Posts

Showing posts from 2025

Only by mastering sensations (vedanā)

Image
Only by mastering sensations (vedanā) can one attain Nibbāna. The closest path to Nibbāna is the contemplation of sensations (vedanānupassanā). Sensations give rise to craving (vedanā paccayā taṇhā). If sensations cease, craving ceases (vedanā nirodhā taṇhā nirodho). The cessation of craving is itself Nibbāna (taṇhā nirodho nibbānaṃ). According to these teachings, one can only understand the cessation of sensations (vedanā nirodha) by understanding sensations themselves. Without understanding sensations, one cannot understand their cessation. This means that only by knowing the arising of sensations can one know their cessation. The places where sensations arise have already been discussed for the purpose of understanding them. Now, I would like to briefly explain again how the three types of sensations manifest. Throughout the entire body, except in places like the nails, hair tips, and other areas where the sense organs (kāyapasāda) cannot arise, pleasant sensations (sukha vedanā) ...

ဝေဒနာကို နိုင်ပါမှ

Image
နိဗ္ဗာန်ရဖို့ အနီးဆုံးသည် ဝေဒနာနုပဿနာပင် ဖြစ်၏။ ဝေဒနာကြောင့် တဏှာဖြစ်ရ၏ (ဝေဒနာပစ္စယာ တဏှာ)။ ဝေဒနာချုပ်လျှင် တဏှာချုပ်တော့၏ (ဝေဒနာနိရောဓာ တဏှာနိရောဓော)။ တဏှာချုပ်ခြင်းသည် နိဗ္ဗာန်ပင်ဖြစ်၏ (တဏှာနိရောဓော နိဗ္ဗာနံ)။ ထိုဟောကြားတော်မူချက်တို့အရ ဝေဒနာကိုသိမှ ဝေဒနာနိရောဓ ကိုသိမည်ဖြစ်၏။ ဝေဒနာကို မသိလျှင် ဝေဒနာနိရောဓကိုမသိ။ ဆိုလိုသည်မှာ ဝေဒနာဖြစ်ခြင်းသိမှ ဝေဒနာချုပ်ခြင်းသိမည်ဖြစ်၏။ ဝေဒနာသိဖို့အရေးအတွက် ဝေဒနာပေါ်ရာဌာနတို့ကို ပြောခဲ့ပြီး ဖြစ်ပါ၏။ ယခုတစ်ဖန် ဝေဒနာသုံးမျိုး ပေါ်ပုံကို အကျဉ်းမျှ ထပ်မံပြောပြလိုပါ၏။ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ ခြေသည်းလက်သည်း ဆံဖျားစသည့် ကာယပသာဒမဖြစ်နိုင်သည့်နေရာများမှအပ ကျန်သည့်နေရာတို့၌ ရံခါ သုခဝေဒနာပေါ်၏၊ ရံခါ ဒုက္ခဝေဒနာပေါ်၏။ ထို့ကြောင့် ကိုယ်ပေါ်၌ သုခနှင့် ဒုက္ခ ဝေဒနာနှစ်မျိုးပေါ်နိုင်၏။ တစ်ကိုယ်လုံးဟူသည် ပေါ်နိုင်ရာဌာနကိုသာ ပြောခြင်းဖြစ်ပါ၏။ စင်စစ်မှာ ပေါ်ချင်သည့်နေရာတွင် ကွက်၍ ပေါ်မည်သာ ဖြစ်၏။ သို့သော် တစ်နေရာရာတွင်သာ ထူးထူးခြားခြား ပေါ်မည်ဖြစ်၏။ ကိုယ်ပေါ်မှာသာ ပေါ်သောကြောင့် သုခနှင့် ဒုက္ခရှုလျှင် မျက်စိအမြင် နားအကြား စသည်ကို မရှုရ။ မျက်စိအမြင် နားအကြား စသည်ရှုန...

Right Reflection (Yoniso Manasikāra)

Image
"Yoniso Manasikāra" can be translated as Right Reflection or Proper Attention. In the field of Vipassanā (Insight Meditation), because the aggregates (khandhās) arise and pass away, if one reflects that this body is the impermanent (anicca) aggregate-body, then that is indeed Right Reflection. If you close your eyes and look within at your own body, for example, when a painful sensation arises, and you observe it with the wisdom that appears in your closed eyes, you will see that the sensation vanishes right where it appeared. The Venerable Mogok Sayadaw taught, "Arising here, ceasing here." Whether it is a mind, a material form, or a sensation that arises, if you observe it only with wisdom, you will see it disappearing right at the place of its arising. When you perceive in this way, you find no 'I', no 'he', no person, no being whatsoever in these aggregates. You only see them vanishing and ceasing. This is the direct realization of impermanence...

နှလုံးသွင်းမှန်

Image
”ယောနိသောမနသိကာရ” ကို နှလုံးသွင်းမှန်ဟု ဘာသာပြန်ဆိုရ၏။ ဝိပဿနာနယ်ပယ်တွင် ခန္ဓာသည် ဖြစ်ပြီး ပျက်တတ်သောကြောင့် အနိစ္စခန္ဓာကိုယ်ဟု နှလုံးသွင်းလိုက်လျှင် နှလုံးသွင်းမှန်ပင် ဖြစ်တော့၏။ မိမိခန္ဓာကိုယ်ကို မျက်လုံးမှိတ်၍ ကြည့်လိုက်ပါက ဥပမာ နာကျင်ကိုက်ခဲ စသည့် ဝေဒနာပေါ်လာ၍ မှိတ်ထားသောမျက်စိတွင် ပေါ်နေသော ဉာဏ်ဖြင့် ကြည့်လိုက်ပါက ဝေဒနာသည် ပေါ်သည့်နေရာတွင်သာ ပျက်သွားသည်ကို တွေ့လိုက်ရ၏။ “ဒီနေရာပေါ် ဒီနေရာပျက်” ဟု မိုးကုတ်ဆရာတော်ဘုရားကြီးက မိန့်တော်မူ၏။ စိတ်ပေါ်သည်ဖြစ်စေ၊ ရုပ်ပေါ်သည်ဖြစ်စေ၊ ဝေဒနာပေါ်သည်ဖြစ်စေ ဉာဏ်ဖြင့်သာကြည့်လိုက်ပါက ပေါ်သည့်နေရာတွင် ပျောက်သွားသည်ကို တွေ့မြင်ရပါ၏။ ထိုသို့ တွေ့သိနေသောအခါ ဤခန္ဓာတွင် ငါ လည်းမတွေ့၊ သူလည်းမတွေ့၊ ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ရာ ရှာဖွေ၍မတွေ့။ ပျောက်ပျက်သွားသည်ကိုသာလျှင် တွေ့နေရတော့၏။ အနိစ္စကို တွေ့လိုက်ခြင်းပင်ဖြစ်၏။ ထို့ကြောင့် ဘုရားရှင်က “သဗ္ဗေ သင်္ခါရာ အနိစ္စာ”ဟု ဟောတော်မူခြင်းဖြစ်ပါ၏။ နှလုံးသွင်းမှန်သောကြောင့်သာ အနိစ္စကို တွေ့သိရခြင်းဖြစ်၏။ ငါ့စိတ် ငါ့ကိုယ် ငါ့လက် ငါ့ခြေ ငါနာ ငါကျင် ငါမြင် ငါတွေ့ စသည်ဖြင့် ခန္ဓာကိုယ်ကို ငါစွဲထားစဉ်ကမူ နှလုံးသွင်းမှန်ကန်မှ...

Not in this life, then in the next

Image
The Buddha taught that a yogi practicing Vipassanā meditation can still become a Sotāpanna, Sakadāgāmi, or Anāgāmi even at the time of death. When one is certain that death is near and truly cannot be avoided, if one continues to meditate as usual—observing sensations if that is one's practice, or observing the mind if that is the practice—by focusing on one of these objects, attainment is possible even in the final moments. If one dies at the time of death without having become at least a Sotāpanna while practicing Vipassanā, the momentum of that Vipassanā javana (impulsion) will cause rebirth in a deva realm. The power of the Vipassanā practice cultivated in the human realm carries over, and one continues to practice mindfulness in the deva realm. The Buddha taught that because the wisdom of devas is many times sharper and faster than that of humans, one may attain Sotāpanna quickly; realizing one has become a deva might even come later. By practicing Vipassanā, one can attain ...

ဒီဘဝမရ နောက်ဘဝရ

Image
ဝိပဿနာတရားအားထုတ်သည့်ယောဂီသည် သေခါနီးကာလ တကယ်မနေရ သေရတော့မည်ကို အသေအချာသိနေချိန်တွင် ဝေဒနာရှုသူကဝေဒနာ၊ စိတ်ရှုသူက စိတ် ကိုယ်ရှုနေကျအတိုင်း တစ်ခုခုကို ရှုနေလျှင် သေခါနီးကာလမှာပင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်နိုင်သေးသည်ဟု ဘုရားရှင်ဟောတော်မူခဲ့ပါ၏။ သေခါနီးအချိန်တွင် ဝိပဿနာရှုလျက် သောတာပန်မျှ မဖြစ်ဘဲ သေသွားခဲ့လျှင် ထိုဝိပဿနာဇောအရှိန်ကြောင့် နတ်ပြည်ရောက်၊ လူ့ပြည်ကရှုခဲ့သည့် ဝိပဿနာအာသေဝနသတ္တိက ပါသွားပြီး နတ်ပြည်တွင်လည်း ဆက်လက်ရှုမှတ်လျက်သား ဖြစ်နေလေတော့၏။ နတ်တို့၏ဉာဏ်သည် လူတို့၏ဉာဏ်ထက် အဆပေါင်းများစွာ လျှင်မြန်ထက်မြက်သဖြင့် သောတာပန်ဖြစ်သည်က စော၊ နတ်ဖြစ်မှန်းသိသာက နောက်ကျသေး၏ဟု ဘုရားရှင် ဟောတော်မူခဲ့ပါ၏။ ဝိပဿနာရှုလျှင် ယခုဘ၀ သောတာပန် သကဒါဂါမ် စသည်တည်နိုင်ပါ၏။ သေခါနီးအချိန်တွင် “ငါတော့ သေရတော့မှာပဲ”ဆိုပြီး ဝိပဿနာကို အစွမ်းကုန်ကြိုးစားလိုက်က သေခါနီးမှာပင် မဂ်ဖိုလ်ရနိုင်၏။ သေခါနီး မဂ်ဖိုလ်မရလိုက်ပါက ဝိပဿနာဇောဖြင့်သာ သေနိုင်အောင်ကြိုးစားဖို့ အရေးကြီး၏။ ဝိပဿနာဇောဖြင့် သေသွားလျှင် နောက်ဘ၀ ကိန်းသေ နတ်ပြည်ရောက်၍ ဝိပဿနာဆက်လက်ရှုလျက်ပင် နတ်ဖြစ်သွားရ၏။ လူ့ပြည်က ရှုသည့်အရှိန်က နတ်ပြည်ရောက်လျှင်လည်း ...

May insight follow sensation

Image
Regarding the contemplation of sensations (vedanānupassanā): A pleasant sensation (sukha vedanā) is pleasant while it is arising, but becomes suffering (dukkha) when it ceases. Even though it is pleasant before it ceases, at the moment it ceases, it changes over to the side of suffering. Therefore, the Buddha taught that even pleasant sensation is of the nature of the truth of suffering (dukkha saccā). When one sees a pleasant sensation in this way, as an arising and passing away, as the truth of suffering, the underlying tendency of sensual lust (kāmarāgānusaya) is cut off. This is the cessation of the dependent arising through craving (taṇhā-paṭiccasamuppāda). Attachment and delight towards the pleasant sensation can no longer arise. An unpleasant sensation (dukkha vedanā) is suffering at the moment it arises, but it becomes pleasant when it ceases. This unpleasant sensation must also be contemplated only as the arising and passing away truth of suffering. Through this contemplatio...

ဝေဒနာနောက် ဉာဏ်ရောက်ပါစေ

Image
ဝေဒနာနုပဿနာ ရှုပုံအနေအားဖြင့် သုခဝေဒနာသည် ဖြစ်ပေါ်ဆဲ သုခ၊ ပျက်စီးသွားလျှင် ဒုက္ခ။ သုခဝေဒနာမပျက်ခင်မှာ ချမ်းသာသော်လည်း ပျက်သွားသည့်အချိန်တွင် ဆင်းရဲဘက် ပြောင်းသွားလေတော့၏။ ထို့ကြောင့် သုခဝေဒနာကိုပင် ဒုက္ခသစ္စာအဖြစ် ဘုရားရှင်ဟောတော်မူခြင်းဖြစ်ပါ၏။ ထိုသို့ သုခဝေဒနာကို ဖြစ်ပျက် ဒုက္ခသစ္စာအဖြစ် မြင်လိုက်လျှင် ကာမရာဂါနုသယပဋိစ္စသမုပ္ပါဒ်ပြတ်လေ၏။ တဏှာပဋိစ္စသမုပ္ပါဒ်ပြတ်ခြင်းပင်ဖြစ်၏။ သုခဝေဒနာအပေါ်၌ သာယတပ်မက်မှုဖြစ်ခွင့်မရှိတော့။ ဒုက္ခဝေဒနာသည် ပေါ်ဆဲခဏ၌ ဆင်းရဲ၏၊ ပျက်သွားလျှင် ချမ်းသာ၏။ ထိုဒုက္ခဝေဒနာကိုလည်း ဖြစ်ပျက် ဒုက္ခသစ္စာအဖြစ်ဖြင့်သာ ရှုရမည်ဖြစ်၏။ ရှုခြင်းဖြင့် ပဋိဃာနုသယသေ၏။ ဒေါသပဋိစ္စသမုပ္ပါဒ်ပြတ်သည်ပင်ဖြစ်၏။ ဥပေက္ခာဝေဒနာကိုလည်း ဖြစ်ပျက် ဒုက္ခသစ္စာအဖြစ်ပင် ရှုရမည်ဖြစ်၏။ အနိစ္စအဖြစ်ဖြင့် ရှုရမည်ဟု ဘုရားရှင်မိန့်တော်မူ၏ (ဥပေက္ခာဝေဒနာ ဘိက္ခေ၀ အနိစ္စတော ဒဋ္ဌဗ္ဗံ)။ ဖြစ်ပျက်ပင် ဖြစ်ပါ၏။ ရှုသဖြင့် အဝိဇ္ဇာနုသယသေ၏။ (အဝိဇ္ဇာ) မောဟပဋိစ္စသမုပ္ပါဒ်ပြတ်ခြင်းပင်ဖြစ်ပါ၏။ သုခဝေဒနာနှင့် ဒုက္ခဝေဒနာသည် ဆန့်ကျင်ဘက်ဖြစ်၏။ ထို့ကြောင့် သုခဝေဒနာပေါ်ခိုက် ဒုက္ခဝေဒနာမပေါ်၊ ဒုက္ခဝေဒနာပေါ်ခိုက်၌လည်း သုခဝေဒနာမပေါ်။...

Where Does Feeling (Vedanā) Arise?

Image
Feeling (vedanā) is, in fact, the aggregate of feeling, one of the five aggregates (khandhas). Feeling can be analyzed and contemplated in five types. Briefly, it can also be analyzed and contemplated in three types. Regarding the places where feeling arises, according to the method of the Venerable Mogok Sayadaw, upekkhā vedanā (neutral feeling) arises at the eye at the moment of seeing. At the moment of hearing, upekkhā vedanā arises at the ear. At the moment of smelling, upekkhā vedanā arises at the nose. At the moment of tasting, upekkhā vedanā arises at the tongue. When pleasant tactile contact occurs, sukha vedanā (pleasant bodily feeling) arises in the body. When unpleasant tactile contact like itching occurs, dukkha vedanā (painful bodily feeling) arises in the body. Because these six places where feeling arises are on the exterior of the body, they are called external feelings. Furthermore, they do not arise constantly; they are feelings that tend to arise only occasionally....

ဝေဒနာ ဘယ်မှာပေါ်ပါလိမ့်

Image
ဝေဒနာသည် ခန္ဓာငါးပါးတွင် ပါဝင်သော ဝေဒနာက္ခန္ဓာပင်ဖြစ်၏။ ဝေဒနာကို ငါးမျိုးလည်း ခွဲခြား၍ ရှုနိုင်၏။ အကျဉ်းအားဖြင့် သုံးမျိုးလည်း ခွဲခြား၍ ရှုနိုင်၏။ ဝေဒနာပေါ်ရာဌာနများအနေဖြင့် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿယအတိုင်း ပြောပြရလျှင် မြင်ဆဲခဏ၌ ဥပေက္ခာဝေဒနာ မျက်စိတွင်ပေါ်၏။ ကြားဆဲခဏ၌ ဥပေက္ခာဝေဒနာ နားတွင်ပေါ်၏။ နံဆဲခဏ၌ ဥပေက္ခာဝေဒနာ နှာခေါင်းတွင်ပေါ်၏။ စားဆဲခဏ၌ ဥပေက္ခာဝေဒနာ လျှာတွင်ပေါ်၏။ ကောင်းသောအတွေ့အထိတို့ပေါ်ခိုက် သုခဝေဒနာ ကိုယ်တွင်ပေါ်၏။ ယားယံခြင်း စသည့် မကောင်းသောအတွေ့အထိတို့ပေါ်ခိုက် ဒုက္ခဝေဒနာ ကိုယ်တွင်ပေါ်၏။ ထိုဝေဒနာပေါ်ရာဌာန (၆)မျိုးကို ခန္ဓာကိုယ်၏အပြင်ပိုင်းတွင် ပေါ်သောကြောင့် အပြင်ဝေဒနာများဟု ဆို၏။ ပေါ်သည့်အခါတွင်လည်း အမြဲတမ်း ပေါ်နေသည်မဟုတ်၊ ရံခါသာ ပေါ်လေ့ရှိသောဝေဒနာများဖြစ်၏။ အကြောင်းတိုက်ဆိုင်မှသာ ပေါ်လေ့ရှိ၏။ အကြောင်းမတိုက်ဆိုင်က ပေါ်ရိုးမရှိ။ ဧည့်သည်သည် ခဏလာ၊ ခဏပြန်သွားသကဲ့သို့ ထိုဝေဒနာတို့သည်လည်း ခဏပေါ် ခဏပျောက်သွားသောကြောင့် အပြင်ဧည့်သည်(၆)ယောက်ဟု မိုးကုတ်ဆရာတော်ဘုရားကြီးက နည်းပေးထားခြင်း ဖြစ်၏။ ဝေဒနာပေါ်ရာဌာနအနေဖြင့် (၆)မျိုးဟုပင် ဆိုရသော်လည်း တူရာပေါင်းလိုက်က ဥပေက္ခာဝေဒ...

Visākha and Dhammadinnā (Conclusion)

Image
(As the donor Visākha continued to ask about sensations, these are only the answers given by the Venerable Dhammadinnā.) “Venerable, how many types of sensations are there?” “There are three types of sensations: pleasant sensation (sukha vedanā), unpleasant sensation (dukkha vedanā), and neutral sensation (upekkhā vedanā).” “How should one observe these three types of sensations?” “The pleasant sensation seems enjoyable while it lasts, but when it ceases, it becomes suffering. The unpleasant sensation seems painful while it lasts, but when it ceases, it becomes relief. The neutral sensation has the nature of a pleasant sensation.” “When observing these sensations, which latent tendencies are destroyed?” “When observing the pleasant sensation, the latent tendency of sensual desire (kāmarāgānusaya) is destroyed. When observing the unpleasant sensation, the latent tendency of aversion (paṭighānusaya) is destroyed. When observing the neutral sensation, the latent tendency of ignorance (a...

ဝိသာခနှင့် ဓမ္မဒိန္နာ (နိဂုံး)

Image
(ဝိသာခဒါယကာသည် ဝေဒနာအကြောင်း ဆက်လက်မေးမြန်းသဖြင့် အရှင်မ ဓမ္မဒိန္နာ၏ ဖြေကြားချက်များသာ ဖြစ်ပါ၏။) “အရှင်မ ဝေဒနာဘယ်နှစ်မျိုးရှိသလဲ” “သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာလို့ ဝေဒနာ သုံးမျိုးရှိပါတယ်” “ဒီဝေဒနာသုံးမျိုးကို ဘယ်လိုရှုရမလဲ” “သုခဝေဒနာက ဖြစ်တုန်းချမ်းသာသလိုနဲ့ ပျက်သွားတော့ ဒုက္ခပါပဲ။ ဒုက္ခဝေဒနာက ဖြစ်တုန်း ဆင်းရဲသလိုနဲ့ ပျက်သွားတော့ ချမ်းသာတယ်။ ဥပေက္ခာဝေဒနာက သုခဝေဒနာ သဘောဆောင်တယ်” “ဒီဝေဒနာတွေရှုတော့ ဘယ်အနုသယတွေ သေပါသလဲ” “သုခဝေဒနာရှုရင် ကာမရာဂါနုသယ (လောဘ) သေတယ်။ ဒုက္ခဝေဒနာရှုရင် ပဋိဃာနုသယ (ဒေါသ) သေတယ်၊ ဥပေက္ခာဝေဒနာရှုရင် အဝိဇ္ဇာနုသယ (မောဟ) သေတယ်” ထုံးစံအရ ခန္ဓာထဲမှာ ဝေဒနာသုံးမျိုး တစ်မျိုးမျိုးတော့ အလှည့်ကျ ပေါ်နေမည်သာဖြစ်၏။ သုခပေါ်ခိုက် ဒုက္ခ ဥပေက္ခာမရှိ၊ ဒုက္ခပေါ်ခိုက် သုခ ဥပေက္ခာမရှိ၊ ဥပေက္ခာပေါ်ခိုက် သုခ ဒုက္ခမရှိ။ သို့သော် ဝေဒနာ တစ်ခုခုတော့ အလှည့်ကျ ရှိနေမည်သာဖြစ်ပါ၏။ ထိုသို့ အလှည့်ကျ ပေါ်နေရသည်ဆိုကတည်းက မခိုင်မမြဲ၍သာ အလှည့်အပြောင်းဖြင့် ပေါ်နေရသည်ဟု ဉာဏ်တွင် ရှင်းလင်းနေရန်လိုအပ်ပါ၏။ ယင်းအလှည့်ကျပေါ်နေသော ဝေဒနာလေးကိုပင် ဖြစ်ပျက်မြင်အောင်ကြည့်နိုင်လျှင် ဝေဒနာနှင့် ငါ မရ...

Visākha and Dhammadinnā (7)

Image
(Visākha, the donor, continued to ask with keen interest about the two wisdom factors of the path. Venerable Dhammadinnā, in turn, was explaining and answering by recounting her own practical experience, which was not only extremely interesting and noteworthy for Visākha, but Visakha also understood that these were answers that even a Non-returner like himself could no longer fully comprehend with his wisdom. However, the endless questions continued to fall like incessant rain droplets.) Sammā saṅkappa (Right Thought/Intention) and Sammā diṭṭhi (Right View) are the two wisdom factors of the path. Sammā saṅkappa has to outline the perspective, to enable seeing from this side and that side. If one only sees one side, one cannot know how the other side is. Therefore, to be able to see both that side and this side, Sammā saṅkappa must turn (the attention). It turns towards the side of arising, and it also turns towards the side of passing away. Only when Sammā saṅkappa outlines the pers...

ဝိသာခနှင့် ဓမ္မဒိန္နာ (၇)

Image
(ဝိသာခဒါယကာသည် ပညာမဂ္ဂင်နှစ်ပါးအကြောင်းကို စိတ်ဝင်တစား ဆက်လက်မေးမြန်းလိုက်၏။ အရှင်ဓမ္မဒိန္နာသည်လည်း သူကိုယ်တိုင် အားထုတ်ခဲ့သည့် ဖြစ်စဉ်ကို ပြန်လည်တင်ပြ ဖြေကြားပေးနေခြင်းဖြစ်၍ ဝိသာခအတွက် အလွန်စိတ်ဝင်စားဖွယ်လည်းဖြစ်၊ အလွန်မှတ်သားဖွယ်လည်းဖြစ်နေသည့်အပြင် အနာဂါမ်ဝိသာခပင် ဉာဏ်မမီတော့သော အဖြေများဖြစ်နေသည်ကို ဝိသာခ သိနားလည်နေပြီဖြစ်၏။ သို့သော် မဆုံးနိုင်သော မေးခွန်းများက မိုးစက်မိုးပေါက်များပမာ တဖွဲဖွဲ ကျနေဆဲ။) သမ္မာသင်္ကပ္ပ၊ သမ္မာဒိဋ္ဌိတို့သည် ပညာမဂ္ဂင်နှစ်ပါးဖြစ်၏။ သမ္မာသင်္ကပ္ပက ဟိုဘက် သည်ဘက် လှည့်မြင်နိုင်အောင် မြင်ကွင်းကို အကွက်ဖော်ပေးရ၏။ တစ်ဘက်သာမြင်နေလျှင် ဟိုဘက်ဘယ်လိုဖြစ်နေသည်ကို မသိနိုင်၊ ထို့ကြောင့် ဟိုဘက်ရော သည်ဘက်ပါ မြင်နိုင်ရေးအတွက် သမ္မာသင်္ကပ္ပက လှည့်ပေးရ၏။ ဖြစ်ခြင်းဘက်ကိုလည်း သူကလှည့်ပေး၏၊ ပျက်ခြင်းဘက်ကိုလည်း သူကပင် လှည့်ပေး၏။ ထိုသို့ သမ္မာသင်္ကပ္ပက ဖြစ်ခြင်း ပျက်ခြင်း မြင်ကွင်းကို အကွက်ဖော်ပေးလိုက်တော့မှ ပညာက စိုက်ပြီး ကြည့်နိုင်၏။ ပညာက အကွက်ဖော်နိုင်စွမ်းမရှိ။ သမ္မာသင်္ကပ္ပဖော်ပေးမှသာလျှင် ကြည့်နိုင်မြင်နိုင်၏။ သမ္မာသင်္ကပ္ပက ဖြစ်မှုပြထားရင် ပညာကလည်း ဖြစ်မှုသာ မြင်နိုင်၏။ ...