Sunday, July 11, 2010

ယဉ်ကျေးလိမ္မာသင်တန်း နှင့် ၀ါတွင်းကာလ အဘိဓမ္မာသင်တန်း

Meditation Technique of Mogoke Sayadaw is clear to the listeners or yogis. မြကျွန်းသာမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ၌ ယဉ်ကျေးလိမ္မာသင်တန်းကိုလည်း 2010 May (၁)ရက်မှ (၁၅)ရက်နေ့အထိ စတုတ္ထတန်းမှ န၀မတန်းအထိ အောင်မြင်သောကျောင်းသူကျောင်းသားများအား အောင်မြင်စွာဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့သည်။ ဒေါက်တာအရှင်ပါရမီ (ရွှေအင်ပင်ဆရာတော်) ဦးစီးဖွင့်လှစ်လျက် ဆရာလေး ဒေါ်က၀ိသာရီနှင့် ဒေါ်ပညာဝါသီတို့လာရောက်အားဖြည့်ကူညီသင်ကြားပေးကြသည်။ မြတ်ပန်းရဂုံမဂ္ဂဇင်းအယ်ဒီတာ ဆရာမကြီး ဒေါ်စန်းစန်းမှလည်း အချိန်ပိုင်းလာရောက်သင်ကြားပေးသည်။ သင်တန်းရက်တိုင်းတွင် ကုသိုလ်ရှင်များက မုန့်အာဟာရများလာရောက်ကျွေးမွေးကြသည်။ ကုသိုလ်ရှင်မရှိသည့်နေ့များတွင် ဒေါက်တာအရှင်ပါရမီမှ ကျွေးမွေးလေ့ရှိသည်။ ယဉ်ကျေးလိမ္မာသင်တန်း ပထမအဆင့်နှင့် ဒုတိယအဆင့် ဟူ၍ နှစ်ဆင့်ခွဲသင်ကြားပေးကာ နှစ်ဆင့်လုံးမှ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူကျောင်းသူကျောင်းသားများအား ငွေသားဆု နှင့် အောင်မြင်သူကျောင်းသားကျောင်းသူအားလုံးအား ဗလာစာအုပ်များ၊ ဘောပင်များ ဆုချခဲ့သည်။ သင်တန်းကုန်ကျစရိတ်အားလုံးကိုလည်း ဒေါက်တာအရှင်ပါရမီမှ ကျခံခဲ့သည်။ ဆရာလေးနှစ်ပါးမှ ဆုတံဆိပ်ဝိုင်း၊ စာအုပ် ဘောပင် စသော ဆုများကိုလည်း အသီးသီး ချခဲ့သည်။ ပထမ၊ ဒုတိယ၊ တတိယဆုရကျောင်းသူကျောင်းသားမျာအား ဒေါက်တာအရှင်ပါရမီကိုယ်တိုင်ဆုလက်မှတ်များကို ပေးအပ်ခဲ့ပြီး သာမန်အောင်ကျောင်းသူကျောင်းသားများအား ဆရာလေးနှစ်ပါးမှ တစ်ပါးလျှင် တစ်ဆင့်စီ အောင်လက်မှတ်နှင့် ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ ရှေ့လာမည့်နှစ်များတွင်လည်း နွေရာသီယဉ်ကျေးလိမ္မာသင်တန်းများကို ဆက်လက်ဖွင့်လှစ်သင်ကြား ပေးမည်ဟုလည်း သိရသည်။ ၀ါတွင်းကာလ အဘိဓမ္မာသင်တန်း မြကျွန်းသာမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ၌ 2009-ခုနှစ်ဝါတွင်းကာလက စနေ၊ တနင်္ဂနွေနေ့တိုင်း လူပုဂ္ဂိုလ်များအတွက် အဘိဓမ္မာသင်တန်းကို ဒေါက်တာအရှင်ပါရမီမှ သင်ကြားပို့ချပေးခဲ့သည်။ အစဦးဆုံးနှစ်ဖြစ်သဖြင့် အဘိဓမ္မာ ပထမအဆင့်ကိုသာ သင်ကြားပေးခဲ့သည်။ အောင်မြင်သူကျောင်းသူကျောင်းသားများအား ဆုတံဆိပ်များ၊ အောင်လက်မှတ်များ၊ ငွေသားဆုများကို ဒေါက်တာအရှင်ပါရမီမှ ချီးမြှင့်ခဲ့သည်။ အောင်မြင်သူကျောင်းသူကျောင်းသားအသီးသီးအား ကျောင်းဒကာကြီး ဦးလှကြည်၊ ကျောင်းဒကာမကြီး ဒေါ်အေးအေးသွယ်မိသားစုမှ မြန်မာပြန်အဘိဓမ္မာစာအုပ်အသီးသီးကိုပေးအပ်ခဲ့သည်။ ယခုလာမည့်နှစ်တွင်လည်း ၀ါတွင်းကာလအဘိဓမ္မာသင်တန်းကို ဆက်လက်ဖွင့်လှစ်သင်ကြားဦးမည်ဖြစ်ရာ ပထမအဆင့်အောင်မြင်ပြီး ကျောင်းသူကျောင်းသားများသည် ဒုတိယအဆင့်ဆက်လက်တက်ရောက်နိုင်ပြီး ကျောင်းသူကျောင်းသား အသစ်များသည် ပထမအဆင့်တွင်လည်းကောင်း၊ ဒုတိယအဆင့်တွင်လည်းကောင်း တက်ရောက်သင်ယူနိုင်ပါသည်။ တက်ရောက်လိုသူများ ကြိုတင်၍ စာရင်းပေးသွင်းနိုင်ကြောင်းကိုလည်း ကြေငြာအပ်ပါသည်။ သာသနာ့နုဂ္ဂဟအကျိုးဆောင်အဖွဲ မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ဖုန်း- 00951691553

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.