ဆန်ချီဘုရားဖူးခရီးစဉ် မှတ်တမ်း (၅)
ဆန်ချီစေတီဟာ Madhya Pradesh ပြည်နယ်၊ ဘိုပါးမြို့နဲ့ (၄၆)ကီလိုမီတာအကွာ Raisen District မှာရှိတဲ့ တောင်ထိပ်တည့်တည့်မှာ တည်ထားတဲ့စေတီတစ်ဆူပါ။ စေတီတော်အမြင့် (၉၁)မီတာရှိပါတယ်။ စေတီတော်ကို ကျောက်အုတ်များနဲ့ တည်ထားတာဖြစ်ပါတယ်။ တောင်ကုန်းထိပ်မှာ တည်ထားတာဖြစ်တဲ့အတွက် အဝေးကနေ လှမ်း၍ဖူးမြော်နိုင်သောစေတီတစ်ဆူလဲဖြစ်ပါတယ်။ စိမ်းစိုညို့မှိုင်း အုပ်အုပ်ဆိုင်းနေတဲ့သစ်ပင်တွေကြားမှာ ထီးထီးထင်ထင် လှမ်းမြင်နေရသည်ကပင် အလွန်ကျက်သရေရှိ မြင်လိုက်ရသည်နှင့် ပီတိဖြစ်စေနိုင်စွမ်းလှတယ်လေ။ ဆန်ချီစေတီဝန်းကျင် ဗုဒ္ဓဘာသာဗိသုကာပညာရပ်ဝန်းနှင့်ပတ်သက်၍ လွန်ခဲ့တဲ့ 3 rd Century BC ကနေ 12 th Century AD အတွင်း ထွန်းကားခဲ့တဲ့ လက်ရာများဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ ဆန်ချီစေတီအကြောင်းကို သီရိလင်္ကာရေး မဟာဝံသနှင့် ဒီပ၀ံသကျမ်းစာများမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အသောကမင်းကြီး (273-236 BC) ဘုရင်မဖြစ်ခင်က ဥဇ္ဇေနီ (ဥဇ္ဇယနိ) (modern Ujjain) ပြည်ကို စစ်အောင်ပြီး အပြန်လမ်းမှာ တပ်စခန်းချနားနေစဉ် ၀ိဒိသာမြို့ (modern Vidisha) ကုန်သည်သမီး ဒေ၀ီနဲ့ လက်ထပ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာတဲ့အခါ သူ့သားတော် မဟိန္ဒဟာ သူ...