ဝါတွင်းကာလ ဗုဒ္ဓအဘိဓမ္မာသင်တန်း
ဝါတွင်းကာလ ဗုဒ္ဓအဘိဓမ္မာသင်တန်းကို အဆင့်သုံးဆင့်ခွဲခြားပြီး ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်၍ မည်သူမဆို စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။ သင်တန်းကို လက်တွေ့အသုံးချ အဘိဓမ္မာအနေဖြင့် နေ့စဉ်လူနေမှုဘ၀တွင် ဗုဒ္ဓအလိုကျနေနည်းထိုင်နည်း၊ စီးပွားရှာနည်း၊ ဘ၀တိုးတက်အောင်မြင်ရေးရှုထောင့်မှ အဘိဓမ္မာ စသည်ဖြင့် သင်ကြားစဉ်ကာလအတွင်း ဓမ္မကို ဘ၀နှင့် ချဉ်းကပ်ယူနိုင်စေရန် အဓိကထားလျက် ဒေါက်တာအရှင်ပါရမီ ကိုယ်တိုင် သင်ကြားပေးမည်ဖြစ်ပြီး အောင်မြင်သော သင်တန်းသားများအား အောင်လက်မှတ်နှင့် ဆု အသီးသီး ချီးမြှင့်ပေးမည်။ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် မိမိနှစ်သက်ရာအဆင့်မှ စတင်တက်ရောက်နိုင်သည်။ သုံးဆင့်လုံးလည်း တစ်ပြိုင်နက် တက်ရောက်နိုင်သည်။ သို့သော် အထက်အဆင့်တွေ တက်ဖို့ အောက်အဆင့် အခြေခံရှိပြီး သင်တန်းသာများမှသာ အဆင်ပြေနိုင်သည်။ ပထမ၊ ဒုတိယနှစ်ဆင့်တွဲတက်နိုင်သော်လည်း တတိယအဆင့်ကို အောက်အခြေခံမပါဘဲ တက်လျှင် နားလည်ဖို့ အခက်အခဲရှိနိုင်သည်။ သင်တန်းကို (၄-၈-၂၀၁၂)ရက်နေ့မှစ၍ သင်ကြားမည်ဖြစ်သည်။ တနင်္ဂနွေနေ့တွင် တတိယအဆင့်သင်တန်းကို သင်ပေးမှာဖြစ်ပြီး စနေနေ့တွင် ပထမအဆင့်နှင့် ဒုတိယအဆင့် နှစ်ချိန်ခွဲသင်ကြားပေးမည်။ ထို့ေ...