have and might have Question လုပ်ချင်ရင် may, might နောက်က subject လိုက်ထည့်ပေးပါ။ May I….? Might I….? စသည်။ Negative အတွက် may not, might not ပါပဲ။ May ကို မသေချာတဲ့အခါမှာသုံးတယ်။ Jack may be coming to see us tomorrow. Oh dear! It’s half past ten. We may be late for the meeting. There may not be very many people there. Polite request အတွက်လဲ သုံးတယ်။ May I borrow the car tomorrow? May we come a bit late? May not ကို ပြတ်ပြတ်သားသား ငြင်းဆိုရာမှာ သုံးတယ်။ (ခပ်တင်းတင်းငြင်းတာ) You may not ! You may not borrow the car until you can be careful with it. Might ကိုလဲ မသေချာတဲ့ကိစ္စမျိုးမှာသုံးတယ်။ I might see you tomorrow. It looks nice, but it might be very expensive. It’s quite bright. It might not rain today. The past tense of may for request အတွက်သုံးတယ်။ He asked me if he might borrow the car. They wanted to know if they might come later. Very polite request အတွက်လဲသုံးတယ်။ Might I ask you a question? Might we just interru...

နှစ်သုံးအစပ် ပြတ်အောင်ဖြတ်

Image
စက်ဝိုင်းကို အာရုံပြုလိုက်ပါ။ အကွက်နံပါတ်တွေနဲ့ ပြောမှာဖြစ်လို့ ဘယ်အကွက်မှာ ဘယ်တရားတွေ ရှိတယ်ဆိုတာလဲ သတိထားလိုက်ပါ။ အကွက် (၁) က အကြောင်းတရားတွေ အားထုတ်ရင် (၂) အကွက် အကျိုးတရားတွေရမယ်။ အခု (၂)ထဲကလဲ နောက်ထပ် အ၀ိဇ္ဇာ တဏှာ ဥပါဒါန် ဘ၀တွေ ပြန်လုပ်ကြဦးမယ်ဆိုရင် အနာဂတ်ဘ၀လာဦးမှာပဲ။ (၂)ထဲမှာနေပြီး (၃)တရားတွေ ထပ်လုပ်ရင် (၄) ပြန်ရမယ်။ (၃)တရားတွေဟာ (၂)ထဲက ပေါက်ပွားနေတာ။ (၂)ထဲရောက်နေတုန်း ၀ိပဿနာအားမထုတ်တော့ သစ္စာမသိဘူး။ သစ္စာမသိတော့ အ၀ိဇ္ဇာ ပြန်ရောက်တယ်။ အ၀ိဇ္ဇာပြန်ရောက်တော့ နောက်ဘ၀ချမ်းသာရေး သင်္ခါရတွေ လုပ်ပြန်တယ်။ ဒါဟာ အ၀ိဇ္ဇာ သင်္ခါရဘက် ပြန်လှည့်တာပဲ။ ပြန်လှည့်တော့ သမုဒယသစ္စာ ပြန်ရောက်သွားတယ်။ အခု ရထားတာက ဒုက္ခသစ္စာ။ ၀မ်းထဲမှာ သမုဒယသစ္စာမျိုးစေ့က ပြန်ပေါက်လာတယ်။ ဒါဖြင့် သေသည်၏အခြားမဲ့၌ အနာဂတ် ဒုက္ခသစ္စာ မရချင်လို့ မဖြစ်တော့ဘူး။ ဒါကြောင့် (၂)ထဲမှာ နေနေတုန်း (၃)တရားတွေ မပေါ်စေနဲ့။ အ၀ိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘ၀တွေ မပေါ်စေနဲ့လို့ ပြောတာ။ ဒါကြောင့် ပစ္စုပ္ပန်ကာလကို (၂၊ ၃) နှစ်ကွက်ပြထားတာ။ (၂)ထဲမှာ နေပြီး (၃)တရားတွေထပ်လုပ်တော့ ဒုက္ခပင်က သမုဒယသီးတွေ သီးလာတယ်။ ဒီလက်ရှိခန္ဓာ ဒုက္ခပင်ကြီးက သမုဒယသီးတွေ သီးလု...

Verbs (19) - Modal Verbs

4. Can, Could and Could have Can, could နဲ့ မေးခွန်းလုပ်ရင် နောက်က subject လေးတွေ ထည့်ပေးရတယ်။ Can I…? Can you….? Could I….? Could you….? စသည်ပေါ့။ Negative ပြောချင်ရင်တော့ spoken English မှာ can’t, writing English မှာ cannot လို့သုံးတယ်။ စကားပြောရာမှာ cannot လို့ တစ်ခါတစ်ရံတော့ ပြောပါတယ်။ ဒါပေမယ့် အဓိပ္ပါယ်က အားပါတဲ့အပြောမျိုးသက်ရောက်တယ် (emphatic)။ Couldn’t in spoken, could not in writing but we sometimes say could not. Can, can’t ကို စွမ်းရည် (ability) အကြောင်းပြောတဲ့အခါ သုံးတယ်။ Maria can speak four languages. I can’t swim but my sister can . ဖြစ်နိုင်၊ မဖြစ်နိုင် (possible/ impossible) ဆိုတာ ပြောဖို့လဲသုံးတယ်။ Learning English can be difficult. ( Learning English is sometimes difficult ). Children can be very naughty. ( Children are sometimes very naughty ). It’s still light. It can’t be bedtime. တောင်းဆိုချက်၊ တောင်းဆိုချက်ကိုငြင်းပယ်တာတွေအတွက်လဲသုံးတယ်။ (requests and refusals of requests) Can I go home now? You can go whenever you like. You can borr...

သင်္ခါရသုံးမျိုး အကျိုးပေးအတူတူ

Image
အ၀ိဇ္ဇာသည် ဒုက္ခသစ္စာကိုသာ သူမသိတာမဟုတ်သေးဘူး၊ သမုဒယသစ္စာလဲ သူမသိဘူး။ သမုဒယသစ္စာလဲ သူမသိတော့ တဏှာ ဥပါဒါန်နဲ့ ဆုအတောင်းခိုင်းတယ်။ ဆုတောင်းတော့ ဒုတိယဘ၀ ရလာတယ်။ ဒုက္ခသစ္စာရလိုက်တာပဲ။ ပြီးတော့ နိရောဓသစ္စာလဲ သူမသိဘူး။ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာကို နိရောဓသစ္စာ ထင်နေတာ။ စင်စစ်က ဘာသစ္စာလဲဆိုရင် ဒုက္ခသစ္စာ။ မဂ္ဂသစ္စာလဲ သူမသိဘူးတဲ့။ မဂ္ဂသစ္စာမသိတော့ ဘုံဘ၀ရောက်ကြောင်း ကုသိုလ်သင်္ခါရကို ချမ်းသာသုခရကြောင်း အစစ်ထင်ပြီးလုပ်တော့ ဘုံဘ၀ ဒုက္ခသစ္စာပဲ ပြန်ရနေတယ်။ ဒါဖြင့် အ၀ိဇ္ဇာသည် သစ္စာလေးပါးလုံးကို မသိတာပဲလို့ မှတ်လိုက်။ အ၀ိဇ္ဇာက သစ္စာလေးပါးမသိတော့ ဒုက္ခသစ္စာချည်း ပြန်ရနေတယ်။ သစ္စာမသိတဲ့ အ၀ိဇ္ဇာက ဦးဆောင်ပြီး သားရေး သမီးရေး စီးပွားရေးကြောင့် မုဆိုး တံငါလုပ်၊ လိမ်လည်ကောက်ကျစ် အသက်မွေးကြမယ်ဆိုရင် အပုညာဘိသင်္ခါရာ။ အပုည-က အကုသိုလ်၊ အဘိသင်္ခါရက ပြုပြင်တာ။ အကုသိုလ်က ပြုပြင်တော့ စုတေမနေ သေလွန်တဲ့အခါ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ အပါယ်ခန္ဓာငါးပါး ဒုက္ခသစ္စာ ရတယ်။ ကုသိုလ်လုပ်တော့လဲ လူနတ်ဗြဟ္မာခန္ဓာငါးပါး၊ ပုညာဘိသင်္ခါရာ၊ ဒုက္ခသစ္စာပဲ။ အကုသိုလ်လုပ်တော့လဲ အပါယ်ခန္ဓာငါးပါး၊ ဒုက္ခသစ္စာပဲ။ ဒီနေရာမှာ မိုးကုတ်ဆရာတော်ဘုရားကြီးမိန့်တော်မ...

Verbs (19) - Modal Verbs

3. Modals + have Modal verb + have + past participle တွဲသုံးတယ်။ They will have arrived by now. You might have seen the film. Jack and Jill would have been late. Modal + have ကို အတိတ်တစ်ချိန်ချိန်ကို လှမ်းပြောတဲ့အခါသုံးတယ်။ We were very worried. Someone might have taken the car. (ကားကို တစ်ယောက်ယောက်ယူသွားခဲ့တာဖြစ်နိုင်တယ်) ပစ္စုပ္ပန်အချိန်ကို လှမ်းပြောတဲ့အခါလဲ သုံးတယ်။ It’s nearly eight o’clock. They will have arrived by now. (ရောက်လောက်ပြီ) အနာဂတ်အချိန်ကို လှမ်းပြောတဲ့အခါလဲ သုံးတယ်။ We won’t eat until they arrive. They might not have had supper. (စားရမှာမဟုတ်သေးဘူး) အတိတ်ကို ပြန်လည်ရည်ညွှန်းတဲ့အခါ သုံးတယ်။ You should have helped her when she asked. (အကူအညီပေးသင့်တာပေါ့) They might have got lost. Nobody knows where they are. (မျက်စိလည်/လမ်းမှားသွားကြတာဖြစ်မယ်)

ပစ္စုပ္ပန်အကျိုးအခြင်းအရာငါးပါး

Image
အခုလက်ရှိဘ၀ကို ပစ္စုပ္ပန်အကျိုးအခြင်းအရာငါးပါးနဲ့ ကိုယ်စားပြုတယ်။ စက်ဝိုင်း နံပါတ်(၂)အကွက်မှာရှိတဲ့ တရားငါးပါး- ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ။ ခန္ဓာငါးပါးပါပဲ။ ပဋိသန္ဓေ၀ိညာဏ်ကတော့ ပြီးခဲ့ပြီ။ အခုနေနေရတာက ပ၀တ္တိဝိညာဏ်နဲ့နေနေရတာ။ နာမ်ရုပ်တွေကတော့ သွားချင်တာက နာမ်၊ သွားတာကရုပ်။ စားချင်တာက နာမ်၊ စားတာက ရုပ်။ အိပ်ချင်တာက နာမ်၊ အိပ်တာကရုပ်- စသည်ဖြင့် ခွဲခြားသိထားလိုက်ပါ။ အခုလက်ရှိခန္ဓာထဲမှာ နာမ်ရုပ်တွေပဲ ရှိနေတယ်။ သဠာယတနဆိုတာက မျက်စိ၊ နား၊ နှာခေါင်း၊ လျာ၊ ကိုယ်၊ စိတ်။ အာရုံတွေ တွေ့ထိတာက ဖဿ။ အာရုံတွေကို ခံစားတာက ဝေဒနာ။ အခု ဘာတွေနဲ့နေနေရတာလဲဆိုရင် ဒီ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေနဲ့နေနေရတာ။ သစ္စာအနေနဲ့ ကြည့်လိုက်တော့ ဒုက္ခသစ္စာ။ ကိုယ့်ခန္ဓာထဲမှာ ရုပ်ပဲပေါ်ပေါ်၊ နာမ်ပဲပေါ်ပေါ်၊ ဒုက္ခသစ္စာလို့ မှတ်လိုက်ပါ။ ဘယ်အခါရှုရှု ဖြစ်မှု ပျက်မှုတွေ့တာသည် ဒုက္ခသစ္စာပဲ။ ဒါဖြင့် ဒီခန္ဓာထဲမှာ ရှိတာမှန်သမျှကလဲ ဖြစ်မှု ပျက်မှုတွေပဲဆိုတော့ ဒုက္ခသစ္စာဆိုတာ ငြင်းဖို့မလိုတော့ဘူး။ ကိုယ့်သန္တာန်မှာရှိတဲ့ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ သည် ပစ္စုပ္ပန်အကျိုးတစ်လွှာ။ သစ္စာအားဖြင့် ဒုက္ခသစ္စာ။ ဒါဖြင့် လူ့ဘ၀ကြီးက ဒုက္ခသစ္စာကြီးပဲ။ ဘာသစ္စာနဲ...

News

မိုးကုတ်ဝိပဿနာတရားစခန်းဖွင့်ရက်ကြေငြာချက် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်းမကြီး၊ ရတနာကျွန်း၊ မြကျွန်းသာမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ၌ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿယအတိုင်း (၄/ ၂၀၁၁) အကြိမ် သင်္ကြန်တွင်း မိုးကုတ်ဝိပဿနာ အလုပ်သင် (၁၀)ရက်အထူးတရားစခန်း ဖွင့်လှစ်မည်ဖြစ်ပါ၍ တရားစခန်း ၀င်လိုသူယောဂီများ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ။ ယောဂီဦးရေ အကန့်အသတ်ရှိသည်။ လူယောဂီ (၁၃၀)၊ ဒုလ္လဘယောဂီ (၂၀) သာလက်ခံမည်။ နေ့ဆွမ်း၊ အရုဏ်ဆွမ်း ကပ်လှူလိုသူများလည်း ဆက်သွယ်လှူဒါန်းနိုင်ပါပြီ။ နေ့ဆွမ်း - ၁၆၀၀၀၀ ကျပ် အရုဏ်ဆွမ်း - ၈၀၀၀၀ ကျပ် တရားစခန်းရက်- (၁၂ - ၀၄ - ၂၀၁၁) ရက်နေ့မှ (၂၁ - ၀၄ - ၂၀၁၁) ရက်နေ့အထိ ဆက်သွယ်ရန်လိပ်စာ သာသနာ့နုဂ္ဂဟအကျိုးဆောင်အဖွဲ့ မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ရတနာကျွန်း၊ သုနန္ဒာလမ်းမကြီး၊ (ဋ)ရပ်ကွက် မြောက်ဥက္ကလာ၊ ရန်ကုန် ဖုန်း - 00951691553 မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ (၄/၂၀၁၁) အကြိမ် သင်္ကြန်ကာလ မိုးကုတ်ဝိပဿနာအလုပ်သင် (၁၀)ရက်အထူးတရားစခန်းပွဲ အရုဏ်ဆွမ်း/ နေ့ဆွမ်း/ နေ့အချိုပွဲ/ ရေခဲမုန့် အလှူရှင်များစာရင်း အရုံဆွမ်းအလ...