Posts

Showing posts from October, 2025

The Truth of the Origin of Suffering (Samudayasaccā) (Part 1)

Image
If we break down the word "samudaya" into its components—san, u, aya—then san means 'to gather or accumulate', u means 'to arise or originate', and aya means 'cause or condition'. Thus, the 'cause that accumulates and brings about existence' is samudaya. Saccā means 'truth'. Therefore, samudayasaccā means 'the truth of the cause that accumulates and brings about existence'. According to the Abhidhammattha Sangaha text: "Taṇhā samudayo bhave" — Craving is the origin of becoming. This states that craving (taṇhā) is the Truth of Origin. According to the Dhammacakkappavattana Sutta, the three types of craving—kāma-taṇhā (craving for sensual pleasures), bhava-taṇhā (craving for existence), and vibhava-taṇhā (craving for non-existence)—constitute the Truth of Origin. · Kāma-taṇhā is the craving for and delight in the five strands of sensual pleasure. · Bhava-taṇhā is the craving for and delight in the existence one has a...

သမုဒယသစ္စာ (၁)

Image
သမုဒယ-ကို သံ + ဥ + အယ- လို့ ပုဒ်ခွဲလိုက်လျှင် သံ-က ပေါင်းစု၍။ ဥ-က ဖြစ်တာ။ အယ-က အကြောင်းတရား။ ပေါင်းစု၍ ဖြစ်နေတဲ့ အကြောင်းတရားဟာ သမုဒယပါပဲ။ သစ္စာ-က အမှန်တရား။ ဒါကြောင့် သမုဒယသစ္စာ-ဆိုတာ ပေါင်းစု၍ ဖြစ်နေတဲ့ အကြောင်း အမှန်တရား လို့ အဓိပ္ပါယ်ရတယ်။ အဘိဓမ္မတ္ထသင်္ဂဟကျမ်းအလို- တဏှာ သမုဒယော ဘဝေ။ တဏှာဟာ သမုဒယသစ္စာလို့ ဆိုပါတယ်။ ဓမ္မစက္ကပဝတ္တနသုတ္တန်အလို ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ ဆိုတဲ့ တဏှာသုံးပါးဟာ သမုဒယသစ္စာပါပဲ။ ကာမဂုဏ်ငါးပါးကို သာယာတဲ့တဏှာက ကာမတဏှာ၊ ဖြစ်နေတဲ့ဘဝအပေါ်မှာ သာယာတဲ့ တဏှာက ဘဝတဏှာ။ ဘဝပြတ်စဲတာ ဘဝမရှိမှ အေးမယ်လို့ ထင်ပြီး ဘဝပြတ်စဲမှုအပေါ်မှာ သာယာတဲ့ တဏှာက ဝိဘဝတဏှာပါပဲ။ ကာမဂုဏ်အာရုံငါးပါးအပေါ်မှာ သာယာတော့ ကာမတဏှာဖြစ်တယ်။ ဒီလို သာယာမှုတွေ ဖြစ်တယ်ဆိုတာ ငါစွဲ သက္ကာယဒိဋ္ဌိခံနေလို့ပါ။ ပုဂ္ဂိုလ်စွဲ သတ္တဝါစွဲ ငါစွဲ သူစွဲ ယောကျ်ားစွဲ မိန်းမစွဲ စသည့် သက္ကာယဒိဋ္ဌိရှိနေရင် ရုပ်နာမ်အပေါ် အမှန်မြင်နိုင်တဲ့ ဉာဏ်မဝင်နိုင်တော့ပါဘူး။ ပရမတ်ကို ဖောက်ထွင်းမြင်နိုင်တဲ့ ဉာဏ်မဝင်ဘဲ ပညတ်အပေါ်မှာ သောင်တင်ပြီး ငါထင် သူထင် ယောက်ျားထင် မိန်းမထင် ဒီအထင်မှားက သက္ကာယဒိဋ္ဌိပါ။ ဒီလို သက္ကာယဒိဋ္ဌိနဲ့ ငြိစွန်းနေသမျ...