ဝါဆိုသင်္ကန်းကပ်နှင့် တရားတော်နာ ဖိတ်ကြားခြင်း

(၂-၈-၂၀၁၂) ဒုတိယ၀ါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့တွင် မြကျွန်းသာမိုးကုတ်ရိပ်သာ၌ သီတင်းသုံးသံဃာ (၃၅)ပါးနှင့် အခြား ပင့်သံဃာ (၁၁)ပါးတို့အား ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပမည်ဖြစ်ပါ၍ ရပ်နီးရပ်ဝေးမှ မည်သူမဆို လာရောက်ကြည်ညိုနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။
အခမ်းအနားကို နံနက် (၉း၃၀)နရီတွင် စတင်ပြီး (၁၀း၃၀)တွင် ပြီးဆုံးမည်ဖြစ်သည်။ အခမ်းအနားပြီးလျှင် သံဃာတော်များနှင့် ဧည့်ပရိသတ်တို့အား ထောပတ်ဆွမ်း၊ ထောပတ်ထမင်းဖြင့် ဆက်ကပ်၊ ကျွေးမွေးဧည့်ခံမည်။

နေ့ခင်း (၁း၃၀) နာရီအချိန်တွင် ရွှေအင်ပင်ဆရာတော် ဒေါက်တာအရှင်ပါရမီမှ တရားဦးဓမ္မစကြာ တရားတော်ကို ဟောကြားချီးမြှင့်ပေးမည်ဖြစ်ပါ၍ တရားတော်နာ ကြွရောက်ကြပါရန်လည်း ထပ်လောင်း၍ နှိုးဆော်အပ်ပါသည်။
နေရာ
ရတနာဒီပဓမ္မာရုံ
မြကျွန်းသာမိုးကုတ်ရိပ်သာ၊ ရတနာကျွန်းရိပ်သာ၊ သုနန္ဒာလမ်း၊ (ဋ)ရပ်ကွက်၊ မြောက်ဥက္ကလာပ

Comments