Wednesday, August 29, 2012

(၇)ရက်တရားစခန်း နောက်ဆုံးနေ့

မြောက်ဥက္ကလာပမြို့နယ်၊ ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတမိုးကုတ် ဆရာတော်ဘုရားကြီး၏ တရားဌာန၊ မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေးဌာန၌ အဓိပတိဆရာတော်ဘုရားကြီး ဘဒ္ဒန္တွ ၀ိမလဗုဒ္ဓိ မထေရ်သူမြတ်ကြီးအား ဦးထိပ်ထားလျက် ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ အဋ္ဌမအကြိမ်မြောက် မိုးကုတ်ဝိပဿနာ အလုပ်သင် (၇)ရက်တရားစခန်းကို (၂၃-၈-၂၀၁၂) ရက်နေ့မှ (၂၃-၈-၂၀၁၂) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ ဒီနေ့ နောက်ဆုံးနေ့ဖြစ်သည်။ သို့ရာတွင် ယောဂီများမှာ နောက်နေ့ နံနက် အရုဏ်ဆွမ်းပြီးမှ ပြန်ကြရမည်ဖြစ်သည်။

ယောဂီများ တစ်နေ့လျှင် (၉)ကြိမ်ထိုင်ကြရသည်။ နံနက် (၆း၃၀) နာရီမှ (၇း၃၀)နာရီအထိ မိုးကုတ်ဆရာတော်ဘုရားကြီ၏ အသံတော်တရားခွေကို နာယူရခြင်း၊ နေ့ (၁၂း၃၀)နာရီမှ (၁း၃၀)နာရီအချိန်အထိ မိုးကုတ်ဆရာတော်ဘုရားကြီး၏ အသံတော်တရားခွေကို နာယူရခြင်း၊ နံနက် (၈း၀၀) နာရီမှ (၉း၀၀)နာရီအထိ သင်တန်းတရားနာကြားခြင်း၊ နံနက် (၉း၃၀)နာရီမှ (၁၀း၃၀) နာရီအထိ သီလယူ အလုပ်ပေးတရားနာကြားလျက် တရားထိုင်၍ နာရီအဆုံးတွင် ဆွမ်းအလှူရေစက်သွန်းချခြင်း၊ နေ့ (၃း၃၀) နာရီမှ (၄း၃၀)နာရီအထိ သစ္စာတရားတော်များကို နာယူရခြင်း၊ ည (၇း၃၀) နာရီမှ (၈း၃၀) နာရီအထိ သစ္စာတရားတော်များကို နာယူရခြင်း ဟု တစ်နေ့ နာကြားချိန် (၅)ချိန်ပါဝင်မည်ဖြစ်ပြီး ထိုင်ချိန် (၄)ချိန်ပါဝင်မည်ဖြစ်သည်။ 

တရားစခန်းကို ရွှေအင်ပင်ဆရာတော် ဒေါက်တာအရှင်ပါရမီမှ ဦးစီးဖွင့်လှစ်ခဲ့သည်ဖြစ်ရာ မိုးကုတ်နယ်လှည့်ဓမ္မကထိကများဖြစ်ကြသော ညီဖြစ်သူ အရှင်သဇ္ဇနသာရ၊ အရှင်စန္ဒိမာတို့မှ ၀ိုင်းဝန်းကူညီဟောပြောပြသပေးကြသဖြင့် တစ်နေ့လျှင် ဓမ္မကထိက သုံးပါးထံမှ တရားတော်များကို တစ်ချိန်တစ်မျိုး မရိုးရအောင် နာကြားကြရသဖြင့် ယောဂီများလည်း နှစ်ထောင်းအားရ ရှိကြသည်ကို တွေ့ရသည်။

တရားစခန်း တတိယနေ့တွင် Skynet မှ လာရောက်ရိုက်ကူး၍ နေ့ချင်း တိုက်ရိုက်ထုတ်လွှင့်သွားခဲ့သည်။
(၃၀-၈-၂၀၁၂) ရက်နေ့ နံနက် (၆း၃၀)နာရီအချိန်တွင် တရားစခန်းသိမ်းပွဲကို အောင်မြင်စွာ ကျင်းပမည်ဖြစ်ကြောင်း၊ ထို့အပြင် န၀မအကြိမ်တရားစခန်းကို (၂၁-၁၀-၂-၁၂)ရက်နေ့မှ (၂၇-၁၀-၂၀၁၂)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပါကြောင်း ရပ်နီး ရပ်ဝေးမှ ယောဂီသူတော်စင်အပေါင်းတို့အား အသိပေးအပ်ပါသည်။
သတင်း

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.