Posts

Showing posts from March, 2012

ယဉ်ကျေးလိမ္မာသင်တန်း (စတုတ္ထနေ့)

Image
ကျောင်းဒါယကာကြီး ဦးလှကြည် + ကျောင်းဒါယိကာမကြီး ဒေါ်အေးအေးသွယ်မိသားစုမှ ယဉ်ကျေးလိမ္မာသင်တန်း ကျောင်းသူ/သားများအား မုန့်တစ်ခုစီ ဝေငှ လှူဒါန်းနေစဉ် ကျောင်းသူ/သား ကလေးသူငယ်များ ပျော်ရွှင်လျက်ရှိနေကြသည်ကို တွေ့ရစဉ် ယဉ်ကျေးလိမ္မာသင်တန်း ဒုတိယအဆင့်ကျောင်းသား/သူများအား ဒေါက်တာလောင်းလျာ အရှင်ဉာဏုတ္တရမှ သင်ကြားပေးနေစဉ် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ မြကျွန်းသာမိုးကုတ်ရိပ်သာ၌ ယဉ်ကျေးလိမ္မာသင်တန်း (စတုတ္ထနေ့)ကို အောင်မြင်စွာ ဆက်လက်သင်ကြားပို့ချပေးလျက်ရှိရာ ကျောင်းသူ/သား (၉၀)အထိ တိုးလာခဲ့သည်။ ကျောင်းသား/သူများအား ကျောင်းဒါယကာကြီး ဦးလှကြည် + ကျောင်းဒါယိကာမကြီး ဒေါ်အေးအေးသွယ် မိသားစုမှ မုန့်များဝေငှ ကျွေးမွေးခဲ့ကြသည်။ သတင်း

ယဉ်ကျေးလိမ္မာသင်တန်း တတိယနေ့

Image
ယဉ်ကျေးလိမ္မာသင်တန်း တတိယနေ့ ဆက်လက်သင်ကြားပေးလျက်ရှိ။ ကျောင်းသား/သူ (၈၀)အထိ တိုးလာခဲ့သည်။ ဒုတိယဆင့် သင်တန်းသူ/သားများ ယဉ်ကျေးလိမ္မာသင်တန်းသူ/သားများ (၈၀)အထိ တိုးလာခဲ့သည်။ ဗိုလ်မှူးကြီး သိုက်ထွန်း + ဒေါ်နွဲ့နွဲ့ကြည်မိသားစုမှ ကျောင်းသားတစ်ယောက်လျှင် ကွန်ပါ တစ်ဗူးစီနှင့် ဘောလ်ပင် နှစ်ချောင်းစီ လှူဒါန်းကြသည့်အပြင် ရေခဲချောင်းတစ်ချောင်းစီလည်း ကျွေးမွေးကြသည်။ ကျောင်းသား/သူများ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် သင်တန်းတက်ရောက်လျက်ရှိသည်ကို တွေ့ရသည်မှာ အလွန်ကြည်နူးဖွယ်ကောင်းလှပေသည်။ သတင်း

ယဉ်ကျေးလိမ္မာသင်တန်းစတင်ဖွင့်လှစ်

Image
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ မြကျွန်းသာမိုးကုတ်ရိပ်သာ၌ (၁၂-၃-၂၀၁၂)ရက်နေ့ နံနက် (၈)နာရီအချိန်တွင် ကလေးသူငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်း စတင်ဖွင့်လှစ်ခဲ့သည်။ ပထမဆင့်နှင့် ဒုတိယဆင့်ဟု နှစ်မျိုးခွဲခြားသင်ကြားပေးသည်။ ပထမဆင့်တွင် ကျောင်းသူကျောင်းသား (၃၀)ရှိပြီး ဒုတိယဆင့်တွင် (၂၀)ရှိသည်။ ပထမဆင့်ကို ဦးနန္ဒိသာရမှ သင်ကြားပေးပြီး ဒုတိယဆင့်ကို ဒေါက်တာအရှင်ပါရမီ ကိုယ်တိုင် သင်ကြားပေးသည်။ ဒေါက်တာအရှင်ပါရမီက “အနာဂတ်မျိုးဆက်သစ်များအား သာသနာလက်ဆင့်ကမ်းတဲ့အလုပ်ဖြစ်လို့ ကလေးငယ်များကို သင်ပေးရတာ ပင်ပန်းသော်လည်း ပင်ပန်းတာ အဓိကမထားဘဲ သင်တန်းပြီးဆုံးသည်အထိ သင်ကြားပေးမည်ဖြစ်ကြောင်း” မိန့်တော်မူသည်။ (၂၅-၃-၂၀၁၂) ရက်နေ့တွင် သင်တန်းပြီးဆုံးမည်ဖြစ်ပြီး (၂၇-၃-၂၀၁၂) ရက်နေ့တွင် စာမေးပွဲကျင်းပပေးမည်ဖြစ်သည်။ အောင်မြင်သောကျောင်းသူ ကျောင်းသားများအား ဆုနှင့် အောင်လက်မှတ်အသီးသီးကို (၃၁-၃-၂၀၁၂)ရက်နေ့တွင် ချီးမြှင့်ပေးမည်ဖြစ်သည်။ သတင်း

အာဃာတ၀တ္ထု (၁၀)ပါး

အာဃာတဆိုတာ ရန်ငြိုးကိုပြောတာပါ။ ဒေါသတို့ ရန်ငြိုးတို့ပေါ့။ ဒီလို ရန်ငြိုးဖြစ်ကြောင်း (၉)ပါး၊ သို့မဟုတ် (၁၀)ပါးရှိပါတယ်။ အဲဒါတွေ လွယ်ကူစွာရေတွက်နိုင်ဖို့ မိမိရယ်၊ မိမိချစ်သူ ခင်သူရယ်၊ မိမိမုန်းသူ ရန်သူရယ် ပုဂ္ဂိုလ်သုံးမျိုးခွဲလိုက်ပြီး မိမိနဲ့ပတ်သက်လို့ ဒေါသဖြစ်ကြောင်းက သုံးမျိုးရှိပါတယ်။ မိမိနဲ့ပတ်သက်ပြီးဒေါသဖြစ်ကြောင်းတရားသုံးပါးက ၁။ ဒီလူဟာ မိမိကို အကျိုးမဲ့ဖြစ်အောင် ရှေးကလည်း လုပ်ဖူးပြီ၊ ၂။ အခုလည်းလုပ်ဆဲ၊ ၃။ နောင်လည်းလုပ်လိမ့်မည်ဆိုပြီး စိတ်တိုနေတာ ဒေါသဖြစ်နေတာ မကျေမနပ်ဖြစ်နေတာ၊ ရန်ငြိုးဖွဲ့နေတတ်တာပါပဲ။ မိမိချစ်သူ ခင်သူ မိတ်ဆွေနဲ့ပတ်သက်ပြီး ဒေါသဖြစ်ကြောင်းတရားသုံးပါးက ၁။ ဒီလူသည် မိမိချစ်သူ ခင်သူ မိတ်ဆွေအတွက် အကျိုးမဲ့ဖြစ်အောင် ရှေးကလည်း လုပ်ဖူးပြီ၊ ၂။ အခုလည်း လုပ်ဆဲ၊ ၃။ နောင်လည်း လုပ်လိမ့်မည်ဆိုပြီး စ်တ်တိုနေတာ ဒေါသဖြစ်နေတာ မကျေမနပ်ဖြစ်နေတာ၊ ရန်ငြိုးဖွဲ့နေတတ်တာပါပဲ။ မိမိမုန်းသူ ရန်သူနဲ့ပတ်သက်ပြီး ဒေါသဖြစ်ကြောင်းတရားသုံးပါးက ၁။ ဒီလူသည် မိမိမုန်းသူ ရန်သူအတွက် ရှေးကလည်း ကူညီဖူးပြီ၊ ၂။ အခုလည်း ကူညီနေဆဲ၊ ၃။ နောင်လည်း ကူညီလိမ့်မည်ဆိုပြီး စိတ္တုိေ...