ယဉ်ကျေးလိမ္မာသင်တန်းစတင်ဖွင့်လှစ်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ မြကျွန်းသာမိုးကုတ်ရိပ်သာ၌ (၁၂-၃-၂၀၁၂)ရက်နေ့ နံနက် (၈)နာရီအချိန်တွင် ကလေးသူငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်း စတင်ဖွင့်လှစ်ခဲ့သည်။ ပထမဆင့်နှင့် ဒုတိယဆင့်ဟု နှစ်မျိုးခွဲခြားသင်ကြားပေးသည်။ ပထမဆင့်တွင် ကျောင်းသူကျောင်းသား (၃၀)ရှိပြီး ဒုတိယဆင့်တွင် (၂၀)ရှိသည်။ ပထမဆင့်ကို ဦးနန္ဒိသာရမှ သင်ကြားပေးပြီး ဒုတိယဆင့်ကို ဒေါက်တာအရှင်ပါရမီ ကိုယ်တိုင် သင်ကြားပေးသည်။ ဒေါက်တာအရှင်ပါရမီက “အနာဂတ်မျိုးဆက်သစ်များအား သာသနာလက်ဆင့်ကမ်းတဲ့အလုပ်ဖြစ်လို့ ကလေးငယ်များကို သင်ပေးရတာ ပင်ပန်းသော်လည်း ပင်ပန်းတာ အဓိကမထားဘဲ သင်တန်းပြီးဆုံးသည်အထိ သင်ကြားပေးမည်ဖြစ်ကြောင်း” မိန့်တော်မူသည်။ (၂၅-၃-၂၀၁၂) ရက်နေ့တွင် သင်တန်းပြီးဆုံးမည်ဖြစ်ပြီး (၂၇-၃-၂၀၁၂) ရက်နေ့တွင် စာမေးပွဲကျင်းပပေးမည်ဖြစ်သည်။ အောင်မြင်သောကျောင်းသူ ကျောင်းသားများအား ဆုနှင့် အောင်လက်မှတ်အသီးသီးကို (၃၁-၃-၂၀၁၂)ရက်နေ့တွင် ချီးမြှင့်ပေးမည်ဖြစ်သည်။
သတင်း
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.