မြကျွန်းသာ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ

မြကျွန်းသာ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်းမကြီး၊ မြကျွန်းသာမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ၌ ပထမဦးဆုံးအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင်တရားစခန်းကို ၂၀၁၀ -ခုနှစ် သင်္ကြံတွင်း ကာလတွင် စတင်၍ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ စခန်းဝင်ယောဂီ (၁၅၀) တို့အား ဒေါက်တာအရှင်ပါရမီ ဦးဆောင်လျက် မိုးကုတ်ဝိပဿနာတရားတော်များကို နေ့စဉ် ပုံမှန်ဟောကြားပေးပြီး အခါအားလျော်စွာ ဒေါက်တာအရှင်အာသဘ၊ ရွှေမန်းဦးသူရိယတို့လည်း လာရောက်ကူညီ၍ ဟောကြားပေးသဖြင့် ယောဂီများ လည်း အားရနှစ်သက်ကြလေသည်။ တရားစခန်း၏ ခေတ်မီဆန်းသစ်သောအသွင်အပြင်၊ အကွက်ကျအောင် စီမံခင်းကျင်းပြင်ဆင်မှု၊ အကျိုးဆောင်အဖွဲ့၏ တာဝန်ကျေအောင်ဆောင်ရွက်ပေးမှု၊ ဆရာဝန်များကိုယ်တိုင် နေ့စဉ် ဆေးအခမဲ့လာရောက်ကုသပေးမှု၊ ထို့အပြင် အရုဏ်ဆွမ်း၊ နေ့ဆွမ်းတို့ကိုလဲ အထူးကောင်းမွန်စွာ ကျွေးမွေးနိုင်အောင် စီစဉ်ပေးနိုင်သဖြင့် ယောဂီများ နှစ်သက်အားရကျေနပ်ကြကြောင်း ယောဂီများက ပြန်ပြောပြ၍သိရသည်။ ၀ါတွင်းကာလတွင်လည်း ဒုတိယအကြိမ် ထပ်မံဖွင့်လှစ်ဖို့ အစီအစဉ်ရှိသည်။ ဖွင့်လှစ်မည့်ရက်သိရလျှင် သတင်းစာတွင် ကြော်ငြာပေးမည်။
အကျိုးဆောင်အဖွဲ့ မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး