မတ်လ (၁၂) ရက်နေ့မှ မတ်လ (၂၇) ရက်နေ့အထိ ကလေးသူငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ တတိယတန်းမှ န၀မတန်းအထိ ကျောင်းသား ကျောင်းသူများ မည်သူမဆို တက်ရောက်နိုင်ပါကြောင်း ကြေညာအပ်ပါသည်။
သင်တန်းချိန်- နံနက် (၈)နာရီမှ (၁၀)နာရီအထိ။
သင်တန်းကာလ - (၁၂-၃-၂၀၁၂)ရက်နေ့မှ (၂၇-၃-၂၀၁၂) ရက်နေ့အထိ စုစုပေါင်း (၁၅) ရက်။
သင်တန်းနေရာ- မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေးဌာန)
ရတနာကျွန်းရိပ်သာ၊ သုနန္ဒာလမ်း၊ (ဋ) ရပ်ကွက်၊ မြောက်ဥက္ကလာပ၊ ရန်ကုန်
ဖုန်း- ၀၀၉၅-၁-၆၉၁၅၅၃
မှတ်ချက်။ ။ (၁) ကြိုတင်၍လည်း စာရင်းပေးသွင်းနိုင်ပါသည်။ ကြိုတင်စာရင်း မပေးသွင်းနိုင်ပါက ဖွင့်လှစ်မည့်နေ သင်တန်းချိန်အမီ အရောက်လာပါ။ သင်တန်းသား ဦးရေ အကန့်အသတ်မရှိ လက်ခံပါသည်။
(၂) သင်တန်းကာလတွင် နေ့စဉ် မုန့်ကျွေးမည်ဖြစ်ပြီး သင်တန်းအောင်သူများကိုလည်း ဆုအသီးသီးပေးအပ်မည်ဖြစ်သည့်အပြင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား ကျောင်းသူများအားလည်း အထူးဆုများ ပေးအပ်မည်ဖြစ်သည်။
သင်တန်းမှူးဆရာတော်
ဒေါက်တာအရှင်ပါရမီ
No comments:
Post a Comment
Without insight meditation, it is incomplete to be a Buddhist.