INFO

မိုးကုတ်ဝိပဿနာတရားစခန်းဖွင့်ရက်ကြေငြာချက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်းမကြီး၊ ရတနာကျွန်း၊ မြကျွန်းသာမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ၌ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿယအတိုင်း (၄/ ၂၀၁၁) အကြိမ် သင်္ကြန်တွင်း မိုးကုတ်ဝိပဿနာ အလုပ်သင် (၁၀)ရက်အထူးတရားစခန်း ဖွင့်လှစ်မည်ဖြစ်ပါ၍ တရားစခန်း ၀င်လိုသူယောဂီများ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ။ ယောဂီဦးရေ အကန့်အသတ်ရှိသည်။ လူယောဂီ (၁၃၀)၊ ဒုလ္လဘယောဂီ (၂၀) သာလက်ခံမည်။ နေ့ဆွမ်း၊ အရုဏ်ဆွမ်း ကပ်လှူလိုသူများလည်း ဆက်သွယ်လှူဒါန်းနိုင်ပါပြီ။

နေ့ဆွမ်း          - ၁၆၀၀၀၀ ကျပ်
အရုဏ်ဆွမ်း    -   ၈၀၀၀၀ ကျပ်

တရားစခန်းရက်- (၁၂ - ၀၄ - ၂၀၁၁) ရက်နေ့မှ (၂၁ - ၀၄ - ၂၀၁၁) ရက်နေ့အထိ

ဆက်သွယ်ရန်လိပ်စာ
သာသနာ့နုဂ္ဂဟအကျိုးဆောင်အဖွဲ့
မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ
ရတနာကျွန်း၊ သုနန္ဒာလမ်းမကြီး၊ (ဋ)ရပ်ကွက်
မြောက်ဥက္ကလာ၊ ရန်ကုန်
ဖုန်း - 00951691553


မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ
(၄/၂၀၁၁) အကြိမ် သင်္ကြန်ကာလ မိုးကုတ်ဝိပဿနာအလုပ်သင် (၁၀)ရက်အထူးတရားစခန်းပွဲ
အရုဏ်ဆွမ်း/ နေ့ဆွမ်း/ နေ့အချိုပွဲ/ ရေခဲမုန့် အလှူရှင်များစာရင်း
(၁၂-၀၄-၂၀၁၁ ရက်နေ့မှ ၂၁-၀၄-၂၀၁၁ ရက်နေ့အထိ)

အရုံဆွမ်းအလှူရှင်များ (အရုဏ်ဆွမ်းတစ်နပ် ၈၀၀၀၀ - ကျပ်)
၁။ ၁၂-၄-၂၀၁၁ ဒေါ်ပန်းစိန်၊ ဒေါ်ရင်မြင့် (၇၀၈)၊ ဣန္ဒာ(၁၁)လမ်း၊ မ/ဥ
၂။ ၁၃-၄-၂၀၁၁ ဦးလှငွေ+ဒေါ်မာမာအေး၊ သား မောင်ကျော်ကျော်ဦး၊ သမီး မခင်မီကို မိသားစု (၉၀၉)၊ ဋ/ ဣန္ဒာ(၉)လမ်း၊ မ/ဥ
၃။ ၁၄-၄-၂၀၁၁ ဦးကျော်သန်း+ဒေါ်ခင်လေးနု မိသားစု (၁၀၃)၊ ကျောက်စိမ်းပတ်လမ်း၊ ရတနာကျွန်း၊ မ/ဥ
၎။ ၁၅-၄-၂၀၁၁ ဦးတင်ရွှေ+ဒေါ်အေးဇင်မိသားစု ဋ/ ကရုဏာ(၂)လမ်း၊ မ/ဥ
၅။ ၁၆-၄-၂၀၁၁ ဒေါ်သန်းနု မိသားစု ဆ/(၄၃၂)၊ သုနန္ဒာ (၁၁)လမ်း၊ မ/ဥ
၆။ ၁၇-၄-၂၀၁၁ ဦးစိုးမိုးအောင်+ဒေါ်ဇင်မာနွယ် မိသားစု ည/ ဧရာ(၈)လမ်း၊ မ/ဥ
၇။ ၁၈-၄-၂၀၁၁ ဒေါ်စိန်ဌေး၊ ဒေါ်မြဌေး မိသားစု စ/(၅၀၂)၊ မေဓာဝီလမ်း၊ မ/ဥ
၈။ ၁၉-၄-၂၀၁၁ ဦးသိုက်ထွန်း+ဒေါ်ကြည်ကြည်ထွေး မိသားစု အမှတ်(၆)၊ ပြည်တော်သာ (၇)လမ်း၊ ၀ါယာလက်၊ မင်္ဂလာဒုံ
၉။ ၂၀-၄-၂၀၁၁ မိခင်ဖြစ်သူ ဒေါ်မြ၀င်းအားရည်စူး၍ ဦးအောင်နိုင်+ဒေါ်ယဉ်ယဉ်အေး သား- မောင်မျိုးမင်းသူ မိသားစု စိန်ရွှေကုန်းရွာ၊ ထောက်ကြံ့ မြို့နယ်
၁၀။ ၂၁-၄-၂၀၁၁ ကိုအောင်မင်း+မဆွေမာထွန်း မိသားစု ဆ/(၆၄၈)၊ မေဓာဝီလမ်း မ/ဥ


နေ့ဆွမ်းအလှူရှင်များ (နေ့ဆွမ်းတစ်နပ် ၁၆၀၀၀၀ - ကျပ်)
၁။ ၁၂-၄-၂၀၁၁ ဖခင်ကြီး ဦးမြသန်း အားရည်စူး၍ ဦးအောင်မြင့် + ဒေါ်မြင့်မြင့်သန်းမိသားစု စ/(၆၁၂)၊ သန္တာ(၄)လမ်း၊ မ/ဥ
၂။ ၁၃-၄-၂၀၁၁ ဦးရဲထွန်းအားရည်စူး၍ ဒေါ်စန်းစန်းဝင်းမိသားစု ဃ/(၅၂၀)၊ သိင်္ဂီလမ်း၊ မ/ဥ
၃။ ၁၄-၄-၂၀၁၁ ဒေါ်ရီလေးမိသားစု အမှတ်(၃၀)၊ ဓမ္မစိန္တာလမ်း၊ ကျောက်မြောင်း၊ တာမွေ
၎။ ၁၅-၄-၂၀၁၁ ဦးသန်းစိုး+ဒေါ်သန်းသန်းမြိုင် မိသားစု (၇၀၄)၊ ဘုမ္မာ(၃)လမ်း၊ မ/ဥ
၅။ ၁၆-၄-၂၀၁၁ ဦးသန်းစိုး+ဒေါ်တင်တင်မိုး မိသားစု ဋ/(၈၆၄)၊ ဣန္ဒာ(၇)လမ်း၊ မ/ဥ
၆။ ၁၇-၄-၂၀၁၁ ဦးကျော်ရင်+ဒေါ်ခင်မာဆွေ သားသမီးမြေးမြစ်တစ်စု ဋ/(၅၃၂)၊ သုနန္ဒာလမ်း၊ မ/ဥ
၇။ ၁၈-၄-၂၀၁၁ ဦးကျော်သန်း + ဒေါ်နှင်းဝါ၀ါ မိသားစု ည/(၁၁၂၆)၊ ဧရာလမ်း၊ မ/ဥ
၈။ ၁၉-၄-၂၀၁၁ ဒေါ်စောရီမိသားစု ဆ/(၄၇၉)၊ ကရ၀ိက်(၄)လမ်း၊ မ/ဥ
၉။ ၂၀-၄-၂၀၁၁ ဦးခင်မော်+ဒေါ်မူမူကိုး၊ သမီး ကိုမျိုးဇော်+မရွေးရွေးမော်၊ မကိုးကိုးရှင် မိသားစု အမှတ် (၁၈၇)၊ စိန်ရတီလမ်း၊ ရတနာကျွန်းရိပ်သာ၊ မ/ဥ
၁၀။ ၂၁-၄-၂၀၁၁ ဒေါ်မိမိယမင်း၊ သမီး မယွန်းသဒ္ဓါဦး မိသားစု တိုက်(၄)၊ အခန်း(၂)၊ မြေညီထပ်၊ မလိခအိမ်ယာ၊ ရတနာလမ်း၊ သင်္ဃန်းကျွန်း


နေ့ အချိုပွဲအလှူရှင်များ (တစ်ရက်စာ ၅၀၀၀၀ - ကျပ်)

၁။ ၁၂-၄-၂၀၁၁ ဦးလှဋ္ဌေး + ဒေါ်တင်တင်အေး မိသားစု ၂/(၅၃၅)၊ ယုဇန(၁)လမ်း၊ မ/ဥ
၂။ ၁၃-၄-၂၀၁၁ ဦးရဲတင့်+ ဒေါ်အိအိခိုင်၊ သမီး မဟန်နီဇော် မိသားစု ဈ/(၇၈၈)၊ ဝေဘာဂီလမ်း၊ မ/ဥ
၃။ ၁၄-၄-၂၀၁၁ ကရုဏာပိုင်း အာစိဏ္ဏကံယောဂီများ အဖွဲ့ (ဋ) ရပ်ကွက်၊ မြောက်ဥက္ကလာ
၎။ ၁၅-၄-၂၀၁၁ ကွယ်လွန်သူဒေါ်ကြည်သန်းအား ရည်စူး၍ ဦးချို၊ သမီး မကြည်ကြည်စိမ့် ဋ/ ကရုဏာ(၂)လမ်း၊ မ/ဥ
၅။ ၁၆-၄-၂၀၁၁ ဦးအသောက မြကျွန်းသာ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ
၆။ ၁၇-၄-၂၀၁၁ ဦးစိုးမိုးအောင်+ဒေါ်ဇင်မာနွယ် မိသားစု ည/ ဧရာ(၈)လမ်း၊ မ/ဥ
၇။ ၁၈-၄-၂၀၁၁ စိန်၊ နု၊ တင်၊ ဋ္ဌေး၊ ချို မြကျွန်းသာ အာစိဏ္ဏကံယောဂီများ ဋ/ မြောက်ဥက္ကလာ
၈။ ၁၉-၄-၂၀၁၁ ဒေါ်စောရီမိသားစု ဆ/(၄၇၉)၊ ကရ၀ိက်(၄)လမ်း၊ မ/ဥ
၉။ ၂၀-၄-၂၀၁၁ ဦးမျိုးဝင်း+ဒေါ်တင်တင်မော် မိသားစု ဋ/(၅၁၄)၊ သုနန္ဒာလမ်း၊ မ/ဥ
၁၀။ ၂၁-၄-၂၀၁၁ ဦးသောင်းစိန်၊ ဒေါ်တင်တင်ဝင်း၊ ဒေါ်ခင်မာတင် မောင်နှစ်မတစ်စု အမှတ်(၈၁)၊ အာဇာနီလမ်း၊ ကျောက်ရေတွင်း


ရေခဲမုန့်အလှူရှင်များ (နှုံးမသိရသေး)
၁။ ၁၂-၄-၂၀၁၁ ဒေါက်တာကျော်သက်လူ+ ဒေါ်ယဉ်ညိုချစ်၊ သမီး မသက်စုခင်၊ မဝေဦးခင် မိသားစု ဋ/(၁၅၈)၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ မ/ဥ
၂။ ၁၃-၄-၂၀၁၁
၃။ ၁၄-၄-၂၀၁၁
၎။ ၁၅-၄-၂၀၁၁
၅။ ၁၆-၄-၂၀၁၁
၆။ ၁၇-၄-၂၀၁၁
၇။ ၁၈-၄-၂၀၁၁
၈။ ၁၉-၄-၂၀၁၁
၉။ ၂၀-၄-၂၀၁၁
၁၀။ ၂၁-၄-၂၀၁၁

နောက်ဆုံးရ စာရင်းများ။ ညနေပိုင်း အအေးအချိုရည်များဖြင့်လည်း ကုသိုလ်ပါဝင်နိုင်ပါသည်။


မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၏ စီမံကိန်းကြီးနှစ်ရပ်

ဒေါက်တာအရှင်ပါရမီသည် မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၌ 
(၁) ပဋိပတ္တိစီမံကိန်းနှင့် 
(၂) ပရိယတ္တိစီမံကိန်းဟု 
အထူးစီမံကိန်းကြီး နှစ်ရပ်ကို ချမှတ်ကာ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နံပါတ် (၁) စီမံကိန်းတွင် လိုအပ်လျက်ရှိနေသော အပိုင်းများကို အမြန်ပြီးစီးအောင် ရှေးဦးစွာ အကောင်အထည် ဖော်လျက်ရှိသည်။ ရှေ့လျာထားချက်များကိုလည်း အချိန်ရှိခိုက် လုံ့လစိုက်၍ တဖြည်းဖြည်း ပြီးစီးအောင် ဖြည့်ဆည်းဆောင်ရွက်သွားမည် ဖြစ်ရာ မည်သူမဆို သာသနာပြု ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါသည်။

စီမံကိန်း (၁)

ပဋိပတ္တိစီမံကိန်း

(က) သုံထပ်ယောဂီဆောင်ပြီးမြောက်အောင်ဆောက်လုပ်ခြင်းကဏ္ဍ

ပဋိပတ္တိ (ရိပ်သာ) ဖြစ်မြောက်အောင်မြင်ရေးအတွက် အဓိက လိုအပ်လျက်ရှိသော အဆောက်အဦများ အတော်အသင့် ဆောက်လုပ်ပြီးစီး၍ မပြီးစီးသေးသော ဆောက်လုပ်ဆဲ သုံးထပ်ယောဂီဆောင်ကြီး ပြီးမြောက်အောင် ဆောက်လုပ်ရန် ဦးစားပေကဏ္ဍတစ်ရပ်အဖြစ် ထားရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၌ တရားစခန်းဝင်လိုသူ ယောဂီဦးရေမှာ တိုးတက်များပြားလျက်ရှိသည်။  လက်ရှိ သံဃာယောဂီဆောင်၊ အမျိုးသား ယောဂီဆောင်၊ အမျိုးသမီးယောဂီဆောင် များအားလုံးတွင် ယောဂီဦးရေ (၁၅၀)ခန့်သာ ၀င်ဆန့်သဖြင့် ယောဂီဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံနေရသည်။ တရားစခန်းဝင်လိုသူယောဂီများ ၀င်ချင်လျက် နေရာအခက်အခဲ ကြောင့် လက်မခံနိုင်ဘဲရှိနေရာ ထိုပြဿနာကို ပြေလည်နိုင်သမျှ ပြေလည်စေရန်အတွက် အလျားပေ(၆၀)၊ အနံ (၃၅)ပေရှိ သုံးထပ်ယောဂီဆောင်ကြီးကို အများပြည်သူတို့ စေတနာအလျောက် ထည့်ဝင်လှူဒါန်းကြသော အလှူငွေဖြင့် မြကျွန်းသာ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ သာသနာ့နုဂ္ဂဟ အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်စိုးက ကြီးကြပ်လျက် ဆောက်လုပ်နေပါသည်။  ယခု လက်ရှိအခြေအနေအရ အကြမ်းအားဖြင့် အောက်ထပ်ပြီးစီးလုနီး အခြေအနေတွင်သာ ရှိသေးသည်။ ဆောက်လုပ်ပြီးသည်အထိဆိုလျှင် စုစုပေါင်း မြန်မာငွေ သိန်း (၆၀၀)ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

(ခ) ကျောင်းဝင်းအုတ်တံတိုင်းခတ်ခြင်းကဏ္ဍ

ယခု ဆောက်လုပ်ဆဲ ဖြစ်သော သုံးထပ်ယောဂီဆောင်ကြီး ဆောက်လုပ်ပြီးစီးလျှင် ဒုတိယကဏ္ဍ အနေဖြင့် အလျားပေ (၃၄၀)၊  အနံပေ (၂၀၀)ရှိသော ကျောင်းဝင်းကို အုတ်တံတိုင်းခတ်ရန် လျာထားသည်။ အုတ်တံတိုင်းသည် မရှိမဖြစ် လိုအပ်လျက်ရှိသဖြင့် ထိုကဏ္ဍကို ဦးစားပေးထားခြင်းဖြစ်သည်။ မိုးတွင်းကာလတွင် ငမိုးရိပ်ချောင်းမှ ဒီရေတက်တိုင်း ကျောင်းဝင်းအတွင်း ရေလျှံလျက်ရှိရာ အချို့ ဖောင်ဒေးရှင်းနိမ့်သော အဆောက်အဦများတွင် ရေ၀င်သဖြင့် အဆောက်အဦများ ရေရှည်တည်တံ့ခိုင်ခန့်ရေးအတွက် အန္တရာယ်ရှိသည်။ သို့ဖြစ်၍ ကျောင်းတိုက်တာ၏ အဆောက်အဦများ ရေရှည်ခိုင်ခန့်ရေးအတွက် ရေကာတာလိုအပ်လျက်ရှိသည်။ ယင်းလိုအပ်ချက်ကို တစ်ပြိုင်နက် ပြီးစီးအောင် အုတ်တံတိုင်းခတ်လိုက်ပါက ရေမ၀င်အောင်လည်းကာပြီးဖြစ် ကျောင်းတိုက်တာ လုံခြုံရေးအတွက်လည်း တစ်ပါတည်း ပြီးပြည့်စုံစေရန်အတွက် အုတ်တံတိုင်းခတ်ခြင်းကဏ္ဍကို ဒုတိယအဆင့်ထား၍ သတ်မှတ်လိုက်သည်။

စီမံကိန်း အမှတ် (၂) 

ပရိယတ္တိစီမံကိန်း

မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာတွင် တစ်ပိုင်းမှ ပဋိပတ္တိလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ပိုင်းမှလည်း ပရိယတ္တိလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယ စီမံကိန်းကြီးတစ်ရပ် အနေဖြင့် အလျား ပေ (၁၂၀)၊ အနံ (၄၅)ပေရှိ သုံးထပ် ပရိယတ္တိကျောင်းဆောင်ကြီးဆောင်လုပ်ရန် ဖြစ်သည်။ ထိုကျောင်းဆောင် ကြီး၏ မြေညီထပ်တွင် Classroom များ၊ Dining Hall and Kitchen Room, Reception Desk စသည် ပါဝင်မည်ဖြစ်ပြီး ပထမထပ်တွင် စာချဆရာတော်များ သီတင်းသုံးရန်အခန်းများနှင့် ဘုရားဝတ်တက်ခြင်း၊ အစည်းအဝေး စသည်ကျင်းပနိုင်ရန် Hall ခန်း၊ Registration Office, Computer Room, Guest Room စသည် ပါဝင်မည်ဖြစ်သည်။ အပေါ်ဆုံးထပ်တွင်မူ အုပ်ချုပ်ရေးမှူးဆရာတော်နှင့် စာသင်သားရဟန်းသာမဏေများ သီတင်းသုံးရန် အခန်းများ ပါဝင်မည်ဖြစ်သည်။ ယင်းစီမံကိန်းကြီး အောင်မြင်ပါက ရဟန်းသာမဏေများ ပါဠိစာပေအပြင် လိုအပ်သော သင့်တော်သော ခေတ်ပညာရပ်များကိုပါ တွဲဖက်သင်ကြားပေးရန် ရည်ရွယ်သည်။

ဒေါက်တာ အရှင်ပါရမီ