Posts

Showing posts from August, 2025

So That When You Die, the Alms Bowl Won't Need Filling (the Dedicated Alms Offerings Won’t Need Making)

Image
Yesterday, we discussed the four types of perceptual distortion (diṭṭhi-vipallāsa). Diṭṭhi-vipallāsa and identity view (sakkāya-diṭṭhi) are essentially the same. It is the mistaken perception of the five aggregates as 'I', 'me', 'a man', 'a woman', a 'person', or a 'being'. It is sometimes called self-view (atta-diṭṭhi) and, at other times, more severely, wrong view (micchā-diṭṭhi). In truth, all wrong views arise solely from mistaken perceptions, mistaken understandings, and mistaken beliefs. If this wrong view can be uprooted first through understanding, second through development (meditative practice), and third through eradication, then the gates to the four lower realms (apāya) are closed. When it is utterly eradicated, the Venerable Mogok Sayadaw said, "Then, even when you die, they won't need to make offerings (fill your alms bowl)." This is true. If one dies with this persistent wrong view, one's destination (...

သေလျှင် သပိတ်သွတ်လွတ်အောင်

Image
အရင်နေ့က ဒိဋ္ဌိဝိပ္ပလ္လာသတရားလေးပါးကို ပြောခဲ့ပါ၏။ ဒိဋ္ဌိဝိပ္ပလ္လာသနှင့် သက္ကာယဒိဋ္ဌိသည် အတူတူပင်ဖြစ်၏။ ခန္ဓာငါးပါး ငါထင် သူထင် ယောကျ်ားထင် မိန်းမထင် ပုဂ္ဂိုလ် သတ္တဝါထင်မြင်နေခြင်းပင်ဖြစ်၏။ ရံခါ အတ္တဒိဋ္ဌိဟုလည်း ခေါ်လေ့ရှိ၏။ မိစ္ဆာဒိဋ္ဌိဟုလည်း ရံခါ ပြင်းထန်စွာသုံးလေ့ရှိသေး၏။ စင်စစ်မှာ ဒိဋ္ဌိမှန်သမျှသည် အမှတ်မှား အသိမှား အယူမှားကြောင့်သာ ဖြစ်ရခြင်းဖြစ်၏။ ထိုဒိဋ္ဌိကို ပထမ အသိဖြင့်ဖြုတ်၊ ဒုတိယအပွားဖြင့်ဖြုတ်၊ တတိယအပယ်ဖြင့်ဖြုတ်လိုက်နိုင်လျှင် အပါယ်လေးပါ တံခါးပိတ်ပြီဖြစ်၏။ ပယ်ပြုတ်ပြုတ်လျှင်တော့ “သေတောင် ဆွမ်းမသွပ်နဲ့တော့”ဟု မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်တော်မူ၏။ မှန်ပါ၏။ ဒိဋ္ဌိတန်းလန်းနှင့်သေသွားလျှင် လားရာဂတိ စိတ်မချရသောကြောင့်သာ ဆွမ်းသွတ်ကြရခြင်းဖြစ်၏။ သက်ပျောက်ဆွမ်း၊ ရက်လည် လလည် နှစ်လည်ဆွမ်းများ သွပ်နေကြရခြင်းဖြစ်၏။ ဒိဋ္ဌိပြုတ်လျှင်မူ ဂတိမြဲသွားပြီဖြစ်သဖြင့် ဆွမ်းသွပ်ရန်ပင် မလိုအပ်တော့။ သေခါနီး လားရာဂတိလွဲမှာကြောက်စရာအကောင်းဆုံးဖြစ်၏။ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးဘုံ ရောက်မည့်ဘေးကြီးသည် အဆိုးဆုံး ဒုဂ္ဂတိဘေးကြီးဖြစ်၏။ ထိုဂတိဆိုးကြီးကလွတ်အောင် သက္ကာယဒိဋ္ဌိကို လျှင်မြန်စွာဖ...

Observe Only the Mind to Uproot Wrong View

Image
A monk requested the Buddha to explain how to abandon identity view (sakkāya-diṭṭhi). The Buddha then gave a brief teaching: "Viññāṇaṃ aniccato jānato passato sakkāyadiṭṭhi pahīyati" – "When one knows and sees consciousness as impermanent, identity view is abandoned." When a greedy mind arises, observe the greedy mind. When an angry mind arises, observe the angry mind. When a deluded mind arises, observe the deluded mind. When a wholesome mind arises, observe the wholesome mind. Observe every single mind that arises. In the continuum of an ordinary person (puthujjana), only ordinary mind states will arise. The essence of the teaching is that if one observes whatever mind arises and sees its arising and passing away, identity view is abandoned. If one observes, with the insight knowledge that accords with truth (saccānulomika-ñāṇa), all arising mind states until their arising and passing away is seen, one can abandon identity view. Similarly, if one observes feeli...

ဒိဋ္ဌိပြုတ်လို စိတ်ကိုသာ ရှု

Image
ရဟန်းတစ်ပါးက ဘုရားရှင်အား သက္ကာယဒိဋ္ဌိပယ်ပုံဟောပေးတော်မူပါဟု လျှောက်ထားသောကြောင့် ဘုရားရှင်က အကျဉ်းမျှ ဟောတော်မူလိုက်၏။ “ဝိညာဏံ အနိစ္စတော ဇာနတော ပဿတော သက္ကာယဒိဋ္ဌိ ပဟီယတိ”။ လောဘစိတ်ပေါ်လျှင် လောဘစိတ်ရှု၊ ဒေါသစိတ်ပေါ်လျှင် ဒေါသစိတ်ရှု၊ မောဟစိတ်ပေါ်လျှင် မောဟစိတ်ရှု၊ ကုသိုလ်စိတ်ပေါ်လျှင် ကုသိုလ်စိတ်ရှု၊ ပေါ်လာသည့်စိတ်မှန်သမျှ အကုန်ရှု။ ပုထုဇဉ်သန္တာန်တွင် ပုထုဇဉ်စိတ်သာ ပေါ်မည်ဖြစ်၏။ ပေါ်သမျှစိတ်ကို ရှု၍ ဖြစ်ပျက်မြင်လျှင် သက္ကာယဒိဋ္ဌိပယ်၏ဟု ဟောတော်မူရင်းဖြစ်၏။ သစ္စာနုလောမိကဉာဏ်ဖြင့် ပေါ်လာသမျှစိတ်တွေကို ဖြစ်ပျက်မြင်အောင် ရှုလျှင် သက္ကာယဒိဋ္ဌိပယ်နိုင်၏။ ထို့အတူ ဝေဒနာရှု၍ ဖြစ်ပျက်မြင်လျှင်လည်း သက္ကာယဒိဋ္ဌိပယ်သည်သာဖြစ်၏။ စိတ်ကိုရှု၍ ဖြစ်ပျက်မြင်လျှင် ဒိဋ္ဌိဝိပလ္လာသတရား လေးပါးပယ်ကွာသွားတော့၏။ ဒိဋ္ဌိဝိပ္ပလ္လာသတရားလေးပါးမှာ အနိစ္စကို နိစ္စဟု အယူမှား၊ ဒုက္ခကို သုခဟုအယူမှား၊ အနတ္တကို အတ္တဟု အယူမှား၊ အသုဘကို သုဘဟု အယူမှားအားဖြင့် အယူမှားလေးချက်ပင်ဖြစ်၏။ ဒိဋ္ဌိအမြန်ပြုတ်ချင်လျှင် စိတ်ကို ရှုရ၏။ လောဘစိတ်လာလည်း ဖြစ်ပျက်ရှု၊ ဒေါသစိတ်လာလည်း ဖြစ်ပျက်ရှု၊ မည်သည့်စိတ်လာသည်ဖြစ်စေ ဖြစ်ပျက်ရှု၊ ရှု၍ ဖြစ်ပ...

Observing Sensations, Yet Seeing Only Arising and Passing Away

Image
Regarding the observation of sensations, I explained yesterday that sensations can manifest in two ways on the body and in three ways within the abdomen. By knowing where they arise, one will know where they cease. The reason for explaining the places of manifestation is so that when any type of sensation arises, one can observe it keenly and intently at the point of its occurrence. The Venerable Mogok Sayadaw instructed, "Don't shift elsewhere. When practicing vipassanā, you must fix your attention right there, firmly and decisively, until it penetrates." One must focus the mind on the place of arising. Only by knowing the place of manifestation can one guard, catch, and apprehend it. The eye can only see. Liking originates from within the abdomen. Disliking also originates solely from within the abdomen. Indifference, too, originates solely from within the abdomen. The mere act of seeing by the eye, the slight consciousness of seeing, is called upekkhā vedanā (neutral...

ဝေဒနာရှုသော်လည်း ဖြစ်ပျက်သာတွေ့ရ

Image
ဝေဒနာသည် ကိုယ်ပေါ်၌ နှစ်မျိုး ဝမ်းထဲ၌ သုံးမျိုးပေါ်နိုင်သည်ကို အရင်နေ့က ပြောပြခဲ့ပါ၏။ သူပေါ်သည့်နေရာသိမှ သူပျက်သည့်နေရာကို သိမည်ဖြစ်၏။ ဝေဒနာတစ်မျိုးမျိုးပေါ်လျှင် ပေါ်သည့်နေရာ၌ စူးစူးစိုက်စိုက် ရှုနိုင်ရန်အတွက် ပေါ်ရာဌာနတို့ကို ပြောပြရခြင်းဖြစ်၏။ “တစ်ခြားမရွှေ့နဲ့၊ ဝိပဿနာရှုတော့ ဒီနေရာ စိုက်ကနဲ့ စိုက်နဲ့ သွားအောင်လုပ်ရမယ်” ဟု မိုးကုတ်ဆရာတော်ဘုရားကြီးမိန့်တော်မူ၏။ ပေါ်သည့်နေရာတွင် ဉာဏ်စိုက်ရမည်ဖြစ်၏။ ပေါ်ရာဌာနကိုသိမှ စောင့်ပြီး မိအောင် ဖမ်းနိုင်မည်ဖြစ်၏။ မျက်စိက မြင်ရုံသာမြင်နိုင်၏။ သဘောကျသည်က ဝမ်းထဲက ဖြစ်၏။ သဘောမကျသည်ကလည်း ဝမ်းထဲကသာ ဖြစ်၏။ လျစ်လျူရှုသည်ကလည်း ဝမ်းထဲကသာ ဖြစ်၏။ မျက်စိက မြင်ကာမတ္တ မြင်စိတ်ကလေးကို ဥပေက္ခာဝေဒနာဟု ဆိုရ၏။ ထို့အတူ ကြားစိတ်၊ နံစိတ်၊ စားစိတ်လျက်စိတ်တို့သည် ဥပေက္ခာဝေဒနာပင်ဖြစ်၏။ ထို မျက်စိ နား နှာခေါင်း လျှာ လေးမျိုးကို ဥပေက္ခာသာ ပေါ်နိုင်သည့် လေးဌာနဟုမှတ်လိုက်ပါ။ မျက်လုံးတွင် ပေါ်သည့် ဥပေက္ခာဝေဒနာသည် ဘယ်မှမရွှေ့ဘဲ မျက်လုံးတွင်သာ ပျက်ရ၏။ ထို့အတူ နားတွင်၊ နှာခေါင်းတွင်၊ လျှာတွင်ပေါ်သည့်ဥပေက္ခာဝေဒနာတို့သည်လည်း သူတို့ပေါ်သည့်နေရာတွင်သာ ပျက်ရမြဲဖြစ်၏။ “ဒီနေရာပေါ် ဒီ...

Only by mastering sensations (vedanā)

Image
Only by mastering sensations (vedanā) can one attain Nibbāna. The closest path to Nibbāna is the contemplation of sensations (vedanānupassanā). Sensations give rise to craving (vedanā paccayā taṇhā). If sensations cease, craving ceases (vedanā nirodhā taṇhā nirodho). The cessation of craving is itself Nibbāna (taṇhā nirodho nibbānaṃ). According to these teachings, one can only understand the cessation of sensations (vedanā nirodha) by understanding sensations themselves. Without understanding sensations, one cannot understand their cessation. This means that only by knowing the arising of sensations can one know their cessation. The places where sensations arise have already been discussed for the purpose of understanding them. Now, I would like to briefly explain again how the three types of sensations manifest. Throughout the entire body, except in places like the nails, hair tips, and other areas where the sense organs (kāyapasāda) cannot arise, pleasant sensations (sukha vedanā) ...

ဝေဒနာကို နိုင်ပါမှ

Image
နိဗ္ဗာန်ရဖို့ အနီးဆုံးသည် ဝေဒနာနုပဿနာပင် ဖြစ်၏။ ဝေဒနာကြောင့် တဏှာဖြစ်ရ၏ (ဝေဒနာပစ္စယာ တဏှာ)။ ဝေဒနာချုပ်လျှင် တဏှာချုပ်တော့၏ (ဝေဒနာနိရောဓာ တဏှာနိရောဓော)။ တဏှာချုပ်ခြင်းသည် နိဗ္ဗာန်ပင်ဖြစ်၏ (တဏှာနိရောဓော နိဗ္ဗာနံ)။ ထိုဟောကြားတော်မူချက်တို့အရ ဝေဒနာကိုသိမှ ဝေဒနာနိရောဓ ကိုသိမည်ဖြစ်၏။ ဝေဒနာကို မသိလျှင် ဝေဒနာနိရောဓကိုမသိ။ ဆိုလိုသည်မှာ ဝေဒနာဖြစ်ခြင်းသိမှ ဝေဒနာချုပ်ခြင်းသိမည်ဖြစ်၏။ ဝေဒနာသိဖို့အရေးအတွက် ဝေဒနာပေါ်ရာဌာနတို့ကို ပြောခဲ့ပြီး ဖြစ်ပါ၏။ ယခုတစ်ဖန် ဝေဒနာသုံးမျိုး ပေါ်ပုံကို အကျဉ်းမျှ ထပ်မံပြောပြလိုပါ၏။ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ ခြေသည်းလက်သည်း ဆံဖျားစသည့် ကာယပသာဒမဖြစ်နိုင်သည့်နေရာများမှအပ ကျန်သည့်နေရာတို့၌ ရံခါ သုခဝေဒနာပေါ်၏၊ ရံခါ ဒုက္ခဝေဒနာပေါ်၏။ ထို့ကြောင့် ကိုယ်ပေါ်၌ သုခနှင့် ဒုက္ခ ဝေဒနာနှစ်မျိုးပေါ်နိုင်၏။ တစ်ကိုယ်လုံးဟူသည် ပေါ်နိုင်ရာဌာနကိုသာ ပြောခြင်းဖြစ်ပါ၏။ စင်စစ်မှာ ပေါ်ချင်သည့်နေရာတွင် ကွက်၍ ပေါ်မည်သာ ဖြစ်၏။ သို့သော် တစ်နေရာရာတွင်သာ ထူးထူးခြားခြား ပေါ်မည်ဖြစ်၏။ ကိုယ်ပေါ်မှာသာ ပေါ်သောကြောင့် သုခနှင့် ဒုက္ခရှုလျှင် မျက်စိအမြင် နားအကြား စသည်ကို မရှုရ။ မျက်စိအမြင် နားအကြား စသည်ရှုန...

Right Reflection (Yoniso Manasikāra)

Image
"Yoniso Manasikāra" can be translated as Right Reflection or Proper Attention. In the field of Vipassanā (Insight Meditation), because the aggregates (khandhās) arise and pass away, if one reflects that this body is the impermanent (anicca) aggregate-body, then that is indeed Right Reflection. If you close your eyes and look within at your own body, for example, when a painful sensation arises, and you observe it with the wisdom that appears in your closed eyes, you will see that the sensation vanishes right where it appeared. The Venerable Mogok Sayadaw taught, "Arising here, ceasing here." Whether it is a mind, a material form, or a sensation that arises, if you observe it only with wisdom, you will see it disappearing right at the place of its arising. When you perceive in this way, you find no 'I', no 'he', no person, no being whatsoever in these aggregates. You only see them vanishing and ceasing. This is the direct realization of impermanence...

နှလုံးသွင်းမှန်

Image
”ယောနိသောမနသိကာရ” ကို နှလုံးသွင်းမှန်ဟု ဘာသာပြန်ဆိုရ၏။ ဝိပဿနာနယ်ပယ်တွင် ခန္ဓာသည် ဖြစ်ပြီး ပျက်တတ်သောကြောင့် အနိစ္စခန္ဓာကိုယ်ဟု နှလုံးသွင်းလိုက်လျှင် နှလုံးသွင်းမှန်ပင် ဖြစ်တော့၏။ မိမိခန္ဓာကိုယ်ကို မျက်လုံးမှိတ်၍ ကြည့်လိုက်ပါက ဥပမာ နာကျင်ကိုက်ခဲ စသည့် ဝေဒနာပေါ်လာ၍ မှိတ်ထားသောမျက်စိတွင် ပေါ်နေသော ဉာဏ်ဖြင့် ကြည့်လိုက်ပါက ဝေဒနာသည် ပေါ်သည့်နေရာတွင်သာ ပျက်သွားသည်ကို တွေ့လိုက်ရ၏။ “ဒီနေရာပေါ် ဒီနေရာပျက်” ဟု မိုးကုတ်ဆရာတော်ဘုရားကြီးက မိန့်တော်မူ၏။ စိတ်ပေါ်သည်ဖြစ်စေ၊ ရုပ်ပေါ်သည်ဖြစ်စေ၊ ဝေဒနာပေါ်သည်ဖြစ်စေ ဉာဏ်ဖြင့်သာကြည့်လိုက်ပါက ပေါ်သည့်နေရာတွင် ပျောက်သွားသည်ကို တွေ့မြင်ရပါ၏။ ထိုသို့ တွေ့သိနေသောအခါ ဤခန္ဓာတွင် ငါ လည်းမတွေ့၊ သူလည်းမတွေ့၊ ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ရာ ရှာဖွေ၍မတွေ့။ ပျောက်ပျက်သွားသည်ကိုသာလျှင် တွေ့နေရတော့၏။ အနိစ္စကို တွေ့လိုက်ခြင်းပင်ဖြစ်၏။ ထို့ကြောင့် ဘုရားရှင်က “သဗ္ဗေ သင်္ခါရာ အနိစ္စာ”ဟု ဟောတော်မူခြင်းဖြစ်ပါ၏။ နှလုံးသွင်းမှန်သောကြောင့်သာ အနိစ္စကို တွေ့သိရခြင်းဖြစ်၏။ ငါ့စိတ် ငါ့ကိုယ် ငါ့လက် ငါ့ခြေ ငါနာ ငါကျင် ငါမြင် ငါတွေ့ စသည်ဖြင့် ခန္ဓာကိုယ်ကို ငါစွဲထားစဉ်ကမူ နှလုံးသွင်းမှန်ကန်မှ...

Not in this life, then in the next

Image
The Buddha taught that a yogi practicing Vipassanā meditation can still become a Sotāpanna, Sakadāgāmi, or Anāgāmi even at the time of death. When one is certain that death is near and truly cannot be avoided, if one continues to meditate as usual—observing sensations if that is one's practice, or observing the mind if that is the practice—by focusing on one of these objects, attainment is possible even in the final moments. If one dies at the time of death without having become at least a Sotāpanna while practicing Vipassanā, the momentum of that Vipassanā javana (impulsion) will cause rebirth in a deva realm. The power of the Vipassanā practice cultivated in the human realm carries over, and one continues to practice mindfulness in the deva realm. The Buddha taught that because the wisdom of devas is many times sharper and faster than that of humans, one may attain Sotāpanna quickly; realizing one has become a deva might even come later. By practicing Vipassanā, one can attain ...