Posts

Showing posts from July, 2010

ဝါဆိုသင်္ကန်းကပ်ပွဲတော်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်၊ သုနန္ဒာလမ်း၊ မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၌ ပထမဦးဆုံးအကြိမ် ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ဒုတိယ၀ါဆိုလပြည့်နေ့၊ နံနက်(၉)နာရီအချိန်တွင် ကျင်းပမည်ဖြစ်ကြောင်း မြကျွန်းသာမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာယောဂီများနှင့် ဒကာ ဒကာမအပေါင်းတို့အား အသိပေးကြေငြာအပ်ပါသည်။ နံနက် (၁၀)ခွဲတွင် အလှူရှင်များနှင့် ဥပုသ်သည်ယောဂီများအား ထမင်းကျွေးဧည့်ခံပါမည်။ သာသနာ့နုဂ္ဂဟအကျိုးဆောင်အဖွဲ့ မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ဖုန်း-00951-691553

ယဉ်ကျေးလိမ္မာသင်တန်း နှင့် ၀ါတွင်းကာလ အဘိဓမ္မာသင်တန်း

Meditation Technique of Mogoke Sayadaw is clear to the listeners or yogis. မြကျွန်းသာမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ၌ ယဉ်ကျေးလိမ္မာသင်တန်းကိုလည်း 2010 May (၁)ရက်မှ (၁၅)ရက်နေ့အထိ စတုတ္ထတန်းမှ န၀မတန်းအထိ အောင်မြင်သောကျောင်းသူကျောင်းသားများအား အောင်မြင်စွာဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့သည်။ ဒေါက်တာအရှင်ပါရမီ (ရွှေအင်ပင်ဆရာတော်) ဦးစီးဖွင့်လှစ်လျက် ဆရာလေး ဒေါ်က၀ိသာရီနှင့် ဒေါ်ပညာဝါသီတို့လာရောက်အားဖြည့်ကူညီသင်ကြားပေးကြသည်။ မြတ်ပန်းရဂုံမဂ္ဂဇင်းအယ်ဒီတာ ဆရာမကြီး ဒေါ်စန်းစန်းမှလည်း အချိန်ပိုင်းလာရောက်သင်ကြားပေးသည်။ သင်တန်းရက်တိုင်းတွင် ကုသိုလ်ရှင်များက မုန့်အာဟာရများလာရောက်ကျွေးမွေးကြသည်။ ကုသိုလ်ရှင်မရှိသည့်နေ့များတွင် ဒေါက်တာအရှင်ပါရမီမှ ကျွေးမွေးလေ့ရှိသည်။ ယဉ်ကျေးလိမ္မာသင်တန်း ပထမအဆင့်နှင့် ဒုတိယအဆင့် ဟူ၍ နှစ်ဆင့်ခွဲသင်ကြားပေးကာ နှစ်ဆင့်လုံးမှ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူကျောင်းသူကျောင်းသားများအား ငွေသားဆု နှင့် အောင်မြင်သူကျောင်းသားကျောင်းသူအားလုံးအား ဗလာစာအုပ်များ၊ ဘောပင်များ ဆုချခဲ့သည်။ သင်တန်းကုန်ကျစရိတ်အားလုံးကိုလည်း ဒေါက်တာအရှင်ပါရမီမှ ကျခံခဲ့သည်။ ဆရာလေးနှစ်ပါးမှ ဆုတံဆိပ်ဝိုင်း၊ စာအုပ် ဘောပင် စသော ဆုများကိုလည...

မြကျွန်းသာ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ

မြကျွန်းသာ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်းမကြီး၊ မြကျွန်းသာမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ၌ ပထမဦးဆုံးအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင်တရားစခန်းကို ၂၀၁၀ -ခုနှစ် သင်္ကြံတွင်း ကာလတွင် စတင်၍ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ စခန်းဝင်ယောဂီ (၁၅၀) တို့အား ဒေါက်တာအရှင်ပါရမီ ဦးဆောင်လျက် မိုးကုတ်ဝိပဿနာတရားတော်များကို နေ့စဉ် ပုံမှန်ဟောကြားပေးပြီး အခါအားလျော်စွာ ဒေါက်တာအရှင်အာသဘ၊ ရွှေမန်းဦးသူရိယတို့လည်း လာရောက်ကူညီ၍ ဟောကြားပေးသဖြင့် ယောဂီများ လည်း အားရနှစ်သက်ကြလေသည်။ တရားစခန်း၏ ခေတ်မီဆန်းသစ်သောအသွင်အပြင်၊ အကွက်ကျအောင် စီမံခင်းကျင်းပြင်ဆင်မှု၊ အကျိုးဆောင်အဖွဲ့၏ တာဝန်ကျေအောင်ဆောင်ရွက်ပေးမှု၊ ဆရာဝန်များကိုယ်တိုင် နေ့စဉ် ဆေးအခမဲ့လာရောက်ကုသပေးမှု၊ ထို့အပြင် အရုဏ်ဆွမ်း၊ နေ့ဆွမ်းတို့ကိုလဲ အထူးကောင်းမွန်စွာ ကျွေးမွေးနိုင်အောင် စီစဉ်ပေးနိုင်သဖြင့် ယောဂီများ နှစ်သက်အားရကျေနပ်ကြကြောင်း ယောဂီများက ပြန်ပြောပြ၍သိရသည်။ ၀ါတွင်းကာလတွင်လည်း ဒုတိယအကြိမ် ထပ်မံဖွင့်လှစ်ဖို့ အစီအစဉ်ရှိသည်။ ဖွင့်လှစ်မည့်ရက်သိရလျှင် သတင်းစာတွင် ကြော်ငြာပေးမည်။ အကျိုးဆောင်အဖွဲ့ မြကျွန်းသာမိုးကု...