ဝါဆိုလပြည့်နေ့နှင့် ဝါဆိုသင်္ကန်းအစဉ်အလာ
ဝါဆိုလပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော်သည် ပဋိသန္ဓေ နေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ ဘုရားဖြစ်ပြီးနောက် တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်းဟူသော ထူးခြားသည့် ဖြစ်ရပ်များနှင့် တိုက်ဆိုင်သောနေ့ ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် တစ်ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။
ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီးနောက် တရားဦးဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ သတ်မှတ်ထားသည်။
ဗုဒ္ဓ ဘာသာဝင်လူပုဂ္ဂိုလ်များသည် ဝါဆိုလပြည့်နေ့တွင် ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဥပုသ်သီတင်းစောင့်ခြင်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်များနာယူကြည်ညိုခြင်း၊ တရား အားထုတ်ခြင်း၊ ဓမ္မစကြာရွတ်ဖတ်ပူဇော်ခြင်း စသည့်ကုသိုလ်တို့ကို အလေးအနက်ထားကာ ပြုလုပ်လေ့ရှိကြသည်။
ဗုဒ္ဓဘာသာဝင်လူပုဂ္ဂိုလ်တို့ ဝါဆိုအကြောင်းပြု၍ ဝါဆိုသင်္ကန်းကပ်လှူကြခြင်းမှာလည်း ထူးခြားသည့် ကာလဒါနကုသိုလ်တစ်ခုပင် ဖြစ်သည်။ ဝါဆိုသင်္ကန်းကပ်လှူခြင်းသည် သရဏဂုံသုံးပါး ဆောက်တည်ခြင်း၊ သီလငါးပါးဆောက်တည်ခြင်း၊ စာရေးတံမဲလှူဒါန်းခြင်း၊ (၁၅)ရက်တစ်ခါ အစိဏ္ဏကံ ဆွမ်းဝတ်မပြတ်လှူဒါန်းခြင်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်၊ ရေတွင်းရေကန်များလှူဒါန်းခြင်း၊ အရိပ် အာဝါသ ကျောင်းစသည် လှူဒါန်းခြင်းဖြင့် အပါယ်တံခါးပိတ်စေသည့် ကုသိုလ် အကျိုးကို ရရှိစေနိုင်သည်။
ထို့အပြင် သံဃာတော်တို့အား (ဝါဆို)သင်္ကန်း ကပ်လှူခြင်းအားဖြင့် ဘဝသံသရာတွင် ကျင်လည်နေသမျှ ကာလပတ်လုံး
(၁)အဝတ်အထည်အတွက် စိုးရိမ်ကြောင့်ကြရမှု ကင်းခြင်း၊
(၂)ရုပ်အဆင်းအင်္ဂါ ရွှေရောင်အဆင်း လှပတင့်တယ်ခြင်း၊
(၃) ခန္ဓာကိုယ်အရောင်အဝါထွန်းလင်းခြင်း၊
(၄)အသားအရေနူးညံ့ ချောမွေ့ ခြင်း၊
(၅) ခန္ဓာကိုယ်တွင် အညစ်အကြေးတို့ ကင်းစင်ခြင်း၊
(၆) အလိုရှိပါက တောင့်တရုံမျှဖြင့် အဝတ်အထည်တို့ရရှိခြင်း၊
(၇) သံသရာ၌ ဘုရားရှင်တို့နှင့် တွေ့ ကြုံဖူးမြော်ခွင့်ရခဲ့သည်ရှိသော် ထိုဘုရားရှင်က (ဧဟိဘိက္ခူ) ခေါ်ရုံမျှဖြင့် ရဟန်းအသွင် အလိုလိုဖြစ်ရခြင်း ဟူသော အကျိုးတရား ခုနစ်ပါးတို့ကိုလည်း ရရှိနိုင်သည်။ သင်္ကန်းအလှူရှင်အမျိုးသမီးများမှာ အဖိုးအနဂ္ဃထိုက်တန်သည့် မဟလ္လတာတန်ဆာကို ဝတ်ခွင့်ရ၍ တရားထူးတရားမြတ်ရနိုင်ခြင်းဟူသော အကျိုးထူးတစ်မျိုး တိုး၍ ရရှိနိုင်ကြောင်းကိုလည်း ဒေသနာတွင်လာရှိပါသည်။
သို့ဖြင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းကြသည့် အစဉ်အလာကောင်းကို ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် ယနေ့ထိတိုင် ဆက်လက်ကျင့်သုံးနေကြဆဲဖြစ်သည်ကို မြင်တွေ့နိုင်ပါသည်။
ဒေါက်တာ အရှင်ပါရမီ (မြကျွန်းသာဆရာတော်)
————————————————————————
Waso Full Moon Day and the Tradition of Waso Robe Offering
Waso Full Moon Day is significant as it coincides with three major events in the life of Prince Siddhartha Gautama: his conception, his Great Renunciation (leaving the palace life), and his delivery of the first sermon, the Dhammacakka (Discourse on the Wheel of Dhamma), after attaining Buddhahood. Furthermore, it marks the beginning of the Vassa (Rains Retreat) for the Sangha (Order of Monks), who commence their three-month retreat in monasteries starting from the day after the Waso Full Moon Day. This makes it an exceptionally auspicious occasion.
After attaining Enlightenment, Gautama Buddha delivered his first sermon, the Dhammacakka Sutta, to the Five Ascetics (Pañcavaggiya) on Waso Full Moon Day in the Deer Park at Isipatana (Migadāyavana). Therefore, Waso Full Moon Day is also designated as Dhammacakka Day.
On Waso Full Moon Day, Buddhist devotees typically go to monasteries and pagodas to observe the Eight Precepts (Uposatha), offer Waso robes (special robes for the rains retreat), listen to Dhamma discourses, practice meditation, and chant the Dhammacakka Sutta, placing great emphasis on performing these meritorious deeds.
The offering of Waso robes by Buddhist devotees, timed with the Vassa period, is itself a unique meritorious act with specific seasonal significance. Offering Waso robes, combined with taking refuge in the Triple Gem, observing the Five Precepts, offering ticket alms (by taking votes), performing the alms-giving for every other week, offering Waso robes, donating wells and ponds, and providing shelters or monasteries, can yield the meritorious fruit of closing the doors to the lower realms (Apāya).
Moreover, offering robes to the Sangha during Vassa can bring about seven specific benefits throughout one's cycle of rebirths:
(1) Freedom from worry about clothing;
(2) Possession of a golden-hued, radiant, and beautiful complexion;
(3) A bright and lustrous body;
(4) Soft and smooth skin;
(5) A body free from impurities;
(6) Obtaining clothing merely by wishing for it;
(7) If encountering a Buddha in a future life, spontaneously becoming a monk simply upon being summoned with "Ehi bhikkhu" (Come, monk!).
The discourses also mention that female donors of robes gain an additional special benefit: they attain the eligibility to wear the priceless, celestial Mahallata ornament and achieve sublime Dhamma attainments.
Thus, it is evident that the good tradition of offering Waso robes continues to be practiced by Myanmar Buddhists to this very day.
Dr. Ashin Parami (Myakyuntha Sayadaw)
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.