Posts

Showing posts from 2011

သုရာမေရယကံအကြောင်း

Image
သုရမေရယဆိုတာက သောက်သူ၊ စားသူ၊ ရှူသူတို့ကို မေ့လျော့စေတတ် မူးယစ်စေတတ်သော သောက်စရာ၊ စားစရာ၊ ရှူစရာဟူသမျှသည် သေရည်သေရက် (သို့မဟုတ်) အရက်သေစာ= သုရာမေမေရယချည်းပင်ဖြစ်ပါတယ်။ အပ်ဖြင့် အသားထဲသို့ ထိုးသွင်းရသော ပက်သဒင်း နံပါတ်ဖိုး စတဲ့ မူးယစ်ဆေးရည်လည်း သုရာမေရယထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ထို့ကြောင့် တောအရက်၊ မြို့အရက်၊ နိုင်ငံခြားအရက်၊ ထန်းရည်၊ ဓနိရည်၊ ဘိန်းကင်း၊ ကစော်၊ လှော်စာ၊ ဘိန်းဖြူ၊ ဆေးခြောက်၊ ကုတ်ကင်း၊ မာဖီးယား၊ အယ်လ်အက်စ်ဒီ (LSD)၊ ဘီယာအမျိုးမျိုးစသော မူးယစ်ဆေးဟူသမျှ အရက်သေစာ= သုရာမေရယလို့ခေါ်ပါတယ်။ ထိုအရက်သေစာ စသော မူးယစ်ဆေးသောက်သုံးမှီဝဲခြင်းသည် သောက်သုံးသူကိုဖြစ်စေ၊ သောက်သုံးသူနှင့်ဆက်စပ်နေသူကိုဖြစ်စေ၊ နှစ်ဦးစလုံးကိုဖြစ်စေ၊ အကျိုးပျက်ပြားစေသောကြောင့် အပြစ်ရှိသော အမှုဖြစ်၍ မကောင်းမှုအကုသိုလ်ဖြစ်ပါတယ်။ အရက်သေစာ သောက်သုံးသူသည် အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ခွဲခြားတတ်သော အသိဥာဏ် ကင်းနေသဖြင့် အဆိုးအရွားဆုံးဖြစ်သော မကောင်းမှုကိုပင် ကျူးလွန်းမိတတ်ပါတယ်။ ဆိုလိုတာက အရက်သေစာ သောက်စားမူးရစ်နေသူက ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဆိုတဲ့ အနန္တောအနန္တငါးပါးဆိုတာကိုလည်းမသိပါ။ အစ်ကို၊ ညီ၊ အစ်မ၊ ...

မုသာဝါဒကံအကြောင်း

Image
ဒီသိက္ခာပုဒ်က အားလုံးသိတဲ့အတိုင်း ငါးပါးသီလရဲ့ စတုတ္ထမြောက် သိက္ခာပုဒ်ပါ။ မုသာဝါဒဆိုတာက သူတစ်ပါး အကျိုးစီးပွားကို ထိခိုက် ပျက်ပြားစေသော လိမ်ညာမှု လှည့်ပတ်မှုကို မုသာဝါဒလို့ခေါ်တာပါ။ နှုတ်နဲ့မပြောပဲ ကိုယ်အမူရာနဲ့ လိမ်ညာလို့ သူတစ်ပါး အကျိုးစီးပွားလည်းပျက်မည်ဆိုပါက မုသာဝါဒပင်ဖြစ်ပါတယ်။ သူတစ်ပါးအကျိုးစီးပွားကို မထိခိုက်စေပဲ တစ်စုံတစ်ရာ ကောင်းကျိုးရစေလိုပြီး၊ တစ်ဖက်အမှားကိုသိစေလို၍ ပရိယာယ်သုံးခြင်းသည်၊ ဆိုးကျိုးရစေလို၍ ပြောခြင်းမျိုးမဟုတ်သဖြင့် မုသာဝါဒ ကံမမြောက်ဘူးလို့ပြောရမှာပါ။(ဥပမာ) မြတ်စွာဘုရားရှင်က ညီနော်နန္ဒမင်းသားအား အရဟတ္တမဂ်တည်းဟူသော တရားထူးကို ရစေလိုသောကြောင့်၊ (သို့မဟုတ်) ညီနော်နန္ဒမင်းသားရဲ့ စရိုက်ကို သုံးသပ်တော်မူပြီး ထိုစရိုက်နဲ့ကိုက်ညီမယ့် ကမ္မဋ္ဌာန်းကိုပေးခြင်း၊ (သို့မဟုတ်) ဇနပဒကလျာနီတည်းဟူသော အချောအလှနှမတော်ကိုစွဲလန်းနေခြင်းကြောင့် သာသနာတော်ကနေ လူထွက်ဖို့ကြိုးစားနေတဲ့ နန္ဒမင်းသားကို တရားထူးရစေလိုသောကြောင့် ပရိယာယ်သုံးပြီး တရားကျင့်ခိုင်းဖူးပါတယ်။ ဒါကိုထောက်ဆကြည့်ရင် သူတစ်ပါးကောင်းကျိုးဖြစ်စေမယ့် ပရိယာယ်မျိုးကျတော့ မုသာဝါဒကံမမြောက်ဘူးဆိုတာကိုသိစေချင်တာပါ။ ရယ်မြူးလို၍ ပြောဆိုပြုမူခြင်းမျ...

ကာမေသုမိစ္ဆာစာရကံအကြောင်း

Image
ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်က ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်များ ဆောက်တည်နေကျဖြစ်တဲ့ ငါးပါးသီလထဲမှ တတိယမြောက်သိက္ခာပုဒ်ပါ။ ဒီသီလမှာလည်း ရှောင်ကြဉ်လျှင် ရနိုင်မယ့်ကောင်းကျိုးတရား၊ ကျူးလွန်လျှင် ခံစားရမယ့် ဆိုးကျိုးတရား အကောင်းနဲ့အဆိုး အဖြူနဲ့အမည်း ဒွန်တွဲနေသလို သိက္ခာပုဒ်တစ်ခုမှာ ရှောင်ကြဉ်ခြင်း၊ ကျူးလွန်းခြင်း၊ ထိုထိုသော အကြောင်းတရားများကြောင့် ကောင်းကျိုး ဆိုးကျိုးများရှိနေပါတယ်။ ယောက်ျားများသည် မိမိရဲ့ ဇနီးမှတစ်ပါး အခြားသော ပိုင်ဆိုင်သူ အုပ်ထိန်းသူ ရှိသည့် မိန်းမတို့နှင့် ပျော်ပါးလျှင် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း (ကာမေသု မိစ္ဆာစာရ)ဖြစ်ပါတယ်။ မိန်းမများသည်လည်း မိမိ၏ ခင်ပွန်းမှ တပါး အခြားသော ယောင်္ကျားတို့နှင့် ပျော်ပါးလျှင် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း (ကာမေသုမိစ္ဆာစာရ) ဖြစ်ပါတယ်။ ထိုကာမေသုမိစ္ဆာစာရကို လွန်ကျူးသူသည် (၁)။ အပါယ်လေးဘုံတို့သို့လားရောက်ရခြင်း။ (၂)။ မိန်းမဖြစ်ရခြင်း။ (၃)။ နပုံပဏ္ဍုက်ဖြစ်ရခြင်း။ (၄)။ အများ အမုန်းခံရခြင်း။ (၅)။ ရန်သူများခြင်း။ (၆)။ စိုးရိမ်ကြောင့်ကြ များရခြင်း။ (၇)။ ချမ်းချမ်းသာသာ မနေရခြင်း။ (၈)။ ချစ်သူနှင့် ကွဲရခြင်း။ (၉)။ မျက်နှာ မကြည်မလင် မရွှင်ပြခြင်း စသေ...

ဘုရားဂုဏ်တော်ပွားနည်း

Image
ဘုရားဂုဏ်တော်လေးတွေ ပွားတတ်ဖို့ ပြောပေးမယ်။ ၁။ အရဟံ- အထူးအပူဇော်ခံထိုက်တဲ့ ဘုရားရှင်၊ အရ ဟံ- ကိလေသာကင်းတော်မူတဲ့ ဘုရားရှင်၊ အ ရဟံ- ဆိတ်ကွယ်ရာမှာပင်ဖြစ်သော်လဲ မကောင်းမှုကို ပြုတော်မမူတဲ့ ဘုရားရှင်။ ဒီလို သိလိုက်ရင် ကိလေသာကင်းနေတာနဲ့ ပူဇော်ထိုက်လှပါပြီ၊ ဒို့ ပုထုဇဉ်တွေဆိုတာ မမြင်ကွယ်ရာမှာ မကောင်းမှု လစ်ရင် လစ်သလိုပြုတတ်ကြတယ်၊ ဘုရားရှင်မှာတော့ ဘယ်နေရာမျိုးမှာမှ မကောင်းမှု ပြုလေ့မရှိတော့ဘူးဆိုတာ မှန်းဆကြည်ညိုလိုက်ပါ။ ၂။ သမ္မာသမဗုဒ္ဓေါ- သစ္စာတရားကို ကိုယ်တော်တိုင် သိတော်မူတဲ့ ဘုရားရှင်။ သူများပြောပြ ဟောပြလို့ သိတာမဟုတ်ဘူး။ ကိုယ်တော်တိုင် အားထုတ်လို့ သိတော်မူတာဟာ ဘုရားရှင်ရဲ့ ထူးမြတ်တဲ့ ဂုဏ်တော်ပါပဲ။ ၃။ ၀ိဇ္ဇာစရဏသမ္ပန္နော- အသိတရား အကျင့်တရားနဲ့ ပြည့်စုံတော်မူတဲ့ဘုရားရှင်။ ၀ိဇ္ဇာ(၃)ပါး စရဏတရား (၁၅)ပါးနဲ့ ပြည့်စုံတော်မူတယ်ဆိုတာ ကြည်ညိုလိုက်ပါ။ ၄။ သုဂတော- စကားကောင်းကိုသာ ဆိုတော်မူတတ်တဲ့ဘုရားရှင်။ အပြစ်အနာအဆာ ကင်း၊ ထိခိုက်နစ်နာမှုကင်းတဲ့ တရားတော်တွေကိုသာ ဟောတော်မူတဲ့ဘုရားရှင်ကို ကြည်ညိုလိုက်ပါ။ ၅။ လောက၀ိဒူ- လောကအကြောင်း ကောင်းကောင်းသိတော်မူတဲ့ဘုရားရှင်။ သတ္တလောကအကြောင်း သင်္ခါရေ...

အဒိန္နာဒါနကံ အကြောင်း

Image
အဒိန္နာဒါန ဆိုတာ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်များ နေ့စဉ်စောင့်ထိန်းနေကျ ငါးပါးသီလရဲ့ ဒုတိယမြောက်သိက္ခာပုဒ်ဖြစ်ပါတယ်။ မြန်မာလိုရှင်းရှင်းလေးပြောရရင် အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ရတဲ့သိက္ခာပုဒ်ပါ။ ရှောင်ကြဉ်ရင်ကောင်းကျိုးရမယ်။ လွန်ကျူးရင် ဆိုးကျိုးရမယ်။ လွန်ကျူးလို့ရမယ့် အကျိုးတရား (၆)ပါးရှိပါတယ်။ ပိုင်ရှင်က ကြည်ဖြူစွာမပေးသော ပစ္စည်းကိုခိုးယူခြင်း၊ တိုက်ယူခြင်း၊ နှိုက်ယူခြင်း၊ အကြပ်ကိုင်ပြီးယူခြင်း၊ ပရိယာယ် တစ်မျိုးမျိုးဖြင့် လှည့်ပတ်ပြီးယူခြင်း စတဲ့ အချက်တွေဟာ အဒိန္ဒာဒါန- သူတစ်ပါးဥစ္စာပစ္စည်းကို မတရားယူခြင်းမည်ပါတယ်။ အဲလို အဒိန္နာဒါနကိုလွန်ကျူးရင် (၁)။ အပါယ် ဒုဂ္ဂတိဘဝ သို့ရောက်ရှိရခြင်း။ (၂)။ ဆင်းရဲ မွဲတေခြင်း၊ (၃)။ ပစ္စည်းရအောင်မရှာနိုင်ခြင်း။ (၄)။ ရှိသမျှပစ္စည်း မတည်တံ့ခြင်း။ (၅)။ လိုအပ်သော ပစ္စည်း မရနိုင်ခြင်း။ (၆)။ ဆင်းဆင်းရဲရဲ နေရခြင်း စသော ဆိုးကျိုးများကို ရစေနိုင်ပါတယ်။ အဒိန္နာဒါန၏အင်္ဂါများ (၁) ပရသန္တက - သူတစ်ပါးဥစ္စာဖြစ်ခြင်း၊ (၂) တထာသညာ - သူတစ်ပါးဥစ္စာဟုမှတ်ထင်ခြင်း၊ (၃) ထေယျစိတ္တ - ခိုးလိုသောစိတ်ရှိခြင်း၊ (၄) ဥပက္ကမ - ခိုးရန်လုံ့လပြုခြင်း၊ (၅) ထေနဟာရ ...

အမှတ်မထင် ပြုမိတတ်သည့်ကံက ပေးတဲ့ဆိုးကျိုး

Image
လူသည် ပျော်ချင်၏။ ပျော်တတ်၏။ နောက်ချင် ပြောင်ချင်စိတ်ရှိ၏။ တစ်ခါတစ်ရံ သူတစ်ပါး ဒုက္ခရောက်နေသည်ကိုပင် ပျော်စရာဟုထင်မှတ်ကာ တဝါးဝါး တဟားဟားရယ်မောချင်တတ်၏။ တစ်ခါတစ်ရံတွင် ရယ်မောရုံမျှမကပဲ ဒုက္ခရောက်နေသူကိုပင် သရော် ပြောင်လှောင်မိတတ်ကြ၏။ ထိုအပြုအမူများသည် အမှတ်မထင် ပြုမိတတ်သည့် အကုသိုလ်ကံများပင် ဖြစ်သည်။ ထိုကံများကြောင့် ရရှိသည့် ဆိုးကျိုးတရား များမှာလည်း မသေးလှပေ။ ကိုယ်တိုင်ကြုံတွေ့ဖူးတဲ့ အဖြစ်ပျက်လေးတစ်ခုကိုသတိရမိပါတယ်။ အဲဒါဘာလဲလို့ဆိုတော့ ဦးဇင်းတို့ နိုင်ငံခြားပညာသင်မထွက်ခင် စာသင်တိုက်တစ်ခုမှာ နေစဉ်အခါက စကားထစ်တဲ့ ဦးဇင်းတစ်ပါးနှင့်တွေ့ဆုံဖူးပါတယ်။ အဲဒီဦးဇင်းရဲ့ဆွမ်းခံအိမ်က ဒကာကြီးတစ်ယောက်က စကားထစ်တဲ့ဦးဇင်းကို နောက်ချင်စိတ်နဲ့ အဲဒီဦးဇင်းလိုပဲ စကားထစ်အောင် ပြောင်ပြီးပြောပါတယ်။ တစ်နှစ်နီးပါးလောက်ကြာလာတော့ စကားထစ်တဲ့ ဦးဇင်းက စကားမထစ်တော့ပဲ ပြောင်လှောင်မိတဲ့ ဒကာကြီးမှာ စကားထစ်တဲ့ အကျိုးကိုလက်တွေ့ခံစားရလိုက်ပါတယ်။ ဒါက အမှတ်မထင်ပြုမိလိုက်တဲ့ အကုသိုလ်ကံရဲ့ဆိုးကျိုးလေးတစ်ခုပါ။ နောက်တစ်ခုကျတော့ လမ်းလျှောက်လျှင် မွေးရာပါ ခြေထောက်ထော့နဲ့နဲ့ ရောဂါဝေဒနာကိုခံစားနေရတဲ့ ဦးဇင်း...

ပါဏာတိပါတကံ၏ ဆိုးကျိုးများ

Image
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ (သတ္တဝါ၏ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ပါ၏)တဲ့။ ဒါက ဦးဇင်းတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ စောင့်ထိန်းနေကြဖြစ်တဲ့ ငါးပါးသီလရဲ့ ပထမဆုံး သီလဖြစ်ပါတယ်။ သတ္တဝါ၏ အသတ်ကို သတ်ခြင်းမှ ရှောင်ကြဉ်တယ်ဆိုရင် ပါဏာတိပါတ ကံလုံခြုံတယ်ပေါ့။ သတ္တဝါရဲ့ အသတ်ကို သတ်လိုက်ရင် ပါဏာတိပါတကံကို ကျူးလွန်တာပါ။ ပါဏာတိပါတကံကို ကျူးလွန်လိုက်ရင် အောက်ပါဆိုးကျိုးတွေကို ရရှိစေပါတယ်။ (၁)။ အသက်တိုခြင်း။ (၂)။ အနာရောဂါထူပေါခြင်း။ (၃)။ အင်အားဆုတ်ယုတ်ခြင်း။ (၄)။ ကြောက်ရွံ့တတ်ခြင်း။ (၅)။ စိုးရိမ် ပူဆွေးစိတ် များခြင်း။ (၆)။ သူတစ်ပါး အနှိပ်စက်ခံရခြင်း၊ (၇)။ သူတစ်ပါးသတ်လို့သေရခြင်း။ (၈)။ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း။ (၉)။ ကိုယ်လုံးကိုယ်ထည်အချိုးမကျခြင်း။ (၁၀)။ ချစ်သူတို့နှင့်ကွဲကွာရခြင်း- စသော ဆိုးကျိုးများကို ရတတ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးသူ၊ ကျန်းမာရေး မကြာခဏမကောင်းပဲ အနာရောဂါထူပြောသူ၊ အားအင်ယိုယွင်းပြီး ချည့်နဲ့နေသူ၊ ဘေးရန်တစ်ခုခုပေါ်ပေါက်လာလျှင် အလွန်အမင်းကြောက်ရွံ့တတ်သူ၊ စိုးရိမ် ပူပန်မှုများတတ်တဲ့သူ၊ သူတပါးရဲ့နှိပ်စက်ခြင်းကို ခံနေရသူ၊ သူတစ်ပါးသတ်လို့သေခြင်း၊ မိမိကိုယ်မိမ...

သည်ဘ၀ကံကြောင့် သည်ဘ၀ခံ

Image
ကောင်းမှုကံ၊ မကောင်းမှုကံ တို့၏ သဘောမှာ ရှေးဘဝက ပြုခဲ့သော ကံကြောင့် ယခုဘဝမှာ အကျိုးခံစားရတာလည်းရှိပါတယ်။ ယခုဘဝ ပြုလိုက်သော ကံကြောင့် ယခုဘဝမှာပင် ချက်ချင်း အကျိုးခံစားရတာလည်းရှိပါတယ်။ ဆိုလိုတာက အတိတ်ဘဝမှာ ပြုလုပ်ခဲ့တဲ့ကောင်းကံ မကောင်းကံကြောင့် ယခုဘဝမှာ ကောင်းကျိုး၊ မကောင်းကျိုးခံရတာရှိသလို၊ ယခုဘဝပြုလုပ်လိုက်တဲ့ကံကြောင့် ယခုဘဝမှာပင်လျှင်ချက်ချင်းအကျိုးပေးတာမျိုးရှိပါတယ်။ မြတ်စွာဘုရားလက်ထက်တော်အခါကရှိပါတယ်။ မဟာဒုတ် ဇနီးမောင်နှံတို့ဆို မြတ်စွာဘုရားကို ဆွမ်းကပ်လိုက်တဲ့ ကုသိုလ်ကံကြောင့်ချက်ချင်း ဆိုသလိုပင် ဆင်းရဲသားဘဝကနေ ချမ်းသာတဲ့ဘဝကိုရောက်ခဲ့ရသလို၊ စိဉ္စမာန မိန်းမယုတ်ဆိုရင်လည်း မြတ်စွာဘုရားကို စွပ်စွဲကဲ့ရဲ့လိုက်တဲ့ အကုသိုလ်ကြောင့် နောက်ဘဝမခြားပဲ အဲဒီဘဝမှာတင် မြေမြိုပြီး ငရဲကျရောက်သွားတာမျိုးပေါ့လေ။ ဒါက ဥပမာပေးတစ်ခုပါ။ ပြောချင်တာက ကောင်းမှုကံ၊ မကောင်းမှုကံတို့၏ သဘောမှာ ရှေးဘဝက ပြုခဲ့တဲ့ကံကြောင့် ယခုဘဝမှာလည်း အကျိုးတရားကိုခံစားရသလို၊ ယခုဘဝပြုလုပ်လိုက်တဲ့ ကံကြောင့် နောက်ဘဝမခြားပဲ ယခုဘဝမှာပင် ချက်ချင်း အကျိုးပေးတာမျိုးရှိတယ်ဆိုတာကို ပြောပြချင်တာပါ။ မြတ်စွာဘုရားလက်ထက်တော်အခါက "ကောက"လ...

ကိုယ်ကျင့်သီလသည် အသက်ထက်တန်ဘိုးကြီးသည်

Image
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ နေ့စဉ် ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သီလ ငါးပါးရှိပါတယ်။ ဥပုသ်နေ့များမှာ ဆိုရင်တော့ သုံးပါး ထပ်ထည့်ပြီး ရှစ်ပါးသီလ၊ ထိုမှ နောက်ထပ်တစ်ပါးတိုးပြီး ကိုးပါးသီလ စောင့်ထိန်းနေကြပါတယ်။ မည်သို့ပင်ဖြစ်စေ မိမိစောင့်ထိန်းနေသော သီလအကြောင်းကို ကောင်းကောင်းသိထားဖို့ အကျယ်တဝင့်သိထားဖို့တော့လိုပါတယ်။ အကျဉ်းမျှကိုတော့ အားလုံး သိထားပြီးပြီလို့ထင်ပါတယ်။ ဒီမှာ သီလစောင့်ထိန်းခြင်းကြောင့် ရနိုင်မယ့် အကျိုးတရား၊ သီလ ချွတ်ယွင်းခြင်းကြောင့် ခံစားရမယ့် အပြစ်တရားများကို ပြောပြချင်ပါတယ်။ သိပြီးသူများအတွက်ထား၊ မသိသေးသောသူများအတွက်ဖြစ်ပါတယ်။ ကိုယ်အပြုအမူ၊ နှုတ်အပြောအဆို အပြစ်ကင်းအောင် ကိုယ်နှင့်နှုတ်(ကာယကံနှင့်ဝစီကံ)ကို စောင့်စည်း ထိန်းသိမ်းခြင်းကိုသီလလို့ခေါ်တာပါ။ သီလသည် ကုသိုလ်တရားအားလုံးရဲ့ တည်ရာ မှီရာဖြစ်ပါတယ်။ သီလတရားသည် လောဘနှင့်ဒေါသတရားကိုပယ်ပါတယ်။ ဒါနပြုတဲ့အခါမှာ သီလစင်ကြယ်ရပါတယ်။ ဒါမှသာ အကျိုးပေးကောင်းတာပါ။ သမထ၊ ဝိပဿနာ အားထုတ်ရင်လည်း သီလကိုပယ်လို့မရပါဘူး၊ သီလစင်ကြယ်ရပါတယ်။ သီလ၊ သမာဓိ၊ ပညာဆိုပြီး အစဉ်တိုင်းသွားပါတယ်။ သီလစင်ကြယ်မှ သမာဓိဖြစ်ပါတယ်။ သီလမစင်ကြယ်ရင် သမာဓိမ...

ကူးစက်ခြင်း

Image
ကျည်တောက်ထဲ၌ အဆိပ်လူးထားသော မြှားတံနှင့် အဆိပ်မလူးထားသော မြှားတံကို ရောပြီးထားလေသော် အဆိပ်လူးသော မြှားတံချည်းဖြစ်ကုန်လေရာ၏။ ငါးအပုပ်ထုပ်ထားသော ဖတ်ရွတ်သည် ငါးပုပ်နံ့စွဲကာ ဖက်ရွတ်ပုပ် ဖြစ်ရလေ၏။ စံပယ်ပန်း၊ ကြက်ရုန်းပန်း ထုပ်ထားသော ဖက်ရွက်မှာမူ မွှေးရနံ့စွဲကာ ဖက်ရွက်မွှေး ဖြစ်ရလေ၏။ ဤသည်မှာ လူမိုက်၊ လူဆိုး လူယုတ်မာတို့နှင့် ပေါင်းသင်းနှီးနှောမှု မပြုလေနှင့်။ ပညာရှိသူတော်ကောင်းနှင့် ပေါင်းသင်းနှီးနှောပါလေ ဟူသော မင်္ဂလာတရားတော်ကို ပိုမိုသိသာ မြင်သာစေသည့် မြတ်စွာဘုရားရှင်၏ အဆုံးအမ လမ်းညွှန်များ ဖြစ်လေသည်။ လူ့လောက ရပ်ထဲရွာထဲ လူသူထဲ၌ လူအမျိုးမျိုး စရိုက်အမျိုး ရှိနေကြပါတယ်။ တစ်ချို့သော သူများက တရားဥပဒေနှင့်အညီ၊ စည်းကမ်းရှိရှိ နေထိုင်ကြပါတယ်။ ရပ်ရေး၊ ရွာရေး၊ လူမှုရေး အများအကျိုးပြုလုပ်ငန်း(ပရဟိတ) စသည်တို့တွင် ရေသာမခို တစ်ကိုယ်ကောင်း မဆန် ကိုယ်ကျိုးမဖက်ဘဲ ပါဝင်လုပ်ကိုင်ဆောင်ရွတ်နေကြပါတယ်။ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို စင်ကြယ်သော သဒ္ဓါ၊ မှန်ကန်သော ပညာ တို့ဖြင့် ယုံကြည် ကိုးကွယ်ဆည်းကပ် သိမှတ်ခြင်းရှိပြီး ဒါနကောင်းမှုကုသိုလ်၊ သီလကောင်းမှုကုသိုလ်၊ ဘာဝနာကောင်းမှုကုသိုလ်၊ ထို ဒါန သီလ ဘာဝ...

မေတ္တာအကျိုး (၁၁)မျိုး

Image
Elephantar Cave, a few dozen kilometers away from Mumbai ဗုဒ္ဓဘာသာဝင်များ နေ့စဉ် ညစဉ်ရွတ်ဆိုနေတဲ့ တစ်နည်းပြောရရင် ဗုဒ္ဓဘာသာဝင်တိုင်း အရွတ်များတဲ့ ပရိတ်ကြီး(၁၁)သုတ်ထဲက မေတ္တာသုတ်ပဲဖြစ်ပါတယ်။ အဲဒီမေတ္တာသုတ်ရွတ်ဆိုခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး ရန်သူပင်ဖြစ်လင့်ကစား အငြိုးတရားတွေ၊ မကောင်းတဲ့ အာဃာတတရားတွေ ပြေပျောက်စေပါတယ်။ မိမိအပေါ်အလွန်မုန်းနေတဲ့ရန်သူပင် ဖြစ်စေကာမူ သူ့ကို အာရုံပြုပြီး မေတ္တာသုတ်ကို ရွတ်မည်ဆိုပါက ထိုရန်သူပင် အမုန်းတရားတွေပြေပျောက်ကာ မေတ္တာဓာတ်တွေ ပေါက်လာပြီး အချင်းချင်း မိတ်ဆွေဖြစ်သည်အထိ အေးချမ်းမှုကို ပေစွမ်းနိုင်ပါတယ်။ ထို့ထက်ပိုသောအကျိုးတရားများစွာလည်း ရှိပါသေးတယ်။ ဒါဖြစ်ရင် မေတ္တာသုတ်ရွတ်ဆိုခြင်းကြောင့် နောက်ထပ် ဘယ်လို အကျိုးတရားတွေရနိုင်မလဲ? မေတ္တာသုတ်ရွတ်ဆိုခြင်းကြောင့် အကျိုး (၁၁)မျိုးကိုရစေနိုင်ပါတယ်။ ဒါကို မေတ္တာအကျိုး (၁၁)မျိုးလို့ လူသိများပါတယ်။ မေတ္တာအကျိုး (၁၁)မျိုးကတော့- ၁။ ချမ်းသာစွာ အိပ်ရတယ်။ ၂။ ချမ်းသာစွာနိုးရတယ်။ ၃။ အိပ်မက်ဆိုးတွေ မက်ခြင်းမှ ကင်းဝေးတယ်။ ၄။ နတ်များရဲ့စောင့်ရှောက်ခြင်းကိုခံရပါတယ်။ ၅။ လူတွေရဲ့ ချစ်ခင်မှုကို ခံရပါတယ်။ ...

ဆန်ချီဘုရားဖူးခရီးစဉ် မှတ်တမ်း (၇)

Image
ဆန်ချီစေတီတော်ငယ်ပုံ ဆန်ချီစေတီတော်ကို သုံးပတ်တိတိ လက်ယာရစ်လှည့်ပတ်ပူဇော်ခဲ့ပါတယ်။ အပြင်ကတစ်ပတ်၊ အတွင်းက တစ်ပတ်၊ အထက်ပစ္စယာပေါ်ကတစ်ပတ်ပေါ့။ ပြီးတာနဲ့ ဘုရားရှိခိုးတယ်။ ပြီးနောက် ဘေးပတ်ဝန်းကျင်တွေ လှည့်ပတ်ကြည့်ကြတယ်။ ဘေးမှာ ကျိုးပဲ့ပျက်စီးနေတဲ့ အသောကကျောက်တိုင် အပိုင်းအစများ၊ ကျောင်းဟောင်း အဆော်ကအဦပျက်များ၊ စေတီငယ်အပျက်အစီးများ၊ ဓမ္မာရုံဟောင်းနေရာက တိုင်များစသည်ဖြင့် များစွာတွေ့ရပါတယ်။ ဆန်ချီစေတီကြီးနဲ့ မျက်စောင်းထိုးလောက်မှာ ဆန်ချီစေတီငယ်တစ်ဆူကိုလဲ ဖူးတွေ့ရမှာဖြစ်ပါတယ်။ အကြီးက ထီးသုံးဆင့်၊ အငယ်က ထီးတစ်ဆင့်နဲ့ တွေ့ရမှာဖြစ်ပါတယ်။ ဓမ္မာရုံဟောင်းပုံ စေတီငယ်အပျက်အစီးများ စေတီတော်ကြီးနောက်ခံထား၍ အသောကကျောက်စာတိုင်အကျိုးအပဲ့များ အသောကကျောက်စာတိုင်အကျိုးအပဲ့များ ဘာပုံလဲတော့မသိ ဆန်ချီစေတီတော်ရဲ့ ဒီဇိုင်းကို ယူပြီးတည်ထားခဲ့တဲ့ စေတီတော်၊ သို့မဟုတ် ဆန်ချီစေတီဒီဇိုင်းနဲ့ ခပ်ဆင်ဆင်စေတီတော်အဖြစ် မဟာပရနိဗ္ဗာန်ပြုတော်မူရာ ကုသိနာရုံမှာ တွေ့ရတဲ့စေတီတော်ကိုလဲ သတိထားမိလိုက်တယ်။ သူနဲ့တစ်ခေတ်တည်းလား၊ သို့မဟုတ် သူ့ထက်နောက်ကျလေသည်လား၊ ရှေးကျလေသည်လားဆိုတာကိုတော့ သမိုင်...

ဆန်ချီဘုရားဖူးခရီစဉ် မှတ်တမ်း (၆)

Image
လမ်းပေါ်က ဖြစ်စဉ်ကို ခေတ္တငေးကြည့်နေဖြစ်ကြတယ်။ စပ်မိစပ်ရာတွေလဲ ပြောဖြစ်ကြတယ်။ ပရာထားကလဲ ပူ၊ နွားနို့ကလဲ ပူတော့ မြန်မြန်လဲ စားလို့ မရ၊ မြန်မြန်လဲ သောက်လို့မရ။ ဒါကြောင့် အချိန်ယူစားနေကြရတာပေါ့။ ဇိမ်ခံစားတာတော့မဟုတ်ပါဘူး။ အာရုံပြီးတာနဲ့ ခရီးဆက်ထွက်ခဲ့ကြတယ်။ လမ်းတွေကလဲ ဘိုပါးမြို့ထဲလောက်သာ ဆိုးတယ်၊ ဒီလမ်းမကြီးတွေကတော့ တော်တော်ကောင်းပါတယ်။ အိစက်ညက်ညော ချောမွေ့လှပါတယ်။ ကားစီးရင်း လမ်းဘေးဝဲယာ ရှုခင်းများကို စိတ်ဝင်တစား ကြည့်ဖြစ်တယ်။ စိမ်းစိုတဲ့ သဘာဝ စိုက်ခင်းများ၊ သဘာဝသစ်ပင်များ၊ သဘာဝတောင်တန်းများ တစ်ရိပ်ရိပ်ရွေ့လျား ဖြစ်ပျက်အလား ပေါ်လိုက်ပျောက်လိုက် ချာလည်လိုက်နေတဲ့ သဘာဝအလှတရားတွေကို ငေးကြည့်နေရသည်မှာလဲ အဓိပ္ပါယ်မဲ့သယောင်ထင်ရပေမယ့် အလွန်ထူးခြားတဲ့ခံစားမှုအသစ်အသစ်တို့ ဖြစ်တည်လို့လာတယ်လေ။ ညို့ညို့မှိုင်းမှိုင်း သစ်ပင်တွေ အုပ်ဆိုင်းနေတဲ့ တောင်ပြာတန်းတွေကို လှမ်းမြင်နေရတဲ့အခါမျိုးမှာ ဒီလိုနေရာလေးတွေမှာ နေလိုက်ရမယ်ဆိုရင် ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲ၊ လန်ဆန်းလတ်ဆပ်တဲ့ သဘာဝလေသန့်၊ သဘာဝမြင်ကွင်းတွေကြားမှာ နေလိုက်ရရင်- လို့ အတွေးတစ်ချက်တစ်ချက် ဖြတ်ဖြတ်ဝင်လာခဲ့သေး။ တကယ်နေပါလားဆိုရင်...

ဆန်ချီဘုရားဖူးခရီးစဉ် မှတ်တမ်း (၅)

Image
ဆန်ချီစေတီဟာ Madhya Pradesh ပြည်နယ်၊ ဘိုပါးမြို့နဲ့ (၄၆)ကီလိုမီတာအကွာ Raisen District မှာရှိတဲ့ တောင်ထိပ်တည့်တည့်မှာ တည်ထားတဲ့စေတီတစ်ဆူပါ။ စေတီတော်အမြင့် (၉၁)မီတာရှိပါတယ်။ စေတီတော်ကို ကျောက်အုတ်များနဲ့ တည်ထားတာဖြစ်ပါတယ်။ တောင်ကုန်းထိပ်မှာ တည်ထားတာဖြစ်တဲ့အတွက် အဝေးကနေ လှမ်း၍ဖူးမြော်နိုင်သောစေတီတစ်ဆူလဲဖြစ်ပါတယ်။ စိမ်းစိုညို့မှိုင်း အုပ်အုပ်ဆိုင်းနေတဲ့သစ်ပင်တွေကြားမှာ ထီးထီးထင်ထင် လှမ်းမြင်နေရသည်ကပင် အလွန်ကျက်သရေရှိ မြင်လိုက်ရသည်နှင့် ပီတိဖြစ်စေနိုင်စွမ်းလှတယ်လေ။ ဆန်ချီစေတီဝန်းကျင် ဗုဒ္ဓဘာသာဗိသုကာပညာရပ်ဝန်းနှင့်ပတ်သက်၍ လွန်ခဲ့တဲ့ 3 rd Century BC ကနေ 12 th Century AD အတွင်း ထွန်းကားခဲ့တဲ့ လက်ရာများဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ ဆန်ချီစေတီအကြောင်းကို သီရိလင်္ကာရေး မဟာဝံသနှင့် ဒီပ၀ံသကျမ်းစာများမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အသောကမင်းကြီး (273-236 BC) ဘုရင်မဖြစ်ခင်က ဥဇ္ဇေနီ (ဥဇ္ဇယနိ) (modern Ujjain) ပြည်ကို စစ်အောင်ပြီး အပြန်လမ်းမှာ တပ်စခန်းချနားနေစဉ် ၀ိဒိသာမြို့ (modern Vidisha) ကုန်သည်သမီး ဒေ၀ီနဲ့ လက်ထပ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာတဲ့အခါ သူ့သားတော် မဟိန္ဒဟာ သူ...