ပါဏာတိပါတကံ၏ ဆိုးကျိုးများ
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ (သတ္တဝါ၏ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ပါ၏)တဲ့။ ဒါက ဦးဇင်းတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ စောင့်ထိန်းနေကြဖြစ်တဲ့ ငါးပါးသီလရဲ့ ပထမဆုံး သီလဖြစ်ပါတယ်။ သတ္တဝါ၏ အသတ်ကို သတ်ခြင်းမှ ရှောင်ကြဉ်တယ်ဆိုရင် ပါဏာတိပါတ ကံလုံခြုံတယ်ပေါ့။ သတ္တဝါရဲ့ အသတ်ကို သတ်လိုက်ရင် ပါဏာတိပါတကံကို ကျူးလွန်တာပါ။ ပါဏာတိပါတကံကို ကျူးလွန်လိုက်ရင် အောက်ပါဆိုးကျိုးတွေကို ရရှိစေပါတယ်။ (၁)။ အသက်တိုခြင်း။ (၂)။ အနာရောဂါထူပေါခြင်း။ (၃)။ အင်အားဆုတ်ယုတ်ခြင်း။ (၄)။ ကြောက်ရွံ့တတ်ခြင်း။ (၅)။ စိုးရိမ် ပူဆွေးစိတ် များခြင်း။ (၆)။ သူတစ်ပါး အနှိပ်စက်ခံရခြင်း၊ (၇)။ သူတစ်ပါးသတ်လို့သေရခြင်း။ (၈)။ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း။ (၉)။ ကိုယ်လုံးကိုယ်ထည်အချိုးမကျခြင်း။ (၁၀)။ ချစ်သူတို့နှင့်ကွဲကွာရခြင်း- စသော ဆိုးကျိုးများကို ရတတ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးသူ၊ ကျန်းမာရေး မကြာခဏမကောင်းပဲ အနာရောဂါထူပြောသူ၊ အားအင်ယိုယွင်းပြီး ချည့်နဲ့နေသူ၊ ဘေးရန်တစ်ခုခုပေါ်ပေါက်လာလျှင် အလွန်အမင်းကြောက်ရွံ့တတ်သူ၊ စိုးရိမ် ပူပန်မှုများတတ်တဲ့သူ၊ သူတပါးရဲ့နှိပ်စက်ခြင်းကို ခံနေရသူ၊ သူတစ်ပါးသတ်လို့သေခြင်း၊ မိမိကိုယ်မိမ...