ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၈)
ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ယခုလက်ရှိဘ၀ ကြီးပွားချမ်းသာအောင် အကောင်းဆုံး နေထိုင်ကျင့်သုံးနည်း အဖြစ် ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောခဲ့တာလေးကို နှစ်သစ်ကူး အထူးလက်ဆောင်အနေနဲ့ ဒီနေ့တင်ပြမယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘုရားရှင်က ဒီဃဇာဏု အမည်ရှိတဲ့ (ဗျဂ္ဃပဇ္ဇသတို့သားလို့လဲခေါ်တယ်) ကောလိယ မင်းသားကို ဟောထားတဲ့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းစားရေးတရားတော်တွေထဲက ကောက်နုတ်တင်ပြမှာပါ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပစ္စုပ္ပန်ဘ၀မှာ ကြီးပွားချမ်းသာချင်ရင် ဒီအချက်(၄)ချက်နဲ့ ပြည့်စုံရမယ်ဆိုပြီး ဒီဃဇာဏုခေါ် ဗျဂ္ဃပဇ္ဇသတို့သားကို ဟောခဲ့ပါတယ်။ (၁) ဥဋ္ဌာနသမ္ပဒါ - လုံ့လ၀ီရိယနှင့်ပြည့်စုံရမယ်။ ကိုယ်တတ်ကျွမ်းတဲ့ ပညာတစ်ခုခုနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်ရာမှာ ကိုယ့်အလုပ်ကို ကျွမ်းကျင်ရမယ်၊ မပျင်းရဘူး၊ ကိုယ့်အလုပ်အကြောင်း ကိုယ်သိအောင် လုပ်ထား ရမယ်၊ စီမံခန့်ခွဲနိုင်စွမ်း ဦးဆောင်ဦးရွက်လုပ်နိုင်စွမ်းရှိထားရမယ်။ အခုခေတ်လိုဆိုရင်တော့ management ပညာပေါ့။ အကျဉ်းအားဖြင့် ၀င်ငွေကောင်းအောင် ကိုယ်တတ်တဲ့ပညာနဲ့ တရားသဖြင့် ကြိုးစားရှာဖွေတာဟာ ဘုရားအလိုကျ ဥဋ္ဌာနသမ္ပဒါ ပါပဲ။ စီးပွားရှာနိုင်စွမ်းရှိရမယ်လို့ မှတ်လိုက်ပါ။ (၂) ...