Posts

Insight Progression Means the Transformation of Understanding

Image
Why hasn’t Nibbāna appeared yet? Because the friction is still too slow. Just as fire emerges when two bamboo sticks are rubbed together repeatedly, you should understand that practicing with anicca (impermanence) and magga (the path) is like rubbing to ignite the fire that is Nibbāna. If you repeatedly strike impermanence with the path, the fire-like Nibbāna will surely appear. However, for those of inferior roots (ahetuka, dvihetuka), how can Nibbāna arise? But for those who understand insight wisdom (vipassanā ñāṇa), they are tihetuka individuals (of superior roots). Even if one is tihetuka, if they do not rub, the fire will not emerge. If you resolve to rub with viriya (energy) as the dominant factor or chanda (wish) as dominant, the fire will arise. However, if desire becomes dominant—thinking, "I must make the fire of Nibbāna emerge at all costs!"—then it becomes chandiddhipāda (accomplishment through desire). If energy becomes dominant and turns into iddhipāda (ps...

ဉာဏ်စဉ်ဆိုတာ ဉာဏ်အမြင်ပြောင်းတာ

Image
ဘာကြောင့် နိဗ္ဗာန်မပေါ်သေးတာပါလိမ့်မလဲဆိုရင် ပွတ်တာ နှေးနေသေးလို့။ ဝါးနှစ်လုံးပွတ်လို့ ပွတ်ဖန်များရင် မီးထွက်သလို အနိစ္စနဲ့ မဂ္ဂတိုက်အောင် လုပ်နေတာဟာ နိဗ္ဗာန်တည်းဟူသောမီး ထွက်အောင် ပွတ်နေတယ်လို့ မနေ့က ပြောခဲ့တာနဲ့ ဆက်ပြီး နားလည်ရမယ်။ အနိစ္စနဲ့ မဂ္ဂတိုက်ဖန်များရင်တော့ မီးနဲ့တူတဲ့ နိဗ္ဗာန် ပေါ်လာမှာပါပဲ။ ဒါပေမဲ့ အဟိတ်၊ ဒွိဟိတ်ပုဂ္ဂိုလ်မျိုးတွေဆိုရင်တော့လည်း နိဗ္ဗာန်က ဘယ်ပေါ်နိုင်လိမ့်မလဲ။ သို့သော် ဝိပဿနာဉာဏ်နားလည်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ရင်တော့ တိဟိတ်ပုဂ္ဂိုလ်ပဲတဲ့။ တိဟိတ်ပင်ဖြစ်သော်လည်း မပွတ်လို့ရှိရင် မီးမထွက်ပါဘူး။ မီးထွက်အောင် ပွတ်တိုက်မယ်ဆိုပြီး ဝိရိယအဓိပတိထား၊ ဆန္ဒအဓိပတိထားရင်တော့ မီးထွက်လာမှာပါပဲ။ ဆန္ဒကလည်း အဓိပတိဖြစ်လို့ နိဗ္ဗာန်တည်းဟူသောမီး မထွက် ထွက်အောင် မရ ရအောင်လုပ်မယ်ဆိုပြီး ဆန္ဒပြင်းပြလို့ရှိရင် ဆန္ဒိဒ္ဓိပါတ်ဖြစ်သွားတယ်။ ဝီရိယကလည်း အဓိပတိဖြစ်လို့ ဣဒ္ဓိပါတ်ဖြစ်သွားတဲ့အခါကျတော့ နိဗ္ဗာန်ဆိုတာ မရ မရှိပါဘူးတဲ့။ ခန္ဓာနဲ့ ဉာဏ်နဲ့တိုက်တဲ့ ပုဂ္ဂိုလ်မှာဖြင့် မီးနဲ့တူတဲ့ နိဗ္ဗာန် ဧကန်ထွက်ပါလိမ့်မယ်။ ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ဖန်များတော့ ဖြစ်ပျက်ဆိုရင် ဥဒယဗ္ဗယနဲ့ ဉာဏ်နဲ့ သွားတိုက်တယ်။ ရှုဖ...

ဆရာတော်၏(၅၅)နှစ်ပြည့် မွေးနေ့အလှူ (၉.၇.၂၀၂၅)

Image

Where is Nibbāna?

Image
King Milinda asked Venerable Nāgasena: "Venerable Sir, if Nibbāna already exists, it would be good for people of the past to encounter it. If it exists now, it would be good for present people to encounter it. If it awaits, we disciples could simply wait, ready to attain it whenever we go. So, Venerable Sir, how does Nibbāna exist?" Venerable Nāgasena replied: "It exists in no period of time." It did not exist in the past, does not exist in the present, and will not exist in the future. "Then, Venerable Sir, should we conclude that Nibbāna does not exist?" "It exists." For example, before two bamboo sticks are rubbed together, there is no fire within either stick. Yet, when rubbed, fire emerges. Where does this fire come from? We must say it comes from the bamboo itself. Was the fire already present beforehand? No. Does it exist while rubbing? No. Will it exist later? No. Just so, Nibbāna transcends the three periods of time; it exists in ...

နိဗ္ဗာန် ဘယ်မှာရှိ

Image
မိလိန္ဒမင်းကြီးက `အရှင်ဘုရား- နိဗ္ဗာန်ဟာ ရှိနှင့်တယ်ဆိုရင်လည်း ရှေးကလူတွေ တွေ့ဖို့ကောင်းတယ်၊ ရှိဆဲဆိုရင်လည်း အခုလူတွေ တွေ့ဖို့ကောင်းတယ်၊ စောင့်နေတယ်ဆိုရင်လည်း တပည့်တော်တို့ ဘယ်အချိန်သွားသွား ရတာပဲဆိုပြီး နေလို့ရတယ်၊ ဒီတော့ နိဗ္ဗာန်ဟာ ဘယ်လိုရှိပါသလဲဘုရား´လို့ အရှင်နာဂသိန်ကိုမေးလိုက်တယ်။ ဒီတော့ အရှင်နာဂသိန်က `ဘယ်ကာလမှာမှ မရှိဘူး´တဲ့။ အတိတ်မှာလည်း မရှိဘူး၊ ပစ္စုပ္ပန်မှာလည်း မရှိဘူး၊ အနာဂတ်မှာလည်း မရှိဘူး။ `ဒါဖြင့် နိဗ္ဗာန်မရှိဘူးလို့ ယူရမှာလားဘုရား´ `ရှိပါတယ်´၊ ဥပမာအားဖြင့် ဝါးလုံးနှစ်လုံးပွတ်ရာမှာ မပွတ်ခင်က ဝါးလုံးထဲမှာ မီးမရှိဘူး။ တကယ်တမ်း ပွတ်လိုက်တော့ မီးထွက်လာတာဟာ ဘယ်ကမီးလဲဆိုရင် ဝါးထဲကပဲ ထွက်တဲ့ မီးလို့ဆိုရမယ်။ မီးဟာ အရင် ရှိနှင့်တာလားဆိုရင်လည်း မဟုတ်ဘူး၊ ပွတ်ဆဲရှိတာလားဆိုရင်လည်း မဟုတ်ဘူး၊ ရှိလတံ့လားဆိုရင်လည်း မဟုတ်ဘူး။ ဒီအတိုင်းပဲ နိဗ္ဗာန်ဟာ ကာလသုံးပါးမှ လွတ်တယ်၊ ဘယ်ကာလမှာမှ မရှိဘူး။ နိဗ္ဗာန်ဟာ မရှိဘူးလားဆိုရင် အနိစ္စ ဒုက္ခ အနတ္တ ဒီတရားသုံးပါးနဲ့ ဝိပဿနာဉာဏ်နဲ့ ပွတ်ပေးလိုက်ရင် ဝါးနှစ်လုံးပွတ်တော့ မီးထွက်သလို နိဗ္ဗာန် ထွက်လာတယ်တဲ့။ ဒါဖြင့် ဘယ်ကာလမှာ ရှိသလဲဆိုရင် ဘယ်ကာလမှာမှ မရှိ...

The Two Types of Right View: Seeing Reality (Sammāditthi)(Part 3)

Image
Among the two types of Right View, the precursor is the Right View that sees Sankhāradukkha (the suffering inherent in conditioned formations). Only when this ceases does the Right View that sees Asankhatasukha (the bliss of the Unconditioned) arise. Therefore, the precursor Right View is Puresācarikā Vipassanā Sammādiṭṭhi (Preliminary Insight Right View), the Right View that sees arising and passing away. When one persistently follows these phenomena of arising and passing away until they cease to be perceived – meaning one no longer sees the Sankhāradukkha, the formations of suffering – then the Path Right View (Magga Sammādiṭṭhi) arises, seeing the Asankhata Sukha (Unconditioned Bliss). When the Magga Sammādiṭṭhi arises, the kammic burdens (Vipāka Vatta) fall away. This body of arising and passing away, this impermanent body, is Vipāka Vatta (the burden of kammic result). When these burdens (the formations of arising and passing away) are no longer perceived, they fall away. The...

အမှန်မြင် သမ္မာဒိဋ္ဌိနှစ်မျိုး (၃)

Image
သမ္မာဒိဋ္ဌိနှစ်မျိုးအနက် ရှေ့ပြေးအဖြစ် သင်္ခါရဒုက္ခမြင်တဲ့ သမ္မာဒိဋ္ဌိလာရမယ်။ သူဆုံးသွားမှ အသင်္ခတသုခမြင်တဲ့ သမ္မာဒိဋ္ဌိလာတယ်။ ဒီတော့ ရှေ့ပြေးသမ္မာဒိဋ္ဌိက ပုရေစာရိကာ ဝိပဿနာသမ္မာဒိဋ္ဌိ၊ ဖြစ်ပျက်မြင်တဲ့သမ္မာဒိဋ္ဌိပါပဲ။ အဲဒီဖြစ်ပျက်တွေ ဆုံးအောင်လိုက်လိုက်တဲ့အခါကျတော့ ဆုံးလည်းဆုံးရော သင်္ခါရဒုက္ခ ဖြစ်ပျက်တွေ မမြင်တော့ဘူးဆိုလို့ရှိရင် အသင်္ခတသုခကိုမြင်တဲ့ မဂ်သမ္မာဒိဋ္ဌိပေါ်လာတယ်။ မဂ်သမ္မာဒိဋ္ဌိပေါ်လာတဲ့အခါကျတော့ ဝိပါကဝဋ်တွေ ကျွတ်သွားတယ်။ ဖြစ်ပျက် ခန္ဓာကိုယ်ကြီး အနိစ္စခန္ဓာကိုယ်ကြီးဆိုတာ ဝိပါကဝဋ်ပဲ။ ဒီဝဋ်တွေဟာ ဖြစ်ပျက်တွေ မမြင်တော့ဘူးဆိုရင် ကျွတ်သွားတယ်။ ကမ္မဝဋ်ကြောင့် ဒီဘ၀ ရုပ်နာမ်တွေပေါ်လာတာဟာ ဝိပါကဝဋ်ကြီးပေါ်နေတာပါ။ ရုပ်နာမ်ကြည့်လိုက်တော့လဲ ဖြစ်ပျက်ဆိုတော့ ဝိပါကဝဋ်ဆိုတာနဲ့ တစ်ထပ်တည်းကျနေတယ်။ ဖြစ်ပျက်မမြင်တော့ဘူးဆိုရင် ကိုယ့်ဝဋ်ကျွတ်သွားတာပါပဲ။ ပထမ ဝိပါကဝဋ်နဲ့ သမ္မာဒိဋ္ဌိတွေ့နေတာ။ မတွေ့တော့ဘူးဆိုတော့ ဝိပါကဝဋ်ကျွတ်သွားတာ။ ကိုယ့်ခန္ဓာ ဖြစ်ပျက် ဒုက္ခသစ္စာ ဆိုတဲ့ ဒုက္ခဝဋ်ကြီးက ကျွတ်ပြီး အသင်္ခတဘက် ကူးသွားတယ်။ နိဗ္ဗာန်ဘက်ကိုကူးသွားတာ၊ လောကုတ္တရာမဂ်ပေါ်လာတာပါပဲ။ တစ်နည်းအားဖြင့် မဂ်သမ္မာဒိဋ္ဌိ...