Posts

Showing posts from December, 2010

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၈)

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ယခုလက်ရှိဘ၀ ကြီးပွားချမ်းသာအောင် အကောင်းဆုံး နေထိုင်ကျင့်သုံးနည်း အဖြစ် ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောခဲ့တာလေးကို နှစ်သစ်ကူး အထူးလက်ဆောင်အနေနဲ့ ဒီနေ့တင်ပြမယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘုရားရှင်က ဒီဃဇာဏု အမည်ရှိတဲ့ (ဗျဂ္ဃပဇ္ဇသတို့သားလို့လဲခေါ်တယ်) ကောလိယ မင်းသားကို ဟောထားတဲ့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းစားရေးတရားတော်တွေထဲက ကောက်နုတ်တင်ပြမှာပါ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပစ္စုပ္ပန်ဘ၀မှာ ကြီးပွားချမ်းသာချင်ရင် ဒီအချက်(၄)ချက်နဲ့ ပြည့်စုံရမယ်ဆိုပြီး ဒီဃဇာဏုခေါ် ဗျဂ္ဃပဇ္ဇသတို့သားကို ဟောခဲ့ပါတယ်။ (၁) ဥဋ္ဌာနသမ္ပဒါ - လုံ့လ၀ီရိယနှင့်ပြည့်စုံရမယ်။ ကိုယ်တတ်ကျွမ်းတဲ့ ပညာတစ်ခုခုနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်ရာမှာ ကိုယ့်အလုပ်ကို ကျွမ်းကျင်ရမယ်၊ မပျင်းရဘူး၊ ကိုယ့်အလုပ်အကြောင်း ကိုယ်သိအောင် လုပ်ထား ရမယ်၊ စီမံခန့်ခွဲနိုင်စွမ်း ဦးဆောင်ဦးရွက်လုပ်နိုင်စွမ်းရှိထားရမယ်။ အခုခေတ်လိုဆိုရင်တော့ management ပညာပေါ့။ အကျဉ်းအားဖြင့် ၀င်ငွေကောင်းအောင် ကိုယ်တတ်တဲ့ပညာနဲ့ တရားသဖြင့် ကြိုးစားရှာဖွေတာဟာ ဘုရားအလိုကျ ဥဋ္ဌာနသမ္ပဒါ ပါပဲ။ စီးပွားရှာနိုင်စွမ်းရှိရမယ်လို့ မှတ်လိုက်ပါ။ (၂) ...

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၇)

မနေ့ကဆွေးနွေးချက်လေး မပြတ်သေးတာ ဆက်လက်တင်ပြရဦးမယ်။ ကမ္မ၀ါဒလို့ ဗုဒ္ဓဘာသာကို ခြုံငုံပြောမယ်ဆိုရင် မှန်တော့မှန်တယ်၊ အပြည့်အ၀မှန်သလားဆိုတော့ အဲလောက်တော့ မမှန်ဘူးဆိုတာ ဆွေးနွေးခဲ့တယ်လေ။ အင်္ဂလိပ်လိုဆိုရင်တော့ half-truth ပေါ့။ ဒီအတိုင်းပဲ ဗုဒ္ဓဘာသာဟာ ၀ိဘဇ္ဇ၀ါဒပဲဆိုပြီး ပြောနေကြပြန်တယ်။ ၀ိဘဇ္ဇ၀ါဒ ဆိုတာ အဝေဖန် အဆန်းစစ်ခံတဲ့ဝါဒပေါ့။ ၀ိဘဇ္ဇ၀ါဒဆိုပြီးတော့ ဗုဒ္ဓဘာသာမှာ ဂိုဏ်းတစ်ခု သီးသန့်ထောင်ထား တာတောင် ရှိပါတယ်။ ဒီ ၀ိဘဇ္ဇ၀ါဒအယူအဆဟာလဲ တစ်စိပ်တစ်ပိုင်းလောက်တော့ မှန်ပါတယ်။ အပြည့်အ၀တော့မ မမှန်သေးဘူး။ ဘာလို့လဲ ဆိုတော့ ဗုဒ္ဓဘာသာဟာ အလွန်ကျယ်ပြန့်တဲ့ နက်နဲတဲ့ဘာသာ၊ အလွန်အထက်တန်းကျတဲ့ဘာသာ၊ ပညာရပ်ဆန်တဲ့ဘာသာ ဖြစ်တယ်။ ဗုဒ္ဓဘာသာကို ဗုဒ္ဓဘာသာဝင်တစ်ယောက်က လေ့လာလိုက်စားမယ်ဆိုရင် ပညာတတ်လေ ဗုဒ္ဓတရားတော်တွေကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်လာလေ၊ ပိုမိုနားလည်လေ ပိုမိုသက်ဝင်ယုံကြည်လာလေဖြစ်တယ်။ ဗုဒ္ဓဘာသာမှာ သိမ်မွေ့တဲ့ အယူအဆ၊ ခက်ခဲတဲ့အယူအဆ၊ နက်နဲတဲ့ အယူအဆ၊ တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်တဲ့အယူအဆ စသည်ဖြင့် များစွာရှိရာ အယူအဆတွေကို တိတိကျကျ ပြတ်ပြတ်သားသား သိနားလည်ဖို့ဆိုရင် ပညာအခြေခံ ကောင်းဖို့လိုအပ်ပါတယ်။ ဗုဒ္ဓဘာသာကို လေ့လာချ...

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၆)

ဗုဒ္ဓဘာသာကို ၀ါဒအမည်တွေ ပေးပြီးတော့ တင်ပြလို့ အားလုံးကို ခြုံငုံမိမှာမဟုတ်ပါဘူး။ အချို့က ကမ္မ၀ါဒလို့ ကောက်ချက်ချကြတယ်၊ အချို့က ၀ိဘဇ္ဇ၀ါဒလို့ ပြောကြတယ်။ မှားသလားဆိုတော့ မမှားပါဘူး။ ဒါပေမယ့် ခြုံငုံမိအောင်တော့ မမှန်ဘူး။ ကမ္မ၀ါဒလို့ပြောရင် ကံကို လက်ခံတဲ့ဝါဒ၊ ယုံကြည်တဲ့ဝါဒပေါ့။ ဗုဒ္ဓဘာသာမှာ ကံအယူအဆ ရှိတယ်။ ဒါပေမယ့် ဘုရားက ကံအကြောင်းကိုသာ ဇောင်းပေးဟောခဲ့တာလားဆိုတော့ မဟုတ်ဘူး။ ကံအကြောင်းလဲ ဟောတယ်၊ ဉာဏ်အကြောင်းလဲ ဟောတယ်၊ ၀ီရိယအကြောင်းလဲ ဟောတယ်၊ အလျဉ်းသင့်ရင် သင့်သလို သဒ္ဓါအကြောင်း၊ သတိအကြောင်း၊ ဟိရိအကြောင်း စသည်ဖြင့် အခြေအနေပေါ် မူတည်ပြီး ဟောလေ့ရှိပါတယ်။ ကံဟာ အရေးပါတဲ့ ကဏ္ဍတစ်ရပ်အနေနဲ့ ပြောမယ်ဆိုရင်တော့ ငြင်းပယ်လို့ မရနိုင်ပါဘူး။ ဗုဒ္ဓဘာသာရဲ့ အဓိက အမြင့်မြတ်ဆုံး ပန်းတိုင်ကတော့ နိဗ္ဗာန်ပေါ့။ နိဗ္ဗာန်ရဖို့အတွက် ကံယုံကြည်ရုံနဲ့ မလုံလောက်ပါဘူး။ ကံယုံကြည်လက်ခံထားခြင်းလောက်နဲ့ နိဗ္ဗာန်မရောက်နိုင်ဘူးပေါ့။ ဒါဟာ ဗုဒ္ဓဘာသာတိုင်း သိနေတာပဲ။ ဒါဆိုရင် ကံယုံကြည်ချက်က ဘယ်နေရာတွေမှာ အသုံးကျလဲ၊ ဘာအကျိုးသက်ရောက်မှုရှိလဲ ဆိုတဲ့ ပြဿနာမှာ သံသရာလည်ရာမှာ ကံယုံကြည်ချက် မရှိမဖြစ်လိုအပ်တယ်။ မယုံကြည်ရင် မယုံကြည်သလောက် သံသရာမ...

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၅)

ဆောင်းပါးလေးတွေ ပေါ့ပေါ့ပါးပါးဖတ်လို့ရအောင် နေ့စဉ်ရေးပြီး တင်ပြနေတာက ဗုဒ္ဓဘာသာကို နားလည်နိုင်အောင်၊ နားလည်တဲ့အတိုင်း ကိုယ်တတ်နိုင်တဲ့ဘက်က ကျင့်သုံးနိုင်အောင်၊ လမ်းမှားမရောက်အောင်၊ အစွန်းမရောက်အောင် ပြောပြချင်လို့ပါ။ ဒီလိုမှ ပြောပြမယ့်သူမရှိရင် ဗုဒ္ဓဘာသာကို ဘောင်ကျဉ်းကျဉ်းနဲ့ ကောက်ချက်ချထားတာတွေချည်း တွေ့မြင်ကြားသိ နားလည်နေကြတော့ ဗုဒ္ဓတရားတွေက ကောင်းတယ်၊ ဒို့က မလိုက်နာနိုင်လို့သာဆိုပြီး ဆင်ခြေတွေနဲ့ပဲ အချိန်ကုန်သွားကြတယ်။ တကယ်လိုက်နာဖို့ အခက်အခဲတွေရှိနေတတ်တယ်။ တကယ်တော့ ဘုရားဟောတဲ့ တရားတော်တွေကို ကိုယ်လိုက်နာနိုင်သမျှ လိုက်နာ၊ ကောင်းကျိုးချမ်းသာတွေ ရရှိခံစားရမှာ မလွဲဘူးဆိုတာလေး သိထားစေချင်တာပါ။ တစ်ချို့က ကိုယ်လိုရာကို တစ်ဖက်စွန်းရောက် ပြောပြီး ဒီလိုမှမဟုတ်ရင် မှတ်ပုံတင်ထဲက ဗုဒ္ဓဘာသာ၊ မိဘတွေက ဗုဒ္ဓဘာသာမို့ ဗုဒ္ဓဘာသာဖြစ်လာတာ၊ မိရိုးဖလာ ဗုဒ္ဓဘာသာ စသည်ဖြင့် အပြစ်ပြပြောဆိုပြီး ဝေဖန်ထောက်ပြ နေကြတော့ ဗုဒ္ဓဘာသာဝင်တွေ အထိနာလွန်းတယ်။ ဒါကို ဒို့ဗုဒ္ဓဘာသာဝင်တွေက ကိုယ့်ထိလို့ထိမှန်းမသိဘဲ အပြောကောင်းသူက ပြောသွားတာဆိုတော့ `ဟုတ်တယ်´ လို့ခေါင်းညိတ် ထောက်ခံပြီး အားရကျေနပ်နေကြတယ်။ ဒီတော့ အပြောကောင်းသူနေ...

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၄)

မနေ့က ဗုဒ္ဓဘာသာဝင်တွေဟာ ဘ၀ကို လက်ခံယုံကြည်ဖို့ အရေးကြီးကြောင်း ဆွေးနွေးခဲ့တယ်။ ဘ၀ကို အရေးကြီးတယ်လို့ လက်ခံယုံကြည်ပြီး ဘ၀ကို ဘယ်လို တန်ဖိုးရှိအောင် အသုံးချမလဲဆိုတာလဲ သိဖို့လိုအပ် သေးတယ်။ ဘ၀ကိုတော့ လက်ခံပါရဲ့။ တန်ဖိုးရှိရှိ အသုံးချပုံ ချနည်းမသိတဲ့အခါကျတော့ ကိုယ်မှန်တယ်ထင်ရာတွေ လုပ်ရင်းနဲ့ အမှားလမ်းပေါ် မျောသွားရင်လဲ မကောင်းဘူး။ ကိုယ်မှန်တယ်ထင်တာက တကယ်မှန်နေရင်တော့ မဆိုးဘူး။ တကယ်တမ်း ဘာသာရေးရှုထောင့်က ကြည့်လို့ မှားယွင်းနေတယ်ဆိုရင် နစ်နာဆုံးရှုံးမှုက အလွန်ကြီးမား ပါတယ်။ ဒီဘ၀ ကောင်းစားရင် ပြီးရော နောက်ဘ၀ဆိုတာ နောင်မှလာမှာပဲ ဆိုပြီး ဇွတ်မှိတ်၍ မိုက်မဲနေတာတွေလဲ လောကမှာရှိတတ်တယ်။ ဒါဆို ဘ၀ကိုတော့ လက်ခံတယ်၊ ဒါပေမယ့် နောက်ဘ၀အတွက် ထည့်မတွက်တဲ့သဘောပဲ။ ဒီဘ၀ မှားခဲ့တဲ့ အမှားကြွေးတွေကို နောက်ဘ၀တွေမှာ တန်ဖိုးဖြတ်သတ်မှတ်လို့တောင် မရနိုင်လောက်အောင် အတိုးချပေးဆပ်ရမှာကို ကြိုသိနားလည်ထားရမယ်လေ။ မှားခဲ့တာက တစ်ဘ၀တာ၊ ပေးဆပ်ရမှာက ဘ၀များစွာပေါ့။ ဒီတော့ ဘ၀ကို လက်ခံယုံနဲ့မပြီးသေးဘူး၊ ကိုယ့်ဘ၀ကိုယ်လဲ မြတ်နိုးရတယ်၊ ကိုယ့်ကိုယ်ကို ချစ်ရတယ်။ ဒီလိုပြောတော့ ၀ိပဿနာအမြင်နဲ့ဆိုရင် ဒိဋ္ဌိသံနဲ့ပြောနေတယ်လို့ အပြစ်တင်စရာ ...

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၃)

ဗုဒ္ဓဘာသာက ဘ၀ကို လက်ခံတယ်။ ဒါပေမယ့် ဒို့ဗုဒ္ဓဘာသာတွေ ပြောတဲ့စကားတွေ၊ ရေးတဲ့စာပေတွေထဲမှာ `တကယ်လို့များ နောက်ဘ၀သာ ရှိခဲ့မယ်ဆိုရင်´ လို့ ပြောဆို ရေးသားကြတာလေးတွေ တွေ့တွေ့နေရတယ်။ ဒီစကားလုံးက ဘ၀ကို လက်မခံတဲ့ သဘော၊ လက်ခံယုံကြည်မှု သိပ်မရှိတဲ့သဘောလေးတွေ ပါတယ်ဆိုတာ သတိထားချင်မှ ထားမိကြမှာပါ။ ဘ၀ကို လက်ခံတဲ့အပိုင်းဟာ ဗုဒ္ဓဘာသာမှာ သူတော်ကောင်းတရားတွေ ကျင့်သုံးဖို့အတွက် အလွန်အရေးပါတဲ့အပိုင်း ဖြစ်နေတာတွေ့ရတယ်။ တကယ်လို့များ ဘ၀ကို လက်မခံဘူးဆိုရင် နောက်ဘ၀မရှိဘူးလို့ ခံယူထားတဲ့အတွက် နောက်ဘ၀ကောင်းစားရေး ဘာမှအထူးလိုက်နာနေစရာ မလိုဘူးဆိုတဲ့ ခံယူချက်တွေ ၀င်လာမယ်။ ဒီလို ခံယူထားတဲ့သူတစ်ယောက်ဟာ ဒီဘ၀မှာပင် ကောင်းတဲ့တရားတွေ ကျင့်သုံးလိုက်နာမှု အားနည်းသွားပြီး မကောင်းတဲ့ အမူအကျင့်တွေဘက်ကို အားသာသွားမယ်။ အခြေအနေတစ်ရပ်အနေနဲ့သာ ကောင်းအောင်နေပြီး မကောင်းတဲ့ အလေ့အကျင့်တွေကို အလျဉ်းသင့်ရင် သင့်သလို ကျင့်သုံးသွားမယ်။ ဘ၀နဲ့ပတ်သက်လို့ ဘယ်လိုနားလည်ရမလဲဆိုတော့ အရင်ဘ၀၊ လက်ရှိဘ၀နှင့် နောက်ဘ၀ဆိုပြီး ဒီလို သုံးပိုင်း လောက်သာ ပိုင်းခြားကြည့်လိုက်ပါ။ အရင်ဘ၀ဆိုတာ ဘ၀ပေါင်း မရေတွက်နိုင်အောင် ရှိခဲ့မယ်။ နောက်ဘ၀ဆိုတာလဲ ကျွတ်တမ်းမ...

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၂)

မနေ့က ဟောင်ကောင်က မဟာယာနဘုန်းကြီးတစ်ပါး သူ့နာမည်က ဓမ္မဇောတိတဲ့။ သူက India နိုင်ငံ Mumbai မြို့ K.J. Somaiya College မှာ အဘိဓမ္မာနဲ့ ပတ်သက်တဲ့ လက်ချာ (lecture) တစ်ခု ပေးသွားတယ်။ Director of Department for Buddhist Studies က lecture ကို တက်ရောက်ရန် တိုက်တွန်းသဖြင့် သွားရောက်နားထောင် ခဲ့တယ်။ အဘိဓမ္မာကို ပြောရင်းနဲ့ သူက သူတို့ဂိုဏ်းက ပစ (paja) ကို အဓိကထားတယ်။ ပစဆိုတာ ထေရ၀ါဒမှာ ပညာပဲတဲ့။ ပညာဟာ misunderstanding, wrong understanding လဲရှိနိုင်တယ်တဲ့။ ဒီစကားတစ်လုံးက သူ အဘိဓမ္မာကို နားမလည်ဘူး မတတ်ဘူးဆိုတဲ့သဘောကို ပြလိုက်တာပါပဲ။ ဒါကြောင့် ဒို့ဗုဒ္ဓဘာသာတွေ ပညာဆိုတာ ဘာကို ခေါ်တာလဲ ဆိုတာ ပြောချင်စိတ်ပေါက်လာတယ်။ ဒို့ဗုဒ္ဓဘာသာမှာ ပညာဆိုတာ အမှားသိမရှိဘူး။ အမှန်သိပဲရှိတယ်။ ပညာမှာ အဆိုးမရှိဘူး။ အကောင်းပဲရှိတယ်။ မှားတယ်ဆိုရင် ပညာမဟုတ်ဘူး။ ဒိဋ္ဌိ သို့မဟုတ် သညာပဲ ဖြစ်မယ်။ ဒီတော့ ယနေ့ မြန်မာစကားမှာ တွင်တွင်သုံးနေတဲ့ ပညာဆိုတဲ့ စကားလုံးကလဲ ပါဠိကလာတဲ့ ပညာအဓိပ္ပါယ်နဲ့ များစွာ ကွဲလွဲနေတာ တွေ့ရပါတယ်။ ဒါကတော့ ပြဿနာမဟုတ်ပါဘူး။ မွေးစားစကားလုံးဆိုတော့ ကိုယ့်မြန်မာစကားလုံး ဖြစ်နေပြီလေ။ အသိပညာ၊ အတတ်ပညာ မှန်သမျှကို ပညာလို့ ပြောဆ...

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၁)

ဗုဒ္ဓတရားတော်များကို ကိုယ်သိသလောက် လိုက်နာကျင့်သုံးမယ်ဆိုရင် လိုက်နာတဲ့အတိုင်းအတာ တစ်ခုအထိ လူတော်လူကောင်းလဲဖြစ် နိုင်ငံသားကောင်းလဲ ဖြစ်လာနိုင်တာပါပဲ။ ဘုရားရှင်က ဘယ်လိုပုဂ္ဂိုလ် သူတော်ကောင်းဖြစ်တယ် ဆိုတာကို တရားနာတဲ့သူအပေါ် မူတည်ပြီးတော့ အဓိပ္ပါယ်ဖွင့်ဆို ဟောကြားလေ့ရှိပါတယ်။ ဒါကြောင့် တစ်နေရာမှာ ဟောတာနဲ့ နောက်တစ်နေရာမှာ ဟောတာ တူချင်မှ တူမှာပါ။ သို့သော်လည်း အနှစ်သာရအနေအားဖြင့်တော့ အတူတူပဲဖြစ်ပါတယ်။ ခုဒ္ဒကနိကာယ်မှာ ဟောထားတဲ့ သူတော်ကောင်းဖြစ်ရေး လူတော်လူကောင်းဖြစ်ရေးတရားဒေသနာလေး အကျဉ်းချုပ်ဟောထားတာ ဒီနေ့ ပြောပြချင်ပါတယ်။ ပညာရှိ သူတော်ကောင်းဖြစ်ဖို့အတွက် (၁) ကျေးဇူးသိရမယ်၊ (၂) သိတဲ့အတိုင်း ဆပ်နိုင်ရမယ်၊ (၃) မိတ်ကောင်းရှိရမယ်၊ (၄) ရှိထားတဲ့ မိတ်ကောင်းဆွေကောင်းတွေထံမှာလဲ အမြဲဆည်းကပ်လေ့ရှိရမယ်၊ (၅) ကိုယ့်ရှေ့မှောက်မှာ တွေ့ရတဲ့ ဒုက္ခသည်များကိုလည်း တတ်စွမ်းသလောက် အကူအညီပေးရမယ်။ ဒီအင်္ဂါ (၅) ရပ်နဲ့ ပြည့်စုံတဲ့သူကို သူတော်ကောင်းလို့ ခေါ်တယ်ဆိုတာ ဟောထားပါတယ်။ (ယော ဝေ ကတညူ ကတဝေဒီ ဓီရော၊ ကလျာဏမိတ္တော ဒဠှဘတ္တိ ဟောတိ၊ ဒုက္ခိတဿ သက္ကစ္စံ ကရောတိ ကိစ္စံ၊ တထာဝိဓံ သပ္ပုရိသံ ၀ဒန္တိ။) ဒီဒေသနာမှာ အရေးအကြီးဆုံး အချက်ကို...

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၀)

ဒို့လူမျိုးတွေ လွယ်လွယ်နဲ့ ကြီးပွားချင်ခဲ့ကြတာ ဒီနေ့ခေတ်မှ မဟုတ်ဘူး၊ ရှေးခေတ်ကတည်းကဆိုတာ သက်သေပြလို့ရတယ်။ ဘာလဲဆိုရင် နဂါးနီသီချင်းဆိုတာ ကြားဘူးကြမှာပါ။ ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါဏ မ တဲ့ကိန်းဆိုက်မည်- ဆိုတာလေ။ ဘိုးဘိုးအောင်တို့ ရှင်အဇ္ဇဂေါဏတို့များ မ စ မယ်ဆိုရင် ချမ်းသာမယ်လို့ ယုံကြည်ကြတာကိုးဗျ။ အလုပ်လုပ်မှ ချမ်းသာမယ်လို့ သိတောင်သိထားဟန်မတူပါဘူး။ အလကားရတာတွေနဲ့ ချမ်းသာချင်တဲ့သဘောပေါ့ဗျာ။ လုပ်ပုံက ပုဂံပြည်ကြီး ချမ်းသာခဲ့တာ၊ ဘုရား ပုထိုးတွေ ဒီလောက်များများ တည်နိုင်ခဲ့တာဟာ ရှင်အဇ္ဇဂေါဏက ရွှေမိုး ငွေမိုးရွာချလို့တဲ့။ ကောင်းကြသေးရဲ့လား။ ပုဂံပြည်ကြီးဟာ ထီးစိုက်နန်းစိုက်မြို့ကြီးဖြစ်ခဲ့လို့ အဲဒီခေတ်က အနော်ရထာမင်းတို့လို သြဇာညောင်းတဲ့ မင်းတွေ အဆက်ဆက် ကြီးစိုးအုပ်ချုပ်ခဲ့တော့ မြန်မာပြည် တစ်နံတစ်လျားက အခွန်ဘဏ္ဍာတွေဟာ ပုဂံပြည်မှာပဲ လာရောက်ဆက်သကြရ တာဖြစ်တော့ ချမ်းသာပြီပေါ့။ ဒါပေမယ့် ဒီလို မင်းကောင်းမင်းမြတ်တွေရဲ့ ကဏ္ဍတွေကို ဘေးဖယ်ထားပြီး ရှင်အဇ္ဇဂေါဏက ရွှေမိုးငွေမိုး ရွာလို့ ချမ်းသာတယ်လုပ်လိုက်တာလေ။ ရှင်အဇ္ဇဂေါဏရာဇ၀င်ကလဲ မျက်စိနှစ်လုံး ကွယ်သွားလို့ ဆိတ်မျက်စိတစ်လုံး နွားမျက်စိတစ်လုံးနဲ့ အစားထိုးထားရတယ်ဆိုပဲ...

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၉)

ဗုဒ္ဓဘာသာမှာ ရောထွေးယုံကြည်လေ့ရှိနေတဲ့ အခြားအရာလေးတွေ ရှိနေသေးတယ်။ အဲဒါတွေက ၀ိဇ္ဇာ၊ ဇော်ဂျီ၊ တပသီ ဆိုတာတွေပါ။ ၀ိဇ္ဇာကို ၀ိဇ္ဇာဓိုရ်လို့လဲ ခေါ်လေ့ရှိကြတယ်။ ၀ိဇ္ဇာဓရ ဆိုတဲ့ ပါဠိကို မြန်မာမှုပြုထားတာပါပဲ။ ပုဂ္ဂိုလ်တစ်မျိုးလို့ယုံကြည်ကြလေရဲ့။ ဖြစ်နိုင်တာကတော့ သမထကျင့်ပြီး ပေါက်ရောက်နေတဲ့ပုဂ္ဂိုလ်မျိုး ဖြစ်ပါလိမ့်မယ်။ ၀ိပဿနာမကူးနိုင်ဘဲ ရေလိုက်လွဲသွားတဲ့ သူမျိုးတွေပါ။ သမထပေါက်သွားတော့ အစွမ်းအစ တွေရှိလာတယ်။ အဲဒီအစွမ်းအစတွေကို ကောင်းတဲ့နေရာမှာ အသုံးမပြုဘဲ မကောင်းရာမှာ အသုံးချလေ့ရှိတဲ့ စွမ်းတယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေ ဖြစ်သွားတာပါပဲ။ ကိုးကွယ်ဆည်းကပ်ရမယ့် သူမျိုးထဲမှာ ထည့်သွင်းထားလို့ မရပါဘူး။ ရေလိုက်လွဲသွားတဲ့ အခါကျတော့ သူ့သမထအစွမ်းက မှော်ပညာရပ်ဆန်ဆန် ဖြစ်သွားတော့တယ်။ ဘုရားဟောစာပေတွေမှာလဲ ဒဏ္ဍာရီဆန်ဆန် ၀ိဇ္ဇာဓိုရ်တို့အကြောင်း အနည်းအပါး တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဘုရားဟော ကျမ်းဂန်တွေမှာ လာတဲ့ ၀ိဇ္ဇာဓိုရ်ဆိုသူတွေဟာ သူတော်ကောင်းတွေ မဟုတ်ပါဘူး။ သူများသားမယား ခိုးကြောင်ခိုးဝှက် ဖောက်ပြားတဲ့ပုဂ္ဂိုလ်၊ ဖျက်ဆီးတဲ့ ပုဂ္ဂိုလ်မျိုးတွေသာ တွေ့ရတာပါ။ ဇော်ဂျီဆိုတာကတော့ တရားကျင့်တဲ့ ပုဂ္ဂိုလ်အမျိုးအစားပါ။ ဇော်ဂျီဟာ ဘယ်လို ပြောင...

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၈)

ဗုဒ္ဓဘာသာတွင် ရောထွေးယုံကြည်လျက် ရှိနေသော ထွက်ရပ်ပေါက် ပြဿနာတစ်ခု မကြာမကြာ ရေပန်းစား လာတာကို တွေ့ရတတ်ပါတယ်။ ဗုဒ္ဓက ထွက်ရပ်ပေါက်ပုဂ္ဂိုလ် အကြောင်း မပြောခဲ့ပါဘူး။ အားလဲ မပေးပါဘူး။ ဒါပေမယ့် ဒို့ဗုဒ္ဓဘာသာတွေက ထွက်ရပ်ပေါက်ပုဂ္ဂိုလ်က အရှင်ထွက် ထွက်တယ်၊ အသေထွက် ထွက်တယ် စသည်ဖြင့် တစ်ဆင့်စကား တစ်ဆင့်ကြားနဲ့ လေထဲတွင်ဖြစ်နေတဲ့ ဒဏ္ဍာရီဆန်ဆန် လံကြုပ် လုပ်ကြံ ပုံပြင်တွေနဲ့ ယုံကြည်နေကြတာတွေ ပေါ်ပေါ်လာတာ မကြာခဏဆိုသလိုပါပဲ။ လူတွေဟာ သေရမှာကြောက်လို့ မသေရာနည်းလမ်းကို ရှာဖွေရာကနေ အသေထွက် အရှင်ထွက် ပြဿနာတွေ ပေါ်လာရတယ်လို့ သုံးသပ်လို့ရပါတယ်။ အသေထွက် ဆိုတာကတော့ သာမန်ဦးနှောက်နဲ့ စဉ်းစားလိုက်ရင်တောင် ရှင်းပါတယ်။ မည်သူမဆို သေမှတော့ အသေထွက်လို့ပြောလို့ရတာပေါ့။ ဒါပေမယ့် လောကမှ အပြီးအပိုင်ထွက်ခွါပြီး နိဗ္ဗာန်ရောက် တာမျိုးတော့ ဘယ်ဖြစ်နိုင်မလဲ။ အသေနဲ့ ဒီဘ၀က ထွက်၊ နောက်ဘ၀ ပြောင်း၊ ဒီလိုယူဆမယ်ဆိုရင်တော့ အသေထွက်မှာ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ဒို့ဗုဒ္ဓဘာသာတွေ ယုံကြည်နေကြတာက သေပြီးတော့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်အဖြစ်နဲ့ ထွက်သွားတယ်လို့ ယုံကြည်နေကြတာက မှားနေတာပါ။ အရှင်ထွက်ဆိုပြီး ယုံကြည်မှုမျိုးရှိနေပါသေးတယ်။ အသက်ရှင်ပြီးထွက်ရပ်ပေါက် ပုဂ္ဂိ...

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၇)

မနေ့က ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်ဖို့ အဓိကထား ဆွေးနွေးခဲ့တယ်။ ဒီနေ့လဲ အဲဒီအကြောင်းကိုပဲ ထပ်လောင်း ဖြည့်စွက်ဆွေးနွေးသွားပါမယ်။ ဗုဒ္ဓဘာသာရဲ့ နေ့စဉ်ဘ၀ အဓိကကျတဲ့ကျင့်သုံးမှု အပိုင်းမှာ ကိုယ့်ကိုယ်ကို နားလည်မှု (self-understanding) ကိုလဲ အလေးပေးထားတာ တွေ့ရပါတယ်။ ကိုယ့်ကိုယ်ကို နားလည်ဖို့အတွက် ကိုယ့်စိတ်ကို နားလည်အောင်လုပ်ရတာပါ။ ကိုယ့်စိတ်တွေက တည်ငြိမ်နေသလား၊ ယောက်ယက်ခတ် နေသလား၊ စူးစိုက်နေလား၊ ပျံ့ကြဲနေလား၊ ကောင်းနေလား၊ ဆိုးနေလား၊ ကြည်လင်နေလား၊ နောက်ကျုနေလား၊ စိတ်တိုတတ်လား၊ စိတ်ရှည်တတ်လား၊ စိတ်ကောင်းထားတတ်လား၊ မထားတတ်လား၊ လောဘ ကိလေသာ အားကြီးနေလား၊ လျော့နဲနေလား၊ အကောင်းမြင် တတ်လား၊ အဆိုးမြင်တတ်လား စသည်ပေါ့။ အတိုဆုံးပြောရရင်တော့ အကုသိုလ်ဖြစ်နေလား၊ ကုသိုလ်ဖြစ်နေလားဆိုတာပါပဲ။ အဆိုးဘက်များနေရင် (negative) သဘောဆောင်နေရင် ဆောင်နေမှန်းသိအောင်လုပ်ပေးရတယ်။ သိတာနဲ့ ဒီစိတ်ဓာတ်တွေ မကောင်းဘူး၊ ငါ ဒီလိုစိတ်ထားမျိုး ထားလို့မတော်ဘူး ဆိုပြီး ကိုယ့်ကိုယ်ကို သတိနဲ့ ပြန်ထိန်းပေးရတယ်။ ဒီလိုနားလည်လို့ သတိနဲ့ အချိန်မီထိန်းနိုင်မယ်ဆိုရင် အသိတရားလေးတွေ ပေါ်လာတာပါပဲ။ သတိထားလို့ ပေါ်လာတဲ့ အသိတရားကို ဉာဏ်လို့ ဆိုတာပါ။ ဒ...

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၆)

ဗုဒ္ဓဘာသာမှာ ကိုယ့်အားကိုယ် ကိုးတတ်ဖို့ (self-reliance) ဟာ အရေးပါတဲ့ကဏ္ဍက ပါဝင်နေပါတယ်။ ဒါကို နားမလည်တဲ့အခါကျတော့ ဒို့ဗုဒ္ဓဘာသာတွေ ဟိုအားကိုးရမှာလိုလို ဒီအားကိုးရမှာလိုလို ဖြစ်ပြီး ဘာသာရေး လမ်းကြောင်းမှ သွေဖီသွားတာတွေ တွေ့တွေ့နေရတယ်။ အဲဒါ ဘာတွေလဲဆိုရင် နတ်ကိုးကွယ်မှု၊ ဘိုးတော်၊ ရသေ့ ကိုးကွယ်မှု၊ ဗေဒင် ဓာတ်ရိုက်ဓာတ်ဆင် အားကိုးမှု၊ မှော်ဆရာကိုးကွယ်မှု၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကိုးကွယ်မှု စသည်ပေါ့။ ကိုယ်တိုင် ကြိုးစားလို့ စီးပွားတိုးတက် အဆင်ပြေလာတဲ့အခါမှာ ကိုယ်ကိုယ်တိုင် လုံ့လ ၀ီရိယနဲ့ ကြိုးစား အားထုတ်မှုကြောင့် တိုးတက်ကြီးပွားလာတာကို နတ်က မစလို့ ဒီလိုဖြစ်လာတာဆိုပြီး ကိုယ့်အစွမ်းတွေကို နတ်ပေါ်မှာ ပုံအပ်လိုက်တယ်။ ဒီလိုနဲ့ စီးပွားလဲတက်လာရော နတ်ရဲ့ကျေးကျွန်တွေ ဖြစ်ကုန်ကြတာတွေ တော်တော်များများ တွေ့နေရတယ်။ နတ်ကို အားကိုးနေမိတဲ့အချိန်မှာ အချိန်ကိုက် စောင့်နေကြတဲ့ နတ်ကတော် ဆိုတာတွေကလဲ တစ်နည်းမဟုတ် တစ်နည်းနဲ့ ချဉ်းကပ်လာကြတာပေါ့။ နတ်ရဲ့စေညွှန်ရာ တင်မကဘဲ နတ်ကတော်ရဲ့ လှည့်ကွက်အတိုင်း လိုက်၍ က နေရပြန်တယ်။ စီးပွားကတော့ တကယ်တမ်းမှာ ကိုယ်တိုင် ကြိုးစားလို့တိုးတက်နေတာ၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို ကျေးဇူးမတင်ဘဲ နတ်နဲ့ နတ်ကေ...

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၅)

ဗုဒ္ဓဘာသာမှာ ရိုသေတာ၊ ကိုင်းရှိုင်းတာ၊ ယဉ်ကျေးတာ၊ ဖော်ရွေတာ၊ စိတ်သဘောထား နုညံ့သိမ်မွေ့တာ၊ တစ်ယောက်နဲ့ တစ်ယောက် အကူအညီပေးတတ်တာ၊ သနားကြင်နာ တတ်တာ၊ မေတ္တာတရား ကြီးမားတာ၊ စည်းလုံးညီညွတ်တာ စသည်ဖြင့် အခြားဘာသာတွေထက် ပိုပြီးလေးနက်တဲ့ ထူးခြားမှုတွေ များစွာတွေ့မြင် နိုင်ပါတယ်။ ဗုဒ္ဓအလိုကျ လူနေမှုဘ၀ ပုံစံလေးပေါ့။ အမူအရာတွေလဲ ယဉ်ကျေး၊ အပြောအဆိုတွေလဲ သိမ်မွေ့၊ စိတ်သဘောထားတွေလဲ မြင့်မြတ်နေတဲ့ အထက်တန်းကျတဲ့ လူသားဘ၀ကို ဗုဒ္ဓဘာသာက ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ရအောင် ယူတတ်ဖို့တော့ အရေးကြီးတာပေါ့။ ပေးတော့ ပေးနေတာပဲ၊ ရအောင်မယူတတ်ရင်တော့လဲ ဒီအနှစ်သာရတွေ တွေ့မြင်ခံစားရမှာ မဟုတ်ပါဘူး။ ဒါတွေအားလုံးရဲ့ အခြေခံအနေနဲ့ကတော့ နေ့စဉ် ရတနာသုံးပါး ယုံကြည်၊ ငါးပါးသီလ လုံခြုံနေအောင် စောင့်ထိန်းရတာပါပဲ။ ဒါဟာ အခြေခံ အကျဆုံး ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထူး လိုက်နာရမယ့် စည်းမျဉ်းလိုဖြစ်နေပါတယ်။ ဒါကို အနှစ်ချုပ်လိုက်တော့ သဒ္ဓါနဲ့ သီလပါပဲ။ ဘုရားတရား သံဃာ ယုံကြည်တာက သဒ္ဓါ၊ ငါးပါးသီလလုံခြုံတာက သီလပေါ့။ ဟိုဘက် တစ်ဆင့်တက်လို့ သမာဓိနဲ့ ပညာဆိုတာကတော့ ကိုယ့်အဆင့်နဲ့ကိုယ် သင့်တော်သလို ကြိုးစားရယူတတ်မှ ရမှာပါ။ ဘာအရေးအကြီးဆုံးလဲဆိုရင်တော့ အခြေခံဟာ အေ...

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၄)

ဗုဒ္ဓဘာသာကို ယနေ့ခေတ်မှာ ထေရ၀ါဒနဲ့ မဟာယာနဆိုပြီး ခွဲခြားဝေဖန် သုံးသပ်နေကြတာတွေ တွေ့ရပါတယ်။ ယနေ့ မြန်မာပြည်မှာ လက်ခံကျင့်သုံးနေတဲ့ ဗုဒ္ဓဘာသာဟာ ထေရ၀ါဒဗုဒ္ဓဘာသာဖြစ်ပါတယ်။ သို့သော်လည်း အချို့အစဉ်အလာတွေမှာ မဟာယာန လောင်းရိပ်မကင်းတာတွေ၊ ဟိန္ဒူလောင်းရိပ်မကင်းတာတွေလဲ တွေ့ရတာပါပဲ။ ဒါကြောင့် မြန်မာဗုဒ္ဓဘာသာကို ထေရ၀ါဒစစ်စစ်ဖြစ်ဖို့ ယောင်ယောင်ဝါးဝါးနဲ့ ကြိုးစားနေကြတာတွေလဲ ကြားသိမြင်တွေ့နေရပါတယ်။ ဥပမာပြောရလျှင် ရှင်ဥပဂုတ် ဆိုတာ မြန်မာပြည်တစ်ဝှမ်း ရေပန်းလဲစား ကိုးကွယ်ယုံကြည်မှုတွေလဲ များနေပါတယ်။ ရှင်ဥပဂုတ် ဖောင်မျှောပွဲ၊ ရှင်ဥပဂုတ် ပူဇော်ပွဲ၊ ရှင်ဥပဂုတ် တင်မြှောက်ပွဲ စသည်ဖြင့် ဒေသအလိုက် ကိုယ့်ပုံစံနဲ့ ကိုယ် ကိုးကွယ်နေကြတာတွေပါပဲ။ ဘုရားစေတီ ရင်ပြင်တွေမှာရော၊ အချို့ရေကန်တွေမှာပါ ရှင်ဥပဂုတ်ပုံကို တွေ့နိုင်ပါတယ်။ ဒါပေမယ့် ရှင်ဥပဂုတ် သမိုင်းကြောင်းကို ထေရ၀ါဒကျမ်းဂန်တွေမှာ မတွေ့ရပါဘူး။ သို့သော် ရှင်ဥပဂုတ်သည် အိန္ဒိယတွင် သူ့ခေတ် သူ့အခါက အလွန်ထင်ပေါ်ကျော်ကြားခဲ့တဲ့ ရဟန်းတစ်ပါးဖြစ်ခဲ့တာတော့ သေချာပါတယ်။ ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ပါးပါး သို့မဟုတ် တစ်ယောက်ယောက် ကွယ်လွန်သွားတဲ့အခါမှာ နတ်သားဖြစ်သွားတယ် ဘာဖြစ်သွားတယ် စ...

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၃)

Image
ဘုရားစာရွတ်ဖတ်ခြင်း၊ ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဂုဏ်တော် ပွားခြင်း စသည်ဖြင့် ဗုဒ္ဓဘာသာဝင်တို့ သာမာန်နေ့စဉ်ဘ၀တွင် ကျင့်သုံး နေကြသည့် အလေ့အကျင့်များကို ကုသိုလ်တော့ ရသည်၊ နိဗ္ဗာန်မရဟုဆိုကာ ကပျက်ကချော် ပြောဟောသွန်သင် နေကြသော ဓမ္မကထိက များလည်း ယနေ့ခေတ်တွင် တော်တော်ထွန်းကား ရေပန်းစားလျက် လူကြိုက်များ နေကြတာ တွေ့ရပါတယ်။ ဗုဒ္ဓဘာသာကို လေ့လာဆန်းစစ်မယ် ဆိုရင် ကောင်းမြတ်တဲ့ အလေ့အကျင့်တွေဟာလည်း တစ်ဖက်တစ်လမ်းမှ အနှစ်သာရအနေဖြင့် တည်ရှိနေတာကို တွေ့ရပါတယ်။ ဘုရားစာ ရွတ်ဖတ်တာဟာ ကိုယ်နားမလည် ပေမယ့် စေတနာကောင်းကောင်းဖြင့် ရွတ်ဖတ်မယ် ဆိုရင် ကောင်းကျိုး တွေပေးနေတာပါပဲ။ ဘုရားရှင်ကို သိကြားမင်းက ဂါထာနဲ့ရွတ်ဖတ် ပူဇော်တာတွေ၊ အရှင်သောဏမထေရ်ကို ဘုရားရှင်က အရွတ်အဖတ်ကောင်းလို့ ကောင်းချီးပေးခဲ့တာတွေ၊ ဖားနတ်သားဟာ ပဌာန်းသံကို နားမလည်ပါပဲလျက် နားထောင်ကောင်း၍ နားထောင်နေစဉ် နွားကျောင်းသား တုတ်ဖြင့်ထောက်မိ၍ သေသွားတော့ နတ်ပြည်မှာ ဖားနတ်သားဖြစ်သွားတဲ့ သာဓက၊ လင်းနို့သားငါးရာ ရဟန်းတွေရွတ်တဲ့ပဌာန်းတရားကို အမြဲ နားထောင်နေခဲ့ရတဲ့ ကျေးဇူးကြောင့် ဒီဘုရားရှင်လက်ထက် အရှင်သာရိပုတ္တရာထံမှ ပဌာန်းတရားနာကြားရပြီး ရဟန္တာဖြစ်သွား...

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း(၂)

ဗုဒ္ဓဘာသာမှာ ဒါနဆိုတဲ့စကားလုံးကို အဓိပ္ပါယ်ဖွင့် ဘောင်ခတ်ကန့်သတ်ထားလေ့ရှိကြ၏။ ဘယ်လိုပုဂ္ဂိုလ် လှူမှမြတ်တယ် စသည်ဖြင့်ပေါ့။ မြတ်မှလှူမယ်ဆိုလျှင် ကိုယ်ကျိုးငဲ့တဲ့အလှူဖြစ်နေတာကို သတိထားသင့်ပါတယ်။ မိမိကောင်းကျိုးထက် လောကကောင်းကျိုး အများကောင်းကျိုး အတွက် ထိရောက်မှုရှိမယ်ဆိုလျှင် လှူသင့်တာပါပဲ။ ဥပမာပြောရရင် ဘုရားတည်၊ ကျောင်းဆောက် အလုပ်တွေတော့ အများကြီးလုပ်ပါတယ်၊ ကိုယ့်အိမ်ဘေးက ဆေးကုစရိတ်မရှိရှာလို့ သေရတော့မယ်ဆိုတဲ့လူနာ၊ ဆေးဖိုးလေး တစ်သောင်း နှစ်သောင်းလောက်ထုတ်ပေး လိုက်ရင် သူအသက်မသေနိုင်ဘူးလို့ သိရတဲ့လူနာကို လက်ပိုက်ကြည့်နေတယ်ဆိုရင် ဒင်းဒိုက်နဲ့ဒင်းကံ သေသာ သေလိုက်တော့ ဆိုတဲ့သဘော သက်ရောက်သွားတယ်။ ကိုယ့်အတွက် တစ်သောင်းနှစ်သောင်းဟာ မပြောပလောက်ပေမယ့် အဲဒီလူနာအတွက်မှာတော့ အသက်ဘေးကလွတ်မြောက် သွားနိုင်တယ်လေ။ ဒါဆိုရင် ကိုယ့်အတွက်တော့ ဘုရားလှူတာလောက် မြတ်ချင်မှမြတ်မှာပေါ့။ သူ့အတွက်ကျတော့ တန်ဖိုးမဖြတ်နိုင်တော့ဘူး။ လူသားတို့ရဲ့ ဘ၀ အခက်အခဲတွေကို ပညာရှိနည်းနဲ့ဖြစ်စေ ငွေကြေးအထောက်အပံ့နဲ့ဖြစ်စေ ကူညီပေးမယ်ဆိုရင် ကောင်းမြတ်တဲ့ ဒါနသဘောတရား အခြေခံတွေပါပဲ။ မာဃလုလင်နဲ့လုလင် သုံးကျိတ်သုံးယောက်တို့ ဇာတ်လမ်းဟာ လောကကောင...

Myakyunthar Slideshow

Myakyunthar Slideshow : "TripAdvisor™ TripWow ★ Myakyunthar Slideshow ★ to Yangon (Rangoon) by Dr. V. Parami. Stunning free travel slideshows on TripAdvisor" Meditation Technique of Mogoke Sayadaw is clear to the listeners or yogis.

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း(၁)

ဒီနေ့ခေတ်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ကောက်ကြောင်းတွေ နည်းမျိုးစုံဆွဲနေကြတာတွေ ကြားသိမြင်တွေ့ နေရတယ်။ ဗုဒ္ဓဘာသာဆိုတာ သီလ၊ သမာဓိ၊ ပညာလို့ပြောသူကပြော၊ ကျင့်နေရမယ့်ဘာသာလို့ဆိုသူကဆို၊ ဒါနတွေ သီလတွေက အကာတွေ လို့ အော်သူက အော်၊ ရွတ်နေဖတ်နေတာတွေဟာ တန်ဖိုးမရှိသယောင် အရွတ်က အသားလောက်မကောင်းဘူးလို့ ခနဲ့သူကခနဲ့၊ သင်ပြီး မကျင့်ရင် နွားကျောင်းသားနဲ့တူတယ်၊ နွားသာကျောင်းရတယ် သူ့ခမျာနွားနို့မသောက်ရရှာဘူးလို့ ကဲ့ရဲ့သူက ကဲ့ရဲ့၊ ဘုရားရှိခိုးတာ၊ ပုတီးစိပ်တာ၊ မေတ္တာပို့ခြင်း စတဲ့သမထလုပ်ငန်းတွေလုပ်တာဟာ နိဗ္ဗာန်မရောက်ဘူးလို့ ပြောသူကပြောနဲ့ ဒို့ဗုဒ္ဓဘာသာ တွေ ဘာလုပ်လို့လုပ်ရမှန်း မသိတော့လောက်အောင် ဖြစ်နေကြတာ တွေ့နေရတယ်။ အချိန်ရှိသမျှ တရားပဲထိုင်နေရ တော့မလို ဖြစ်နေကြလေရဲ့။ မေးခွန်းလေးတစ်ခုတော့ မေးလိုက်ချင်တယ်။ တရားထိုင်လို့ကော နိဗ္ဗာန်ရောက်မှာ သေချာရဲ့လားလို့။ ဒီဘ၀ ဒီခန္ဓာနဲ့ပဲ နိဗ္ဗာန်ရောက်မှာ သေချာပြီ၊ စိတ်ချရပြီဆိုရင်တော့ ဘာမှလုပ်မနေနဲ့တော့၊ တရားသာထိုင်နေလိုက်ပါ။ မသေချာသေးဘူးဆိုရင် ဗုဒ္ဓဘာသာကို ဘက်စုံ ရှုထောင့်စုံမှ နားလည်အောင် လုပ်ထားသင့်ပါတယ်။ ဗုဒ္ဓဘာသာသည် လူသားအကျိုးပြု၊ လောကအကျိုးပြုဘာသာတစ်ခုဖြစ်ပါတယ်။ လူသားတို့ရဲ့ အ...