Posts

Showing posts from August, 2012

(၇)ရက်တရားစခန်း နောက်ဆုံးနေ့

Image
မြောက်ဥက္ကလာပမြို့နယ်၊ ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတမိုးကုတ် ဆရာတော်ဘုရားကြီး၏ တရားဌာန၊ မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေးဌာန၌ အဓိပတိဆရာတော်ဘုရားကြီး ဘဒ္ဒန္တွ ၀ိမလဗုဒ္ဓိ မထေရ်သူမြတ်ကြီးအား ဦးထိပ်ထားလျက် ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ အဋ္ဌမအကြိမ်မြောက် မိုးကုတ်ဝိပဿနာ အလုပ်သင် (၇)ရက်တရားစခန်းကို (၂၃-၈-၂၀၁၂) ရက်နေ့မှ (၂၃-၈-၂၀၁၂) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ ဒီနေ့ နောက်ဆုံးနေ့ဖြစ်သည်။ သို့ရာတွင် ယောဂီများမှာ နောက်နေ့ နံနက် အရုဏ်ဆွမ်းပြီးမှ ပြန်ကြရမည်ဖြစ်သည်။ ယောဂီများ တစ်နေ့လျှင် (၉)ကြိမ်ထိုင်ကြရသည်။ နံနက် (၆း၃၀) နာရီမှ (၇း၃၀)နာရီအထိ မိုးကုတ်ဆရာတော်ဘုရားကြီ၏ အသံတော်တရားခွေကို နာယူရခြင်း၊ နေ့ (၁၂း၃၀)နာရီမှ (၁း၃၀)နာရီအချိန်အထိ မိုးကုတ်ဆရာတော်ဘုရားကြီး၏ အသံတော်တရားခွေကို နာယူရခြင်း၊ နံနက် (၈း၀၀) နာရီမှ (၉း၀၀)နာရီအထိ သင်တန်းတရားနာကြားခြင်း၊ နံနက် (၉း၃၀)နာရီမှ (၁၀း၃၀) နာရီအထိ သီလယူ အလုပ်ပေးတရားနာကြားလျက် တရားထိုင်၍ နာရီအဆုံးတွင် ဆွမ်းအလှူရေစက်သွန်းချခြင်း၊ နေ့ (၃း၃၀) နာရီမှ (၄း၃၀)နာရီအထိ သစ္စာတရားတော်များကို နာယူရခြင်း၊ ည (၇း၃၀) နာရီမှ (၈း...

အဋ္ဌမအကြိမ်(၇)ရက်တရားစခန်းအလှူရှင်များ

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန) အဋ္ဌမအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက် အထူးတရားစခန်း အရုဏ်ဆွမ်းအလှူရှင်များစာရင်း - အရုဏ်ဆွမ်းတစ်နပ် (၆၀၀၀၀)ကျပ် (၂၃-၈-၂၀၁၂) ရက် မှ (၂၉-၈-၂၀၁၂) ရက်အထိ စဉ် ရက်စွဲ အလှူရှင်အမည်နှင့် နေရပ်လိပ်စာ ၁ ၂၃-၈-၂၀၁၂ ကြာသပတေး ဒေါ်အောင်ကြည်၊ ဒေါ်လှမေ၊ ဒေါ်သန်းသန်းဝင်း စခန်းဝင်ယောဂီများ ၂ ၂၄-၈-၂၀၁၂ သောကြာ ဦးဖုန်းနိုင်+ဒေါ်ချယ်ရီမိသားစု၊ လမင်းအိမ်စားသောက်ဆိုင်၊ ကြိုးတံတား၊ မ/ဥ ၃ ၂၅-၈-၂၀၁၂ စနေ ဦးကျော်ကျော်+ဒေါ်သော်သော်ပြုံးမိသားစု၊ ဋ/၉၂၊ ပတ္တမြားလမ်း၊ ရတနာကျွန်း၊ မြောက်ဥက္ကလာ ၄ ၂၆-၈-၂၀၁၂ တနင်္ဂနွေ ဦးဝင်းလွင်ဦး+ဒေါ်မိမိထွေးမိသားစု၊ လွင်ဦးထွေးအိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး၊ စော်ဘွားကြီးကုန်း ၅ ၂၇-၈-၂၀၁၂ တနင်္လာ ဦးလှဋ္ဌေး+ဒေါ်တင်တင်အေး၊ သမီး မသဉ္ဇာလွင်၊ မမြတ်ဆင့်ဆင့်ခိုင်၊ သား မောင်ဘချစ်ဟိန်းမိသားစု၊ ၂/၅၃၅၊ ယုဇနလမ်း၊ မ/ဥ ၆ ၂၈-၈-၂၀၁၂ အင်္ဂ...

မြကျွန်းသာမိုးကုတ်ရိပ်သာ (၇)ရက်တရားစခန်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန) ၌ ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ ရွှေအင်ပင်ဆရာတော် ဒေါက်တာအရှင်ပါရမီ၊ အရှင်သဇ္ဇနသာရ၊ အရှင်စန္ဒိမာ သစ္စာညီနောင်ဆရာတော်သုံးပါး ဦးစီးလျက် အဋ္ဌမအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက်တရားစခန်းဖွင့်လှစ်မည်ဖြစ်ပါ၍ တရားစခန်းဝင်လိုသူ ယောဂီများ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါပြီ။ နေ့ဆွမ်း၊ အရုဏ်ဆွမ်းလှူဒါန်းလိုသူစေတနာရှင်များ အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ တရားစခန်းရက်- (၂၃-၈-၂၀၁၂) ကြာသပတေးနေ့မှ (၂၉-၈-၂၀၁၂) ဗုဒ္ဓဟူးနေ့အထိ                     ၁၃၇၄-ခုနှစ်၊ ၀ါခေါင်လဆန်း (၆)ရက်မှ (၁၂)ရက်နေ့အထိ ဖုန်း-    ၀၁-၆၉၁၅၅၃၊ Website : www.myakyunthar.com; Email : venparami@gmail.com သတင်း

ရေကာတာ အုတ်တံတိုင်း အလှူရှင်များ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန)၌ ဒီရေတက်လျှင် ကျောင်းဆောင်များအတွင်း ရေ၀င်သည့်အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ရေကာတာ အုတ်တံတိုင်း တည်ဆောက်လျက်ရှိသည်။ အုတ်တံတိုင်းတည်ဆောက်ရာတွင် ထည့်ဝင်လှူဒါန်းကြသော အလှူရှင်များကို ဖော်ပြပါမည်။ ၁။ ကျောင်းဒကာကြီး ဦးလှကြည် + ကျောင်းဒကာမကြီး ဒေါ်အေးအေးသွယ် မိသားစု၊ ဦးလှကြည် သစ်စက်၊ မြောက်ဥက္ကလာပမှ အလှူငွေ (၁၀) သိန်းကျပ် ၂။ မိဘနှစ်ပါးဖြစ်ကြသော ဦးမြ+ဒေါ်သိန်းတို့အား အမှူးထား၍ သမီး မစန်းသူဇာ၊ စ/၄၅၂၊ မြရတနာ (၁)လမ်း၊ မြေက်ဥက္ကလာပမှ အုတ်တံတိုင်းနှစ်ခန်းစာ အလှူငွေ (၁၆၀၀၀၀)ကျပ် ၃။ ကွယ်လွန်သူ ဦးလှရွှေ +ဒေါ်တင်အေးတို့အား ရည်စူး၍ ဦးမိုးကြီး + ဒေါ်လှလှဝင်း၊ သမီး မစုမြတ်စန္ဒီမိုးမိသားစု၊ မိုးကြီးလဘက်ရည်ဆိုင်၊ ဇ/၆၈၃၊ သုနန္ဒာ (၁)လမ်း၊ မြောက်ဥက္ကလာပမှ တစ်ခန်းစာ အလှူငွေ (၈၀၀၀၀)ကျပ် ၄။ ဦးမြသိန်း+ဒေါ်လှရီ၊ သား မောင်ကျော်နိုင်စိုး၊ မြောက်ဒဂုံ၊ ကြိုတံတားမှ တစ်ခန်းစာ (၈၀၀၀၀)ကျပ် ၅။ ဦးမောင်မောင်ဝင်း + ဒေါ်သိန်းသိန်း၊ ရာဇသင်္ကြံလမ်း၊ မြောက်ဒဂုံမှ တစ်ခန်းစ...

ရေကာတာ အုတ်တံတိုင်း တည်ဆောက်ရေးလုပ်ငန်းစတင်

Image
ကျောင်းဝင်းအတွင်း ရေလျှံနေစဉ် ဓမ္မာရုံရှေ့၌ပင် ရေများ ပြည့်လျှံလျက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတမိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန၊ မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန) ကို ၂၀၀၉-ခုနှစ်မှ စတင်တည်ထောင်ပြီး တရားစခန်းများကိုလည်း အခါအားလျော်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သည်။ ယခုအချိန်အထိ (၇)ကြိမ်တိတိ ဖွင့်လှစ်ပြီးခဲ့ပြီဖြစ်ပြီး ယခုနှစ်မှစတင်၍ နှစ်လတစ်ကြိမ် ပုံမှန်တရားစခန်းများကို ဖွင့်လှစ်လာနိုင်ခဲ့ပါသည်။ နေ့ စဉ်အာစိဏ္ဏကံတရားစခန်းများကိုလည်း ပုံမှန်ဖွင့်လှစ်ထားသည်။ နေ့စဉ်လာရောတရားအားထုတ်သည့်ယောဂီများလည်း တိုးတက်များပြားလာလျက်ရှိသည်။ နေ့ (၁း၃၀)နာရီအချိန်တွင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားခွေကို ဖွင့်ပေးပြီး(၃း၀၀)နာရီမှ (၄း၀၀)နာရီအထိ တရားထိုင်ချိန်အဖြစ်သတ်မှတ်ထားသည်။ တရားထိုင်ချိန်အလုပ်ပေးတရားတော်မျာကိုလည်း ရွှေအင်ပင်ဆရာတော် ဒေါက်တာအရှင်ပါရမီမှ နေ့စဉ်နီးပါး အားလပ်သည့်ရက်တိုင်း ဟောကြားပေးလျက်ရှိသည်။ တနင်္ဂနွေနေ့ (၁း၃၀)နာရီအချိန်တွင်မူ ပဋိစ္စသမုပ္ပါဒ်သင်တန်းတရားကို ...

ဝါဆိုသင်္ကန်းကပ်နှင့် တရားတော်နာ ဖိတ်ကြားခြင်း

(၂-၈-၂၀၁၂) ဒုတိယ၀ါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့တွင် မြကျွန်းသာမိုးကုတ်ရိပ်သာ၌ သီတင်းသုံးသံဃာ (၃၅)ပါးနှင့် အခြား ပင့်သံဃာ (၁၁)ပါးတို့အား ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျ င်းပမည်ဖြစ်ပါ၍ ရပ်နီးရပ်ဝေးမှ မည်သူမဆို လာရောက်ကြည်ညိုနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။ အခမ်းအနားကို နံနက် (၉း၃၀)နရီတွင် စတင်ပြီး (၁၀း၃၀)တွင် ပြီးဆုံးမည်ဖြစ်သည်။ အခမ်းအနားပြီးလျှင် သံဃာတော်များနှင့် ဧည့်ပရိသတ်တို့အား ထောပတ်ဆွမ်း၊ ထောပတ်ထမင်းဖြင့် ဆက်ကပ်၊ ကျွေးမွေးဧည့်ခံမည်။ နေ့ခင်း (၁း၃၀) နာရီအချိန်တွင် ရွှေအင်ပင်ဆရာတော် ဒေါက်တာအရှင်ပါရမီမှ တရားဦးဓမ္မစကြာ တရားတော်ကို ဟောကြားချီးမြှင့်ပေးမည်ဖြစ်ပါ၍ တရားတော်နာ ကြွရောက်ကြပါရန်လည်း ထပ်လောင်း၍ နှိုးဆော်အပ်ပါသည်။ နေရာ ရတနာဒီပဓမ္မာရုံ မြကျွန်းသာမိုးကုတ်ရိပ်သာ၊ ရတနာကျွန်းရိပ်သာ၊ သုနန္ဒာလမ်း၊ (ဋ)ရပ်ကွက်၊ မြောက်ဥက္ကလာပ