Posts

Showing posts from October, 2012

မြကျွန်းသာမိုးကုတ်ရိပ်သာန၀မအကြိမ်(၇)ရက်တရားစခန်း

မြကျွန်းသာမိုးကုတ်ဝိပဿနာ (၇)ရက်တရားစခန်း ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန) ၌ ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ ရွှေအင်ပင်ဆရာတော် ဒေါက်တာအရှင်ပါရမီ၊ အရှင်သဇ္ဇနသာရ၊ အရှင်စန္ဒိမာ သစ္စာညီနောင်ဆရာတော်သုံးပါး ဦးဆောင်လျက် န၀မအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက်တရားစခန်းဖွင့်လှစ်မည်ဖြစ်ပါ၍ တရားစခန်းဝင်လိုသူ ယောဂီများ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါပြီ။ တရားစခန်းရက်- (၂၁-၁၀-၂၀၁၂) တနင်္ဂနွေနေ့မှ (၂၇-၁၀-၂၀၁၂) စနေနေ့အထိ                     ၁၃၇၄-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၆)ရက်မှ (၁၂)ရက်နေ့အထိ နေရာ-           မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန)                    ရတနာကျွန်းရိပ်သာ၊ သုနန္ဒာလမ်း၊ (ဋ) ရပ်ကွက်၊ မြောက်...

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၄)

ဒိဋ္ဌိကို ငရဲမျိုးစေ့ဟုလည်းကောင်း၊ အပါယ်မျိုးစေ့ဟုလည်းကောင်း မိုးကုတ်ဆရာတော်ဘုရားကြီး မကြာခဏ မိန့်တော်မူလေ့ရှိပါတယ်။ မှန်ပါတယ်။ ဒိဋ္ဌိမပြုတ်လို့ပဲ လုပ်ချင်ရာလုပ်နေကြတာ။ ဒိဋ္ဌိအစွဲတွေကြောင့်ပဲ အမြင်မမှန်ကြ၊ အမှန်မမြင်ကြပဲဖြစ်နေကြတာပါ။ ကိုယ့်ခန္ဓာကိုယ်ကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်မှတ်နေကြတာဟာ ဒိဋ္ဌိအစွဲကြောင့်ပါပဲ။ ဒီလိုထင်မြင်နေတာ ဘာပြဿနာရှိလို့လဲ လို့ ထင်မှတ်စရာတော့ ရှိတာပေါ့။ သာမန်အတွေးနဲ့ ကြည့်မယ်ဆိုရင် ဒီအထင်ဟာ ဒါလောက်တော့ မဆိုးဝါးဘူးလို့ ထင်စရာရှိတယ်လေ။ ငါ့လက် ငါ့ခြေ ငါ့ခေါင်း ငါ့ခါး စသည်ထင်မြင်စွဲမှတ်ထားခြင်းဟာ အရှိခန္ဓာပေါ်မှာ မရှိတဲ့ ငါစွဲဒိဋ္ဌိ ၀င်နေတဲ့သဘောပါပဲ။ အရှိက ရုပ်နာမ် ခန္ဓာ၊ မရှိတာက ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ။ အရှိတရားက သက္ကာယ၊ မရှိတရားက ဒိဋ္ဌိ။ ပေါင်းလိုက်တော့ သက္ကာယဒိဋ္ဌိ။ အရှိတရားသက္ကာယဆိုတာ ရုပ်နာမ် ခန္ဓာမျှသာဖြစ်တယ်။ ဒါကြောင့် အရှိတရားက ဒုက္ခမပေးနိုင်ပါဘူး။ အပါယ်မပို့နိုင်ပါဘူး။ မရှိကို အရှိထင်၊ ငါစွဲဝင်နေတဲ့ ဒိဋ္ဌိကြောင့် ဒုက္ခတွေရောက်ကြ၊ အပါယ်ဘုံတွေပေါက်ကြနဲ့ ဖြစ်နေတာပေါ့။ ဒီလို ငါစွဲနဲ့ ထာဝရ စွဲမြဲထင်မြင်နေကြတာဟာ သက္ကာယဒိဋ္ဌိနဲ့ ရှင်သန်နေကြတာပါပဲ။ မရှိတရားရဲ့ အလွှမ်းမိုးခ...

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၃)

ရုပ်ကို ရုပ်မှန်းသိ၊ ဖြစ်ပျက်မြင်အောင်ကြည့်။ နာမ်ကို နာမ်မှန်းသိ ဖြစ်ပျက်မြင်အောင်ကြည့်။ သာမန်အားဖြင့် ကြည့်ကြမြင်ကြတဲ့အတိုင်း လောကကြီးကို ကြည့်ကြမယ်၊ ရှုမြင်သုံးသပ်ကြမယ်ဆိုရင် ပညတ်တွေ အပေါ်မှာတင် အသိလမ်းဆုံးနေကြတယ်။ ဒီပညတ်တွေကို ခွါနိုင်မှ ပရမတ်ကို ဖောက်ထွင်း မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပညတ်တွေကို ခွါနိုင်အောင် ကြိုးစားကြရမှာပါ။ တကယ်တော့ လောကကြီးမှာ ပညတ်နဲ့ ကင်းကွာလို့လည်း မရပါဘူး။ ပညတ်တွေနဲ့ မှတ်သားပြီး စကားတွေ ပြောဆိုနေကြရတာ၊ ပညတ်တွေနဲ့ မှတ်သားပြီး ပညာတွေ သင်ကြားနေကြရတာ၊ အလုပ်တွေ လုပ်နေကြရတာ။ ဒီလို ပညတ်တွေ သုံးစွဲကြရင်းနဲ့ ပညတ်ကို အားကိုးရာအစစ်၊ အရှိတရားအစစ်အဖြစ် ထင်မြင်လာကြတာဟာ သဘာဝပါပဲ။ လူ၊ ခွေး၊ နွား၊ နတ်၊ ဗြဟ္မာစသည် ခေါ်နေကြတာတွေဟာ တကယ်တော့ ပညတ်တွေမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ ပညတ်တွေကို အခေါ်ရှိလို့ မှတ်လိုက်တာပေါ့။ အခေါ်ရှိအပြောရှိမျှသာ ဖြစ်ပါတယ်။ အခေါ်ရှိ အပြောရှိတွေကိုလည်း နားလည်ထားရမှာဖြစ်ပြီး လက်ခံထားရမှာလည်း ဖြစ်ပါတယ်။ ပစ်ပယ်ထားလို့ မရပါဘူး။ ဒါပေမယ့် ဒီအထင် ဒီအမြင်တွေနဲ့ပဲ ဘ၀ပေါင်းများစွာ သံသရာဖြတ်သန်းခဲ့ကြသကဲ့သို့ နောက်လည်း ဒီအမြင်တွေနဲ့ပဲ ဆက်သွ...