Tuesday, July 3, 2012

သတ္တမအကြိမ် တရားစခန်းအောင်မြင်စွာဖွင့်လှစ်နိုင်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန၊ မြကျွန်းသာမိုးကုတ်ရိပ်သာ၊ တရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေးဌာန၌ တရားစခန်းများကို ပုံမှန် နှစ်လတစ်ကြိမ် ဖွင့်လှစ်သွားလျက်ရှိရာ (၂၃-၆-၂၀၁၂) ရက်နေ့မှ (၂၉-၆-၂၀၁၂) ရက်နေ့အထိ သတ္တမအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက်တရားစခန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။
အဋ္ဌမအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက်တရားစခန်းကိုလည်း အောက်ပါ ရက်အတိုင်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း ကြေငြာအပ်ပါသည်။ 
တရားစခန်းရက်-
(၂၃-၈-၂၀၁၂) ရက်နေ့မှ (၂၉-၈-၂၀၁၂) ရက်နေ့အထိ၊ ၁၃၇၄-ခုနှစ်၊ ၀ါခေါင်လဆန်း(၆)ရက်မှ (၁၂) ရက်နေ့အထိ
သတင်း

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.