Posts

Showing posts from 2025

Conditioned by volitional formations, consciousness arises. (Part 3)

Image
If one strives to attain the rūpāvacara jhānas (fine-material sphere absorptions), rūpa kusala sankhāras (meritorious volitional formations pertaining to the fine-material sphere) arise. From these meritorious formations, the five types of rūpāvacara vipāka viññāṇa (resultant consciousness pertaining to the fine-material sphere) will arise. The rebirth-linking consciousness (paṭisandhi-citta) occurs with one suitable type from these five, and one becomes a Great Brahma God in the fine-material sphere. If one dies with a first rūpāvacara jhāna kusala citta (meritorious first jhāna consciousness), that kusala consciousness causes the arising of the first jhāna vipāka citta (resultant consciousness), and one is reborn as a Brahma in the three realms of the first jhāna. The resultant consciousness of the second jhāna leads to the three realms of the second jhāna; the third jhāna resultant consciousness leads to the three realms of the third jhāna; the fourth jhāna resultant consciousnes...

သင်္ခါရပစ္စယာ ဝိညာဏံ (၃)

Image
ရူပါဝစရဈာန်တွေ ရအောင် အားထုတ်မယ်ဆိုရင်တော့ ရူပကုသိုလ်သင်္ခါရတွေ ဖြစ်ပြီး ဒီကုသိုလ်သင်္ခါရကနေ ရူပါဝစရဝိပါက်ဝိညာဏ်(၅)ပါးဖြစ်မယ်။ ဒီငါးပါးထဲက သင့်တော်ရာ တစ်ပါးပါးနဲ့ ပဋိသန္ဓေစိတ်ဖြစ်ပြီး ရူပဗြဟ္မာကြီးတွေ ဖြစ်မယ်။ ရူပပထမဈာန်ကုသိုလ်စိတ်နဲ့ သေသွားရင် ထိုကုသိုလ်စိတ်က ရူပပထမဈာန်ဝိပါက်စိတ်ကို ဖြစ်စေပြီး ပထမဈာန်သုံးဘုံမှာ ရူပဗြဟ္မာဖြစ်ရတယ်။ ဒုတိယဈာန်၊ တတိယဈာန်ဝိပါက်စိတ်က ဒုတိယဈာန်သုံးဘုံ၊ စတုတ္ထဈာန်ဝိပါက်စိတ်က တတိယဈာန်သုံးဘုံ၊ ပဉ္စမဈာန်ဝိပါက်စိတ်က ဝေဟဖ္ဖိုလ်ဘုံနှင့် သုဒ္ဓါဝါသ ငါးဘုံမှာ ကိုယ်ရထားတဲ့ ဈာန်အားလျော်စွာ အသီးသီး ဖြစ်ကြရတယ်။ အသညသတ်ဗြဟ္မာကြီးတွေကတော့ ဇီဝိတနဝကကလာပ်ရုပ်နဲ့ ပဋိသန္ဓေနေရပြီး နာမ်မရှိ၊ ရုပ်သာရှိလေသောကြောင့် သူ့ကိုတော့ ဒီမှာ ခြွင်းချက်အနေနဲ့ ထားခဲ့ရမယ်။ ဝိညာဏံ-ကျော်ပြီး နာမရူပံ-က ရုပ်တရားအထိ တိုက်ရိုက်ရောက်သွားတော့တာပေါ့။ ရူပဈာန်ထက်မြင့်တဲ့ အရူပဈာန်တွေ ရအောင် အားထုတ်ပြန်တော့လည်း အရူပကုသိုလ်သင်္ခါရတွေဖြစ်ပြီး ထိုကုသိုလ်သင်္ခါရ (အာနဉ္စာဘိသင်္ခါရ)ကနေ အကျိုးပေးလိုက်တော့ အရူပဝိပါက်ဝိညာဏ် (၄)ပါး ဆိုင်ရာဆိုင်ရာဝိညာဏ်စိတ်တစ်ပါးပါးနဲ့ ပဋိသန္ဓေစိတ်ကိန်းပြီး အရူပဗြဟ္မာကြီးတွေ ဖြစ်ရတယ်။ ...

Conditioned by volitional formations, consciousness arises. (Part 2)

Image
Due to past volitional formations (saṅkhāra)—the kamma of intentions (cetanā)—the rebirth-linking consciousness (paṭisandhi-viññāṇa) acquired for this present life cannot be changed. Since intentions vary in quality, one's physical and intellectual faculties also differ in grade and class. This life begins with the rebirth-linking consciousness sent forth by past volitional formations, and one must journey through this life according to the level determined by that consciousness. Some are born unattractive or deformed, some with low intelligence, some with physical disabilities. Being born into the human world in such flawed and abnormal conditions is due to the imperfection or inadequacy of one's past saṅkhāra volition. All parents wish to see their children born whole and complete. However, some children are born with severe impairments that parents cannot rectify; this is a result of their own kamma. If one argues it's due to unfit parents, the part where the rebirth-c...

သင်္ခါရပစ္စယာ ဝိညာဏံ (၂)

Image
အတိတ်ကပြုခဲ့တဲ့ စေတနာဆိုတဲ့ ကံသင်္ခါရကြောင့် ဒီဘ၀ ရရှိထားတဲ့ ပဋိသန္ဓေဝိညာဏ်ကို ပြင်လို့ မရတော့ပါဘူး။ စေတနာဟာ အဆင့်အတန်းအမျိုးမျိုး ရှိခဲ့ကြတော့ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာမှာလည်း အဆင့်အတန်းတွေ အမျိုးမျိုးကွာခြားနေကြတာပေါ့။ အတိတ်စေတနာ သင်္ခါရပို့ပေးလိုက်တဲ့ပဋိသန္ဓေဝိညာဏ်စိတ်နဲ့ ဒီဘ၀ စခဲ့ရပြီဖြစ်လို့ အဲဒီစိတ်က သတ်မှတ်ပေးလိုက်တဲ့အဆင့်အတန်းအတိုင်းပဲ ဒီဘဝမှာ လျှောက်လှမ်းကြရ ခရီးဆက်ကြရမှာပါပဲ။ အချို့လည်း လူလုံးမလှ ပုံပန်းမကျ၊ အချို့လည်း ဉာဏ်အရည်အဆင့်အတန်းနိမ့်ကျ၊ အချို့လည်း အင်္ဂါချို့ယွင်း၊ ဒီလို ဖောက်ဖောက်ပြန်ပြန်နဲ့ လူ့လောကထဲ ရောက်လာရတာဟာ သူပြုခဲ့တဲ့ သင်္ခါရစေတနာ ပြည့်ဝမှုမရှိခဲ့တဲ့အတွက်ကြောင့်ပါ။ မိဘတိုင်းက သားသမီးကို လူတန်းစေ့ မြင်ချင် တွေ့ချင်ကြတာပါ။ သို့သော် မိဘတွေ ပြင်ပေးလို့မရလောက်အောင် ချို့ယွင်းတဲ့သားသမီးလေးတွေ မွေးလာတာဟာ သူ့ရဲ့ ကံအားလျော်စွာဖြစ်ရတာပါပဲ။ မိဘအချိုးမကျလို့ဖြစ်တယ်ဆိုရင်လည်း ဒီဘက်ကအပိုင်း၊ အဲဒီအချိုးမကျတဲ့မိဘတွေထံမှာ ပဋိသန္ဓေစိတ်ကိန်းနေတာက ကာယကံရှင်ရဲ့အပိုင်းပါပဲ။ မွေးရာပါ ပြင်လို့မရတဲ့ ချို့ယွင်းချက်တွေက အတိတ်သင်္ခါရရဲ့ လုပ်ဆောင်ချက်၊ ကံရဲ့အကျ...

Conditioned by volitional formations is consciousness

Image
Regarding "With ignorance as condition, volitional formations," as I explained yesterday, we are to understand the term 'volitional formations' (sankhāra) as referring to the twenty-nine types of mundane wholesome and unwholesome volitions (cetanā). However, in the link "Conditioned by volitional formations is consciousness," the term 'volitional formations' refers to all those same mundane wholesome and unwholesome volitions, except for the restlessness-accompanied volition (uddhacca-cetanā) at the moment of rebirth-linking (paṭisandhi) and the volition associated with supernormal knowledge (abhiññā-cetanā) during both rebirth-linking and life-continuum (pavatti). The term 'consciousness' (viññāṇa) refers to the nineteen types of rebirth-linking consciousness (paṭisandhi-viññāṇa) that arise in the three planes of existence and the thirty-two types of mundane resultant consciousness (pavatti-viññāṇa, lokiya-vipāka) that arise during life-c...

သင်္ခါရပစ္စယာ ဝိညာဏံ

Image
အဝိဇ္ဇာပစ္စယာ သင်္ခါရာ-၌ သင်္ခါရအရ လောကီကုသိုလ် အကုသိုလ်စေတနာ (၂၉)ပါးကိုကောက်ယူရမည်ဟု မနေ့က ပြောခဲ့ပါတယ်။ ဒါပေမဲ့ သင်္ခါရပစ္စယာ ဝိညာဏံ- ၌ သင်္ခါရအရကျတော့ ပဋိသန္ဓေအခါ၌ ဥဒ္ဓစ္စစေတနာ၊ ပဋိသန္ဓေအခါ ပဝတ္တိအခါတို့၌ အဘိညာဉ်စေတနာမှတစ်ပါး ကျန်တဲ့လောကီကုသိုလ် အကုသိုလ်စေတနာတို့ကို ကောက်ယူရပါတယ်။ ဝိညာဏပုဒ်အရ- ဘုံသုံးပါး၌ဖြစ်သော ပဋိသန္ဓေဝိညာဏ် (၁၉)ပါး၊ ပဝတ္တဝိညာဏ် လောကီဝိပါက် (၃၂)ပါးကို ကောက်ယူရပါတယ်။ ဒါကြောင့် ဝိညာဏပုဒ်အရ- ပဋိသန္ဓေဝိညာဏ်၊ ပဝတ္တိဝိညာဏ်နှစ်မျိုးလုံးကို ယူရမယ်။ ပဋိသန္ဓေအခါ၌ ပုညာဘိသင်္ခါရကြောင့် အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ(၁)၊ မဟာဝိပါက် (၈)၊ ရူပဝိပါက် (၅)၊ ပေါင်း ဝိညာဏ် (၁၄)ပါးကို ဖြစ်စေပါတယ်။ ဥဒ္ဓစ္စစေတနာကြဉ်သော အပုညာဘိသင်္ခါရကြောင့် အကုသလဝိပါက် ဥပေက္ခသန္တီရဏ (၁)ပါးသာ ဖြစ်စေပါတယ်။ အာနဉ္စာဘိသင်္ခါရကြောင့် အရူပဝိပါက်ဝိညာဏ်(၄)ပါးကို ဖြစ်စေပါတယ်။ (၁၄+၁+၄=၁၉) ပဝတ္တိအခါ၌ ပုညာဘိသင်္ခါရဖြစ်တဲ့ မဟာကုသိုလ်စေတနာ(၈)ပါးကြောင့် အဟိတ်ကုသလဝိပါက်(၈)ပါး၊ မဟာဝိပါက်(၈)ပါး၊ ပေါင်း ဝိညာဏ် (၁၆)ပါးကို ဖြစ်စေ၍ ရူပါဝစရကုသိုလ်စေတနာ(၅)ပါးကြောင့် ရူပါဝစရဝိပါက်ဝိညာဏ်(၅)ပါးကို ဖြစ်စေပါတယ်။ အပုညာဘိသင်္ခါရကြော...

How Ignorance (Avijjā) Leads to Volitional Formations (Saṅkhāra)

Image
Type here. The doctrine of Dependent Origination (Paṭiccasamuppāda) clearly demonstrates that volitional formations (saṅkhāra) arise due to ignorance (avijjā). If one then asks, "Why does ignorance arise?" it should be understood that, according to the teaching "āsavasamudayā avijjāsamudayo" – ignorance arises due to the intoxicating inclinations (āsava). The cause of ignorance is the phenomenon known as craving for existence (bhavataṇhā). While this is a proximate cause of ignorance, it is not the ultimate root cause. If we then search for the cause of this craving for existence, we find it is again ignorance. This is why the teaching of Dependent Origination begins with ignorance. Because ignorance obscures the truth – that the round of existences (bhava) is suffering (dukkha saccā), that the mind-and-matter aggregates are suffering, and that birth and rebirth are suffering – the mind continually longs for the round of existences, craves to obtain the aggregate...

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ

Image
သင်္ခါရသည် အဝိဇ္ဇာကြောင့်ဖြစ်ပေါ်နေတယ်ဆိုတာ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်က သက်သေပြနေပါတယ်။ သို့ဖြစ်လျှင် အဝိဇ္ဇာသည် အဘယ်ကြောင့်ဖြစ်သနည်းဟု မေးလာခဲ့သော် အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော- အာသဝကြောင့် အဝိဇ္ဇာဖြစ်တယ်လို့ မှတ်ရမယ်။ အဝိဇ္ဇာ၏အကြောင်းသည် ဘဝတဏှာလို့ခေါ်တဲ့ အာဝဝေါတရားပါပဲ။ အဝိဇ္ဇာရဲ့အကြောင်းတော့ဟုတ်တယ်၊ အကြောင်းရင်းတော့မဟုတ်ဘူး။ ဘဝတဏှာရဲ့အကြောင်းကို ပြန်ရှာလိုက်ပြန်တော့လည်း အဝိဇ္ဇာပဲ ဖြစ်နေတယ်။ ဒါကြောင့် အဝိဇ္ဇာကို အစဦးဆုံးထားပြီး ပဋိစ္စသမုပ္ပါဒ်ဒေသနာမှာ ဟောတော်မူရတာဖြစ်တယ်။ ဘုံဘဝသည်ဒုက္ခသစ္စာ၊ ခန္ဓာနာမ်ရုပ်သည် ဒုက္ခသစ္စာ၊ ဇာတိပဋိသန္ဓေသည် ဒုက္ခသစ္စာပဲလို့ မသိအောင် အဝိဇ္ဇာက ဖုံးအုပ်ထားသဖြင့် ဘုံဘဝကိုပဲ ပြန်တနေတာ၊ ခန္ဓာရရှိရေးကိုပဲ စိတ်ကတောင့်တနေတာ၊ ဇာတိပဋိသန္ဓေကိုပဲ စိတ်က ညွတ်နေတာ၊ ဒါဟာ ဘဝတဏှာပေါ့။ ဒီ ဘုံဘ၀ ခန္ဓာ နာမ်ရုပ်တောင့်တစိတ် လိုချင်စိတ်နဲ့ လုပ်သမျှတွေက ကံတွေဖြစ်နေတယ်လေ။ ဒါကြောင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာလို့ ဟောတော်မူတာပေါ့။ ဘုံဘဝဒုက္ခရယ်လို့မသိတော့ တောင့်တ၊ တောင့်တ လိုချင်နေ ရချင်နေတာဟာ ပုထုဇဉ်တို့ရဲ့သန္တာန်မှာ ပုံမှန်ဖြစ်နေတဲ့စိတ်ပဲ။ ဒီကိန်းစိတ် ငုတ်စိတ်က အဝိဇ္ဇာဖြစ်နေသရွေ့ ဖြစ်နေ...

The Three Types of Sankhāra

Image
According to the teaching "avijjā paccayā sankhārā" from the doctrine of Dependent Origination (Paṭiccasamuppāda), sankhāra here means cetanā (volition/intention). The mental factor cetanā arises in conjunction with all 89 types of consciousness (cittas), meaning there are 89 types of cetanā. However, not all 89 types of cetanā are considered as sankhāra in this context. Only the 29 types of cetanā associated with worldly wholesome (kusala) and unwholesome (akusala) states are called sankhāra. These are: the 12 unwholesome cetanās, the 8 great wholesome (mahākusala) cetanās, the 5 fine-material-sphere (rūpāvacara kusala) cetanās, and the 4 immaterial-sphere (arūpāvacara kusala) cetanās — totalling 29 cetanās. These 29 cetanās are classified into three types of sankhāra: puññābhisaṅkhāra, apuññābhisaṅkhāra, and āneñjābhisaṅkhāra. The phrase "sankhāra paccayā viññāṇaṃ" (with formations as condition, consciousness arises) means that these 29 types of cetanā cause th...

သင်္ခါရသုံးမျိုး

Image
ပဋိစ္စသမုပ္ပါဒ်ဒေသနာမှာပါတဲ့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ-အရ သင်္ခါရဆိုတာ စေတနာပါပဲ။ စေတနာစေတသိက်က စိတ်(၈၉)ပါးလုံးနဲ့ အတူတွဲဖြစ်သဖြင့်စေတနာ (၈၉)ပါးရှိတာပေါ့။ ဒါပေမဲ့ စေတနာ (၈၉)ပါးလုံးကို သင်္ခါရအရ မယူရပါဘူး။ လောကီ ကုသိုလ် အကုသိုလ်မှာ ယှဉ်တဲ့စေတနာ (၂၉)ပါးကိုပဲ သင်္ခါရလို့ ခေါ်ပါတယ်။ အကုသိုလ်စေတနာ (၁၂)ပါး၊ မဟာကုသိုလ်စေတနာ (၈)ပါး၊ ရူပကုသိုလ်စေတနာ (၅)ပါး၊ အရူပကုသိုလ်စေတနာ (၄)ပါး၊ ပေါင်း စေတနာ(၂၉)ပါးကိုသာ သင်္ခါရလို့ မှတ်ထားရပါမယ်။ ဒီစေတနာ (၂၉)ပါးကို ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရနဲ့ အာနဉ္စာဘိသင်္ခါရဆိုပြီး သင်္ခါရသုံးမျိုးနဲ့ ခွဲခြားပြထားပါတယ်။ သင်္ခါရပစ္စယာ ဝိညာဏံ- သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်ဆိုတာ အဲဒီစေတနာ(၂၉)ပါးကြောင့် ဝိညာဏ်ဆိုတဲ့ ပဋိသန္ဓေစိတ်ဖြစ်တာကိုပြောတာ။ ပုညာဘိသင်္ခါရကြောင့် ဥပေက္ခာသန္တီရဏ (၁)၊ မဟာဝိပါက် (၈)၊ ရူပဝိပါက် (၅)၊ ပေါင်း ပဋိသန္ဓေဝိညာဏ် (၁၄)ပါးဖြစ်ပါတယ်။ အပုညာဘိသင်္ခါရကြောင့် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ (၁)ပါးသာ ပဋိသန္ဓေဝိညာဏ်အဖြစ် ပေါ်လာပါတယ်။ ဒါဟာ အပါယ်ဘုံသားတွေအားလုံးရဲ့ ပဋိသန္ဓေစိတ်ပါပဲ။ အာနဉ္စာဘိသင်္ခါရကြောင့် အရူပဝိပါက် ပဋိသန္ဓေဝိညာဏ် (၄)ပါးဖြစ်ပါတယ်။ ပေါင်းလိုက်ရင် (၁၄...

The Two Root Causes (Continued from Yesterday)

Image
So, in the forward cycle, avijjā (ignorance) is the leader and taṇhā (craving) is the follower. In the reverse cycle, taṇhā is the leader and avijjā is the follower. In truth, they are inseparable. If one exists, both exist (sahajāta - co-arisen). Because these two root causes work together in unison, striving for the perpetuation of saṃsāra, the Most Venerable Mogok Sayadaw placed them at the very center, the hub, of the great wheel. Yesterday, it was explained that the Buddha taught to abandon the forward cycle in order to refute uccheda-diṭṭhi (the view of annihilation) and to abandon the reverse cycle in order to refute sassata-diṭṭhi (the view of eternalism). It is clear that we now need to further explain, in connection with the word diṭṭhi (view), the following: How many types of diṭṭhi are there? Why is it necessary to abandon diṭṭhi? How significant is the difference between having and not having diṭṭhi? How can one assess which diṭṭhi is present in one's own mind? Only...

မူလနှစ်ဖြာ (မနေ့ကအဆက်)

Image
Type here. ဒီတော့ ရှေ့စက်ဦးဆောင်နေတာက အဝိဇ္ဇာ၊ တဏှာက နောက်လိုက်။ နောက်စက်ဦးဆောင်နေတာက တဏှာ၊ အဝိဇ္ဇာက နောက်လိုက်။ သူတို့က တကယ်တော့ ခွဲခြားလို့မရဘူး။ တစ်ခုဖြစ်ရင် နှစ်ခုလုံးဖြစ်တာ (သဟဇာတ)။ ဒီလို စိတ်တူ ကိုယ်တူ ပူးပေါင်းပြီး သံသရာ အနေကြာရေးအတွက် ကြိုးပမ်းအားထုတ်ကြတဲ့ အကြောင်းရင်းမူလတရား နှစ်ပါးဖြစ်လို့ သူတို့ကို စက်ဝိုင်းကြီးရဲ့ အလယ်တဲ့တဲ့ ဗဟို ဝင်ရိုးတပ်တဲ့နေရာမှာ မိုးကုတ်ဆရာတော်ဘုရားကြီးက ထည့် ပြထားတာဖြစ်ပါတယ်။ မနေ့က ရှေ့စက်ကို ဥစ္ဆေဒဒိဋ္ဌိပယ်ဖို့၊ နောက်စက်ကို သဿတဒိဋ္ဌိပယ်ဖို့ ဘုရားဟောတော်မူရင်း ဖြစ်ကြောင်းတင်ပြခဲ့တယ်။ ဒီတော့ တစ်ဆက်တည်း ဒိဋ္ဌိဆိုတဲ့စကားလုံးနဲ့ ဆက်စပ်လို့ ထပ်မံရှင်းလင်းပေးဖို့ လိုအပ်လျက်ရှိနေတာ တွေ့ရပါတယ်။ ဒိဋ္ဌိက ဘယ်နှစ်မျိုးရှိလဲ၊ ဘာကြောင့် ဒိဋ္ဌိကို ပယ်ဖို့လိုအပ်သလဲ၊ ဒိဋ္ဌိရှိခြင်းနဲ့ မရှိခြင်းက ဘယ်လောက်ထူးခြားလဲ၊ ကိုယ့်သန္တာန်မှာ ဘယ်ဒိဋ္ဌိရှိနေတယ်ဆိုတာ ဘယ်လို အကဲခတ်နိုင်မလဲ စသည် သိထားမှ ပဋိစ္စသမုပ္ပါဒ်ကို လေ့လာရကျိုး နပ်ပါလိမ့်မယ်။ ရှေးဦးစွာ ဒိဋ္ဌိအမျိုးအစားတွေနဲ့ မိတ်ဆက်ပေးပါမယ်။ ဒိဋ္ဌိ (၆၂)မျိုးရှိတယ်ဆိုတာ ကြားဖူးကြမှာပါ။ ဒီ(၆၂)မျိုးလုံးကို အချိန်ကုန်ခံ လေ့လာနေ...