Posts

Showing posts from April, 2011

ပုဂ္ဂိုလ်(၄)မျိုး (၁)

Image
အရှင်သာရိပုတ္တရာမထေရ်ထံမှ အရှင်မဟာမောဂ္ဂလာန်အပါအ၀င် ရဟန်းတော်တွေက တရားနာချင်ကြလို့ လျှောက်ထားတော့ မထေရ်မြတ်က ဟောတော်မူတာ။ လောကမှာ လူလေးမျိုးရှိတယ်တဲ့။ ၁။ ကိလေသာ ရှိလျက် ရှိမှန်း မသိတဲ့ ပုဂ္ဂိုလ်။ ၂။ ကိလေသာ ရှိလျက် ရှိမှန်းသိတဲ့ပုဂ္ဂိုလ်။ ၃။ ကိလေသာမရှိဘဲလျက် မရှိမှန်းမသိတဲ့ပုဂ္ဂိုလ်။ ၄။ ကိလေသာအညစ်အကြေးမရှိတာကို မရှိမှန်းသိတဲ့ပုဂ္ဂိုလ်။ ဒီတော့ အရှင်မဟာမောဂ္ဂလာန်က တစ်ယောက်ချင်းရဲ့ အဓိပ္ပါယ်ပြောပါဦးဘုရားလို့ လျှောက်လို့ အရှင်သာရိပုတ္တရာမထေရ်က ရှင်းပြတယ်။ ပထမပုဂ္ဂိုလ်- ကိလေသာအညစ်အကြေး ရှိပါလျက် ရှိမှန်းမသိတဲ့ပုဂ္ဂိုလ်ဟာ ယုတ်တဲ့ ပုဂ္ဂိုလ်ပဲတဲ့။ ဒုတိယပုဂ္ဂိုလ်က ကိလေသာမြူမှေး အညစ်အကြေးတွေ ရှိတာကို ရှိတယ်လို့ သိတဲ့အတွက်ကြောင့် မြတ်တဲ့ပုဂ္ဂိုလ်။ တတိယပုဂ္ဂိုလ်ကတော့ ကိလေသာပါးရှားလို့ မရှိတဲ့ပုဂ္ဂိုလ်ပဲ။ မရှိမှန်းမသိဘဲဖြစ်နေတယ်။ သူလဲ ယုတ်တဲ့ပုဂ္ဂိုလ်ပဲတဲ့။ သူ့မှာ ကိလေသာတော့ နည်းတယ်၊ လုံးဝမရှိအောင် မဂ်နဲ့ပယ်ထားတာမဟုတ်ပေမယ့် ငုတ်နေတယ်။ အနည်းငယ်လောက်သာ ရှိတာကို သူ့ကိုယ်သူမသိဘဲဖြစ်နေတယ်။ စတုတ္ထပုဂ္ဂိုလ်ကတော့ ကိလေသာမရှိတာကို မရှိဘူးလို့သိတဲ့အတွက် မြတ်တဲ့ပုဂ္ဂိုလ်ပဲ။ ဒီလေးယောက်ထဲမှာ ယုတ်တဲ့ပုဂ္ဂိုလ်က နှစ်ယောက်၊ ...

ရှေးဦး ဗုဒ္ဓဘာသာ

Image
ဗုဒ္ဓဘာသာသမိုင်း ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး မကြာမီ အရှင်မဟာကဿပ ဦးဆောင်လျက် ရဟန္တာ(၅၀၀) ဖြင့် ပထမသင်္ဂါယနာတင်ပွဲကို ရာဇဂြိုဟ်မြို့တွင် ကျင်းပခဲ့သည်။ အရှင်ဥပါလိက ၀ိနည်းပိဋကကို ပြန်ဆိုခဲ့ပြီး အရှင်အာနန္ဒာက သုတ္တန်ပိဋကကို ပြန်ဆိုခဲ့သည်။ ထိုမထေရ်နှစ်ပါး ရွတ်ဖတ်ပြန်ဆိုသမျှ အားလုံးကို တက်ရောက်သူသံဃာများက သဘောတူ အတည်ပြုခဲ့ကြပြီး အလွတ်ပြန်ဆိုခဲ့ကြသည်။ ဤသို့ နှုတ်တိုက်ရွတ်ဆိုပြီး ဆောင်လာခဲ့သည်မှာ နှစ်(၂၀၀)ကျော်သည်အထိ ကြာမြင့်ခဲ့သည်ဟု ဆိုရမည်။ ရာစုနှစ်အနည်းငယ်ကြာသောအခါ မူလဗုဒ္ဓဘာသာ၏ စည်းလုံးညီညွတ်မှု ပြိုပျက်ခဲ့ရသည်။ အထင်ရှားဆုံးဖြစ်ရပ်မှာ ပထမသင်္ဂါယနာတင်အပြီး နှစ် (၁၀၀)တွင် ဝေသာလီမြို့၌ ကျင်းပသော ဒုတိယသင်္ဂါယနာ တင်ပွဲပြီးနောက် စတင်ခဲ့ခြင်းဖြစ်သည်။ အစဉ်အလာကိုထိန်းသိမ်းသောသံဃာများနှင့် ခေတ်နှင့်လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲလိုသော သံဃာများအကြား ငြင်းပွားမှုများဖြစ်ပွားခဲ့ပြီး ပြုပြင်ပြောင်းလဲရေးသံဃာများက မဟာသံဃိကအမည်ဖြင့် ဂိုဏ်းသီးခြားခွဲထွက်ကာ နောက်ပိုင်းတွင် မြောက်ပိုင်းအာရှနိုင်ငံများ၌ ရှိသော မဟာယာနဗုဒ္ဓဘာသာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အစဉ်အလာထိန်းသိမ်းရေးသံဃာများသည် စထ၀ီ...

မလုပ်မဖြစ်တော့လဲ လုပ်ဖြစ်အောင်လုပ်ရသည်

Image
ဤအရှင်သည် စာရေးခြင်း၊ စာဖတ်ခြင်း၊ စာပေသင်ကြားခြင်းကို ၀ါသနာထုံသော်လည်း လိုအပ်ချက်နှင့် ဘ၀ပေးတာဝန်များ ကျရောက်လာသဖြင့် မလွှဲသာ မရှောင်သာဘဲ ၀ိပဿနာလုပ်ငန်းဘက်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရသည်။ တစ်ဘက်တစ်လမ်းမှလည်း စာပေသင်ကြားရေးလုပ်ငန်းများကို တပ်အားသမျှ ထမ်းဆောင်လျက် ရှိပါသည်။ ကျောင်းထိုင်ဘုန်းကြီး ဖြစ်သည့်နှစ်မှစတင်၍ မိုးကုတ်ဝိပဿနာ ပြန့်ပွားရေးလုပ်ငန်းများကို စတင်အခြေချဆောင်ရွက်ရင်း ၀ါတွင်းကာလတွင် ဗုဒ္ဓအဘိဓမ္မာသင်တန်းကို အဆင့်သုံးဆင့်ခွဲခြားကာ နှစ်စဉ်သင်ကြားလာခဲ့သည်မှာ ယခုဆိုလျှင် နှစ်ဝါတိတိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါပြီ။ စိတ်မကောင်းဖြစ်မိသည်မှာ ယခုလာမည့်ဝါတွင်းကာလတွင် ထိုသင်တန်းကို မဖွင့်လှစ်နိုင်တော့ခြင်းပင်ဖြစ်သည်။ အဘိဓမ္မာသင်ကြားသည့်ကျေးဇူးက ပဌာန်းဆက်ကာ လှမ်းထောက်ပံ့လိုက်သည်ဟု ဆိုရမည်လားမသိ။ အိန္ဒိယနိုင်ငံ အိုင်စီစီအာ အဖွဲ့မှ အဘိဓမ္မာပိုင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို ပြုလုပ်ပေးပါရန် အထူးပင့်ဖိတ်ချက်အရ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၀ါကပ်ရမည်ဖြစ်ပြီး ၀ါကျွတ်မှသာလျှင် သုတေသနလုပ်ငန်းများ အပြီးသတ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နှစ်စဉ်ဖွင့်လှစ်သင်ကြားလာခ...

သင်္ကြန်တွင်း တရားစခန်းအောင်မြင်စွာဖွင့်လှစ်နိုင်

Image
မြကျွန်းသာ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ သင်္ကြန်တွင်း စတုတ္ထအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၁၀) ရက်တရားစခန်း အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်းမကြီး၊ ရတနာကျွန်းရိပ်သာ၊ မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၌ သင်္ကြန်တွင်းကာလ မိုးကုတ်ဝိပဿနာအလုပ်သင် (၁၀)ရက်တရားစခန်းကို (၁၂-၀၄-၂၀၁၁) ရက်နေ့မှ (၂၁-၀၄-၂၀၁၁) ရက်နေ့အထိ (၁၀) တိတိ အလုပ်သင် တရားစခန်းဖွင့်လှစ်ခဲ့ရာ တရားထိုင်သူယောဂီ ဦးရေ (၂၅၀) ၀င်ရောက်တရားထိုင်ခဲ့ကြသည်။ မိုးကုတ်ရိပ်သာအများစုတွင် ထားရှိသော စည်းကမ်းများအတိုင်း နေ့စဉ် တရားထိုင်ချိန် (၄)ချိန်၊ တရားနာချိန် (၄)ချိန်၊ ပေါင်း (၈)ချိန်သတ်မှတ်ကာ တရားထိုင်နည်း အလုပ်သင်စခန်းဖွင့်လှစ်ပေးခြင်းဖြစ်သည်။ ယောဂီဦးရေများလွန်း၍ လက်ရှိယောဂီဆောင်များတွင် မဆန့်သဖြင့် ဆောက်လုပ်၍မပြီးသေးသော ဆောက်လုပ်ဆဲ သုံးထပ်ယောဂီဆောင်ကြီး၏ အောက်ထပ်တွင် ယောဂီများကို ထားနိုင်အောင် အလျဉ်စလို စီစဉ်လျက် နေရာချထားပေးခဲ့ရသည်။ မူလက ယောဂီဦးရေ (၁၅၀) သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် တရားဝင်လိုသူဦးရေ များလာသဖြင့် (၂၅၀)အထိလက်ခံကာ ထို့နောက်ဝင်လိုသူများကိုမူ နေရာအခက်အခဲကြောင့် ...

သင်္ကြန်တွင်းတရားစခန်းအတွက် အလှူရှင်များ

မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ (၄/၂၀၁၁) အကြိမ် သင်္ကြန်ကာလ မိုးကုတ်ဝိပဿနာအလုပ်သင် (၁၀)ရက်အထူးတရားစခန်းပွဲ အရုဏ်ဆွမ်း/ နေ့ဆွမ်း/ နေ့အချိုပွဲ/ ရေခဲမုန့် အလှူရှင်များစာရင်း (၁၂-၀၄-၂၀၁၁ ရက်နေ့မှ ၂၁-၀၄-၂၀၁၁ ရက်နေ့အထိ) အရုံဆွမ်းအလှူရှင်များ (အရုဏ်ဆွမ်းတစ်နပ် ၈၀၀၀၀ - ကျပ်) ၁။ ၁၂-၄-၂၀၁၁ ဒေါ်ပန်းစိန်၊ ဒေါ်ရင်မြင့် (၇၀၈)၊ ဣန္ဒာ(၁၁)လမ်း၊ မ/ဥ ၂။ ၁၃-၄-၂၀၁၁ ဦးလှငွေ+ဒေါ်မာမာအေး၊ သား မောင်ကျော်ကျော်ဦး၊ သမီး မခင်မီကို မိသားစု (၉၀၉)၊ ဋ/ ဣန္ဒာ(၉)လမ်း၊ မ/ဥ ၃။ ၁၄-၄-၂၀၁၁ ဦးကျော်သန်း+ဒေါ်ခင်လေးနု မိသားစု (၁၀၃)၊ ကျောက်စိမ်းပတ်လမ်း၊ ရတနာကျွန်း၊ မ/ဥ ၄။ ၁၅-၄-၂၀၁၁ ဦးတင်ရွှေ+ဒေါ်အေးဇင်မိသားစု ဋ/ ကရုဏာ(၂)လမ်း၊ မ/ဥ ၅။ ၁၆-၄-၂၀၁၁ ဒေါ်သန်းနု မိသားစု ဆ/(၄၃၂)၊ သုနန္ဒာ (၁၁)လမ်း၊ မ/ဥ ၆။ ၁၇-၄-၂၀၁၁ ဦးစိုးမိုးအောင်+ဒေါ်ဇင်မာနွယ် မိသားစု ည/ ဧရာ(၈)လမ်း၊ မ/ဥ ၇။ ၁၈-၄-၂၀၁၁ ဒေါ်စိန်ဌေး၊ ဒေါ်မြဌေး မိသားစု စ/(၅၀၂)၊ မေဓာဝီလမ်း၊ မ/ဥ ၈။ ၁၉-၄-၂၀၁၁ ဦးသိုက်ထွန်း+ဒေါ်ကြည်ကြည်ထွေး မိသားစု အမှတ်(၆)၊ ပြည်တော်သာ (၇)လမ်း၊ ၀ါယာလက်၊ မင်္ဂလာဒုံ ၉။ ၂၀-၄-၂၀၁၁ မိခင်ဖြစ်သူ...

ဘရားရှင်၏၀ါဒ (၂)

Image
အရှင်မဟာကစ္စည်းက အရှင်ဘုရားတို့နာချင်တယ်ဆိုရင်တော့ ဟောပေးပါမယ်ဆိုပြီး သစ္စာအလုပ်တရားကို ဟောပေးတယ်။ မျက်စိနဲ့ အဆင်းနဲ့ တွေ့တော့ မြင်စိတ်ကလေးပေါ်တယ်။ မျက်စိအကြည်နဲ့ အဆင်းနဲ့တိုက်တော့ မျက်စိအကြည်ပေါ်မှာ မြင်စိတ်ကလေး ပေါ်လာတယ်။ စက္ခုဝိညာဏ်ဆိုတာ မြင်စိတ်ပဲ။ ဘယ်အခါမြင်မြင် မျက်စိနဲ့ အဆင်းဆိုတဲ့ အကြောင်းနှစ်ခုကြောင့် မြင်တယ်လို့သာ မှတ်လိုက်ပါ။ မြင်ပြီးတော့ တွေ့တယ် (ဖဿ)။ ဖဿပစ္စယာ ဝေဒနာ လာတာပေါ့။ ဝေဒနာလာပြီးနောက် ဝေဒနာတင် ခံစားတာမဟုတ်ဘူး၊ မှတ်သေးတယ်။ ဒါကအနီ ဒါကအပြာစသည် မှတ်သေးတယ်။ ဒါဖြင့် မြင်ပြီးတော့ တွေ့တယ်၊ တွေ့ပြီးတော့ ခံစားတယ်၊ ခံစားပြီးတော့ မှတ်တယ်။ မှတ်ပြီးတော့ ကြံတယ်။ ကြံပြီးလို့ အကြံတည့်တဲ့အခါကျမှ တဏှာ မာန ဒိဋ္ဌိတို့က လာတာ။ ဥပမာ- ရွှေနဲ့ မျက်စိနဲ့တွေ့တဲ့အခါ ရွှေမြင်တဲ့စိတ်ကလေးပေါ်တယ်။ မြင်ပြီးတွေ့တယ်။ တွေ့ပြီးခံစားတယ်။ ခံစားပြီးတော့ မှတ်သားတယ်။ မှတ်သားပြီးတော့မှ ကြံလုံးထုတ်တယ်။ ကြံလုံးထုတ်ပြီးတော့မှ လိုချင်တဲ့တဏှာ လာမယ်။ ၀ယ်ချင်တဲ့တဏှာလာမယ်။ ဒါလေး ငါကြိုက်တယ်ဆိုတော့ ဒိဋ္ဌိ။ ဘယ်လောက်ပေးရပေးရ ငါဝယ်နိုင်ပါတယ်ဆိုတော့ မာန။ ဒါဖြင့် တဏှာ မာန ဒိဋ္ဌိ တစ်ခုခုတော့ လိုက်တယ်။ လိုက်တော့ တဏှာပစ္စယာ ...

ဘုရားရှင်၏၀ါဒ

Image
ဘုရားရှင် ကုရုတိုင်း ကပိလ၀တ်ပြည်မှာ တစ်ပါးတည်း ဆွမ်းခံကြွတော်မူပြီးနောက် တစ်ခုသောတောထဲ ဥသျှစ်ပင်အောက်မှာ ဆွမ်းဘုဉ်းပေးတော်မူတယ်။ ပြီးတာနဲ့ ဒီနေရာမှာပဲ နေ့သန့်စင်၊ ဒီနေရာမှာပဲ ဖလသမာပတ်ဝင်စားတော့မယ်ဆိုပြီး သီတင်းသုံးနေတော်မူတယ်။ ထိုအချိန် ဒဏ္ဍပါဏိပုဏ္ဏားကြီးက ရွှေတုတ်ကောက်ကြီးကိုင်ပြီး ဘုရားရှင်ထံရောက်လာတယ်။ ဘုရားရှင်ကိုလဲ ၀တ်မချဘူး။ နှုတ်ဆက်ရုံလောက်နှုတ်ဆက်ပြီး `ရှင်ဂေါတမရဲ့ အယူနဲ့ ၀ါဒကိုပြောစမ်းပါ´လို့ မေးတယ်။ မေးတော့ ဘုရားရှင်က ရိပ်မိတယ်။ သူဟာ ဒေ၀ဒတ်နဲ့လဲ အမျိုးတော်တယ်၊ ကျွတ်တမ်းဝင်မယ့်ပုဂ္ဂိုလ်လဲမဟုတ်ဘူး။ ဒေ၀ဒတ်ကို သံဃာက ကြဉ်ထားတာ၊ ဒေ၀ဒတ်သံဃာအသင်းခွဲလို့ အပါယ်သွားရမယ့်ပုဂ္ဂိုလ်လို့ ဟောတော်မူထားတာတွေကို သူက မကြိုက်ဘူး။ လောကီသမားဆိုတော့ ရာဟုလာလေး သင်္ကန်းဝတ်ပေးလိုက်တာကိုလဲ သူ မကြိုက်ဘူး။ ဒီလို မကြိုက်ပေမယ့် တွေ့တုန်း မေးဦးမှပဲဆိုပြီး `ရှင်ဂေါတမ ဘယ်အယူရှိလဲ၊ ရှင်ဂေါတမ၀ါဒက ဘယ်လိုဝါဒလဲ´လို့ မေးလိုက်တာ။ ဒီတော့ ဘုရားရှင်က ` ငါ့ဝါဒက ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒ ´တဲ့။ ဘုရားရှင်ရဲ့ ၀ါဒကတော့ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒ။ ဒါပေမယ့် ဒီဝါဒကို မကြိုက်တဲ့သူတွေက ဘုရားကို လာပြီးစစ်တိုက်တာ။ တိတ္ထိတွေ၊ ...